부모님 찬스(မိဘ chance) 생활2020. 9. 29. 14:07
부모님 찬스(မိဘ chance)
예전에도, 지금까지도 늘 생각하게 된 단어 하나가 있다. 그건 바로 "부모 찬스"라는 단어이다. 유전으로 물려받는 외모, 지식을 비롯해 재산, 인맥, 환경까지 말이다.
아이들은 태어나서 부모님으로부터 많은 것을 배우게 된다. 나는 부모가 사용하는 어휘, 나누는 대화, 같이 어울리는 사람들과의 관계 등이 아이한테 큰 영향이 있다고 생각한다.
마찬가지로 부유한 부모의 밑에서 자란 아이들을 태어날 때부터 우아한 집에서 살게 되고, 고급 차량을 타게 된다. 그건 자연스러운 일이다.
내가 말하고 싶은 것은 모든 사람들이 각기 다른 출발점에서 출발을 하게 되는 것이다. 집있고, 차 있는 부모 밑에서 자란 아이들은 의식주 걱정을 할 필요가 없다. 걔네들의 출발점에는 그 모든 것이 갖춰져 있기 때문이다. 그래서 공부할 때도 공부에 전념할 수 있고, 부모가 보내준 학원, 시켜준 과외를 마음 편히 받을 수 있다. 또는 학업을 마치고 졸업한 후에 취직했을 때도 자신이 번 돈을 자기계발하는 데에 마음껏 쓸 수 있게 된다. 심지어 새로운 친구를 사귈 때나, 알고 지낸 사람들과의 관계를 유지하는 데에 있어 비용에 연연할 필요없이 쓸 수 있다.
반면에 부족한 부모 밑에서 자란 아이들은 언제 부모가 퇴학시켜 돈 벌이를 하라고 할지 몰라 전전긍긍하면서 공부를 해야만 했다. 형편이 좋은 집안의 아이들과 같이 학업을 마치고 졸업을 했어도 그들의 출발점은 너무나 차이가 있다. 집이 없고, 차 없고, 심지어 하루하루 벌고 써야만 하는 집안 출신이라면 매일 의식주 걱정을 해야만 하는 출발점에서 출발을 해야한다. 그들이 취직을 해 받게 된 월급마저 자기계발을 하는 데에 쓰지 못하고 가족의 의식주를 해결하는 데에 쓰게 된다. 출발점이 다르기 때문에 아무리 애를 써서 앞으로 나아가려고 해도 속도는 안 난다. 운이 좋아 이끌어줄 사람이 생기면 그때는 조금 속도를 낼 수 있겠지만 말이다.
또는 부모 찬스가 없는 아이들은 나이는 어렸지만 사고는 어른스러운 애 늙은이들이다. 어린 아이가 갖고 싶은 것, 먹고 싶은 것이 있어도 어른들처럼 참고 조르지 못한다. 졸라봤자 돌아올 것이 매뿐인 것을 너무나 잘 알고 있기 때문에 일찍 포기할 줄도 아는 애늙은이들이다.
중요한 것은 사람마다 변수가 있고, 변수에 따라서 상황이 달라진다. 그 여러 변수들을 따져보고 자신의 자식이, 동생이 도달할 수 있는 곳의 한계를 추측해볼 수 있다. 어떤 이들은 자신들이 해준 것도 없는 자수성가한 자식, 동생을 보고 큰 기대를 하고, 심지어 값 비싼 교육을 받았던 부잣집 자식들과 비교를 하면서 스트레스를 줄 때도 있다. 자신들이 만들어준 출발점의 상황을 기억 못한 채로 말이다.
아무튼 부모찬스를 사요할 수 없는 애늙은이들에게 충고하고 싶은 건 30살부터는 자기 인생을 위해서 살라고 하고 싶다. 안 그러면 자기의 자식 때도 자신과 같은 출발점에서 출발하게 될 거니까~. 정신 차리고 단단한 출발점을 만들라고 애늙은이들아~.
အရင်တုန်းကရော၊ အခုရော အမြဲတမ်း အတွေးဝင်မိတာလေး ရှိတယ်။ အဲ့ဒါကတော့ မိဘ chance ဆိုတဲ့ စကားလုံးလေးနဲ့ ပတ်သက်ပြီးတော့ပေါ့။ ရုပ်ဆင်းသွင်ပြင်ကအစ ဥစ္စာစည်းစိမ်၊ ဉာဏ်ရည်ဉာဏ်သွေး၊ ဗဟုသုတ၊ အသိုင်းအဝိုင်းအဆုံးပေါ့။
ကလေးတွေရဲ့ လက်ဦးဆရာဟာ မိဘဆိုတော့ မိဘတွေ သုံးတဲ့ စကားအသုံးအနှုန်း၊ ပြောတဲ့ အကြောင်းအရာ၊ ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေက ကလေးအပေါ်မှာ သက်ရောက်မှု အများကြီး ရှိမယ်လို့ ထင်တယ်။
ထိုနည်းတူစွာ မိဘက ကားနဲ့ တိုက်နဲ့ နေနေတယ်ဆိုရင် သူတို့ ကလေးကလည်း မွေးကတည်းက တိုက်နဲ့ ကားနဲ့ နေကြရတယ်။ ဒါဟာ သဘာဝပါပဲ။
ကျွန်မဆိုလိုချင်တဲ့ အချက်ကတော့ လူတိုင်းလူတိုင်း တစ်ဦးနဲ့ တစ်ဦး တာထွက် မတူတာကိုပါ။ တိုက်နဲ့ ကားနဲ့ ကိုယ်ပိုင်အိမ်ရာနဲ့ အတည်တကျရှိနေပြီးသား မိဘရဲ့ လက်အောက်မှာ ကြီးပြင်းလာတဲ့ ကလေးတွေအတွက် နေစရာ၊ စားစရာအတွက် ပူစရာမလိုကြဘူး။ သူတို့ရဲ့ တာထွက်ပွိုင့်မှာ အဲ့ဒီအချက်တွေ ပြည့်စုံနေတဲ့အတွက် သူတို့လေးတွေ ပညာသင်ယူတဲ့အချိန်မှာ ထိုအချက်တွေကို ထည့်သွင်းစဥ်းစားစရာမလိုဘူး။ စာပဲ အာရုံစိုက်၊ မိဘ ထားပေးတဲ့ ကျူရှင်၊ သင်တန်းတွေကို စိတ် ပေါ့ပါးစွာ တက်နိုင်ကြတယ်။ နောက်ပြီး ဘွဲ့တွေရ၊ လုပ်ငန်းခွင် ဝင်ပြီး ရလာတဲ့ လစာဝင်ငွေဟာ သူတို့ဘဝကို အရောင်တင်တဲ့ နေရာမှာ၊ မိတ်ဆွေ သူငယ်ချင်းဖွဲ့ အသိုင်းအဝိုင်း တစ်ခုထဲကို ဝင်တဲ့ နေရာမှာ စိတ်ကြိုက် သုံးနိုင်ကြတယ်။
တစ်ဖက်မှာ ချို့တဲ့တဲ့ မိဘက မွေးဖွားလာတဲ့ ကလေးတွေကျတော့ ဘယ်အချိန် ကျောင်းထွက်ခိုင်းမလဲဆိုတာ မသိတဲ့အတွက် စိတ်ပေါ့ပေ့ါပါးပါးနဲ့ ပညာသင်ခွင့် မရကြဘူး။ ချမ်းသာတဲ့ ကလေးတွေနဲ့ ကျောင်းအတူတူ တက်ပြီး ဘွဲ့တွေ အတူတူ ယူနိုင်ခဲ့တယ်ဆိုရင်တောင် သူတို့လေးတွေရဲ့ တာထွက်ပွိုင့်ဟာ နေစရာ အိမ်မရှိ၊ စီးစရာ ကားမရှိ၊ ယုတ်စွအဆုံး တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဘဝဆိုရင် စားဖို့ သောက်ဖို့၊ ဝတ်ဖို့အတွက် နေ့စဥ် ပူပန်နေကြရတဲ့ ပွိုင့်ကနေ တာစထွက်ကြရတာ။ သူတို့လေးတွေ ပညာကို ဆုံးခန်းတိုင်အောင် သင်ခွင့်ရပြီး အလုပ်ခွင် ဝင်နိုင်ခဲ့တယ်ဆိုရင်တောင်၊ ရလာတဲ့ လုပ်ခလစာဟာ သူတို့ဘဝကို အရောင်တင်တဲ့ နေရာမှာ သုံးခွင့် မရှိသေးဘူး။ အရင်ဆုံး စားဝတ်နေရေးအတွက် သုံးရတယ်။ ကိုယ်ပိုင် အိမ်မရှိရင် ဘယ်တော့ အနှင်ခံရမလဲ မသိတဲ့ ဘဝတွေမို့ ကိုယ်ပိုင် အခန်းလေး၊ အိမ်လေး တစ်လုံးတော့ ရှိအောင် အရင် ကြိုးစားကြရတယ်။ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေနဲ့ လည်ဖို့ ပတ်ဖို့အတွက် သုံးဖို့ ငွေပိုဆိုတာ မရှိကြဘူး။ မိတ်ဆွေအသစ်လည်း မဖွဲ့နိုင်ဘူးလေ။ အဲ့တော့ တာထွက်မှာတင် သူတို့က ရှေ့ကို မရောက်နိုင်တော့ဘူး။ ကံလေး ရှိရင်တော့ မြေတောင်မြှောက်ပေးတဲ့ သူမျိုးနဲ့ တွေ့နိုင်တာပေါ့နော်။ အဲ့လို ဆိုရင်တော့ ခြေကျင်လျှောက်ရာကနေ စက်ဘီးလေးနဲ့ သွားနိုင်သလိုဆိုတော့ နည်းနည်းလေး ခရီးပိုရောက်သွားတာပေါ့။
နောက်တစ်ခုက မိဘ chance မရှိခဲ့တဲ့ သူတွေက လူအသက် ငယ်ပေမဲ့ စိတ်အသက်က ကြီးနေတတ်ကြတယ်။ မိသားစုအပေါ် သိတတ်တယ်လို့ အပြောခံရတဲ့ သူတိုင်းဟာ ကလေးလူကြီးလေးတွေဘဝနဲ့ နေထိုင်သွားကြရတာကို ဘယ်သူမှ မသိကြဘူး။ ကလေးဘဝကတည်းက လူကြီးလေးတစ်ယောက်လို လိုချင်တာ၊ စားချင်တာ ရှိရင်လည်း မပူဆာတတ်ကြဘူး။ ပူဆာလည်း မရနိုင်တာကို သိနေတဲ့အတွက်ကြောင့် အမှန်တရားကို လက်ခံလိုက်ကြပြီး မပူဆာကြဘူးလေ။
ဆိုလိုချင်တာ လူတိုင်းမှာ အမျိုးမျိုးသော အခြေအနေတွေ ရှိတယ်။ အခြေအနေ အမျိုးမျိုးကို ထည့်သွင်း ချင့်ချိန်ပြီး ကိုယ့် သားသမီး ကိုယ့် ညီအစ်ကိုမောင်နှမက ဘယ်ထိပဲ ရောက်နိုင်မယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်တယ်။ တချို့ဆို အခြောက်တိုက် မျှော်လင့်ချက်တွေ ထားပြီး၊ လူချမ်းသာ သားသမီးတွေနဲ့ သွားသွားပြီး ယှဥ်ချင်ကြသေးတယ်။ သူတို့တွေ လွှတ်ပေးလိုက်တဲ့ တာထွက်ပွိုင့်က အခြေအနေကို မေ့ကုန်ကြတယ်။
ကဲကဲ မိဘ chance သုံးခွင့် မရခဲ့တဲ့ ကလေးလူကြီးလေးတွေရေ အသက် 30နောက်ပိုင်းမှာတော့ ကိုယ့်ဘဝအတွက် ကိုယ်ရှင်သန်ပါလို့ အကြံဉာဏ်ပေးလိုက်ပါရစေ။ ဒါမှ တော်တို့ရဲ့ မျိုးဆက်သစ်လေးတွေ ခေတ်မှာ မိဘ chance လေး သုံးခွင့် ရကြမှာ။ ကိုယ့်တုန်းက ထွက်ခဲ့ရတဲ့ တာထွက်ပွိုင့်မျိုး မဖြစ်ရလေအောင် အခုကတည်းက ကိုယ့်ဘဝအတွက် ကြိုးစားပါတော့လို့ ကိုယ် အပါအဝင် ကလေးလူကြီးလေးများကို ပြောလိုက်ပါရစေ။
အပျိုကြီး၊ လူပျိုကြီးတွေကို မဆိုလိုပါဘူးရှင်။
'생활' 카테고리의 다른 글
미얀마 코로나-19 23~28번 확진자 (0) | 2020.04.11 |
---|---|
သမ္မတ အိမ်ပြာတော်သို့ လေ့လာရေး သွားရအောင် (0) | 2020.03.18 |
청와대 관람 (0) | 2020.03.18 |
စုငွေအာမခံဥပဒေ(예금자보호법) (0) | 2020.03.17 |
똑닥 (마스크 재고 현황) application (0) | 2020.03.13 |