한국의 미
Zawgyi
ကိုရီးယားမှာ ရာသီအလိုက် ပွဲတော်များ ကျင်းပလေ့ ရှိပါတယ်။
၎လပိုင်းလောက်ဆိုရင် အများသိထားတဲ့ ချယ်ရီပန်းတွေ လှိုင်လှိုင်ပွင့်တဲ့အတွက်ချယ်ရီပန်းပွဲတော် ကျင်းပပြီး၊
၅လပိုင်းလောက်ဆိုရင် မုန့်ညင်းပန်းလို အဝါရောင်ပန်းတွေကို တကူးတက စိုက်ပြီး ပွဲတော်ဆိုပြီး
ကျင်းပကြပါတယ်။
၆လပိုင်းလောက်ဆိုရင်နှင်းဆီပန်းတွေ ပွင့်ပြီ ဖြစ်တဲ့အတွက် နှင်းဆီပန်းပွဲတော် လာပါရော။
၇လပိုင်းကျတော့ ကြာပန်းပွင့်ချိန် ရောက်တဲ့အတွက်ကြာပန်းပွဲတော်ဆိုပြီးကျင်းပကြပါတယ်။
၈၊ ၉လပိုင်းကျရင်လည်း သူ့အချိန်နဲ့ သူ ပွင့်တဲ့ ပန်းတွေ ဥပမာ ကိုစမို့စ် ပန်းပွဲတော်၊ နေကြာပန်း၊ စသဖြင့်၊
၁၀လပိုင်းကုန် ၁၁လပိုင်း အစောပိုင်းမှာဆိုရင်တော့ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကားထဲမှာ တွေ့ရတဲ့
ချဉ်ပေါင်ရွက်နဲ့ တူတဲ့အရွက်အနီလေးတွေ၊ နှစ် ၁၀၀သီး ပင်ရဲ့ အရွက် ဝါဝါလေးတွေ စတဲ့ အရောင်ပြောင်း အပင် အမျိုးပေါင်း ရာကျော်ရဲ့ တစ်မျိုးဆီ လှတဲ့ ရှုခင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
၁၁လပိုင်း အကုန်လောက်မှာ ပထမဆုံး နှင်းကျပါတယ်။ ၁၂လပိုင်း အစောပိုင်းမှာဆိုရင်တော့ ကျူပင်က
အပွင့်လေးတွေ လုံးဝ ပွင့်အာပြီး လှနေတဲ့ ရှုခင်းလေးတွေလည်း ရှုစားရမှာပါ။
ကိုရီးယား ဆောင်းဟာ ၁၂လပိုင်းကနေ ၂လပိုင်း အထိ ဖြစ်ပါတယ်။
ဆောင်းတွင်းမှာဆိုရင်လည်း ခိုက်ခိုက်တုန်အောင် အေးတယ်ဆိုပေမဲ့ နှင်းကျတာ ကိုယ်တိုင် မြင်ဖူးချင်တဲ့
သူများအတွက် အဆင်ပြေတဲ့ ရာသီပဲ ဖြစ်ပါတယ်။
ဆောင်းတွင်းမှာမြို့လယ်ခေါင်မှာ ရေခဲပြင် စကိတ်ကို ဈေးသက်သက်သာသာနဲ့ စီးလို့ရအောင်
စကိတ်ကွင်းလုပ်ပေးထားတယ်။ နောက်ပြီး နှင်းလျှောစီးချင်သော သူများအတွက်ကတော့ နှင်းလျှောစီးလို့
ရတဲ့ ဒေသကို နှင်းတောင်လည်း တက်ရင်း၊နှင်းလျှောလည်း စီးရင်း သွားရောက် လည်ပတ်လို့ ရတဲ့ နေရာတွေ
အင်မတန်မှ များပါတယ်။
12, 1, 2
4
5
6
6
7
end of 9~10 first week
10
11
10~12
mm.aaa.kr