달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

인생에는 정답이 없습니다.

자기가 선택한 대로 사는 뿐입니다.

그런데 우리가 이럴까 저럴까 망설이는 것은

선택에 대한 책임을 지고 싶지 않기 때문입니다.

                                                -법륜스님-

လူ့ဘဝကြီးမှာ အဖြေမှန်ဆိုတာ မရှိပါဘူး။

ကိုယ်ရွေးချယ်ထားတဲ့အတိုင်း နေရရုံလေးပါ။

ဒါပေမဲ့ လူတွေဟာ ဒီလိုလုပ်ရမလား။ ဟိုလိုလုပ်ရမလားဆိုပြီး တွေဝေနေတာဟာ

ကိုယ့် ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ တာဝန်ကို မယူချင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

                                    -ဗော့မြွန်းဆရာတော်-

 

인생                      ဘဝ

정답                 အဖြေမှန်

선택하다         ရွေးချယ်သည်

망설이다         တွေဝေသည်

책임을 지다     တာဝန်ယူသည်

 

:
Posted by 해맑은순이

 

 

 

Ven.pomnyun ရှောင်ဖယ်ခြင်းနဲ့ လွှတ်ချလိုက်ခြင်း

လွှတ်ချလိုက်ခြင်းနဲ့ ရှောင်ဖယ်ခြင်းရဲ့ ကွာခြားချက်ကတော့

လွှတ်ချလိုက်ခြင်းက ပြန်ပြီး မဖြစ်ပေါ်ဘူး။

ရှောင်ဖယ်ခြင်းကတော့ ပြန်ပြီး ဖြစ်ပေါ်တယ်ဆိုတဲ့ အချက်ပါပဲ။

ရည်းစားနဲ့ လမ်းခွဲပြီး စိတ်ဆင်းရဲနေတဲ့ စိတ်ကို မေ့ပစ်ဖို့ဆိုပြီး

ညနေမှာ အရက်သောက်ပြီး အိပ်ရာဝင်တယ်။

မနက် ထတော့လည်း မနေ့ကအတိုင်းပဲ စိတ်ရှုပ်မှုက ရှိနေတာမျိုးကို ရှောင်ဖယ်ခြင်းလို့ ခေါ်တယ်။

ဒါပေမဲ့ ‘အခုချိန်ထိ ငါနဲ့ အတူလက်တွဲပေးခဲ့တဲ့အတွက် ကျေးဇူးပဲ။ ဘိုင့်ဘိုင်။’ ဆိုပြီး သံယောဇဥ်ကို ဖြတ်ပြီး နှုတ်ဆက်လိုက်ရင် အဲ့မှာတင် ပြီးသွားပြီ။

မိဘနဲ့ မပြေလည်လို့ မိဘတွေရဲ့ ဖုန်းကို ရှောင်နေရင်

အဲ့ဒီ ပဋိပက္ခနဲ့ စိတ်ဆင်းရဲမှုက မပျောက်သွားနိုင်ဘူး။

မိဘတွေကို ဆန့်ကျင်ချင်တဲ့ စိတ်လေးကို လွှတ်ချလိုက်ရင်

ဖုန်းလာရင် ကိုင်ပြီး၊ မလာရင် မကိုင်ဘူးပေါ့။ ဘာမှ စိတ်လေးနေစရာ မလိုဘူးလေ။

ကိစ္စတစ်ခုခု ကြုံလာရင် ရှောင်ဖယ်ခြင်းထက်တော့ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းပြီး လွှတ်ချပစ်တာက ကောင်းပါတယ်။

#ဘော့မြွန်းဆရာတော်#မျှော်လင့်ခြင်းပေးစာ

 

회피하다                     ရှောင်ဖယ်သည်။

놓아버리다                  လွှတ်ချပစ်သည်။ စွန်လွှတ်သည်။

차이                           ခြားနားချက်။ ကွာခြားချက်

재발하다                     ပြန်ဖြစ်သည်

애인                           ရည်းစား

헤어지다                     လမ်းခွဲသည်

속상하다                     စိတ်မကောင်းဖြစ်သည်။

잊어버리다                  မေ့ပစ်သည်

잠이 들다                   အိပ်ပျော်သည်။

괴로움                       စိတ်ဆင်းရဲမှု

반복되다                     ထပ်ခါတလဲလဲ ဖြစ်သည်

미련                           သံယောဇဥ်

작별을 고하다                 နှုတ်ဆက်ခွဲခွာခြင်းကို ကြေညာသည်

관계                           ဆက်ဆံရေး

피하다                         ရှောင်သည်

갈등                           ပဋိပက္ခ

거부 반응                     ဆန့်ကျင်တုံံ့ပြန်မှု

부담                           ဝန်လေးခြင်း၊ စိတ်လေးခြင်း

직면하다                       ရင်ဆိုင်ကြုံတွေ့သည်

정면                             အရှေ့တည့်တည့်(ဘက်)

맞닥뜨리다                     ထိပ်တိုက်ရင်ဆိုင်သည်

해결하다                       ဖြေရှင်းသည်

 

 

:
Posted by 해맑은순이

스무 살이 넘은 성인이 사회성이 떨어져 밖에 나가지 못하고 대인관계를 어려워합니다. 왜 그럴까요.             

밖에 나가 시행착오를 할 기회가 없었기 때문이에요. 어려서부터 주변의 말만 잘 들으면 된다고 자라서 나이가 들어서도 혼자 할 줄 아는 게 없는 거지요.

이런 일이 생기지 않게 하려면 사춘기 때 간섭하지 않고 가만히 지켜봐 줘야 해요. 혼자 하려고 할 때는 혼자 하도록 내버려 두고 몇 번의 실패를 거쳐서 ‘어 이게 내 마음대로 되는 게 아니구나.’ 라고 알게 되면 이 경험들이 쌓이면서 아이가 크는 거지요. 

마냥 아이가 말을 잘 듣는다고 좋아할 게 아니에요. 이제라도 자립을 시키고 자생력을 키워줘야 해요.

법륜스님


မေး။   ။ အသက် ၂၀ကျော်နေပြီ ဖြစ်တဲ့ ကလေးဟာ အပြင်လောက အကြောင်းလည်း မသိ၊ အပြင်လည်း မထွက်ဘဲ လူတွေနဲ့ ဆက်ဆံရမှာကို မ၀ံ့မရဲ ဖြစ်နေပါတယ်။ ဘာဖြစ်လို့များပါလဲ။


ဖြေ။   ။ အပြင်လောကထဲ ထွက်ပြီး အမှားမလုပ်ဖူးတဲ့အတွက်ကြောင့်ပါ။ တစ်နည်းအားဖြင့် မှားယွင်းခွင့် တစ်ခါမှ မရခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ငယ်ငယ်လေးကတည်းက မိဘ၊ အသိုင်းအ၀ိုင်းရဲ့ စကားပဲ နားထောင်၊ လိုက်နာ လုပ်ဆောင်ရင် ဖြစ်တယ်ဆိုတဲ့ ဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့တဲ့အတွက် အရွယ်ရောက်လာတဲ့အခါမှာလည်း ကိုယ့်ဖာသာကိုယ် လုပ်တတ်တာ ဘာ တစ်ခုမှ မရှိတာမျိုးပေါ့။

အဲ့သလိုမျိုး မဖြစ်စေချင်ဘူးဆိုရင် ဆယ်ကျော်သက် အရွယ်လောက်ကတည်းက ၀င်ရောက်စွက်ဖက်မှု မလုပ်ဘဲ၊ ငြိမ်ငြိမ်လေး စောင့်ပဲ ကြည့်ပေးပါ။

ကလေးတွေကို တစ်ယောက်တည်း လုပ်ချင်တယ်ဆိုတဲ့အချိန်မှာ ရှုံးနိမ့်မှာ ဆိုးလို့ (မှားယွင်းမှု တစ်စုံတစ်ရာ ရှိမှာ ဆိုးလို့) ဆိုပြီး ပိတ်ပင်တာမျိုး မလုပ်ဘဲ၊ အမှားထဲက အမှန်ကို ရှာဖွေခွင့် ပေးတဲ့ သဘောမျိုးနဲ့ တစ်ယောက်တည်း လုပ်စေပြီး ရှုံးနိမ့်ခဲ့ရင်တောင် ထို ရှုံးနိမ့်ခြင်းကနေ တဆင့် ‘အာ--ဒီကိစ္စက ငါဖြစ်ချင်တဲ့အတိုင်း မဖြစ်ပါလား။’ ဆိုတဲ့ အသိမျိုး သိခွင့်၊ နောက်ပြီး အဲဒီ ရှုံးနိမ့်ခြင်း အတွေ့အကြုံတွေကနေ ရလာတဲ့ သင်ခန်းစာတွေ များလာတဲ့အခါ ကလေးတွေဟာ ရင့်ကျက်လာတတ်ပါတယ်။
ငါတို့ ကလေးတွေက ငါတို့ စကားဆို မြေ၀ယ်မကျ နား‌ထောင်တယ်ဆိုပြီး ပီတိဖြစ်နေရမှာ မဟုတ်ပါဘူး။
ခုချိန်ကနေ စပြီး ကလေးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်စွမ်းကို မြှင့်တင်ပေးရမှာ ဖြစ်တယ်။   

ဘာသာပြန်-အေးအေးအောင်


Zawgyi Font

ေမး။   ။ အသက္ ၂၀ေက်ာ္ေနၿပီ ျဖစ္တဲ့ ကေလးဟာ အျပင္ေလာက အေၾကာင္းလည္း မသိ၊ အျပင္လည္း မထြက္ဘဲ လူေတြနဲ႔ ဆက္ဆံရမွာကို မ၀ံ့မရဲ ျဖစ္ေနပါတယ္။ ဘာျဖစ္လို႔မ်ားပါလဲ။


ေျဖ။   ။ အျပင္ေလာကထဲ ထြက္ၿပီး အမွားမလုပ္ဖူးတဲ့အတြက္ေၾကာင့္ပါ။ တစ္နည္းအားျဖင့္ မွားယြင္းခြင့္ တစ္ခါမွ မရခဲ့တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

ငယ္ငယ္ေလးကတည္းက မိဘ၊ အသိုင္းအ၀ိုင္းရဲ႕ စကားပဲ နားေထာင္၊ လိုက္နာ လုပ္ေဆာင္ရင္ ျဖစ္တယ္ဆိုတဲ့ ဆုံးမမႈေအာက္မွာ ႀကီးျပင္းလာခဲ့တဲ့အတြက္ အ႐ြယ္ေရာက္လာတဲ့အခါမွာလည္း ကိုယ့္ဖာသာကိုယ္ လုပ္တတ္တာ ဘာ တစ္ခုမွ မရွိတာမ်ိဳးေပါ့။ 

အဲ့သလိုမ်ိဳး မျဖစ္ေစခ်င္ဘူးဆိုရင္ ဆယ္ေက်ာ္သက္ အ႐ြယ္ေလာက္ကတည္းက ၀င္ေရာက္စြက္ဖက္မႈ မလုပ္ဘဲ၊ ၿငိမ္ၿငိမ္ေလး ေစာင့္ပဲ ၾကည့္ေပးပါ။ 

ကေလးေတြကို တစ္ေယာက္တည္း လုပ္ခ်င္တယ္ဆိုတဲ့အခ်ိန္မွာ ရႈံးနိမ့္မွာ ဆိုးလို႔ (မွားယြင္းမႈ တစ္စုံတစ္ရာ ရွိမွာ ဆိုးလို႔) ဆိုၿပီး ပိတ္ပင္တာမ်ိဳး မလုပ္ဘဲ၊ အမွားထဲက အမွန္ကို ရွာေဖြခြင့္ ေပးတဲ့ သေဘာမ်ိဳးနဲ႔ တစ္ေယာက္တည္း လုပ္ေစၿပီး ရႈံးနိမ့္ခဲ့ရင္ေတာင္ ထို ရႈံးနိမ့္ျခင္းကေန တဆင့္ ‘အာ--ဒီကိစၥက ငါျဖစ္ခ်င္တဲ့အတိုင္း မျဖစ္ပါလား။’ ဆိုတဲ့ အသိမ်ိဳး သိခြင့္၊ ေနာက္ၿပီး အဲဒီ ရႈံးနိမ့္ျခင္း အေတြ႕အႀကဳံေတြကေန ရလာတဲ့ သင္ခန္းစာေတြ မ်ားလာတဲ့အခါ ကေလးေတြဟာ ရင့္က်က္လာတတ္ပါတယ္။ 

ငါတို႔ ကေလးေတြက ငါတို႔ စကားဆို ေျမ၀ယ္မက် နား‌ေထာင္တယ္ဆိုၿပီး ပီတိျဖစ္ေနရမွာ မဟုတ္ပါဘူး။ ခုခ်ိန္ကေန စၿပီး ကေလးေတြ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ ရပ္တည္ႏိုင္စြမ္းကို ျမႇင့္တင္ေပးရမွာ ျဖစ္တယ္။   

ဘာသာျပန္-ေအးေအးေအာင္



:
Posted by 해맑은순이
2018. 12. 21. 21:00

올라간 만큼 성공이에요. 번역 글 2018. 12. 21. 21:00


    이 글을 읽어보고 달리기 대회에 참여했을 때의 기억이 난다.그렇게 대단한 대회는 아니였으나 참여하기로 했으니 일등을 목표로 하고 달리기 시작했다. 그런데 겨울이라 찬 공기에 숨 쉬는 법을 몰라 입으로 숨을 들이마시다 보니 숨쉬기가 좀좀 힘들어지고 목이 터질 만큼 아팠다. 그래서 계속 달리지 않고 걸어서 완주를 했다. 체력이 딸리고 달리는 습관이 없었기에 달리다가 중간에 포기하고 걸어서 완주했던 것이다. 일등은 좋지만 나는 완주했던 것만으로도 만족했다. 나는 스스로 자책하지도 않았고 스스로 못 났다고 비판하지도 않았다. 이유는 내가 겪었던 고통을 내가 잘 알고 있었기 때문이다. 포기하고 안 하고는 내가 판단했고 내가 결정했기 때문에 후회하지 않았던 것이다.

 

တောင်တက်ရာကနေ ပင်ပန်းလာရင် 

နားနားပြီး တဖြေးဖြေး တက်လို့လည်း ရတယ်။

ဒါပေမဲ့ မိမိရဲ့ ကိုယ်ခံစွမ်းအားက မတတ်နိုင်တဲ့အခါမှာတော့

ဆက်မတက်တော့ဘဲ ပြန်ဆင်းလာလည်း ရပါတယ်။


လူ့ဘဝကြီးမှာလဲပဲ ကျိန်းသေပေါက် 

အပေါ်ကိုပဲ တက်လှမ်းရမယ်ဆိုတာမျိုး မရှိပါဘူး။ 

ဆက်လက်ပြီး မတက်နိုင်ရင် မဖြစ်ဘူးဆိုတာမျိုးလည်း မရှိပါဘူး။


လမ်းတစ်ဝက်တစ်ပြတ်ကနေ ပြန်လှည့်လာခဲ့ရင် ရှုံးနိမ့်တယ်လို့  ဆိုရမလား။

မဟုတ်ပါဘူး။ ကိုယ် ရောက်ရှိခဲ့တဲ့ နေရာအထိကတော့ ကိုယ့်ရဲ့  အောင်မြင်မှုပါပဲ။


ဒီစာပိုဒ်လေးကို ဖတ်ပြီး  အတွေးလေး တစ်ခု ၀င်လာခဲ့တယ်။

တနင်္ဂနွေ ပိတ်ရက်လေး တစ်နေ့ အပြေးပြိုင်ပွဲ တစ်ခုမှာ ဝင်ပြေးခဲ့တဲ့ မိမိရဲ့ အတွေ့အကြုံလေးနဲ့ ဆက်စပ်ပြီး‌တော့ပေါ့။ ကိုရီးယား ဆောင်းရာသီ ဖြစ်တဲ့အတွက် အင်မတန်မှ အေးလှပါတယ်။ အားကစားသမားလည်း မဟုတ်၊ အားကစားလည်း သေချာ မလုပ်ဖူးတော့ စပြေးပြီး မကြာဘူး ဆက်မပြေးနိုင်တော့ဘူး။ အသက်ကို နှာခေါင်းနဲ့ မရှုဘဲ ပါးစပ်ကနေ ပင့်ပင့်ပြီး လေအေးတွေကို ရှုတော့ အဆုပ်က မခံနိုင်တာလားမသိ၊ လည်ပင်းလည်း အတော်‌သိသိသာသာ နာလာတယ်။ နောက်ဆုံး ပြေးရင်းပြေးရင်းကနေ ကိုယ်ရဲ့ အမောခံနိုင်စွမ်းက လုံး၀ မတတ်နိုင်တဲ့အတွက် မပြေးဘဲ လမ်းလျှောက်ပြီး လာခဲ့တယ်။ ဆက်ပြေးရင် တကယ် အဲဒီနေရာမှာတင် လဲကျသွားမလောက်ကို ဖြစ်ခဲ့တာ။ အဲဒီတော့ ပြေးတာချင်း တူတာတောင် အမောခံနိုင်တဲ့ သူ ရှိသလို၊ အမော မခံနိုင်တဲ့ သူလည်း ရှိတယ်။ နောက်ပြီး အသက်ရှုနည်းကို ကောင်းကောင်းသိတဲ့ သူရှိသလို မသိတဲ့သူလည်း ရှိတဲ့အတွက် ကိုယ့်ရဲ့အနေအထားကို ကိုယ်ဖာသာ သုံးသပ်ပြီး လက်လျှော့သင့်တဲ့အခါ လက်လျှော့တတ်ဖို့ လိုတယ်။ လက်လျှော့ခဲ့တဲ့အတွက် တတိယပဲ ရခဲ့တယ်။ မပြေးနိုင်လို့  လက်လျှော့လိုက်တဲ့အတွက် ထိုက်တန်တဲ့ ဆုက တတိယဆိုတာကို လက်ခံနိုင်ဖို့ပဲ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်စရာလည်း မလိုဘူး။ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်စရာလည်း မလိုဘူး။ ကိုယ့်မှာ ရှိသလောက် စွမ်းအား၊ တတ်သလောက်စွမ်းအားလေးနဲ့ ကြိုးစားပြီး ရလာတဲ့ ရလဒ်ကို ကျေနပ်လက်ခံနိုင်ကြပါစေ



Zawgyi Font

ေတာင္တက္ရာကေန ပင္ပန္းလာရင္ 
နားနားၿပီး တေျဖးေျဖး တက္လို႕လည္း ရတယ္။
ဒါေပမဲ့ မိမိရဲ႕ ကိုိယ္ခံစြမ္းအားက မတတ္နိုင္တဲ့အခါမွာေတာ့
ဆက္မတက္ေတာ့ဘဲ ျပန္ဆင္းလာလည္း ရပါတယ္။

လူ႕ဘဝၾကီးမွာလဲပဲ က်ိန္းေသေပါက္ 
အေပၚကိုပဲ တက္လွမ္းရမယ္ဆိုတာမ်ိဳး မရိွပါဘူး။ 
ဆက္လက္ၿပီး မတက္နိုင္ရင္ မျဖစ္ဘူးဆိုတာမ်ိဳးလည္း မရိွပါဘူး။

လမ္းတစ္ဝက္တစ္ျပတ္ကေန ျပန္လွည့္လာခဲ့ရင္ ရံႈးနိမ့္တယ္လို႕ 
ဆိုရမလား။
မဟုတ္ပါဘူး။ ကိုယ္ ေရာက္ရိွခဲ့တဲ့ ေနရာအထိကေတာ့ ကိုယ့္ရဲ႕
ေအာင္ျမင္ျခင္းပါပဲ။

ဒီစာပိုဒ္ေလးကို ဖတ္ၿပီး  အေတြးေလး တစ္ခု ၀င္လာခဲ့တယ္။


တနဂၤေႏြ ပိတ္ရက္ေလး တစ္ေန႔ အေျပးၿပိဳင္ပြဲ တစ္ခုမွာ ဝင္ေျပးခဲ့တဲ့ မိမိရဲ႕ အေတြ႕အႀကဳံေလးနဲ႔ ဆက္စပ္ၿပီး‌ေတာ့ေပါ့။ ကိုရီးယား ေဆာင္းရာသီ ျဖစ္တဲ့အတြက္ အင္မတန္မွ ေအးလွပါတယ္။ အားကစားသမားလည္း မဟုတ္၊ အားကစားလည္း ေသခ်ာ မလုပ္ဖူးေတာ့ စေျပးၿပီး မၾကာဘူး ဆက္မေျပးႏိုင္ေတာ့ဘူး။ အသက္ကို ႏွာေခါင္းနဲ႔ မရႈဘဲ ပါးစပ္ကေန ပင့္ပင့္ၿပီး ေလေအးေတြကို ရႈေတာ့ အဆုပ္က မခံႏိုင္တာလားမသိ၊ လည္ပင္းလည္းအေတာ္‌သိသိသာသာ နာလာတယ္။ ေနာက္ဆုံး ေျပးရင္းေျပးရင္းကေန ကိုယ္ရဲ႕ အေမာခံႏိုင္စြမ္းက လုံး၀ မတတ္ႏိုင္တဲ့အတြက္ မေျပးဘဲ လမ္းေလွ်ာက္ၿပီး လာခဲ့တယ္။ ဆက္ေျပးရင္ တကယ္ အဲဒီေနရာမွာတင္ လဲက်သြားမေလာက္ကို ျဖစ္ခဲ့တာ။ အဲဒီေတာ့  ေျပးတာခ်င္း တူတာေတာင္ အေမာခံႏိုင္တဲ့ သူ ရွိသလို၊ အေမာ မခံႏိုင္တဲ့ သူလည္း ရွိတယ္။ ေနာက္ၿပီး အသက္ရႈနည္းကို ေကာင္းေကာင္းသိတဲ့ သူရွိသလို မသိတဲ့သူလည္း ရွိတဲ့အတြက္ ကိုယ့္ရဲ႕အေနအထားကို ကိုယ္ဖာသာ သုံးသပ္ၿပီး လက္ေလွ်ာ့သင့္တဲ့အခါ လက္ေလွ်ာ့တတ္ဖို႔ လိုတယ္။ လက္ေလွ်ာ့ခဲ့တဲ့အတြက္ တတိယပဲ ရခဲ့တယ္။ မေျပးႏိုင္လို႔  လက္ေလွ်ာ့လိုက္တဲ့အတြက္ ထိုက္တန္တဲ့ ဆုက တတိယဆိုတာကို လက္ခံႏိုင္ဖို႔ပဲ အေရးႀကီးတယ္။ ကိုယ့္ကိုယ္ကို အျပစ္တင္စရာလည္း မလိုဘူး။ ကိုယ့္ကိုယ္ကို အားမလို အားမရ ျဖစ္စရာလည္း မလိုဘူး။ ကိုယ့္မွာ ရွိသေလာက္ စြမ္းအား၊ တတ္သေလာက္စြမ္းအားေလးနဲ႔ ႀကိဳးစားၿပီး ရလာတဲ့ ရလဒ္ကို ေက်နပ္လက္ခံႏိုင္ၾကပါေစ။


:
Posted by 해맑은순이