비커밍제인(Becoming Jane) 감상문(ရီဗျူး)/영화 리뷰, movie review2019. 1. 24. 11:28
사랑 영화를 보고 펑펑 울어본 적은 처음이다. 코감기때문에 힘들었는데 울면 콧물이 더 나올 것 같아 참아봤지만 결국 울어버렸다. 영화가 끝나고도 계속 눈물과 콧물이 나왔다. 영화 '비커밍 제인' 는 영화 '오만과 편견' 과 비슷하긴 했으나 영화 '오만과 편견' 보다 내용이 흥미롭고 긴장감이 있고 좋았다. 그 놈의 돈, 자산때문에 사랑하는 사람과 헤어져야만 했던 것이 너무나 가슴 아픈 일이다. 내가 못 해봤던 남녀 간의 아름다운 밀당(썸)을 영화를 통해 느낄 수 있었고, 나도 모르게 시간을 되돌려 연애를 해보고 싶다는 기분이 들었다. 사랑과 현실 사이에서 갈등을 겪었던 두 젊은 남녀의 이야기를 작품 화 한 것이다. 알아봤더니 영화 속 주인공 '제인 오스틴'이 영국 조지 시대에 활동한 유명한 소설가이자 '오만과 편견'의 저자이기도 했다. 본인의 젊은 시절 톰 르프로이와의 사랑을 중점으로 그린 영화라고 한다.
영화 속에서 사랑과 현실을 오가면서 사랑을 지키려고 애를 썼던 두 젊은 남녀의 절실한 사랑, 또다시 현실을 자각했을 때 가슴 아프지만 사랑을 포기해야만 한다는 판단을 내렸던 두 젊은 남녀의 심정을 헤아리며 눈물이 났다. 영화가 던져주고 있는 메시지들은 많다. 그 부분은 해석하기 나름이다. 사랑이 밥 먹여주지 않는다는 사실, 그 시대에 여자가 돈 벌이를 할 수 없을 거라는 편견들, 특히 유명한 소설가가 될 수 없을 거라는 편견들, 그 편견을 깨고 혼자서 일어설 수 있었던 제인 오스틴, 마음이 가는 대로 행동한 자식의 편에 서주는 부모, 형제라는 가족이라는 강력한 버팀목, 딸의 이름을 사랑하는 여자의 이름 따서 제인이라고 지었던 톰의 제인에 대한 질실한 사랑 등의 풍부한 내용들이 들어있다.
순간적으로 영화를 감상하는 사람들의 감정을 천국과 지옥을 오가게 만드는 훌륭한 영화라고 평판하고 싶다.
Zawgyi
အချစ်ဇာတ်လမ်း ကြည့်ပြီး ရှိုက်ကြီးတငင် ငိုဖူးတာ ဒါ ပထမဆုံးပဲ။ အအေးမိလို့ နှာရည်ယိုနေလို့ မငိုမိအောင် ထိန်းထားပါလျက်နဲ့ သူ့အလိုလို မျက်ရည်တွေ ကျလာတာတော့ ကိုယ်လည်း မတတ်နိုင်ဘူး။ ရုပ်ရှင်က ပြီးသွားတာတောင် ငိုတာ ရပ်လို့ မရဘူး။ ဇာတ်လမ်းထဲမှာ ငိုပြနေတာ မဟုတ်ဘဲနဲ့ ဘာလို့ ဝမ်းနည်းမှုကို ခံစားလိုက်ရတာလဲ မသိဘူး။ ဒီ ‘Becoming Jane’ ဇာတ်ကားဟာ ‘Pride & Prejudice’ ကားနဲ့ နည်းနည်း ဆင်ပေမဲ့ သူက ပိုပြီး စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့ ပိုဆန်တယ်။ ငွေကြေး ပိုင်ဆိုင်မှု မရှိ ချို့တဲ့တဲ့ အတွက်ကြောင့် ချစ်ရတဲ့ သူနဲ့ ဝေးရတဲ့ ရင်နာစရာ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ကိုယ်တောင် ပြန်ငယ်သွားပြီး ရည်စားထားချင်စိတ် ပေါက်သွားတယ်။
ဇာတ်လမ်းလေးဟာ လက်တွေ့ဘဝနဲ့ အချစ်ဆိုတဲ့ အရာ နှစ်ခုကြားမှာ ဗျာများနေတဲ့ လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ‘Pride & Prejudice’ ရဲ့ စာရေးဆရာမ ဖြစ်တဲ့ ‘jane Austen’ ရဲ့ ငယ်တုန်းက အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတာလို့ သိရပါတယ်။
ဇာတ်လမ်းလေးဟာ အချစ်ကို ရွေးချယ်မလား၊ လက်ရှိဘဝကို လက်ခံလိုက်မလားဆိုတဲ့ ချိန်ခွင်ပေါ်မှာ အတူနေခွင့် ရနိုင်တဲ့ နည်းလမ်းပေါင်းဆုံကို ကြိုးစားရှာဖွေတဲ့ ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်၊ တစ်ဖက်မှာ လက်ရှိ ဆင်းရဲချို့တဲ့တဲ့ ဘဝ၊ မှီခိုနေတဲ့ မိသားစုတွေကို ပြန်ကြည့်မိတဲ့အခါ အချစ်ကို ဦးစားပေးလို့ မဖြစ်ဘူးဆိုပြီး ကျောခိုင်းလိုက်တဲ့ ချစ်သူနှစ်ဦးရဲ့ ဝမ်းနည်းစရာ အဖြစ်ကို တွေးကို ငိုမိတယ်။
ရုပ်ရှင်ထဲမှာ ပေးထားတဲ့ အကြောင်းအရာတွေကတော့ အများကြီးပေါ့။ အချစ်က ထမင်း မကျွေးဘူးဆိုတဲ့ အမှန်တရား။ အဲ့ဒီ ခေတ်က အမျိုးသမီးတွေ အနေနဲ့ ငွေရှာတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆတွေ၊ အထူးသဖြင့် ဖောင်တိမ် ကိုင်ပြီး(စာရေးဆရာမလုပ်ပြီး) ငွေရှာတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလိုမျိုး တွေးကြတာတွေကို ကျော်လွှားခဲ့တဲ့ ဇာတ်လိုက် မင်းသမီး ‘jane Austen’, စိတ်အလို လိုက်ပြီး ပြုမူတဲ့ သမီးကို နားလည်ပေးပြီး သူ့ဖက်က ရပ်တည်ပေးခဲ့ မိဘနဲ့ မောင်နှမ မိသားစု ဆိုတဲ့ နောက်ခံ အင်အား၊ နောက်ဆုံး သမီးလေးရဲ့ နာမည်ကို ချစ်လှစွာသော ချစ်သူ ကောင်မလေး နာမည်ကို ယူပြီး ‘jane’ လို့ မှည့်ထားတဲ့ Tome ရဲ့ ‘jane Austen’ အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ စတဲ့ အကြောင်းအရာတွေ စုံလင်တဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ကြည့်ရှုသူ ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကို တစ်ခဏလေး အတွင်းမှာ နတ်ပြည်(ကြည်နူးမှု)နဲ့ ငရဲ(ဝမ်းနည်းမှု)ကို အသွားအပြန် လုပ်ပေးတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
mm.aaa.kr
'감상문(ရီဗျူး) > 영화 리뷰, movie review' 카테고리의 다른 글
배심원들 (0) | 2019.06.07 |
---|---|
영화 가버나움, Capernaum (0) | 2019.03.01 |
항거: 유관순 이야기, A Resitance (0) | 2019.02.28 |
영화 더 랍스터/The Lobster (0) | 2019.02.17 |
영화 1987 (0) | 2018.12.21 |