달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'စုငွေအာမခံဥပဒေ'에 해당되는 글 1

  1. 2020.03.17 စုငွေအာမခံဥပဒေ(예금자보호법)

ဘဏ်ဆိုတဲ့ လုပ်ငန်းဟာ စုငွေနဲ့ ချေးငွေကြားက ရလာတဲ့ အမြတ်နဲ့ ငွေကြေးရင်းနှီးမြှပ်နှံမှုကို အမှီသဟဲပြုပြီး ရပ်တည်နေရတဲ့ ပုဂ္ဂလိကလုပ်ငန်း တစ်ခု ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဘဏ်လည်း အရှုံးပေါ်ရင် ဒေဝါလီခံရနိုင်တာပဲ။ အဲ့သလို အခြေအနေတွေ ဖြစ်လာခဲ့ရင် မရှိမဲ့ ရှိမဲ့လေးတွေ ဘဏ်ပြေးအပ်ထားတဲ့ လူတွေအဖို့ ငွေပြန်ရဖို့ဆိုတာ ခဲယဥ်းသွားပါပြီ။ ဘဝတွေ ပျက်ကြပြီ။ အဲ့သလို အနေအထားမျိုးကို မဖြစ်အောင် ကိုရီးယားမှာ ငွေစုသူကာကွယ်ရေးဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီဥပဒေ အသက်ဝင်လှုပ်ရှားလာဖို့အတွက် “စုငွေအာမခံကော်ပိုရေးရှင်း”ဆိုတဲ့ အစိုးရပိုင်လုပ်ငန်းတစ်ခုကို ဖွဲ့စည်းခဲ့တယ်။

တိုတိုနဲ့ လိုရင်းပြောရရင် ဘဏ်တွေကနေ ပြန်ပြီး အစိုးရထံမှာ အာမခံထားတဲ့ သဘောပဲဖြစ်တယ်။  ဘဏ်တွေက ပြည်သူလူထုက အပ်တဲ့ ငွေပေါ် မူတည်ပြီး စုငွေအာမခံကော်ပိုရေးရှင်းမှာ အာမခံကြေး ပုံမှန်ပေးသွင်းသွားပြီး ဘဏ်က အရှုံးပေါ်ခဲ့သည်ရှိသော် ထို အာမခံဌာနမှနေပြီး ပြည်သူလူထုထံ စုငွေများ စိုက်ပေးရမယ်ဆိုတဲ့ စနစ်ဖြစ်တယ်။

ဘဏ်တွေ ဒေဝါလီခံခဲ့သော် ကိုယ်စုထားတဲ့ စုငွေလေးကို အစိုးရ စုငွေအာမခံဌာနကနေ ပြန်လည် ရရှိမှာ ဖြစ်တဲ့အတွက် စိတ်သောကရောက်စရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ ကိုယ်စုထားသလောက် အကုန်ပြန်ရတာ မဟုတ်ဘဲ ဥပဒေမှာ ပြဌာန်းထားတာကတော့ ဘဏ်တစ်ခု၊ လူတစ်ယောက်ကို သိန်း ၅၀၀အထိပဲ ပြန်ပေးမှာ ဖြစ်တယ်။ ကိုယ့်မှာ သိန်း ၁ထောင်ရှိနေတယ်ဆိုရင်တော့ ဘဏ် ၂ခုမှာ ခွဲသွင်းထားပေါ့။ ဒါဆို ဘဏ်တွေ ဒေဝါလီခံခဲ့သည်ရှိသော် ကိုယ့်ပိုက်ဆံ အရှိကို အရှိအတိုင်း ပြန်ရမှာ ဖြစ်တယ်။

 

 

ayeayeaung

:
Posted by 해맑은순이