AVERAGE, DAVERAGE EXCEL Function
AVERAGE ကတော့ အားလုံး အသိပဲ၊ ပျမ်းမျှရှာတဲ့အခါ သုံးတာ။
ပုံထဲမှာ ကြည့်လိုက်ရင် ပထမဇယားက ရိုးရိုးပျမ်းမျှတန်ဖိုးရှာတာ။ ကိုယ်ရှာချင်တဲ့ အကွက်ကို drag ဆွဲပြီး ရှာလိုက်ရင် ပြီးပြီ။
DAVERAGEကတော့ ဒေတာ တစ်ခုလုံးအပေါ်မှာ ကိုယ်ရှာချင်တဲ့ တန်ဖိုးကို သတ်မှတ်ချက်ပေးပြီး ရှာတာ။
=DAVERAGE(Database,field,criteria)
ဒုတိယဇယားရဲ့ ပုဒ်စာအရဆိုရင် နေရပ်က မြို့ဖြစ်သူတွေရဲ့ ပျမ်းမျှအရပ်ကို ရှာခိုင်းတာ ဖြစ်တယ်။
အဲ့တော့ =DAVERAGE ဆိုပြီးရိုက်၊
Databaseနေရာမှာဇယားတစ်ခုလုံးကို drag ဆွဲထည့်(A11:F20)၊
fieldနေရာမှာ လိုချင်တဲ့ ပျမ်းမျှတန်ဖိုးရဲ့ ေခေါင်းစဥ်ဖြစ်တဲ့ အရပ်(E11)ထည့်၊
criteria က ကန့်သတ်ချက်ကို ပြောတာဆိုတော့ ဒီပုဒ်စာမှာက နေရပ် မြို့ဖြစ်ရမယ်လို ပါနေတော့ သီးသန့် criteria ကွက်ထုတ်ထားပြီး
အဲ့အကွက်ကို drag ဆွဲထည့်(G19:G20)။
ကိုယ်တိုင် တွက်ကြည့်လို့ ရအောင် Excel file ပါ တွဲတင်ပေးထားပါတယ်။
https://www.youtube.com/watch?v=BgDjLz3hlB4&t=49s
ayeayeaung