국가란 무엇인가? နိုင်ငံတော်ဆိုတာ ဘာလဲ။ 카테고리 없음2020. 7. 10. 12:28
2020.07.05. 국가란 무엇인가?
နိုင်ငံတော်ဆိုတာ ဘာလဲ။
နိုင်ငံတော်ဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ပြည်သူတွေရဲ့ အားထားရာပဲ ဖြစ်တယ်။
ကိုရီးယားမှာတော့ ပြည်သူတွေ အသက်အန္တရယ် ကြုံနိုင်တဲ့ အနေအထားဆိုရင် ပြတ်ပြတ်သားသား တားမြစ်သင့်တာကို တားမြစ်၊ ဥပဒေနဲ့ ကိုင်တွယ်သင့်တာကို ကိုင်တွယ်ကြတယ်။
ဥပမာ မိုးတွေ အရမ်းရွာရင် ဆိုးလ်မြို့လယ်ခေါင်မှာ ရှိနေတဲ့ ချောင်းဂယ်ချောင်းလေးမှာ ရေကြီးတဲ့အတွက် ဘယ်သူမှ ချောင်းဘေး လမ်းဆင်းမလျှောက်အောင် ပိတ်ထားတယ်။ ဟန်မြစ်ကြီးကိုလည်း ထိုနည်းတူစွာပဲ။ ရေတက်မယ်ဆိုရင် မြစ်ကမ်းဘေး လူအဝင်မခံဘဲ ပိတ်ထားတယ်။
နောက်ပြီး တောင်ကျရေ ကြီးရင် တောင်တက်သူတွေအတွက် အန္တရာယ်များတဲ့အတွက် ရာသီဥတုကို ကြည့်ပြီး တောင် အတက်မခံတဲ့ အခါမျိုးလည်း ကြုံရတယ်။
ကားအရှိန် မတရား တင်မောင်းမှာ စိုးလို့ ရပ်ကွက်ထဲက လမ်းမတွေမှာ slow ဂုံးတွေ အများကြီး ထားရှိတယ်။
စသဖြင့်ပေါ့နော်။
လူအများကို တစ်ဦးချင်း လိုက်ထိန်းဖို့ဆိုတာ မလွယ်ကူတဲ့အတွက်ကြောင့် ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေဆိုတာ လိုအပ်တာပါ။
တရားမျှတပြီး ထိရောက် အကျိုးရှိတဲ့ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ရေးဆွဲနိုင်ခြင်းဟာလည်း နိုင်ငံတော်က လုပ်ရမယ့် အလုပ်လို့ ထင်ပါတယ်။
အမှတ်မထင် တွေ့လိုက်ရတဲ့ ဗွီဒီယိုဖိုင် တစ်ခုကြောင့် စိတ်ထဲ ပေါ်လာတာလေးကို ရေးမိတာပါ။
ကျွန်မတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ နိုင်ငံတော်ကြီးဆီသို့~