알고 지낸 미얀마 사람들끼리 인사하는 방법
두손을 모아 ‘밍글라바<안녕하세요>’
라고 인사한다. (Х)
고개나 허리를 숙여 ‘밍글라바<안녕하세요>’라고 인사한다. (Х)
손을 흔들며 ‘밍글라바<안녕하세요>’
라고 인사한다. (Х)
그런 인사 법은 외국인들을 통해서 유입되었던 것이다. 두손을 모아 '안녕하세요' 라고 인사하는 나라는 태국이고 미얀마에서는 그렇게 인사하지 않는다. 미얀마사람들의 진짜 자연스러운 인사법은 상황에 따라서 말로만
웃으면서‘안녕하신가요?’,‘밥 먹었어요?’, ‘어디 가세요?’, ‘어디 갔다왔어요?’, ‘오늘 무슨
요리 하세요?’, ‘예뻐졌어요.’ 등의 일상 대화이다.
가끔은 서로 웃어주고 지나가는 경우도 있다. 그게 미얀마에서의 인사법이다.
미얀마에서 두손을 모아 인사를 받을 수 있는 사람은 스님들 뿐이다. 그렇다고 '밍글라바'라는 인사말을 아예 사용하지 않은 것은 아니다. 초.중.고등학교에서 학생들이 선생님들에게 인사할 때는 '밍글라바'라는 인사말을 사용한다. 또는 손님 환대하는 데에서는 '밍글라바'라는 인사말 사용한다. 미얀마 사람들의
자연스러운 인사법을 알고 있으면 좋을 것 같아서 이렇게 글을 올리게 되었다.
Zawgyi Font
မ်က္ႏွာသိၿပီး ျဖစ္ေသာ ျမန္မာလူမ်ိဳးမ်ား အခ်င္းခ်င္း ႏႈတ္ဆက္နည္း
လက္အုပ္ခ်ီၿပီး ‘မဂၤလာပါ’ လို႔ ႏႈတ္ဆက္ၾကတယ္။(Х)
ေခါင္းငုံ၊ ခါးကိုင္းၿပီး ‘မဂၤလာပါ’ လို႔ ႏႈတ္ဆက္ၾကတယ္။(Х)
လက္ကို ေဝ့ယမ္းၿပီး ‘မဂၤလာပါ’ လို႔ ႏႈတ္ဆက္ၾကတယ္။(Х)
အထက္ေဖာ္ျပပါ ႏႈတ္ဆက္နည္းမ်ားဟာ ႏိုင္ငံျခားသားမ်ားမွ တဆင့္ ဝင္ေရာက္ျပန္ႏွံ႔လာေသာ ႏႈတ္ဆက္နည္းလမ္းမ်ားပဲ ျဖစ္ပါတယ္။ ျမန္မာလူမ်ိဳးမ်ား အခ်င္းခ်င္း သဘာဝက်က် ႏႈတ္ဆက္ၾကတဲ့ နည္းလမ္းကေတာ့ အေျခအေနနဲ႔၊ အခ်ိန္အခါေပၚ မူတည္ၿပီး ပါးစပ္ကေလးနဲ႔ပဲ ၿပဳံးၿပီး ‘ေနေကာင္းလား’, ‘စားၿပီးၿပီလား’, ‘ဘယ္သြားမလို႔တုန္း’, ‘ဘယ္က ျပန္လာလဲ’, ‘ဘာဟင္းခ်က္လဲ’, ‘လွလာတယ္ေနာ္’ စသျဖင့္ ေန႔စဥ္သုံး စကားမ်ားပဲ ျဖစ္ပါတယ္။ တစ္ခါတစ္ေလဆို ထိုကဲ့သို႔ေသာ ႏႈတ္ဆက္စကားေတာင္ မဆိုဘဲ အခ်င္းခ်င္း ၿပဳံးျပၿပီး ျဖတ္သြားတဲ့အခါမ်ိဳးလည္း ရွိပါတယ္။ ဒါဟာ ျမန္မာလူမ်ိဳးမ်ား၏ ႏႈတ္ဆက္နည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတြင္ လက္အုပ္ခ်ီၿပီး ႏႈတ္ဆက္ျခင္းကို ခံယူခြင့္ရွိတာဆိုလို႔ ဘုန္းႀကီးသံဃာမ်ားပဲ ရွိပါတယ္။ လူအခ်င္းခ်င္း လက္အုပ္ခ်ီၿပီး မႏႈတ္ဆက္ၾကပါ။ ျမန္မာလူမ်ိဳးမ်ား၏ ႏႈတ္ဆက္နည္းမ်ားကို သိထားျခင္းအားျဖင့္ အယူအဆ လြဲမွားၿပီး အထင္လြဲတာမ်ိဳးေတြ မရွိရေလေအာင္ ဒီလိုမ်ိဳး ေရးလိုက္ရျခင္းျဖစ္ပါတယ္။
Unicode
မျက်နှာသိပြီး ဖြစ်သော မြန်မာလူမျိုးများ အချင်းချင်း နှုတ်ဆက်နည်း
လက်အုပ်ချီပြီး ‘မင်္ဂလာပါ’ လို့ နှုတ်ဆက်ကြတယ်။(Х)
ခေါင်းငုံ၊ ခါးကိုင်းပြီး ‘မင်္ဂလာပါ’ လို့ နှုတ်ဆက်ကြတယ်။(Х)
လက်ကို ဝေ့ယမ်းပြီး ‘မင်္ဂလာပါ’ လို့ နှုတ်ဆက်ကြတယ်။(Х)
အထက်ဖော်ပြပါ နှုတ်ဆက်နည်းများဟာ နိုင်ငံခြားသားများမှ တဆင့် ဝင်ရောက်ပြန်နှံ့လာသော နှုတ်ဆက်နည်းလမ်းများပဲ
ဖြစ်ပါတယ်။ မြန်မာလူမျိုးများ အချင်းချင်း သဘာဝကျကျ နှုတ်ဆက်ကြတဲ့ နည်းလမ်းကတော့ အခြေအနေနဲ့၊
အချိန်အခါပေါ် မူတည်ပြီး ပါးစပ်ကလေးနဲ့ပဲ ပြုံးပြီး ‘နေကောင်းလား’, ‘စားပြီးပြီလား’,
‘ဘယ်သွားမလို့တုန်း’, ‘ဘယ်က ပြန်လာလဲ’, ‘ဘာဟင်းချက်လဲ’, ‘လှလာတယ်နော်’ စသဖြင့် နေ့စဥ်သုံး
စကားများပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေဆို ထိုကဲ့သို့သော နှုတ်ဆက်စကားတောင် မဆိုဘဲ အချင်းချင်း
ပြုံးပြပြီး ဖြတ်သွားတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါဟာ မြန်မာလူမျိုးများ၏ နှုတ်ဆက်နည်း
ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လက်အုပ်ချီပြီး နှုတ်ဆက်ခြင်းကို ခံယူခွင့်ရှိတာဆိုလို့
ဘုန်းကြီးသံဃာများပဲ ရှိပါတယ်။ လူအချင်းချင်း လက်အုပ်ချီပြီး မနှုတ်ဆက်ကြပါ။ မြန်မာလူမျိုးများ၏
နှုတ်ဆက်နည်းများကို သိထားခြင်းအားဖြင့် အယူအဆ လွဲမှားပြီး အထင်လွဲတာမျိုးတွေ မရှိရလေအောင်
ဒီလိုမျိုး ရေးလိုက်ရခြင်းဖြစ်ပါတယ်။
mm.aaa.kr