달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

     မြန်မာပြည်မှာ ကိုရိုနာ စတွေ့ပြီဆိုတဲ့ သတင်းကြားတော့ စိတ်ပူမိတာတော့ အမှန်ပါ။ ဘယ်လိုတွေ ဆောင်ရွက်သွားမလဲဆိုပြီး။ အစိုးရိမ်ရဆုံးကတော့ စီးပွားရေးပဲ။ ရှေ့နောက် မစဥ်းစားဘဲ စက်ရုံတွေ ပိတ်၊ ဆိုင်တွေ ပိတ် လုပ်ပစ်လိုက်ရင် လက်လုပ်လက်စား လူတန်းစားတွေ ဘယ်လို ရပ်တည်ပြီး နေနိုင်မလဲ။ အကြွေး ယူရမှာလား၊ လုရမှာလား။ ၂ခုစလုံးက နည်းလမ်း မဟုတ်သေးဘူး။

    ကိုရီးယားမှာဆို ရောဂါ ကူးစက်ခံရသူ ရှိခဲ့တဲ့ စက်ရုံလောက်ပဲ ခေတ္တ ပိတ်ပြီး ပိုးသတ်ပြီး ပြန်ဖွင့်တာပဲ။ ဆိုင်တွေဆိုလည်း ရောဂါ ရှိသူ သွားခဲ့တဲ့ ဆိုင်တွေကိုပဲ ခေတ္တ ပိတ်ပြီး ပိုးသတ်ပြီး ပြန်ဖွင့်တာပဲ။ ရောဂါပိုးရှိတဲ့ သူ တွေ့တယ်ဆိုပြီး ပိတ်ဟ ပိတ်ဟ ဆိုပြီး ပိတ်ပစ်လိုက်ရင် စီးပွားရေးတွေ ရပ်တန့်ကုန်မယ်။ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် လုတာ ယက်တာတွေပါ ဖြစ်လာတော့မယ်။

ကိုရီးယားမှာ ကူးစက်သူ ၇ထောင်ကျော် ၈ထောင်ထိ ဖြစ်သွားတာဟာ နှာခေါင်းစည်း မတပ်၊ ကပ်လျက် ထိုင်ပြီး ဘုရားဝတ်ပြုကြတဲ့ လူ တစ်စုကြောင့် ဖြစ်သွားတာပါ။ ကိုရိုနာ လူထောင်ချီပြီး ကူးနေတဲ့ အချိန် ဆိုးလ်မှာ ဆမ်ဆောင်းရုံးချုပ် ရှိနေတဲ့ ဂန်းနမ်းဘူတာ အစရှိတဲ့ ဘူတာတွေမှာ ရုံးဆင်း ရုံးတက်ချိန်ဆို လူတွေ ပြွတ်သိပ်ပြီး စီးနေကြတုန်းပဲ။ ရောဂါ မကူးကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ 100 ရာခိုင်နှုန်း နှာခေါင်းစည်းတွေ တပ်ထားကြတယ်။ ရောဂါပိုး ရှိတဲ့ သူ ပါလာသည်ရှိသော် သူတို့ တပ်ထားတဲ့ ဇကာပါတဲ့ နှာခေါင်းစည်း အပြင်ကို ဗိုင်းရပ်စ်ပိုးက မထွက်သွားနိုင်သလို၊ ဝင်လည်း မဝင်လာနိုင်ပါဘူး။ အရေးကြီးတာက‌တော့ နှာခေါင်းစည်းရဲ့ အရည်အသွေးပဲ။ ရိုးရိုး နှာခေါင်းစည်းမျိုးက ဗိုင်းရပ်စ်ကို မကာကွယ်နိုင်ဘူး။ K94 တို့ K80တို့လိုမျိုး မိုက်ခရို dust လို့ခေါ်တဲ့ အရမ်းသေးငယ်တဲ့ အမှုန်အမွှားတွေကို 80%, 94% စစ်ထုတ်နိုင်တဲ့ နှာခေါင်းစည်းမျိုး ဖြစ်ရမယ်။ သူ့ထက် ပိုကောင်းတဲ့ဟာ သုံးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။

    ပညာရှင်တွေ ခန့်မှန်းနေတာကတော့ ကမ္ဘာ့လူဦးရေရဲ့ 60-70%လောက်ဟာ ဒီ ဗိုင်းရပ်စ် ကူးခံရနိုင်ချေ ရှိတယ်တဲ့။ ကိုရီးယားမှာ၊ တရုတ်နိုင်ငံမှာ ကုသပျောက်ကင်းသူ ဦး‌ရေ ဘယ်လောက်ဆိုပြီး စာရင်းတွေကို တွေ့မှာပေါ့နော်။ အဲ့တာဟာ ဆေးရှိလို့ ကုသပျောက်ကင်းသွားတာ မဟုတ်ဘူး။ ကူးစက်ခံရသူ လူနာက ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်အောင် ဆရာဝန်တွေ၊ သူနာပြုတွေက လိုအပ်မယ်ထင်တဲ့ ဆေးတွေ သွင်း၊ ပြုစုရင်းနဲ့ လူနာက ရောဂါပိုးကို ခုခံနိုင်တဲ့ ခုခံအား ရှိလာတဲ့အခါမှာ သူဟာ အနှုတ်လက္ခဏာ ပြသွားတာဖြစ်တယ်။ ဆိုလိုတာ ခုခံအား ကောင်းဖို့ လိုအပ်တယ်ဆိုတဲ့ သဘောဖြစ်တယ်။

     အသေအပျောက် များတယ်ဆိုတာ ဆေးရုံတွေက လက်ခံကုသနိုင်တဲ့ လူနာ အရေအတွက်ထက် လူနာက အဆမတန် များလာတဲ့အတွက် ဆေးရုံမှာ အနီးကပ် မစောင့်ရှောက်နိုင်တဲ့အခါကျ‌တော့ ခုခံအား မပေါ်လာခင်မှာ အရှုံးပေးသွားရတာ ဖြစ်တယ်။

နောက်တစ်ခုက ဥရောပမှာ ကူးစက်ခံရသူ များလာတာဟာ သူတို့ နိုင်ငံတွေမှာ နှာခေါင်းစည်း တပ်တဲ့ ဓလေ့ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။ နှာခေါင်းစည်း တပ်ပြီး လျှောက်သွားနေတဲ့ သူဆို လူမမာ၊ နေမကောင်းတဲ့ သူဆိုပြီး ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတယ်တဲ့။ သိတဲ့အတိုင်းပဲ အနောက်တိုင်းက သူတွေရဲ့ စတိုင်က စကား သိပ်နားထောင်တဲ့ အထဲမှာ မပါကြဘူးလေ။ လွတ်လွတ်လပ်လပ် နေကြ၊ နှာခေါင်းစည်း မတပ်ဘဲလည်း သွားလာလှုပ်ရှားရာကနေ ထိန်းမနိုင် သိမ်းမရ ပြန့်ကုန်တာ ဖြစ်တယ်။

      အဲ့တော့ တကယ် အပြင်ထွက်ဖို့ လိုအပ်တဲ့ သူလောက်ပဲ အပြင်ထွက်စေပြီး၊ အပြင် မဖြစ်မနေ ထွက်ရတဲ့ သူကလည်း နှာခေါင်းစည်းတပ်၊ လက်ကို မကြာမကြာ ဆေး၊ လက်မဆေးဘဲ မျက်နှာကို မကိုင်မိအောင် သတိထားရမှာ ဖြစ်တယ်။

 

ကိုယ့်ရဲ့  တစ်ကိုယ်ရည် အတွေးသာ ဖြစ်သည့်အတွက် လိုအပ်ချက်များ ရှိခဲ့ရင် နားလည်ပေးကြပါ။

#မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် မိမိနှင့် မိသားစု၊ ပတ်ဝန်းကျင်ကို ကာကွယ်ပါ။#

 

ayeayeaung

:
Posted by 해맑은순이