달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'영화'에 해당되는 글 3

  1. 2018.12.15 미쓰백(Miss Baek)
  2. 2018.12.07 The Village
  3. 2018.12.07 콜로니아
2018. 12. 15. 23:06

미쓰백(Miss Baek) 감상문(ရီဗျူး)2018. 12. 15. 23:06

2018.12.15. 영화 미쓰백



   영화 미쓰백을 보고 눈물도 나고, 짜증도 나고, 우리 부모님에 대한 감사한 마음도 생기고 그랬다. 한국 사회에서 벌어지고 있는 아동 학대에 대한 내용을 다루고 있다. 뭐니뭐니해도 이 영화가 실화를 바탕으로 만들어졌다는 것이 더 감동적이면서 가슴이 아팠던 것이다. 뉴스를 통해서 아동 학대, 자식을 죽이고 암매장 한 사건들을 수 없이 접했지만 뉴스를 듣고 금방 잊어버렸던 것 같다. 이렇게 영화로 만들었기에 아동 학대에 대한 사회적 관심이 많아질 것 같다. 연기자들의 연기도 정말 실감나게 잘했다는 말을 꼭 하고 싶다. 특히 내연녀 역을 맡은 조연 배우의 연기 실력이 대단해서 욕이 나올 뻔한 정도였다. 결론적으로 우리를 잘 키워줬던 부모님께 감사하고 사랑하다는 말을 하고 싶다.


     Miss Baek ဆိုတဲ့ ရုပ်ရှင်ဟာ ဘယ်လို ရုပ်ရှင်လဲဆိုတော့ ကြည့်ရှုသူတွေကို တစ်ကိုယ်လုံးလည်း နာကျင်သလို ခံစားစေပြီး၊ ငိုလည်းငို၊ ဒေါသလည်းထွက်စေ၊ နောက်ပြီး ကျွန်မတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘများကို ကျေးဇူးတင်စိတ်တွေ တဖွားဖွားပေါ်လာစေသော ရုပ်ရှင်ကားကောင်း တစ်ကားပါ။ ကိုရီးယား လူ့ဘောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကလေးသူငယ် ညှဥ်းပမ်းနှိပ်စက်ခြင်း အကြောင်းကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ ပိုပြီး စိတ်မကောင်းဖြစ်စေတဲ့ အချက်ကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သတင်းတွေမှာ ကလေးသူငယ်ကို ညှဥ်းပမ်းနှိပ်စက်တဲ့ သတင်းတွေ၊ မိမိရဲ့ သားသမီးကို ရိုက်နှပ်ရာကနေ လက်လွန်ပြီး သေဆုံးတဲ့အခါ တောထဲ သွားမြှပ်ထားပြီး အတော်ကြာမှ အလောင်းတွေ့ရှိပြီး အမှုမှန်ပေါ်တဲ့ သတင်းတွေကို အများကြီး ကြားနေရပေမဲ့ ကိုယ့်ကိစ္စမဟုတ်သလို မေ့မေ့ပျောက်ပျောက်နေဖြစ်တယ်။ ဒီရုပ်ရှင်မှ တဆင့် ကလေးသူငယ် ညှဥ်းပမ်းနှိပ်စက်မှု ပပျောက်ရေး ကြိုးပမ်းရာမှာ လူတွေ စိတ်ပါ၀င်စားလာမယ်လို့ ထင်မြင်မိပါတယ်။ နောက်တစ်ခုက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပိုင်းကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ အထူးသဖြင့် လင်ပါသမီးကို နှိပ်စက်တဲ့ ကလေးဖအေနဲ့ အတူနေ မိန်းမရဲ့ သရုပ်ဆောင် ပီပြင်မှုဟာဆိုရင် တော်ရုံတန်ရုံ ရုပ်ရှင်ကြည့်ရင်း ပါးစပ်ကနေ သိပ်ပြီး မပြောဆိုတတ်တဲ့ ကိုယ်တောင် အဆဲပါလုနည်းနည်း ဖြစ်သွားစေပါတယ်။ နိဂုံးချုပ်အနေနဲ့ ငါတို့ မိဘတွေကို ကျေးဇူးလည်းတင် ချစ်လည်း ချစ်တယ်လို့ ပြေးပြီး ပြောချင်လာပါတယ်။ 


Zawgyi font

Miss Baek ဆိုတဲ့ ႐ုပ္ရွင္ဟာ ဘယ္လို ႐ုပ္ရွင္လဲဆိုေတာ့ ၾကည့္ရႈသူေတြကို တစ္ကိုယ္လုံးလည္း နာက်င္သလို ခံစားေစၿပီး၊ ငိုလည္းငို၊ ေဒါသလည္းထြက္ေစ၊ ေနာက္ၿပီး ကြၽန္မတို႔ကို ေကြၽးေမြးေစာင့္ေရွာက္ခဲ့တဲ့ မိဘမ်ားကို ေက်းဇူးတင္စိတ္ေတြ တဖြားဖြားေပၚလာေစေသာ ႐ုပ္ရွင္ကားေကာင္း တစ္ကားပါ။ ကိုရီးယား လူ႔ေဘာင္ထဲမွာ ျဖစ္ေပၚေနတဲ့ ကေလးသူငယ္ ညႇဥ္းပမ္းႏွိပ္စက္ျခင္း အေၾကာင္းကို ႐ိုက္ကူးတင္ျပထားတာ ျဖစ္ပါတယ္။ ပိုၿပီး စိတ္မေကာင္းျဖစ္ေစတဲ့ အခ်က္ကေတာ့ ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ သတင္းေတြမွာ ကေလးသူငယ္ကို ညႇဥ္းပမ္းႏွိပ္စက္တဲ့ သတင္းေတြ၊ မိမိရဲ႕ သားသမီးကို ႐ိုက္ႏွပ္ရာကေန လက္လြန္ၿပီး ေသဆုံးတဲ့အခါ ေတာထဲ သြားျမႇပ္ထားၿပီး အေတာ္ၾကာမွ အေလာင္းေတြ႕ရွိၿပီး အမႈမွန္ေပၚတဲ့ သတင္းေတြကို အမ်ားႀကီး ၾကားေနရေပမဲ့ ကိုယ့္ကိစၥမဟုတ္သလို ေမ့ေမ့ေပ်ာက္ေပ်ာက္ေနျဖစ္တယ္။ ဒီ႐ုပ္ရွင္မွ တဆင့္ ကေလးသူငယ္ ညႇဥ္းပမ္းႏွိပ္စက္မႈ ပေပ်ာက္ေရး ႀကိဳးပမ္းရာမွာ လူေတြ စိတ္ပါ၀င္စားလာမယ္လို႔ ထင္ျမင္မိပါတယ္။ ေနာက္တစ္ခုက သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္မႈပိုင္းကိုေတာ့ မခ်ီးက်ဴးပဲ မေနႏိုင္ပါဘူး။ အထူးသျဖင့္ လင္ပါသမီးကို ႏွိပ္စက္တဲ့ ကေလးဖေအနဲ႔ အတူေန မိန္းမရဲ႕ သ႐ုပ္ေဆာင္ ပီျပင္မႈဟာဆိုရင္ ေတာ္႐ုံတန္႐ုံ ႐ုပ္ရွင္ၾကည့္ရင္း ပါးစပ္ကေန သိပ္ၿပီး မေျပာဆိုတတ္တဲ့ ကိုယ္ေတာင္ အဆဲပါလုနည္းနည္း ျဖစ္သြားေစပါတယ္။ နိဂုံးခ်ဳပ္အေနနဲ႔ ငါတို႔ မိဘေတြကို ေက်းဇူးလည္းတင္ ခ်စ္လည္း ခ်စ္တယ္လို႔ ေျပးၿပီး ေျပာခ်င္လာပါတယ္။ 


'감상문(ရီဗျူး)' 카테고리의 다른 글

영화 신과 함께 죄와 벌  (0) 2018.12.24
영화 Burning  (0) 2018.12.21
영화 Extinction  (0) 2018.12.21
The Village  (0) 2018.12.07
콜로니아  (0) 2018.12.07
:
Posted by 해맑은순이
2018. 12. 7. 11:35

The Village 감상문(ရီဗျူး)2018. 12. 7. 11:35

영화 더 빌리지


이 영화를 보고 한 때 폐쇄적인 정책을 펼쳤던 우리 나라 생각, '바깥 세상이 위험해', 밤에 저 관목에서 귀신이 나와, 한밤 중에 개들이 짖으면 절대 밖을 쳐다보지 말라' 등등의 말들이 생생하게 기억에 떠올랐다. 

이 영화가 주고 있는 메시지를 나는 다음과 같이 이해했다. 

'우물 안 개구리', 우물 안 개구리는 바깥 세상이 얼마나 넓은지를 몰라서 자기가 속해 있는 우물 안이 세상에서 제일 넓다고 착각하는 것처럼 이 영화에서 등장한 2세 들은 부모님 세대로서의 과한 보호를 받고, 거짓된 교육을 받으며 자라서 밤이 되면 '입에 올리면 안 되는' 어떤 무서운 존재에 떨며 인생을 살아왔다. 바깥 세상이 얼마나 발전되고 있는지도 모르는 채, 본의 아니게 부모님들의 악몽 같았던 불행한 사례들로 인해 바깥 세상과 동 떨어진 마을에서 살 수밖에 없었다. 그렇게 나름대로 평화롭게 사는 것까지는 아무 문제 없는데, 병에 걸려도 치료 제대로 받지 못하고 이 짧은 인생을 제명 못 살고 세상에서 떠나야만 했던 사례들, 멀쩡하게 태어났는데 병에 걸렸을 때 제때 치료를 못 받았기에 정신병자가 된 사례, 아름다운 세상을 눈으로 마음껏 감상할 수 있는 기회를 빼앗긴 사례들을 봤을 때 과연 우리끼리 평화롭게 살자라는 정신이 올바른지에 대한 질문을 던질 필요가 있다는 메시지를 받았다.  그리고 사람마다 각자 인생이 있기 때문에 자신이 이디에서 어떤 불행을 겪었다고 우리 후손들에게 그런 걸 겪지 않게 보호할 거야 라고 껴안고 미지의 세상에서 가둔 것이 맞는지 계속 질문을 던지게 된다. 개개인의 생각과 판단을 자유롭게 가질 수 있게 길을 열어놔야 된다는 생각이 들었다. 이어서 영화 '모아나' 및 '라푼제' 생각도 난다. 


The Village 

ဒီ ဇာတ်ကားလေးကို စထွက်ထွက်ချင်းတုန်းကလည်း ကြည့်ဖြစ်တယ်။ အခုလည်း ထပ်ကြည့်ချင်လို့ ထပ်ကြည့်ဖြစ်တယ်။ ဒီကားလေး ကြည့်ပြီး ဘာခံစားရလဲဆိုတော့ တံခါးပိတ် ဝါဒ ကျင့်သုံးခဲ့တဲ့ ကိုယ့်နိုင်ငံ၊ တံခါးပိတ်ဝါဒ အောက်မှာ ကျင်လည်ခဲ့တဲ့ ကိုယ်တွေကို သွားပြီး ပြေးမြင်မိတယ်။ 

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အပြင်လောကနဲ့ ကင်းကွာနေတဲ့ ရွာလေးမှာ လူနည်းစု နေထိုင်ကြတယ်။ ရွာသူရွာသားတွေက “ those we don't speak of” ဆိုတဲ့ “ပါးစပ်ကနေ ထွက်လို့ မရတဲ့ အရာ” လို့ သတ်မှတ်ထားတဲ့ ရွာပြင် တောထဲက မကောင်းဆိုးဝါးကို ကြောက်ကြတယ်။ အဲဒီ မကောင်းဆိုးဝါးဟာ အနီရောင် ဝတ်စုံကြီးနဲ့ လက်သည်းရှည်ကြီးနဲ့၊ ကျောမှာလည်း ဆူးတွေနဲ့ အင်မတန်က ကြောက်စရာကောင်းတယ်။ အဲဒီ တောထဲကို သွားမိရင် မကောင်းဆိုးဝါးကြီးက ရွာထဲ ဝင်လာတတ်တယ်။ စည်းလည်း ခက်ထားတယ်။ ကင်းစောင့်လည်း ထားထားပြီး မကောင်းဆိုးဝါးကို တွေ့ပြီဆိုတာနဲ့ ကင်းသမားက အချက်ပေးခေါင်းလောင်း တီးပေးရတယ်။ အချက်ပေးသံ ကြားတာနဲ့ ရွာသူရွာသားတွေ အားလုံး အိမ်ထဲဝင်ပြီး မကောင်းဆိုးဝါးကြီး သူတို့ကို မမြင်အောင် မြေအောက်ခန်းထဲဝင် ပုန်းကြရတယ်။ 

မင်းသားက အဲဒီ မကောင်းဆိုးဝါး ရှိတဲ့ တောရဲ့ တစ်ဖက်တစ်ချက်မှာ ရှိတဲ့ ရွာကို သွားပြီး ကျပ်မပြည့်တဲ့ သူငယ်ချင်းအတွက် ဆေးရှာချင်တယ်ဆိုပြီး ရွာက လူကြီးတွေကို အကြိမ်ကြိမ် တောင်းဆိုပေမဲ့ လုံးဝ ခွင့်မပြုခဲ့ဘူး။

ဒီဇာတ်လမ်းထဲမှာ ကျပ်မပြည့်တဲ့ ကောင်လေး၊ မင်းသား၊ မျက်စိ မမြင်တဲ့ မင်းသမီးတို့ဟာ သူငယ်ချင်းတွေပေါ့နော်။ မင်းသားနဲ့ အဲဒီ မျက်မမြင် မင်းသမီးက မေတ္တာမျှသွားပြီး လူကြီးတွေက သဘောတူ ပေးစားမယ်ဆိုတဲ့ အခါကျတော့ မင်းသမီးကို သဘောကျနေတဲ့ ကျပ်မပြည့်တဲ့ သူငယ်ချင်းက မင်းသားကို ဓားနဲ့ ထိုးသတ်ပါလေရော။ မင်းသားက မသေပဲ သတိမေ့မြောနေတဲ့ အနေအထားမှာ မျက်မမြင် မင်းသမီးဟာ တောရဲ့ တစ်ဖက်မှာ ရှိတဲ့ တခြား ရွာမှာ ဆေးသွားရှာမယ်ဆိုပြီး ဖခင် သူကြီးကို တောင်းဆိုတော့ နောက်ဆုံး ခွင့်ပြုလိုက်တယ်။ 

အဲဒီကနေ စပြီး ဇာတ်လမ်းဟာ ဟာကနဲ ဖြစ်သွားတာပါပဲ။ 

ဇာတ်လမ်းကြည့်ပြီးမှ သဘောပေါက်ချင်တဲ့ သူတွေကတော့ ဒီအထိပဲ ဖတ်ပေးပါ။ အခုက စပြီး ဇာတ်လမ်းရဲ့ အချုပ်ကို ပြောပြမှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ 

……………………………………………………………..

အမှန်က အနီရောင် ဝတ်စုံ ဝတ်ပြီး ပေါ်ပေါ်လာတဲ့ မကောင်းဆိုးဝါးဆိုတာလဲ တကယ် မရှိဘူး။ ရွာအပြင်ထွက်ပြီး တောထဲသွားရင် အန္တရာယ် ရှိတယ်ဆိုတာလဲ လူကြီးတွေက လုပ်ကြံ ပြောထားတာတွေ ဖြစ်တယ်။ ရွာမှာ ရှိနေတဲ့ လူကြီးတွေဟာ မိသားစုဝင်ထဲက တစ်ဦးဦးကို ရင်နင့်စရာ အဖြစ်တွေနဲ့ ဆုံးရုံးခဲ့ရတဲ့အတွက် ပြင်ပလောကဟာ ကြောက်စရာကောင်းတဲ့အတွက် သီးသန့် ရွာလေး တည်ပြီး အေးချမ်းစွာ ဖြတ်သန်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်။ အဲဒီမှာ အရင်က သမိုင်းဆရာ ဖြစ်တဲ့ ရွာသူကြီးက သမိုင်းစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာအတိုင်း ပြောပြပြီး မိမိတို့ သားသမီးတွေ အပြင်လောကကို မထွက်ရဲအောင် ဖန်တီးပြီး လှန့်ထားတာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းတွေကို ရွာပြင်ထွက် တောကို ဖြတ်ပြီး ချစ်သူအတွက် ဆေးသွား ရှာမယ့် သမီးကို အမှန်အတိုင်း ပြောပြပြီး လမ်းညွှန်ပေးလိုက်တာ ဖြစ်ပါတယ်။ မျက်မမြင် မင်းသမီးဟာ တစ်ခြား အဖော် ၂ယောက်နဲ့အတူ ခရီးစနှင်ခဲ့ပါတယ်။ အဖော် ၂ယောက်ဟာ ကြောက်စိတ်ကြောင့် လမ်းတစ်ဝက်ကနေ ပြန်လှည့်ပြန်ခဲ့ပြီး မင်းသမီး တစ်ယောက်တည်း ခရီးနှင်ခဲ့ပါတယ်။ အဲဒီမှာ တကယ့် အနီရောင် ဝတ်စုံနဲ့ မကောင်းဆိုးဝါး ပေါ်လာပြီး မင်းသမီး ထွက်ပြေးရပါလေရော။ နောက်ဆုံး မင်းသမီးရဲ့ မှတ်ဉာဏ်ကောင်းမှုကြောင့် မကောင်းဆိုးဝါးဟာ ချောက်ထဲကျပြီး သေသွားပါတယ်။ မင်းသမီးဟာ အဖေရဲ့ လမ်းညွှန်ချက်အတိုင်း သွားရင်းသွားရင်း တံတိုင်းတစ်ခုကို ကျော်ပြီးနောက်၊ ကင်းလှည့်ရဲက တွေ့ပြီး ဒါ မကျူးကျော်ရ နယ်မြေဆိုတဲ့ အကြောင်းပြောပြီး ဘယ်က လာတာလဲ မေးတော့ တောထဲက လာတဲ့အကြောင်း ပြောပြပြီး ဆေးစာရွက်ပြပြီး ရှာပေးနိုင်မလား အကူအညီတောင်းခဲ့တယ်။ ဆေးဖိုးဆိုပြီး အဖိုးတန် ပစ္စည်းလေး တစ်ခု ထုတ်ပေးတော့ ငွေစက္ကူ မဟုတ်တဲ့အတွက် ရဲက မင်း နောက်နေတာလားဆိုပြီး ပြောခဲ့တယ်။ နောက်ဆုံး မင်းသမီးရဲ့ စိတ်ရင်းကြောင့် ရဲက ကူညီလိုက်တော့ ဆေးရသွားပြီး မိမိရွာကို အမြန်ဆုံး ပြန်လာခဲ့တယ်။ ဒီနောက်ပိုင်းကတော့ ကိုယ့်ဖာသာ ရုပ်ရှင် ကြည့်လိုက်တော့နော်။ 

ဒီမှာ ပြောချင်တာက ကင်းလှည့်ရဲနဲ့ မင်းသမီး တွေ့ဆုံတဲ့ နေရာမှာ အတော်လေး အံ့သြသွားရပါတယ်။ တောရဲ့ တစ်ဖက်တစ်ချက်မှာ ကတ္တရာလမ်း၊ မော်တော်ကား၊ သေနတ်၊ စသဖြင့် ခေတ်မှီ ပစ္စည်းတွေ၊ နောက် တောရဲ့ တစ်ဖက်တစ်ချက်မှာတော့ ရှေးဆန်ပြီး ခေတ်မှီ ပစ္စည်းကိရိယာ တစ်ခုမှ မရှိတဲ့ ရွာဆိုတဲ့ ကွာဟချက်ပါပဲ။ အပြင်လောကမှာ ဘယ်လောက် တိုးတက်နေသလဲဆိုတာ မသိဘဲ ရွာလေးထဲမှာပဲ မျက်စိပိတ် နားပိတ် ကျင်လည် နေထိုင်နေတဲ့ ရွာသားများ၏ အဖြစ်။ ဒါလည်း ကြီးမားတဲ့ ပြသနာ မဟုတ်ပါဘူး။

ပြသနာကတော့ အပြင်လောက၊ ဇာတ်လမ်းထဲက ပြောတဲ့ တခြား ရွာကို မသွားရဲအောင် တောထဲမှာ မကောင်းဆိုးဝါး ရှိတယ်ဆိုပြီး ငယ်ငယ်ကတည်းက ကြောက်အောင် လှန့်ထားတဲ့ ကိစ္စဖြစ်ပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားပြီး လူငယ်တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ပိတ်ပင်ပစ်လိုက်တဲ့ ကိစ္စဟာ အတော်လေး ရင်နာစရာ ကောင်းပါတယ်။ လူငယ်တွေကို ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ အကောင်းအဆိုးကို ကိုယ့်ဖာသာ ရွေးချယ်ခွင့် မပြုဘဲ၊ လူကြီးတွေရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် မျက်စိမကွယ်ရမှာကို ကွယ်ခဲ့ရ၊ လူကောင်းအတိုင်း နေခွင့် ရှိပါလျက်နဲ့ ကျပ်မပြည့်ဖြစ်ရ၊ ထို့အပြင် များစွာသော ဆုံးရုံးနစ်နာမှုတွေ ရှိတာ အမှန်ပဲ။ 

ဒီရွာလေးကို ရွာလို့ မသတ်မှတ်ဘဲ နိုင်ငံ တစ်နိုင်ငံလို့ မြင်ကြည့်လိုက်ရင် အတော်လေး မြင်သာသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်က တီဗွီ၊ သတင်းစာမှာ ဖော်ပြတာ၊ ကျောင်း ဖတ်စာအုပ်ထဲမှာ ပါတာတွေကိုပဲ အဟုတ်ထင်ခဲ့တဲ့ ကိုယ်တွေ အဖြစ်ကို မြင်ယောင်မိပါသေးတယ်။ ကိုရီးယား ကားတွေထဲမှာ ဆင်းရဲသားအိမ်မှာ ဖုန်းရှိတာတွေ၊ ပရိဘောဂတွေ သပ်သပ်ရပ်ရပ် ရှိတာတွေကို ကြည့်ပြီး အပို ရိုက်ပြထားတာ နေမှာပါ။ တကယ့် လက်တွေ့မှာ အဲလို မဟုတ်လောက်ပါဘူး။ ငါတို့လိုပဲ နေမှာပါ။ စသဖြင့် ကိုယ့်ရဲ့ ရေအိုင်ထဲက ဖားသူူငယ် ဘဝက ကလေး အတွေးလေးကို ပြန်လည် မြင်ယောင်ရင်း နိဂုံးချုပ်ပါတယ်။

......................................................................................................

zawgyi font

The Village 
ဒီ ဇာတ္ကားေလးကို စထြက္ထြက္ခ်င္းတုန္းကလည္း ၾကည့္ျဖစ္တယ္။ အခုလည္း ထပ္ၾကည့္ခ်င္လို႕ ထပ္ၾကည့္ျဖစ္တယ္။ ဒီကားေလး ၾကည့္ၿပီး ဘာခံစားရလဲဆိုေတာ့ တံခါးပိတ္ ဝါဒ က်င့္သံုးခဲ့တဲ့ ကိုယ့္နိုင္ငံ၊ တံခါးပိတ္ဝါဒ ေအာက္မွာ က်င္လည္ခဲ့တဲ့ ကိုယ္ေတြကို သြားၿပီး ေျပးျမင္မိတယ္။ 
ဇာတ္လမ္းအက်ဥ္းကို ေျပာျပရရင္ အျပင္ေလာကနဲ႕ ကင္းကြာေနတဲ့ ရြာေလးမွာ လူနည္းစု ေနထိုင္ၾကတယ္။ ရြာသူရြာသားေတြက “ those we don't speak of” ဆိုတဲ့ “ပါးစပ္ကေန ထြက္လို႕ မရတဲ့ အရာ” လို႕ သတ္မွတ္ထားတဲ့ ရြာျပင္ ေတာထဲက မေကာင္းဆိုးဝါးကို ေၾကာက္ၾကတယ္။ အဲဒီ မေကာင္းဆိုးဝါးဟာ အနီေရာင္ ဝတ္စံုၾကီးနဲ႕ လက္သည္းရွည္ၾကီးနဲ႕၊ ေက်ာမွာလည္း ဆူးေတြနဲ႕ အင္မတန္က ေၾကာက္စရာေကာင္းတယ္။ အဲဒီ ေတာထဲကို သြားမိရင္ မေကာင္းဆိုးဝါးၾကီးက ရြာထဲ ဝင္လာတတ္တယ္။ စည္းလည္း ခက္ထားတယ္။ ကင္းေစာင့္လည္း ထားထားၿပီး မေကာင္းဆိုးဝါးကို ေတြ႕ၿပီဆိုတာနဲ႕ ကင္းသမားက အခ်က္ေပးေခါင္းေလာင္း တီးေပးရတယ္။ အခ်က္ေပးသံ ၾကားတာနဲ႕ ရြာသူရြာသားေတြ အားလံုး အိမ္ထဲဝင္ၿပီး မေကာင္းဆိုးဝါးၾကီး သူတို႕ကို မျမင္ေအာင္ ေျမေအာက္ခန္းထဲဝင္ ပုန္းၾကရတယ္။ 
မင္းသားက အဲဒီ မေကာင္းဆိုးဝါး ရိွတဲ့ ေတာရဲ႕ တစ္ဖက္တစ္ခ်က္မွာ ရိွတဲ့ ရြာကို သြားၿပီး က်ပ္မျပည့္တဲ့ သူငယ္ခ်င္းအတြက္ ေဆးရွာခ်င္တယ္ဆိုၿပီး ရြာက လူၾကီးေတြကို အၾကိမ္ၾကိမ္ ေတာင္းဆိုေပမဲ့ လံုးဝ ခြင့္မျပဳခဲ့ဘူး။
ဒီဇာတ္လမ္းထဲမွာ က်ပ္မျပည့္တဲ့ ေကာင္ေလး၊ မင္းသား၊ မ်က္စိ မျမင္တဲ့ မင္းသမီးတို႕ဟာ သူငယ္ခ်င္းေတြေပါ့ေနာ္။ မင္းသားနဲ႕ အဲဒီ မ်က္မျမင္ မင္းသမီးက ေမတၱာမွ်သြားၿပီး လူၾကီးေတြက သေဘာတူ ေပးစားမယ္ဆိုတဲ့ အခါက်ေတာ့ မင္းသမီးကို သေဘာက်ေနတဲ့ က်ပ္မျပည့္တဲ့ သူငယ္ခ်င္းက မင္းသားကို ဓားနဲ႕ ထိုးသတ္ပါေလေရာ။ မင္းသားက မေသပဲ သတိေမ့ေျမာေနတဲ့ အေနအထားမွာ မ်က္မျမင္ မင္းသမီးဟာ ေတာရဲ႕ တစ္ဖက္မွာ ရိွတဲ့ တျခား ရြာမွာ ေဆးသြားရွာမယ္ဆိုၿပီး ဖခင္ သူၾကီးကို ေတာင္းဆိုေတာ့ ေနာက္ဆံုး ခြင့္ျပဳလိုက္တယ္။ 
အဲဒီကေန စၿပီး ဇာတ္လမ္းဟာ ဟာကနဲ ျဖစ္သြားတာပါပဲ။ 
ဇာတ္လမ္းၾကည့္ၿပီးမွ သေဘာေပါက္ခ်င္တဲ့ သူေတြကေတာ့ ဒီအထိပဲ ဖတ္ေပးပါ။ အခုက စၿပီး ဇာတ္လမ္းရဲ႕ အခ်ဳပ္ကို ေျပာျပမွာ ျဖစ္တဲ့အတြက္ ျဖစ္ပါတယ္။ 
……………………………………………………………..
အမွန္က အနီေရာင္ ဝတ္စံု ဝတ္ၿပီး ေပၚေပၚလာတဲ့ မေကာင္းဆိုးဝါးဆိုတာလဲ တကယ္ မရိွဘူး။ ရြာအျပင္ထြက္ၿပီး ေတာထဲသြားရင္ အႏၱရာယ္ ရိွတယ္ဆိုတာလဲ လူၾကီးေတြက လုပ္ၾကံ ေျပာထားတာေတြ ျဖစ္တယ္။ ရြာမွာ ရိွေနတဲ့ လူၾကီးေတြဟာ မိသားစုဝင္ထဲက တစ္ဦးဦးကို ရင္နင့္စရာ အျဖစ္ေတြနဲ႕ ဆံုးရံုးခဲ့ရတဲ့အတြက္ ျပင္ပေလာကဟာ ေၾကာက္စရာေကာင္းတဲ့အတြက္ သီးသန္႕ ရြာေလး တည္ၿပီး ေအးခ်မ္းစြာ ျဖတ္သန္းမယ္ဆိုၿပီး ဆံုးျဖတ္လိုက္ၾကတာ ျဖစ္တယ္။ အဲဒီမွာ အရင္က သမိုင္းဆရာ ျဖစ္တဲ့ ရြာသူၾကီးက သမိုင္းစာအုပ္ထဲမွာ ပါတဲ့ အေၾကာင္းအရာအတုိင္း ေျပာျပၿပီး မိမိတို႕ သားသမီးေတြ အျပင္ေလာကကို မထြက္ရဲေအာင္ ဖန္တီးၿပီး လွန္႕ထားတာ ျဖစ္ပါတယ္။ အဲဒီ အေၾကာင္းေတြကို ရြာျပင္ထြက္ ေတာကို ျဖတ္ၿပီး ခ်စ္သူအတြက္ ေဆးသြား ရွာမယ့္ သမီးကို အမွန္အတိုင္း ေျပာျပၿပီး လမ္းညႊန္ေပးလိုက္တာ ျဖစ္ပါတယ္။ မ်က္မျမင္ မင္းသမီးဟာ တစ္ျခား အေဖာ္ ၂ေယာက္နဲ႕အတူ ခရီးစႏွင္ခဲ့ပါတယ္။ အေဖာ္ ၂ေယာက္ဟာ ေၾကာက္စိတ္ေၾကာင့္ လမ္းတစ္ဝက္ကေန ျပန္လွည့္ျပန္ခဲ့ၿပီး မင္းသမီး တစ္ေယာက္တည္း ခရီးနွင္ခဲ့ပါတယ္။ အဲဒီမွာ တကယ့္ အနီေရာင္ ဝတ္စံုနဲ႕ မေကာင္းဆိုးဝါး ေပၚလာၿပီး မင္းသမီး ထြက္ေျပးရပါေလေရာ။ ေနာက္ဆံုး မင္းသမီးရဲ႕ မွတ္ဥာဏ္ေကာင္းမႈေၾကာင့္ မေကာင္းဆိုးဝါးဟာ ေခ်ာက္ထဲက်ၿပီး ေသသြားပါတယ္။ မင္းသမီးဟာ အေဖရဲ႕ လမ္းညႊန္ခ်က္အတိုင္း သြားရင္းသြားရင္း တံတိုင္းတစ္ခုကို ေက်ာ္ၿပီးေနာက္၊ ကင္းလွည့္ရဲက ေတြ႕ၿပီး ဒါ မက်ဴးေက်ာ္ရ နယ္ေျမဆိုတဲ့ အေၾကာင္းေျပာၿပီး ဘယ္က လာတာလဲ ေမးေတာ့ ေတာထဲက လာတဲ့အေၾကာင္း ေျပာျပၿပီး ေဆးစာရြက္ျပၿပီး ရွာေပးနိုင္မလား အကူအညီေတာင္းခဲ့တယ္။ ေဆးဖိုးဆိုၿပီး အဖိုးတန္ ပစၥည္းေလး တစ္ခု ထုတ္ေပးေတာ့ ေငြစကၠဴ မဟုတ္တဲ့အတြက္ ရဲက မင္း ေနာက္ေနတာလားဆိုၿပီး ေျပာခဲ့တယ္။ ေနာက္ဆံုး မင္းသမီီးရဲ႕ စိတ္ရင္းေၾကာင့္ ရဲက ကူညီလိုက္ေတာ့ ေဆးရသြားၿပီး မိမိရြာကို အျမန္ဆံုး ျပန္လာခဲ့တယ္။ ဒီေနာက္ပိုင္းကေတာ့ ကိုယ့္ဖာသာ ရုပ္ရွင္ ၾကည့္လိုက္ေတာ့ေနာ္။ 
ဒီမွာ ေျပာခ်င္တာက ကင္းလွည့္ရဲနဲ႕ မင္းသမီး ေတြ႕ဆံုတဲ့ ေနရာမွာ အေတာ္ေလး အ့ံၾသသြားရပါတယ္။ ေတာရဲ႕ တစ္ဖက္တစ္ခ်က္မွာ ကတၱရာလမ္း၊ ေမာ္ေတာ္ကား၊ ေသနတ္၊ စသျဖင့္ ေခတ္မွီ ပစၥည္းေတြ၊ ေနာက္ ေတာရဲ႕ တစ္ဖက္တစ္ခ်က္မွာေတာ့ ေရွးဆန္ၿပီး ေခတ္မွီ ပစၥည္းကိရိယာ တစ္ခုမွ မရိွတဲ့ ရြာဆိုတဲ့ ကြာဟခ်က္ပါပဲ။ အျပင္ေလာကမွာ ဘယ္ေလာက္ တိုးတက္ေနသလဲဆိုတာ မသိဘဲ ရြာေလးထဲမွာပဲ မ်က္စိပိတ္ နားပိတ္ က်င္လည္ ေနထုိင္ေနတဲ့ ရြာသားမ်ား၏ အျဖစ္။ ဒါလည္း ၾကီးမားတဲ့ ျပသနာ မဟုတ္ပါဘူး။
ျပသနာကေတာ့ အျပင္ေလာက၊ ဇာတ္လမ္းထဲက ေျပာတဲ့ တျခား ရြာကို မသြားရဲေအာင္ ေတာထဲမွာ မေကာင္းဆိုးဝါး ရိွတယ္ဆိုၿပီး ငယ္ငယ္ကတည္းက ေၾကာက္ေအာင္ လွန္႕ထားတဲ့ ကိစၥျဖစ္ပါတယ္။ အမွန္တရားကို ဖံုးကြယ္ထားၿပီး လူငယ္ေတြရဲ႕ ကိုယ္ပိုင္ ဆံုးျဖတ္ခြင့္ကို ပိတ္ပင္ပစ္လိုက္တဲ့ ကိစၥဟာ အေတာ္ေလး ရင္နာစရာ ေကာင္းပါတယ္။ လူငယ္ေတြကို ကိုယ္ပိုင္ လြတ္လပ္ခြင့္နဲ႕ အေကာင္းအဆိုးကို ကိုယ့္ဖာသာ ေရြးခ်ယ္ခြင့္ မျပဳဘဲ၊ လူၾကီးေတြရဲ႕ တစ္ဖက္သတ္ ဆံုးျဖတ္ခ်က္ေၾကာင့္ မ်က္စိမကြယ္ရမွာကို ကြယ္ခဲ့ရ၊ လူေကာင္းအတုိင္း ေနခြင့္ ရိွပါလ်က္နဲ႕ က်ပ္မျပည့္ျဖစ္ရ၊ ထုိ႕အျပင္ မ်ားစြာေသာ ဆံုးရံုးနစ္နာမႈေတြ ရိွတာ အမွန္ပဲ။ 
ဒီရြာေလးကို ရြာလို႕ မသတ္မွတ္ဘဲ နိုင္ငံ တစ္နုိင္ငံလို႕ ျမင္ၾကည့္လိုက္ရင္ အေတာ္ေလး ျမင္သာသြားမွာ ျဖစ္ပါတယ္။ တစ္ခ်ိန္က တီဗြီ၊ သတင္းစာမွာ ေဖာ္ျပတာ၊ ေက်ာင္း ဖတ္စာအုပ္ထဲမွာ ပါတာေတြကိုပဲ အဟုတ္ထင္ခဲ့တဲ့ ကိုယ္ေတြ အျဖစ္ကို ျမင္ေယာင္မိပါေသးတယ္။ ကိုရီးယား ကားေတြထဲမွာ ဆင္းရဲသားအိမ္မွာ ဖုန္းရိွတာေတြ၊ ပရိေဘာဂေတြ သပ္သပ္ရပ္ရပ္ ရိွတာေတြကို ၾကည့္ၿပီး အပို ရိုက္ျပထားတာ ေနမွာပါ။ တကယ့္ လက္ေတြ႕မွာ အဲလို မဟုတ္ေလာက္ပါဘူး။ ငါတို႕လိုပဲ ေနမွာပါ။ စသျဖင့္ ကိုယ့္ရဲ႕ ေရအိုင္ထဲက ဖားသူူငယ္ ဘဝက ကေလး အေတြးေလးကို ျပန္လည္ ျမင္ေယာင္ရင္း နိဂံုးခ်ဳပ္ပါတယ္။




'감상문(ရီဗျူး)' 카테고리의 다른 글

영화 신과 함께 죄와 벌  (0) 2018.12.24
영화 Burning  (0) 2018.12.21
영화 Extinction  (0) 2018.12.21
미쓰백(Miss Baek)  (0) 2018.12.15
콜로니아  (0) 2018.12.07
:
Posted by 해맑은순이
2018. 12. 7. 10:30

콜로니아 감상문(ရီဗျူး)2018. 12. 7. 10:30

ရုပ်ရှင် Colonia


Emma Watson ပါဝင် သရုပ်ဆောင်ထားတဲ့ ၁၉၇၃ ခုနှစ်ပိုင်းက Chile မှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးကို အခြေခံပြီး ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါတယ်။ ကွန်မြူနစ် ပါတီကနေ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး စစ်တပ်က ဝင်သိမ်းပြီး စစ်အုပ်ချုပ်ရေး ဖြစ်သွားတယ်။ အဲဒီမှာ ဂျာမနီ နိုင်ငံသား မင်းသားဟာ စစ်အုပ်ချုပ်ရေး ဆန့်ကျင် ဆန္ဒပြသူတွေဘက်က ပါဝင် ကူညီလုပ်ဆောင်နေခဲ့တယ်။ မင်းသမီးကတော့ ဂျာမနီကနေ Chile သွားတဲ့ လေးကြောင်းလိုင်းရဲ့ လေယာဉ်မယ်ဖြစ်ပြီး၊ သူတို့ နှစ်ဦး Chileမှာ ပြန်လည် ဆုံတွေ့ပြီးနောက်မှာ ပြသနာက စတာပဲ။ စစ်တပ်က အာဏာ သိမ်းလိုက်ပြီ ဆိုပြီး ကြေညာလိုက်တဲ့အချိန်မှာ အရင် ဆန့်ကျင် ဆန္ဒပြသူတွေကို ဖမ်းဆီခြင်း စတင်ခဲ့ပြီး နှစ်ယောက်လုံး အဖမ်းခံလိုက်ရတယ်။ မင်းသမီးကတော့ ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့တဲ့အတွက် ပြန်လွှတ်ပေးပြီး မင်းသားက အဖမ်းခံလိုက်ရတယ်။ အဲဒီမှာ ချစ်သူကို ကယ်တင်ဖို့ ကြိုးစားတဲ့ မင်းသမီးက တစ်စတစ်စ လိုက်ရင်း နိုင်ငံရေး အကျဉ်းသားတွေကို ပို့တဲ့ နေရာကို သိသွားတယ်။ အဲဒီနေရာကတော့ Colonia ပဲ ဖြစ်တယ်။ အဝင်ပဲ ရှိပြီး ပြန်ထွက်လို့ မရတဲ့ နေရာဆိုပြီး လူအများ သိထားကြတယ်။ Colonia ဟာ ဘယ်လို နေရာလဲဆိုတော့ Pseudoreligion ဆိုတဲ့ ဘာသာကို ကိုးကွယ်သူတွေ စုပြီး နေထိုင်တဲ့ နေရာ ဖြစ်တယ်။ အဲဒီ Colonia ဧရိယာနဲ့ စပ်ဆက်နေတဲ့ မြေအောက်ခန်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပမ်း နှိပ်ဆက် မေးမြန်း၊ နောက်ဆုံး သေသူက သေ၊ ကြောင်သူက ကြောင် ဖြစ်သွားမှ Colonia ထဲကို ပို့တာဖြစ်တယ်။ 

မင်းသမီးဟာ ချစ်သူကို ကယ်မယ်ဆိုတဲ့ စိတ်နဲ့ Pseudoreligion ဘာသာ ယုံကြည် ကိုးကွယ်သူ အယောင်ဆောင်ပြီး အဲဒီ ကြောက်စရာကောင်းတဲ့ နေရာကို ဝင်သွားခဲ့တယ်။ အဲဒီ အထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မလိုအပ်ဘဲ စကားပြောလို့ မရဘူး။ ယောကျ်ား၊ မိန်းမ၊ ကလေး၊ သီးသန့် ခွဲထားတယ်။ ညညဆို အကုန်လုံးကို ဆေး တစ်လုံးစီ တိုက်တယ်။ အုပ်ချုပ်သူရဲ့ ရှေ့မှာကို မြိုချပြရတယ်။ အဲဒီက လူတွေဟာ အကုန်လုံး တစ်ခုခုမှာ နစ်မျောနေသလို ဖြစ်နေကြတယ်။ 

နောက်တစ်ခုက အဲဒီက လူတွေ အားလုံးရဲ့ စားဝတ်နေရေးကို အမျိုးသမီးတွေက အကုန် လုပ်ပေးရတယ်။ တစ်နည်းအားဖြင့်ပြောရရင် အမျိုးသမီးတွေကို ကျွန်အနေနဲ့ပဲ ထားပြီး၊ နိမ့်ကျတဲ့ သူလိုမျိုးပဲ ယုံကြည်အောင် လုပ်ထားတာ ဖြစ်တယ်။ မင်းသမီးနဲ့ စကားပြောဖြစ်တဲ့ ကောင်မလေးက သူ မင်္ဂလာဆောင်တော့မှာဆိုပြီး ပျော်ရွှင်စွာပြောပြတယ်။ ယောကျ်ား မိန်းမ တွေ့ခွင့် မရဘဲနဲ့ ဘယ်လို သိကြတာလဲ မေးတော့ နိုင်ငံတော် အကြီးအကဲ လာရင် အားလုံး တစ်နေရာတည်းမှာ စုပြီး ကြိုဆိုကြရတယ်။ အဲဒီတုန်းက တွေ့တာဆိုပြီး ပြောပြတယ်။ အဲဒီအကြောင်း အုပ်ချုပ်သူ အဒေါ်ကြီး နားထဲ ရောက်သွားတော့ ညလည်းကျရော အဲဒီ ကောင်မလေးကို ဆွဲခေါ်သွားပြီး အဲဒီမှာ ရှိတဲ့ ယောကျာ်းတွေ အားလုံးရှေ့မှာ ထိုင်ခိုင်းပြီး ညစ်ပတ်တဲ့ မိန်းမ၊ အပုပ်နဲ့ထွက်တဲ့ မိန်းမ၊ ရွံစရာကောင်းတယ်ဆိုပြီး ဝိုင်းပြီး ရိုက်ကြတယ်။ 

အဲဒီ မြင်ကွင်းကို မြင်သွားတဲ့ မင်းသမီး၊ ယောကျ်ားထုထဲမှာ ထိုင်နေတဲ့ မင်းသားကိုပါ မြင်သွားခဲ့တယ်။ အဲဒီတော့ မင်းသားနဲ့ တွေ့နိုင်မယ့် နည်းလမ်းကို စဉ်းစားတော့ အဲဒီမှာ ရှိတဲ့ ရေအိုင်ထဲကို ဆင်းပြီး ရေချိုးခဲ့တယ်။ အဲဒီတော့ မင်းသမီးလည်း ဟိုတစ်ယောက်လိုမျိုး အခေါ်ခံရပြီး နင့်ရဲ့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်က ငါတို့ရဲ့ သန့်ရှင်းတဲ့ ရေကို ညစ်ငြမ်းစေတယ်ဆိုပြီး ပြောဆို ရိုက်နှက်မယ် လုပ်တုန်း အဲဒီကနေ လွတ်မြောက်အောင် ကြိုးစားတဲ့ ကြပ်မပြည့်ချင်ယောင် ဆောင်ထားတဲ့ မင်းသားက ကြိုးတံတိုင်းမှာ ဓာတ်လိုက်ပြီး အုပ်အုပ်ကြွကြွ ဖြစ်သွားတော့ မင်းသမီးကို အာရုံမစိုက်နိုင်တော့ အရိုက်မခံလိုက်ရဘူး။ မင်းသားနဲ့လည်း မတွေ့ခဲ့ရဘူးပေါ့နော်။ 

ဇာတ်ကားဟာ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားဖြစ်တယ်။ ဒီအထိက အမြည်းပဲ ရှိပါသေးတယ်။ မင်းသားနဲ့ မင်းသမီးက တွေ့ဆုံပြီး လွတ်မြောက်သွားလားဆိုတာတော့ ရုပ်ရှင်ကို ကြည့်ကြည့်လိုက်နော်။ 

ဒီဇာတ်လမ်းထဲမှာ ဟာကနဲ ဖြစ်သွားစေတဲ့ အခန်းတွေ အများကြီး ရှိတယ်။အဓိကကတော့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဆိုတာပဲ။


ဒီဇာတ်လမ်းကနေ တစ်ဆင့် ဘာတွေ ရနိုင်သလဲဆိုတော့ လူတိုင်း သိထားတဲ့ ယုံကြည်ထားတဲ့ အရာဟာ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ အာဏာကြောင့် ၁၈၀ ဒီဂရီ ပြောင်းပြန်ဖြစ်သွားတဲ့ အခါလည်း ရှိတတ်တယ်ဆိုတာရယ်၊ အမြဲတမ်း သတိနဲ့ နေရမယ် ဆိုတာရယ်။ အသက်ကို ဉာဏ်စောင့်တဲ့။ မိတ်ကောင်းဆွေကောင်းဆိုတာ တကယ် ရှိတယ်ဆိုတာရယ်။ နောက်ပြီး လူဆိုးက လူကောင်းထက် အသက်ရှည်တယ်ဆိုတာရယ်။ ဘာသာရေးကို ခုတုံး လုပ်ပြီး စိတ်အာသာ ဖြေ၊ အမှားကို အမှန်လုပ် အယုံသွင်း၊ လုပ်ပိုင်ခွင့် အာဏာ တည်မြဲရေးအတွက် အမှားအားပေးတွေလည်း ရှိနေတတ်တယ်ဆိုတာရယ်။ အမှားများထဲမှ အမှန်ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

.......................................

zawgyi font

Emma Watson ပါဝင္ သရုပ္ေဆာင္ထားတဲ့ ၁၉၇၃ ခုႏွစ္ပိုင္းက Chile မွာ ျဖစ္ခဲ့တဲ့ နိုင္ငံေရးကို အေျခခံၿပီး ရိုက္ထားတဲ့ ျဖစ္ရပ္မွန္ ဇာတ္လမ္း ျဖစ္ပါတယ္။ ကြန္ျမဴနစ္ ပါတီကေန နုိင္ငံေရး မတည္ျငိမ္မႈေတြကို အေၾကာင္းျပၿပီး စစ္တပ္က ဝင္သိမ္းၿပီး စစ္အုပ္ခ်ဳပ္ေရး ျဖစ္သြားတယ္။ အဲဒီမွာ ဂ်ာမနီ နုိင္ငံသား မင္းသားဟာ စစ္အုပ္ခ်ဳပ္ေရး ဆန္႕က်င္ ဆႏၵျပသူေတြဘက္က ပါဝင္ ကူညီလုပ္ေဆာင္ေနခဲ့တယ္။ မင္းသမီးကေတာ့ ဂ်ာမနီကေန Chile သြားတဲ့ ေလးေၾကာင္းလိုင္းရဲ႕ ေလယာဥ္မယ္ျဖစ္ၿပီး၊ သူတို႕ ႏွစ္ဦး Chileမွာ ျပန္လည္ ဆံုေတြ႕ၿပီးေနာက္မွာ ျပသနာက စတာပဲ။ စစ္တပ္က အာဏာ သိမ္းလိုက္ၿပီ ဆိုၿပီး ေၾကညာလိုက္တဲ့အခ်ိန္မွာ အရင္ ဆန္႕က်င္ ဆႏၵျပသူေတြကို ဖမ္းဆီျခင္း စတင္ခဲ့ၿပီး ႏွစ္ေယာက္လံုး အဖမ္းခံလိုက္ရတယ္။ မင္းသမီးကေတာ့ ကိုယ္တိုင္ ပါဝင္ပတ္သက္ျခင္း မရိွခဲ့တဲ့အတြက္ ျပန္လႊတ္ေပးၿပီး မင္းသားက အဖမ္းခံလုိက္ရတယ္။ အဲဒီမွာ ခ်စ္သူကုိ ကယ္တင္ဖို႕ ၾကိဳးစားတဲ့ မင္းသမီးက တစ္စတစ္စ လိုက္ရင္း နိုင္ငံေရး အက်ဥ္းသားေတြကို ပို႕တဲ့ ေနရာကို သိသြားတယ္။ အဲဒီေနရာကေတာ့ Colonia ပဲ ျဖစ္တယ္။ အဝင္ပဲ ရိွၿပီး ျပန္ထြက္လို႕ မရတဲ့ ေနရာဆိုၿပီး လူအမ်ား သိထားၾကတယ္။ Colonia ဟာ ဘယ္လို ေနရာလဲဆိုေတာ့ Pseudoreligion ဆိုတဲ့ ဘာသာကို ကိုးကြယ္သူေတြ စုၿပီး ေနထိုင္တဲ့ ေနရာ ျဖစ္တယ္။ အဲဒီ Colonia ဧရိယာနဲ႕ စပ္ဆက္ေနတဲ့ ေျမေအာက္ခန္းထဲမွာ နိုင္ငံေရး အက်ဥ္းသားေတြကို ညွဥ္းပမ္း နွိပ္ဆက္ ေမးျမန္း၊ ေနာက္ဆံုး ေသသူက ေသ၊ ေၾကာင္သူက ေၾကာင္ ျဖစ္သြားမွ Colonia ထဲကို ပို႕တာျဖစ္တယ္။ 
မင္းသမီးဟာ ခ်စ္သူကို ကယ္မယ္ဆိုတဲ့ စိတ္နဲ႕ Pseudoreligion ဘာသာ ယံုၾကည္ ကိုးကြယ္သူ အေယာင္ေဆာင္ၿပီး အဲဒီ ေၾကာက္စရာေကာင္းတဲ့ ေနရာကို ဝင္သြားခဲ့တယ္။ အဲဒီ အထဲမွွာ တစ္ေယာက္နဲ႕ တစ္ေယာက္ မလိုအပ္ဘဲ စကားေျပာလို႕ မရဘူး။ ေယာက်္ား၊ မိန္းမ၊ ကေလး၊ သီးသန္႕ ခြဲထားတယ္။ ညညဆို အကုန္လံုးကို ေဆး တစ္လံုးစီ တုိက္တယ္။ အုပ္ခ်ဳပ္သူရဲ႕ ေရွ႕မွာကို ျမိဳခ်ျပရတယ္။ အဲဒီက လူေတြဟာ အကုန္လံုး တစ္ခုခုမွာ နစ္ေမ်ာေနသလို ျဖစ္ေနၾကတယ္။ 
ေနာက္တစ္ခုက အဲဒီက လူေတြ အားလံုးရဲ႕ စားဝတ္ေနေရးကို အမ်ိဳးသမီးေတြက အကုန္ လုပ္ေပးရတယ္။ တစ္နည္းအားျဖင့္ေျပာရရင္ အမ်ိဳးသမီးေတြကို ကြ်န္အေနနဲ႕ပဲ ထားၿပီး၊ နိမ့္က်တဲ့ သူလိုမ်ိဳးပဲ ယံုၾကည္ေအာင္ လုပ္ထားတာ ျဖစ္တယ္။ မင္းသမီးနဲ႕ စကားေျပာျဖစ္တဲ့ ေကာင္မေလးက သူ မဂၤလာေဆာင္ေတာ့မွာဆိုၿပီး ေပ်ာ္ရႊင္စြာေျပာျပတယ္။ ေယာက်္ား မိန္းမ ေတြ႕ခြင့္ မရဘဲနဲ႕ ဘယ္လို သိၾကတာလဲ ေမးေတာ့ နိုင္ငံေတာ္ အၾကီးအကဲ လာရင္ အားလံုး တစ္ေနရာတည္းမွာ စုၿပီး ၾကိဳဆိုၾကရတယ္။ အဲဒီတုန္းက ေတြ႕တာဆိုၿပီး ေျပာျပတယ္။ အဲဒီအေၾကာင္း အုပ္ခ်ဳပ္သူ အေဒၚၾကီး နားထဲ ေရာက္သြားေတာ့ ညလည္းက်ေရာ အဲဒီ ေကာင္မေလးကို ဆြဲေခၚသြားၿပီး အဲဒီမွာ ရိွတဲ့ ေယာက်ာ္းေတြ အားလံုးေရွ႕မွာ ထိုင္ခိုင္းၿပီး ညစ္ပတ္တဲ့ မိန္းမ၊ အပုပ္နဲ႕ထြက္တဲ့ မိန္းမ၊ ရြံစရာေကာင္းတယ္ဆိုၿပီး ဝိုင္းၿပီး ရိုက္ၾကတယ္။ 
အဲဒီ ျမင္ကြင္းကို ျမင္သြားတဲ့ မင္းသမီး၊ ေယာက်္ားထုထဲမွာ ထိုင္ေနတဲ့ မင္းသားကိုပါ ျမင္သြားခဲ့တယ္။ အဲဒီေတာ့ မင္းသားနဲ႕ ေတြ႕နိုင္မယ့္ နည္းလမ္းကို စဥ္းစားေတာ့ အဲဒီမွာ ရိွတဲ့ ေရအိုင္ထဲကို ဆင္းၿပီး ေရခ်ိဳးခဲ့တယ္။ အဲဒီေတာ့ မင္းသမီးလည္း ဟိုတစ္ေယာက္လိုမ်ိဳး အေခၚခံရၿပီး နင့္ရဲ႕ မသန္႕ရွင္းတဲ့ ခႏၶာကိုယ္က ငါတို႕ရဲ႕ သန္႕ရွင္းတဲ့ ေရကို ညစ္ျငမ္းေစတယ္ဆိုၿပီး ေျပာဆို ရိုက္ႏွက္မယ္ လုပ္တုန္း အဲဒီကေန လြတ္ေျမာက္ေအာင္ ၾကိဳးစားတဲ့ ၾကပ္မျပည့္ခ်င္ေယာင္ ေဆာင္ထားတဲ့ မင္းသားက ၾကိဳးတံတိုင္းမွာ ဓာတ္လိုက္ၿပီး အုပ္အုပ္ၾကြၾကြ ျဖစ္သြားေတာ့ မင္းသမီးကို အာရံုုမစိုက္နုိင္ေတာ့ အရိုက္မခံလိုက္ရဘူး။ မင္းသားနဲ႕လည္း မေတြ႕ခဲ့ရဘူးေပါ့ေနာ္။ 
ဇာတ္ကားဟာ တစ္ကားလံုး ရင္တထိတ္ထိတ္နဲ႕ ၾကည့္ရတဲ့ ဇာတ္ကားျဖစ္တယ္။ ဒီအထိက အျမည္းပဲ ရိွပါေသးတယ္။ မင္းသားနဲ႕ မင္းသမီးက ေတြ႕ဆံုၿပီး လြတ္ေျမာက္သြားလားဆိုတာေတာ့ ရုပ္ရွင္ကို ၾကည့္ၾကည့္လိုက္ေနာ္။ 
ဒီဇာတ္လမ္းထဲမွာ ဟာကနဲ ျဖစ္သြားေစတဲ့ အခန္းေတြ အမ်ားၾကီး ရိွတယ္။အဓိကကေတာ့ ဇာတ္လမ္းဟာ ျဖစ္ရပ္မွန္ဆိုတာပဲ။

ဒီဇာတ္လမ္းကေန တစ္ဆင့္ ဘာေတြ ရနိုင္သလဲဆိုေတာ့ လူတိုင္း သိထားတဲ့ ယံုၾကည္ထားတဲ့ အရာဟာ လုပ္ပိုင္ခြင့္၊ ေငြေၾကး၊ အာဏာေၾကာင့္ ၁၈၀ ဒီဂရီ ေျပာင္းျပန္ျဖစ္သြားတဲ့ အခါလည္း ရိွတတ္တယ္ဆိုတာရယ္၊ အျမဲတမ္း သတိနဲ႕ ေနရမယ္ ဆိုတာရယ္။ အသက္ကို ဥာဏ္ေစာင့္တဲ့။ မိတ္ေကာင္းေဆြေကာင္းဆိုတာ တကယ္ ရိွတယ္ဆိုတာရယ္။ ေနာက္ၿပီး လူဆိုးက လူေကာင္းထက္ အသက္ရွည္တယ္ဆိုတာရယ္။ ဘာသာေရးကို ခုတံုး လုပ္ၿပီး စိတ္အာသာ ေျဖ၊ အမွားကို အမွန္လုပ္ အယံုသြင္း၊ လုပ္ပိုင္ခြင့္ အာဏာ တည္ျမဲေရးအတြက္ အမွားအားေပးေတြလည္း ရိွေနတတ္တယ္ဆိုတာရယ္။ အမွားမ်ားထဲမွ အမွန္ကို ရွာေဖြေတြ႕ရိွနိုင္ၾကပါေစ။




'감상문(ရီဗျူး)' 카테고리의 다른 글

영화 신과 함께 죄와 벌  (0) 2018.12.24
영화 Burning  (0) 2018.12.21
영화 Extinction  (0) 2018.12.21
미쓰백(Miss Baek)  (0) 2018.12.15
The Village  (0) 2018.12.07
:
Posted by 해맑은순이