Show/Hide in word
Home- Show/Hide, Shortcut key=Ctrl+*
Zawgyi
Unicode
သူဟာ enter တွေ space တွေ စတဲ့ ဖျောက်ထားတဲ့ သင်္ကေတတွေကို ပြပေးပါတယ်။
Word ကို သုံးတော့ သုံးနေပေမဲ့ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူး။ အဲ့ဒီအတွက် အချိန်တွေ မကုန်သင့်ဘဲ ကုန်ခဲ့ရတာက များတယ်။ အဲ့လို မဖြစ်အောင်လို့ လေ့လာရင်း တွေ့ရှိထားတာလေးတွေကို ပြန်လည် မျှဝေချင်ပါတယ်။
စာရွက်စာတမ်းတွေ ပြုလုပ်တဲ့အခါ enter ဘယ်နှခါ ခေါက်မိမှန်း မသိ၊ space ဘယ်နှခါ ခြားမိမှန်း မသိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စာရွက်စာတမ်းတွေ format တူအောင်လုပ်ရတဲ့ အခါမျိုးမှာပေါ့။ ခေါင်းစဥ်ကြီး ပြီးရင် enter ၂ခါ ခေါက်မယ်ပေါ့။ စာပိုဒ် တစ်ပိုဒ်နဲ့ တစ်ပိုဒ် enter တစ်ခါစီ ခြားမယ်။ စသဖြင့် ပုံစံတကျဖြစ်အောင် စီစဥ်ရတဲ့အခါမျိုးမှာ ဒီ Show/Hide ကို နှိပ်လိုက်တာနဲ့ သိနိုင်ပါတယ်။ သိပ်ပြီး အသုံး မဝင်လောက်ဘူး ထင်ထားပေမဲ့ တကယ်တမ်း စာတမ်း အရှည်ကြီး ရေးရတဲ့အခါ၊ စာရွက်စာတမ်းအားလုံး ပုံစံတူအောင် လုပ်ရတဲ့အခါတွေမှာ အသုံးဝင်တာကို တွေ့ရပါတယ်။
mm.aaa.kr