생활

면접 금지 질문(အင်တာဗျူးတွင် တားမြစ်မေးခွန်း)

해맑은순이 2019. 8. 21. 13:36

မိဘတွေ ဘာလုပ်လဲဆိုတဲ့ မေးခွန်း မေးတာနဲ့ ဒဏ်ကြေးဆောင်ရမယ်သာ မှတ်

ကိုရီးယားမှာ အင်တာဗျူးတွင် တားမြစ်မေးခွန်းဆိုပြီး သတ်မှတ်လိုက်ထားပြီး ထို သတ်မှတ်ချက်ကို ချိုးဖောက်ပါက ဒဏ်ငွေဆောင်ရမယ့် ဥပဒေဟာ 8လပိုင်း 17ရက်နေ့ကနေ စလို့ ပေါ်လာပါပြီ။ ဒီဥပဒေဟာ ဝန်ထမ်း အ‌ရောက် 30နှင့်အထက် ရှိတဲ့ ကုမ္ပဏီတွေကနေ စပြီး အကျုံးဝင်ပါတယ်။

မိဘ အလုပ်အကိုင်ပဲ မမေးရင် ရပြီလားဆိုတော့ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် အလုပ်နဲ့ မသက်ဆိုင်တဲ့ မေးခွန်းလို့ ယူဆရတဲ့ ကိုယ်ရေးအချက်အလက်များကို မမေးရပါ။ တားမြစ် မေးခွန်းများကတော့ ညီအစ်ကို, မောင်နှမတွေရဲ့ အလုပ်အကိုင်၊ အသက်၊ လျှောက်ထားသူရဲ့ ဇာတိ၊ အိမ်ထောင် ရှိမရှိ၊ ကိုယ်အလေးချိန်၊ စတဲ့ အချက်မျိုးတွေ ဖြစ်ပါတယ်။

အလုပ်ရှာနေသူများ အင်တာနက် ကဖေးမှာဆိုရင် အလုပ်နဲ့ မသက်ဆိုင်တဲ့ မေးခွန်းမျိုးတွေကို အင်တာဗျူးမှာ အမေးခံရတဲ့ သူတွေ တော်တော်များများ တွေ့ရပါတယ်။ စာရင်းကိုင် လျှောက်ထားတဲ့သူကို ကိုယ်အလေးချိန်က ဘယ်လောက်လဲ၊ မာကတ်တင်း နေရာ လျှောက်တဲ့သူကို သွေးအမျိုးအစားက ဘာလဲ မေးတဲ့သူနဲ့။ မဖြေတဲ့အခါကျတော့ ဘာလို့ မဖြေတာလဲဆိုပြီး “သွေးအမျိုးအစားကို ကြည့်ပြီး အကျင့်စရိုက်ကို မှန်းကြည့်ချင်လို့ဆိုပြီး” စသဖြင့်။ အလုပ်နဲ့ သက်ဆိုင်မှု လုံးဝမရှိတဲ့ ကိုယ်ရေးအချက်တွေနဲ့ ပတ်သက်ပြီး တစ်ဖက်သတ် အစွဲကြောင့် အလုပ်ဝင်ခွင့် မရတဲ့ သူတွေလည်း ရှိကောင်းရှိနိုင်တယ်။ ထိုအချက်တွေကြောင့် နစ်နာတဲ့ အလုပ်ရှာနေသူများကို အကာအကွယ်‌ပေးနိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မိဘရဲ့ အရှိန်နဲ့ ဘယ်သူကတော့ ဘယ်ကုမ္ပဏီကြီးမှာ ဝင်သွားတယ်ဆိုတဲ့ သတင်းတွေ ကြားရတာနဲ့အမျှ အလုပ်ဝင်ချင်လို့ တစ်ခုမဟုတ် တစ်ခု ကြိုးစားသင်ယူနေတဲ့ လူတွေကို အားပျက်စေတာတွေလည်း ရှိပါတယ်။ ဒီဥပဒေမှာဆိုရင် တရားမဝင် လာဘ်ပေးလာဘ်ယူပြီး တောင်းဆိုမှုမျိုးတွေ ရှိလာခဲ့ရင် တောင်းဆိုတဲ့သူရော၊ တောင်းဆိုမှုကို လက်ခံတဲ့သူရော နှစ်ဦးလုံးမှာ အပြစ်ရှိပါတယ်။ ဥပဒေကို ချိုးဖောက်ရင် ဒဏ်ကြေး ဝမ် သိန်း 300ထက် မများတဲ့ ပမာဏကို ပေး‌ဆောင်ရမှာ ဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ ဥပဒေဆိုတာတော့ မရှိပါဘူး။ ဒီဥပဒေမှာလည်း ဟာကွက်လေးတွေ အနည်းငယ် ရှိနေပါတယ်။ ဘယ်ကျောင်းထွက်လဲဆိုတဲ့ မေးခွန်းကိုတော့ မေးခွင့် ရှိပါတယ်။ ဇာတိကိုတော့ မေးခွင့် မရှိပေမဲ့၊ နေထိုင်တဲ့ နေရာကိုတော့ မေးခွင့် ရှိပါတယ်။ ဘယ်မှာ နေလဲဆိုပြီး မေးနိုင်တဲ့အတွက် လူတစ်ယောက်ရဲ့ နေထိုင်ရာ ရပ်ကွက်ပေါ် မူတည်ပြီး လူနေမှုအဆင့်အတန်းကို ဖွင့်ချပြသလို ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ခု ဓာတ်ပုံဟာလည်း အလုပ်လျှောက်သူ အများစု မထည့်ချင်တဲ့ အကြောင်းအရာထဲက တစ်ခု ဖြစ်ပါတယ်။ လျှောက်လွှာမှာ ကပ်ထားတဲ့ ဓာတ်ပုံကို ကြည့်ပြီး ထင်ကြေးပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အထက်ပါ အလုပ်နဲ့ မသက်ဆိုင်တဲ့ မေးခွန်းများ မေးတာကို အတိုင်ခံရပါက ဒဏ်ငွေ သိန်း 50ထိ ပေးဆောင်ရနိုင်ပါတယ်။

ကိုရီးယားမှာ အင်တာဗျူးတဲ့အခါ မိဘတွေက အသက် ဘယ်လောက် ရှိပြီလဲ။ ဘာ အလုပ်လုပ်ကြလဲ။ ညီအစ်မကို မောင်နှမတွေက ဘာလုပ်ကြလဲ။ အိမ်ထောင်ရှိလား။ ကလေးယူဖို့ အစီအစဥ်ရှိလား။ အရပ် ဘယ်လောက်လဲ။ သွေးအမျိုးအစားက ဘာလဲ။ စတဲ့ မေးခွန်းတွေ မေးတာနဲ့ အတိုင်ခံရမယ်သာ မှတ်။

ဒါပေမဲ့လည်း အလုပ်လိုချင်တဲ့ သူတွေ အနေနဲ့တော့ ဘယ်တတ်နိုင်မလဲ၊ အလုပ် ရလိုရငြားလေး ဖြေကြရတာပါပဲ။

 

မိဘေတြ ဘာလုပ္လဲဆိုတဲ့ ေမးခြန္း ေမးတာနဲ႔ ဒဏ္ေၾကးေဆာင္ရမယ္သာ မွတ္
ကိုရီးယားမွာ အင္တာဗ်ဴးတြင္ တားျမစ္ေမးခြန္းဆိုၿပီး သတ္မွတ္လိုက္ထားၿပီး ထို သတ္မွတ္ခ်က္ကို ခ်ိဳးေဖာက္ပါက ဒဏ္ေငြေဆာင္ရမယ့္ ဥပေဒဟာ 8လပိုင္း 17ရက္ေန႔ကေန စလို႔ ေပၚလာပါၿပီ။ ဒီဥပေဒဟာ ဝန္ထမ္း အ‌ေရာက္ 30ႏွင့္အထက္ ရွိတဲ့ ကုမၸဏီေတြကေန စၿပီး အက်ဳံးဝင္ပါတယ္။ 
မိဘ အလုပ္အကိုင္ပဲ မေမးရင္ ရၿပီလားဆိုေတာ့ မဟုတ္ပါဘူး။ ရွင္းရွင္းေျပာရရင္ အလုပ္နဲ႔ မသက္ဆိုင္တဲ့ ေမးခြန္းလို႔ ယူဆရတဲ့ ကိုယ္ေရးအခ်က္အလက္မ်ားကို မေမးရပါ။ တားျမစ္ ေမးခြန္းမ်ားကေတာ့ ညီအစ္ကို, ေမာင္ႏွမေတြရဲ႕ အလုပ္အကိုင္၊ အသက္၊ ေလွ်ာက္ထားသူရဲ႕ ဇာတိ၊ အိမ္ေထာင္ ရွိမရွိ၊ ကိုယ္အေလးခ်ိန္၊ စတဲ့ အခ်က္မ်ိဳးေတြ ျဖစ္ပါတယ္။ 
အလုပ္ရွာေနသူမ်ား အင္တာနက္ ကေဖးမွာဆိုရင္ အလုပ္နဲ႔ မသက္ဆိုင္တဲ့ ေမးခြန္းမ်ိဳးေတြကို အင္တာဗ်ဴးမွာ အေမးခံရတဲ့ သူေတြ ေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ စာရင္းကိုင္ ေလွ်ာက္ထားတဲ့သူကို ကိုယ္အေလးခ်ိန္က ဘယ္ေလာက္လဲ၊ မာကတ္တင္း ေနရာ ေလွ်ာက္တဲ့သူကို ေသြးအမ်ိဳးအစားက ဘာလဲ ေမးတဲ့သူနဲ႔။ မေျဖတဲ့အခါက်ေတာ့ ဘာလို႔ မေျဖတာလဲဆိုၿပီး “ေသြးအမ်ိဳးအစားကို ၾကည့္ၿပီး အက်င့္စ႐ိုက္ကို မွန္းၾကည့္ခ်င္လို႔ဆိုၿပီး” စသျဖင့္။ အလုပ္နဲ႔ သက္ဆိုင္မႈ လုံးဝမရွိတဲ့ ကိုယ္ေရးအခ်က္ေတြနဲ႔ ပတ္သက္ၿပီး တစ္ဖက္သတ္ အစြဲေၾကာင့္ အလုပ္ဝင္ခြင့္ မရတဲ့ သူေတြလည္း ရွိေကာင္းရွိႏိုင္တယ္။ ထိုအခ်က္ေတြေၾကာင့္ နစ္နာတဲ့ အလုပ္ရွာေနသူမ်ားကို အကာအကြယ္‌ေပးႏိုင္တဲ့ ဥပေဒ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ မိဘရဲ႕ အရွိန္နဲ႔ ဘယ္သူကေတာ့ ဘယ္ကုမၸဏီႀကီးမွာ ဝင္သြားတယ္ဆိုတဲ့ သတင္းေတြ ၾကားရတာနဲ႔အမွ် အလုပ္ဝင္ခ်င္လို႔ တစ္ခုမဟုတ္ တစ္ခု ႀကိဳးစားသင္ယူေနတဲ့ လူေတြကို အားပ်က္ေစတာေတြလည္း ရွိပါတယ္။ ဒီဥပေဒမွာဆိုရင္ တရားမဝင္ လာဘ္ေပးလာဘ္ယူၿပီး ေတာင္းဆိုမႈမ်ိဳးေတြ ရွိလာခဲ့ရင္ ေတာင္းဆိုတဲ့သူေရာ၊ ေတာင္းဆိုမႈကို လက္ခံတဲ့သူေရာ ႏွစ္ဦးလုံးမွာ အျပစ္ရွိပါတယ္။ ဥပေဒကို ခ်ိဳးေဖာက္ရင္ ဒဏ္ေၾကး ဝမ္ သိန္း 300ထက္ မမ်ားတဲ့ ပမာဏကို ေပး‌ေဆာင္ရမွာ ျဖစ္ပါတယ္။ 
ၿပီးျပည့္စုံတဲ့ ဥပေဒဆိုတာေတာ့ မရွိပါဘူး။ ဒီဥပေဒမွာလည္း ဟာကြက္ေလးေတြ အနည္းငယ္ ရွိေနပါတယ္။ ဘယ္ေက်ာင္းထြက္လဲဆိုတဲ့ ေမးခြန္းကိုေတာ့ ေမးခြင့္ ရွိပါတယ္။ ဇာတိကိုေတာ့ ေမးခြင့္ မရွိေပမဲ့၊ ေနထိုင္တဲ့ ေနရာကိုေတာ့ ေမးခြင့္ ရွိပါတယ္။ ဘယ္မွာ ေနလဲဆိုၿပီး ေမးႏိုင္တဲ့အတြက္ လူတစ္ေယာက္ရဲ႕ ေနထိုင္ရာ ရပ္ကြက္ေပၚ မူတည္ၿပီး လူေနမႈအဆင့္အတန္းကို ဖြင့္ခ်ျပသလို ျဖစ္သြားႏိုင္ပါတယ္။ ေနာက္တစ္ခု ဓာတ္ပုံဟာလည္း အလုပ္ေလွ်ာက္သူ အမ်ားစု မထည့္ခ်င္တဲ့ အေၾကာင္းအရာထဲက တစ္ခု ျဖစ္ပါတယ္။ ေလွ်ာက္လႊာမွာ ကပ္ထားတဲ့ ဓာတ္ပုံကို ၾကည့္ၿပီး ထင္ေၾကးေပးႏိုင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ 
အထက္ပါ အလုပ္နဲ႔ မသက္ဆိုင္တဲ့ ေမးခြန္းမ်ား ေမးတာကို အတိုင္ခံရပါက ဒဏ္ေငြ သိန္း 50ထိ ေပးေဆာင္ရႏိုင္ပါတယ္။ 
ကိုရီးယားမွာ အင္တာဗ်ဴးတဲ့အခါ မိဘေတြက အသက္ ဘယ္ေလာက္ ရွိၿပီလဲ။ ဘာ အလုပ္လုပ္ၾကလဲ။ ညီအစ္မကို ေမာင္ႏွမေတြက ဘာလုပ္ၾကလဲ။ အိမ္ေထာင္ရွိလား။ ကေလးယူဖို႔ အစီအစဥ္ရွိလား။ အရပ္ ဘယ္ေလာက္လဲ။ ေသြးအမ်ိဳးအစားက ဘာလဲ။ စတဲ့ ေမးခြန္းေတြ ေမးတာနဲ႔ အတိုင္ခံရမယ္သာ မွတ္။ 
ဒါေပမဲ့လည္း အလုပ္လိုခ်င္တဲ့ သူေတြ အေနနဲ႔ေတာ့ ဘယ္တတ္ႏိုင္မလဲ၊ အလုပ္ ရလိုရျငားေလး ေျဖၾကရတာပါပဲ။