건전하고 좋은 가치(내적으로 얻는 것이다)-정직,
혁신, 유연함, 자립, 후원, 자존감, 호기심, 너그러움, 겸손, 창조 등
해롭고 나쁜 가치(외적 사건에 외존한다)-속임수나
폭력에 의한 지배, 무분별한 섹스, 늘 즐기며 살기, 항상 주목받기, 혼자 있지 않기, 모두에게 사랑받기,
부자가 되기 위해 돈 벌기, 사이비 신을 위해 작은 동물을 제물로 바치기 등
우리의 삶을 변화시킬 5가지 가치
1. 강한 책임감.
당신의
삶에서 일어나는 모든 일에 책임을 지는 것이다. 누구의 잘못이든 상관 없이 말이다. 때로 억울하고, ‘이건 내 잘못이 아니야!’ 라고 외치고 싶은 순간에도 당신의 삶에서 일어난 일에 책임을 지는
것이다.
2. 당신의 믿음을 맹신하지 않는 것이다.
당신이
100% 옳다는 확신을 내려놓고,
언제든 실수하고 틀릴 수 있다는 가능성을 받아들이는 것이다. 그렇게 자신의 무지를
인정하고,기존에 갖고 있던 믿음에 끊임없이 의문을 제기함으로써 당신은 독선주의 허세꾼이 되지 않을 수 있다.
3. 실패다.
우리
모두가 겪기를 두려워하지만 겪을 수밖에 없는 것, 그 실패가 우리를 앞으로 나아가게 할 것이다. 결점과 실수를 기꺼이 발견하고 받아들임으로써,
우리는 발전한다.
4. 거절이다.
당신은
아니라고 말할 수 있어야 하고, 상대의 거절을
받아들일 수도 있어야 한다. 거절을 통해 내 삶에 무엇을 받아들이지 않을 것인지 명확히 정의할 수 있다.
5. 내가 언젠가는 죽는다는 사실을 숙고하는 것이다.
조금은
멀고 추상적으로 느껴지겠지만, 이것이 가장
중요하다. 왜냐하면 자신의 죽음을 깊이 숙고해본 뒤에야 비로소 다른 모든 가치를 올바로 바라볼 수 있기 때문이다.
신경 끄기의 기술('고통을 피하는 법'은 없어), 111페이지
Zawgyi Font
လူေတြဟာ တစ္ဦးနဲ႔ တစ္ဦး တန္ဖိုးထားတတ္တဲ့ အရာေတြဟာ မတူကြဲျပားၾကပါတယ္။ အဲဒီ တန္ဖိုးေတြကို ၂မ်ိဳး ၂စား ခြဲလို႔ ရပါတယ္။
ပထမ တစ္ခုက က်န္းမာေကာင္းမြန္ေသာ တန္ဖိုး- ဥပမာအားျဖင့္ ႐ိုးသားေျဖာင့္မတ္ျခင္း၊ ဆန္းျပားသစ္လြင္ျခင္း၊ လိုက္ေလ်ာညီေထြမႈရွိျခင္း၊ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ျခင္း၊ အေထာက္အပံ့ေပးျခင္း၊ မိမိ ျဖစ္တည္မႈအေပၚ ဂုဏ္ယူျခင္း၊ စူးစမ္းခ်င္စိတ္ ရွိျခင္း၊ သေဘာထားႀကီးမားျခင္း၊ ႐ို႕႐ို႕က်ိဳးက်ိဳး ေနျခင္း၊ တီထြင္ႀကံဆျခင္း စသျဖင့္
ဒုတိယ တစ္ခုကေတာ့ အဆိပ္အေတာက္ျဖစ္ေစေသာ မေကာင္းတဲ့ တန္ဖိုး- ဥပမာအားျဖင့္ လွည့္ဖ်ားျခင္း၊ အၾကမ္းဖက္ျခင္းျဖင့္ သူတစ္ပါးကို ခ်ဳပ္ကိုင္ျခင္း၊ ေတြ႕ရာလူနဲ႔ အတူေနျခင္း၊ အၿမဲ စီးေမ်ာ ေပ်ာ္ေနျခင္း၊ သူတစ္ပါး ဂ႐ုစိုက္တာကို ခံလိုျခင္း၊ တစ္ေယာက္တည္း မေနႏိုင္ျခင္း၊ လူတိုင္း၏ ခ်စ္တာ ခံလိုျခင္း၊ သူေဌးျဖစ္ဖို႔အတြက္ ေငြရွာျခင္း၊ သတၱ၀ါငယ္ေတြကို စေတးၿပီး နတ္ပူေဇာ္ျခင္း စသျဖင့္
ဒီတန္ဖိုး အမ်ိဳးအစား ၂ခုရဲ႕ ကြာဟခ်က္ကေတာ့ ပထမတစ္ခုဟာ ကိုယ့္ရဲ႕ ေမြးရာပါ နဂိုပိုင္ဆိုင္မႈ တန္ဖိုးမ်ား ျဖစ္ၿပီး၊ ဒုတိယ တစ္ခုကေတာ့ ပကာသနဆန္ၿပီး သူတစ္ပါးအေပၚ မွီခိုၿပီးမွ ပိုင္ဆိုင္ႏိုင္ေသာ တန္ဖိုးမ်ား ျဖစ္တာကို ေတြ႕ျမင္ႏိုင္ပါတယ္။
ဂ႐ုမစိုက္ျခင္း နည္းပညာဆိုတဲ့ ကိုရီးယားဘာသာျပန္ စာအုပ္ထဲက စာေရးဆရာ ေျပာသားထားတဲ့
‘ငါတို႔ရဲ႕ ဘ၀ကို ေျပာင္းလဲေစႏိုင္တဲ့ တန္ဖိုး ၅ခု’ ကို ဖတ္ၾကည့္ၿပီး ဘဝမွာ တန္ဖိုးထားရမယ့္ တန္ဖိုးေတြဟာ ဘာေတြလဲဆိုတာ စဥ္းစားၾကည့္ရေအာင္ေနာ္။
1. ခိုင္မာေသာ တာ၀န္ယူစိတ္
သင္ရဲ႕ ဘ၀မွာ ျဖစ္ေပၚလာတဲ့ အရာမွန္သမွ်(အေကာင္းအဆိုး၊ အေၾကာင္းအက်ိဳး)ကို ဘယ္သူ႔ အမွားပဲ ျဖစ္ေန ျဖစ္ေန တာ၀န္ယူတတ္တဲ့ စိတ္ ျဖစ္ပါတယ္။ တခါတရံ ကိုယ့္အမွား မဟုတ္ဘဲ တာ၀န္ယူရတဲ့ အခါ မခံသိ မခံသာ ျဖစ္ရတဲ့အခါလည္း ရွိမယ္၊ ‘ဒါ ငါ့အမွား မဟုတ္ဘူး’ ဆိုၿပီး ေအာ္ဟစ္ ေျပာခ်င္တဲ့ အခ်ိန္ေတြမွာလဲ သည္းခံၿပီး ဘာမွ မေျပာဘဲ သင္ရဲ႕ ဘ၀မွာ ျဖစ္လာတဲ့ ကိစၥမွန္သမွ်ကို တာ၀န္ယူ လက္ခံတတ္တဲ့ စိတ္ကို ဆိုလိုတာ ျဖစ္တယ္။
ဥပမာ ဆင္းရဲခ်ိဳ႕တဲ့တဲ့ မိဘဆီမွာ သားသမီး အျဖစ္ေမြးဖြားလာတာမ်ိဳး၊ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္က ေဖာက္ျပန္လို႔ ကိုယ္ဘက္က မမွားပါဘဲနဲ႔ တစ္ခုလပ္ျဖစ္သြားတာမ်ိဳးတို႔ စသျဖင့္
2.သင့္ရဲ႕ ယုံၾကည္မႈကို မ်က္လုံး စုံမွိတ္ၿပီး မယုံပါနဲ႔။
ငါ့ဘက္က 100% မွန္တယ္ဆိုတဲ့ ယုံၾကည္ခ်က္ကို တစ္ထစ္ေလွ်ာ့ၿပီး၊ ဘယ္အခ်ိန္မဆို လြဲမွားႏိုင္တယ္ ဆိုတဲ့ ျဖစ္ႏိုင္ေခ်ကို လက္ခံရထားရမယ္။ ထိုကဲ့သို႔ မိမိရဲ႕ ဗဟုသုတ နည္းပါးမႈကို အသိအမွတ္ျပဳၿပီး၊ ကိုယ့္ သိထားတဲ့ အသိေတြ၊ ယုံၾကည္မႈေတြကို စဥ္ဆက္မျပတ္ ေမးခြန္းထုတ္ေနျခင္းအားျဖင့္ သင္ဟာ အတတ္က်ဴးတဲ့ သူ၊ ဟန္လုပ္တတ္တဲ့သူ မျဖစ္ေတာ့ပါ။
ေလာကႀကီးမွာ ကိုယ္ သိထားတဲ့ အမွန္တရားဟာ တစ္ခါတစ္ရံမွာ မွားယြင္းေနတတ္တယ္။ မိမိ က်င္လည္ခဲ့တဲ့ ပတ္ဝန္းက်င္၊ ေနရာေဒသေပၚ မူတည္ၿပီး မိမိ ပိုင္ဆိုင္ထားတဲ့ အေတြးအေခၚ ဗဟုသုတေတြဟာ အကန႔္အသက္ရွိေနတတ္ၿပီး၊ တျခားသူေတြနဲ႔ ကြာျခားေနႏိုင္တဲ့အတြက္ အၿမဲတမ္း စိတ္ကို ဖြင့္ထားရမယ္။ တရားေသႀကီး ယုံထားလို႔ မရဘူး။
3.ရႈံးနိမ့္ျခင္း။
ကြၽန္မတို႔ အားလုံး မႀကဳံခ်င္ဆုံးနဲ႔ ရင္ဆိုင္ရမွာ အေၾကာက္ဆုံးျဖစ္တဲ့ ရႈံးနိမ့္ျခင္းဟာ ေရွာင္လႊဲလို႔ မရတဲ့ အရာ ျဖစ္ပါတယ္။ အဲဒီ့ ရႈံးနိမ့္ျခင္းဟာ ကြၽန္မတို႔ကို ေရွ႕ဆက္သြားႏိုင္ေအာင္ တြန္းပို႔ေပးတဲ့ အားအင္ပဲ ျဖစ္တယ္။ အားနည္းခ်က္နဲ႔ အမွားေတြကို ေတြ႕ရွိနားလည္ လက္ခံလိုက္ျခင္းျဖင့္ ကြၽန္မတို႔ဟာ ရင့္က်က္လာတတ္ၾကပါတယ္။
အမွားထဲက အမွန္ကို ရွာေတြ႕တတ္တယ္ဆိုတာမ်ိဳးေပါ့။ ထို႔အတြက္ ရႈံးနိမ့္ျခင္းကို တန္ဖိုးတစ္ခုအေနနဲ႔ သေဘာထားရမယ္။
4. ျငင္းဆိုမႈ။
သင္ဟာ မဟုတ္ရင္ မဟုတ္ဘူး။ မမွန္ရင္ မမွန္ဘူး။ ဆိုၿပီး ျငင္းဆိုရဲရမယ္။ ထိုနည္းတူစြာ တစ္ဖက္လူရဲ႕ ျငင္းဆိုမႈကိုလည္း လက္ခံႏိုင္ရမယ္။ ျငင္းဆိုျခင္းမွ တဆင့္ ကိုယ့္ဘ၀ထဲမွာ ဘယ္အရာကို လက္မခံႏိုင္ ဘူးလဲ ဆိုတာကို ေသခ်ာစြာ အဓိပၸါယ္ ဖြင့္ဆိုလာႏိုင္မယ္။
ဥပမာ ကိုယ့္ကို လာၿပီး လိမ္ေျပာခိုင္းတာမ်ိဳး၊ ငါကေတာ့ အသက္ပင္ ေသသြားပါေစ လုံးဝ အလိမ္အညာစကားကို မေျပာဆိုႏိုင္ဘူး။ ဆိုတဲ့ စိတ္မ်ိဳးရွိေနရင္ သင္ဟာ သင့္ဘဝမွာ အလိမ္အညာကို လုံးဝ လက္မခံႏိုင္ဘူးဆိုတာ သိလာႏိုင္မယ္။ ထို႔အတြက္ ျငင္းဆိုျခင္းဟာလည္း တန္ဖိုးတစ္ခု ျဖစ္ပါတယ္။
5.ငါလည္းပဲ တစ္ခ်ိန္ခ်ိန္မွာ ေသမွာပါလားဆိုတဲ့ အမွန္တရားကို သတိတရ ရွိေနရမယ္။
ဒါဟာ အနည္းငယ္ အလွမ္းေဝးၿပီး စိတ္ကူးယဥ္ဆန္ေနေပမဲ့ ဒီအခ်က္ဟာ အင္မတန္မွ အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မိမိရဲ႕ ေသျခင္းတရားကို ေလးေလးနက္နက္ ေတြးေတာဖူးမွသာ တျခားေသာ တန္ဖိုးေတြကို မွန္မွန္ကန္ကန္ ျမင္တတ္လာမွာ ျဖစ္တဲ့အတြက္ပဲ ျဖစ္ပါတယ္။
ငါဟာ တစ္ခ်ိန္ခ်ိန္မွာ ေသမွာပါလားဆိုတဲ့ အသိ ဝင္လာခဲ့ရင္ သင္ဟာ ငါဆိုတဲ့ အစြဲကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္တဲ့အတြက္ ငါ သိထားတဲ့ အရာဟာ 100% မွန္တယ္ဆိုတဲ့ အတၱစိတ္ေတြ ေလ်ာ့သြားမယ္။ ကိုယ့္ ဘဝမွာ ျဖစ္ေပၚလာတဲ့ အရာအားလုံးကို ေက်နပ္စြာ လက္ခံတာဝန္ယူၿပီး ေရွ႕ေလွ်ာက္ ေကာင္းေအာင္ ႀကိဳးစားမယ္ဆိုတဲ့ စိတ္ ျဖစ္ေပၚလာႏိုင္တယ္။ ဥပမာ ရႈံးနိမ့္မႈ တစ္ခု ႀကဳံလာခဲ့သည္ရွိေသာ္ သင္ဟာ တစ္ေန႔ ေသရမွာကို သိေနတဲ့အတြက္ မေသခင္ လုပ္ခ်င္တာေတြ လုပ္ဖို႔အတြက္ လဲက်ခဲ့ရင္ေတာင္ အခ်ိန္တိုအတြင္းမွာ ျပန္လည္ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားခ်င္စိတ္ ျဖစ္လာမယ္။ ေနာက္တစ္ခု လူ႔သက္တမ္း တိုတဲ့အတြက္ ကိုယ့္ဘဝမွာ လိုအပ္တဲ့ အရာေတြကို ျဖည့္စြက္ၿပီး၊ မလိုအပ္ဖူး ထင္တဲ့ အရာေတြကို ျငင္းထုတ္ပစ္တတ္လာမယ္။
သင္လည္း ငါဟာ ဘယ္လို အရာေတြကို တန္ဖိုးထားေနမိသလဲဆိုတာကို ဆန္းစစ္ဖို႔ေတာ့ လိုလာၿပီေပါ့ေနာ္။ က်န္းမာေကာင္းမြန္ေသာ တန္ဖိုးေတြဟာ ဘာေတြလည္း သိေပမဲ့ ထိုတန္ဖိုးေတြကိုပဲ တန္ဖိုးလို႔ သတ္မွတ္ၿပီး အသက္ရွင္ဖို႔ဆိုတာေတာ့ လြယ္တဲ့ ကိစၥ မဟုတ္ပါ။ ထိုနည္းတူစြာ အဆိပ္အေတာက္ျဖစ္ေစေသာ မေကာင္းတဲ့ တန္ဖိုးေတြဟာ ဘာေတြလည္း သိေနေပမဲ့ ပုထုဇဥ္ ျဖစ္ေနတဲ့အတြက္ ဒါေတြကို ေရွာင္ဖို႔ဆိုတာက ပိုၿပီး ခက္ခဲတဲ့ ကိစၥ ျဖစ္ပါတယ္။ ဒီစာပိုဒ္ထဲမွာ ေျပာထားတဲ့ တန္ဖိုး နံပါတ္ ၅ ငါလည္း တစ္ေန႔ ေသမွာပါလားဆိုတဲ့ အသိေလး ၀င္ေနတယ္ဆိုရင္ေတာ့ သင္ဟာ သင့္ဘ၀မွာ ဘယ္အရာေတြကို တန္ဖိုးအျဖစ္ သတ္မွတ္ရမလဲဆိုတာကို သိလာမွာ ျဖစ္ပါတယ္။ ဘဝရဲ႕ အသက္ရွင္ျခင္းရဲ႕ တကယ့္ တန္ဖိုးကို ေတြ႕ရွိႏိုင္ၾကပါေစ။
Unicode
လူတွေဟာ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားတတ်တဲ့ အရာတွေဟာ မတူကွဲပြားကြပါတယ်။ အဲဒီ တန်ဖိုးတွေကို
၂မျိုး ၂စား ခွဲလို့ ရပါတယ်။
ပထမ တစ်ခုက ကျန်းမာကောင်းမွန်သော တန်ဖိုး- ဥပမာအားဖြင့် ရိုးသားဖြောင့်မတ်ခြင်း၊
ဆန်းပြားသစ်လွင်ခြင်း၊ လိုက်လျောညီထွေမှုရှိခြင်း၊ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ခြင်း၊ အထောက်အပံ့ပေးခြင်း၊ မိမိ ဖြစ်တည်မှုအပေါ် ဂုဏ်ယူခြင်း၊ စူးစမ်းချင်စိတ် ရှိခြင်း၊
သဘောထားကြီးမားခြင်း၊ ရို့ရို့ကျိုးကျိုး နေခြင်း၊ တီထွင်ကြံဆခြင်း စသဖြင့်
ဒုတိယ တစ်ခုကတော့ အဆိပ်အတောက်ဖြစ်စေသော မကောင်းတဲ့ တန်ဖိုး- ဥပမာအားဖြင့် လှည့်ဖျားခြင်း၊
အကြမ်းဖက်ခြင်းဖြင့် သူတစ်ပါးကို ချုပ်ကိုင်ခြင်း၊ တွေ့ရာလူနဲ့ အတူနေခြင်း၊ အမြဲ
စီးမျော ပျော်နေခြင်း၊ သူတစ်ပါး ဂရုစိုက်တာကို
ခံလိုခြင်း၊ တစ်ယောက်တည်း မနေနိုင်ခြင်း၊ လူတိုင်း၏ ချစ်တာ ခံလိုခြင်း၊
သူဌေးဖြစ်ဖို့အတွက် ငွေရှာခြင်း၊ သတ္တ၀ါငယ်တွေကို စတေးပြီး နတ်ပူဇော်ခြင်း စသဖြင့်
ဒီတန်ဖိုး အမျိုးအစား ၂ခုရဲ့ ကွာဟချက်ကတော့ ပထမတစ်ခုဟာ ကိုယ့်ရဲ့ မွေးရာပါ နဂိုပိုင်ဆိုင်မှု တန်ဖိုးများ ဖြစ်ပြီး၊
ဒုတိယ တစ်ခုကတော့ ပကာသနဆန်ပြီး သူတစ်ပါးအပေါ် မှီခိုပြီးမှ ပိုင်ဆိုင်နိုင်သော တန်ဖိုးများ
ဖြစ်တာကို တွေ့မြင်နိုင်ပါတယ်။
ဂရုမစိုက်ခြင်း နည်းပညာဆိုတဲ့
ကိုရီးယားဘာသာပြန် စာအုပ်ထဲက စာရေးဆရာ ပြောသားထားတဲ့
‘ငါတို့ရဲ့ ဘ၀ကို
ပြောင်းလဲစေနိုင်တဲ့ တန်ဖိုး ၅ခု’ ကို ဖတ်ကြည့်ပြီး ဘဝမှာ တန်ဖိုးထားရမယ့် တန်ဖိုးတွေဟာ
ဘာတွေလဲဆိုတာ စဥ်းစားကြည့်ရအောင်နော်။
1. ခိုင်မာသော တာ၀န်ယူစိတ်
သင်ရဲ့ ဘ၀မှာ
ဖြစ်ပေါ်လာတဲ့ အရာမှန်သမျှ(အကောင်းအဆိုး၊ အကြောင်းအကျိုး)ကို ဘယ်သူ့ အမှားပဲ
ဖြစ်နေ ဖြစ်နေ တာ၀န်ယူတတ်တဲ့ စိတ် ဖြစ်ပါတယ်။ တခါတရံ ကိုယ့်အမှား မဟုတ်ဘဲ
တာ၀န်ယူရတဲ့ အခါ မခံသိ မခံသာ
ဖြစ်ရတဲ့အခါလည်း ရှိမယ်၊ ‘ဒါ ငါ့အမှား မဟုတ်ဘူး’ ဆိုပြီး အော်ဟစ် ပြောချင်တဲ့ အချိန်တွေမှာလဲ
သည်းခံပြီး ဘာမှ မပြောဘဲ သင်ရဲ့ ဘ၀မှာ ဖြစ်လာတဲ့ ကိစ္စမှန်သမျှကို တာ၀န်ယူ လက်ခံတတ်တဲ့
စိတ်ကို ဆိုလိုတာ ဖြစ်တယ်။
ဥပမာ
ဆင်းရဲချို့တဲ့တဲ့ မိဘဆီမှာ သားသမီး အဖြစ်မွေးဖွားလာတာမျိုး၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်လို့ ကိုယ်ဘက်က မမှားပါဘဲနဲ့
တစ်ခုလပ်ဖြစ်သွားတာမျိုးတို့ စသဖြင့်
2. သင့်ရဲ့
ယုံကြည်မှုကို မျက်လုံး စုံမှိတ်ပြီး မယုံပါနဲ့။
င့ါဘက်က 100% မှန်တယ်ဆိုတဲ့
ယုံကြည်ချက်ကို တစ်ထစ်လျှော့ပြီး၊ ဘယ်အချိန်မဆို လွဲမှားနိုင်တယ် ဆိုတဲ့
ဖြစ်နိုင်ချေကို လက်ခံရထားရမယ်။ ထိုကဲ့သို့ မိမိရဲ့ ဗဟုသုတ နည်းပါးမှုကို အသိအမှတ်ပြုပြီး၊ ကိုယ့်
သိထားတဲ့ အသိတွေ၊ ယုံကြည်မှုတွေကို စဥ်ဆက်မပြတ် မေးခွန်းထုတ်နေခြင်းအားဖြင့် သင်ဟာ
အတတ်ကျူးတဲ့ သူ၊ ဟန်လုပ်တတ်တဲ့သူ မဖြစ်တော့ပါ။
လောကကြီးမှာ
ကိုယ် သိထားတဲ့ အမှန်တရားဟာ တစ်ခါတစ်ရံမှာ မှားယွင်းနေတတ်တယ်။ မိမိ ကျင်လည်ခဲ့တဲ့
ပတ်ဝန်းကျင်၊ နေရာဒေသပေါ် မူတည်ပြီး မိမိ ပိုင်ဆိုင်ထားတဲ့ အတွေးအခေါ် ဗဟုသုတတွေဟာ
အကန့်အသက်ရှိနေတတ်ပြီး၊ တခြားသူတွေနဲ့ ကွာခြားနေနိုင်တဲ့အတွက် အမြဲတမ်း စိတ်ကို
ဖွင့်ထားရမယ်။ တရားသေကြီး ယုံထားလို့ မရဘူး။
3.
ရှုံးနိမ့်ခြင်း။
ကျွန်မတို့
အားလုံး မကြုံချင်ဆုံးနဲ့ ရင်ဆိုင်ရမှာ အကြောက်ဆုံးဖြစ်တဲ့ ရှုံးနိမ့်ခြင်းဟာ
ရှောင်လွှဲလို့ မရတဲ့ အရာ ဖြစ်ပါတယ်။ အဲဒီ့ ရှုံးနိမ့်ခြင်းဟာ ကျွန်မတို့ကို
ရှေ့ဆက်သွားနိုင်အောင် တွန်းပို့ပေးတဲ့ အားအင်ပဲ ဖြစ်တယ်။ အားနည်းချက်နဲ့
အမှားတွေကို တွေ့ရှိနားလည် လက်ခံလိုက်ခြင်းဖြင့် ကျွန်မတို့ဟာ ရင့်ကျက်လာတတ်ကြပါတယ်။
အမှားထဲက
အမှန်ကို ရှာတွေ့တတ်တယ်ဆိုတာမျိုးပေါ့။ ထို့အတွက် ရှုံးနိမ့်ခြင်းကို တန်ဖိုးတစ်ခုအနေနဲ့
သဘောထားရမယ်။
4.
ငြင်းဆိုမှု။
သင်ဟာ မဟုတ်ရင် မဟုတ်ဘူး။
မမှန်ရင် မမှန်ဘူး။ ဆိုပြီး ငြင်းဆိုရဲရမယ်။ ထိုနည်းတူစွာ တစ်ဖက်လူရဲ့
ငြင်းဆိုမှုကိုလည်း လက်ခံနိုင်ရမယ်။ ငြင်းဆိုခြင်းမှ တဆင့် ကိုယ့်ဘ၀ထဲမှာ
ဘယ်အရာကို လက်မခံနိုင် ဘူးလဲ ဆိုတာကို သေချာစွာ အဓိပ္ပါယ် ဖွင့်ဆိုလာနိုင်မယ်။
ဥပမာ
ကိုယ့်ကို လာပြီး လိမ်ပြောခိုင်းတာမျိုး၊ ငါကတော့ အသက်ပင် သေသွားပါစေ လုံးဝ
အလိမ်အညာစကားကို မပြောဆိုနိုင်ဘူး။ ဆိုတဲ့ စိတ်မျိုးရှိနေရင် သင်ဟာ သင့်ဘဝမှာ
အလိမ်အညာကို လုံးဝ လက်မခံနိုင်ဘူးဆိုတာ သိလာနိုင်မယ်။ ထို့အတွက် ငြင်းဆိုခြင်းဟာလည်း
တန်ဖိုးတစ်ခု ဖြစ်ပါတယ်။
5.
ငါလည်းပဲ
တစ်ချိန်ချိန်မှာ သေမှာပါလားဆိုတဲ့ အမှန်တရားကို သတိတရ ရှိနေရမယ်။
ဒါဟာ အနည်းငယ်
အလှမ်းဝေးပြီး စိတ်ကူးယဥ်ဆန်နေပေမဲ့ ဒီအချက်ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
မိမိရဲ့ သေခြင်းတရားကို လေးလေးနက်နက်
တွေးတောဖူးမှသာ တခြားသော တန်ဖိုးတွေကို မှန်မှန်ကန်ကန် မြင်တတ်လာမှာ
ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။
ငါဟာ
တစ်ချိန်ချိန်မှာ သေမှာပါလားဆိုတဲ့ အသိ ဝင်လာခဲ့ရင် သင်ဟာ ငါဆိုတဲ့ အစွဲကို
လျှော့ချနိုင်မှာ ဖြစ်တဲ့အတွက် ငါ သိထားတဲ့ အရာဟာ 100%
မှန်တယ်ဆိုတဲ့ အတ္တစိတ်တွေ လျော့သွားမယ်။ ကိုယ့် ဘဝမှာ ဖြစ်ပေါ်လာတဲ့
အရာအားလုံးကို ကျေနပ်စွာ လက်ခံတာဝန်ယူပြီး ရှေ့လျှောက် ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့
စိတ် ဖြစ်ပေါ်လာနိုင်တယ်။ ဥပမာ ရှုံးနိမ့်မှု တစ်ခု ကြုံလာခဲ့သည်ရှိသော် သင်ဟာ
တစ်နေ့ သေရမှာကို သိနေတဲ့အတွက် မသေခင် လုပ်ချင်တာတွေ လုပ်ဖို့အတွက် လဲကျခဲ့ရင်တောင်
အချိန်တိုအတွင်းမှာ ပြန်လည် ရပ်တည်နိုင်အောင် ကြိုးစားချင်စိတ် ဖြစ်လာမယ်။ နောက်တစ်ခု
လူ့သက်တမ်း တိုတဲ့အတွက် ကိုယ့်ဘဝမှာ လိုအပ်တဲ့ အရာတွေကို ဖြည့်စွက်ပြီး၊
မလိုအပ်ဖူး ထင်တဲ့ အရာတွေကို ငြင်းထုတ်ပစ်တတ်လာမယ်။
သင်လည်း
ငါဟာ ဘယ်လို အရာတွေကို တန်ဖိုးထားနေမိသလဲဆိုတာကို ဆန်းစစ်ဖို့တော့ လိုလာပြီပေါ့နော်။
ကျန်းမာကောင်းမွန်သော တန်ဖိုးတွေဟာ ဘာတွေလည်း သိပေမဲ့ ထိုတန်ဖိုးတွေကိုပဲ
တန်ဖိုးလို့ သတ်မှတ်ပြီး အသက်ရှင်ဖို့ဆိုတာတော့ လွယ်တဲ့ ကိစ္စ မဟုတ်ပါ။ ထိုနည်းတူစွာ အဆိပ်အတောက်ဖြစ်စေသော မကောင်းတဲ့
တန်ဖိုးတွေဟာ ဘာတွေလည်း သိနေပေမဲ့ ပုထုဇဥ် ဖြစ်နေတဲ့အတွက် ဒါတွေကို ရှောင်ဖို့ဆိုတာက
ပိုပြီး ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီစာပိုဒ်ထဲမှာ ပြောထားတဲ့ တန်ဖိုး နံပါတ် ၅ ငါလည်း
တစ်နေ့ သေမှာပါလားဆိုတဲ့ အသိလေး ၀င်နေတယ်ဆိုရင်တော့ သင်ဟာ သင့်ဘ၀မှာ ဘယ်အရာတွေကို တန်ဖိုးအဖြစ်
သတ်မှတ်ရမလဲဆိုတာကို သိလာမှာ ဖြစ်ပါတယ်။ ဘဝရဲ့ အသက်ရှင်ခြင်းရဲ့ တကယ့် တန်ဖိုးကို တွေ့ရှိနိုင်ကြပါစေ။
kr.aaa.mm