배움은 나눌수록 커지잖아요. 지식2020. 7. 9. 20:20
2020.07.09. ရုပ်ရှင်တွေ ဒရမ်မာတွေထဲမှာလေ မင်းသား မင်းသမီး တစ်ယောက်ယောက်က အတိတ်မေ့တတ်တဲ့ ရောဂါရလို့ရှိရင် စာနဲ့ ချရေးပြီး သူ မေ့သွားမှာ စိုးတဲ့ ကိစ္စတွေ၊ လူတွေရဲ့ နာမည်တွေကို မှတ်ထားတဲ့ ကားတွေ ကြည့်ရတယ်။ ဥပမာ A Moment to Remember(내 머리 속의 지우개), Salut d'Amour(장수상회) ကားလိုမျိုးပေါ့။
အခု ကျွန်မ ပြောချင်တာ လူတိုင်းက အသက်တွေက ကြီးလာတာလေ။ မေ့တတ်လာကြတယ်။ ကိုယ် လေ့လာခဲ့တဲ့ အရာတွေ၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ကာလတွေကို သေချာ မှတ်ထားနိုင်လောက်အောင် memory မကောင်းကြတော့ဘူး။ ကျွန်မ အကြံပေးချင်တာကတော့ အထူးသဖြင့် ပညာ တစ်ခုခုကို လေ့လာဖြစ်တဲ့အခါမှာ မှတ်တမ်း တင်ထားပါလို့။ ကျွန်မ ဒီနှစ်ပိုင်းထဲမှာ ယူကျု စသုံးဖြစ်တာ အရမ်းကို အားရတယ်။ အကျိုးလည်း ရှိတယ်။ ကိုယ် လေ့လာထားတာလေးတွေကို ကိုယ် နားလည်သလို ပြန်ရှင်းရင်း ဗွီဒီယို မှတ်တမ်း လုပ်ထားတဲ့ သဘောပေါ့။ ကွန်ပျူတာထဲ သိမ်းထားရင် မဆံ့မှာ စိုးလို့ ယူကျုမှာ တင်တယ်။ နောက် မေ့သလောက်ရှိရင် ပြန်ရှာ ကြည့်လို့ ရအောင်လေ။ အဲ့ဒီမှာ ကိုယ့်လို ပညာလိုလားတဲ့ သူတွေပါ ကြည့်ရအောင် publish ဖွင့်ပေးလိုက်တယ်။ “ပညာလို အိုသည်မရှိ” ဆိုတဲ့ စကားကို အခုတော့ ပြောင်းပြောရမလို ဖြစ်နေပြီ။ “ပညာလို အင်တာနက်ကြည့်” လို့လေ။ ပညာဆိုတာ ယနေ့ခေတ်မှာတော့ မျှဝေလေလေ တိုးပွားလေပါ။ ယနေ့ခေတ်က ပညာလျှိုတဲ့ခေတ် မဟုတ်တော့ဘူး။ ပညာကို sharing လုပ်တဲ့ ခေတ်ကို ရောက်နေပါပြီ။ နိုးထကြပါတော့လို့ ပြောချင်ပါတယ်။
ကိုယ့်အနေနဲ့ သူများကို ချပြရမှာ ရှက်တယ်ဆိုလည်း အရင်ဆုံး ယူကျုမှာ private နဲ့ တင်ထားပါ။ ကိုယ် လိုတဲ့အချိန် search barမှာ ပြန်ရှာ ကြည့်နိုင်ပါတယ်။ ခေတ်နဲ့အညီ စက်ပစ္စည်း၊ နည်းပညာကို အသုံးချနိုင်အောင် ကြိုးစားပါ။ ကျွန်မကတော့ ကျွန်မ သိသလောက်ပဲ အများ သိသွားရင် ဒါဟာ ကျွန်မအတွက်တော့ အောင်မြင်မှုပါပဲ။
ကျွန်မထက် တော်တဲ့တတ်တဲ့ သူတွေ အများကြီးပါ။ ကိုယ်တတ်ထားတာကို သံချေးတက် မခံပါနဲ့ ပြန်လည် မျှဝေခြင်းဖြင့် ကိုယ့်ကိုယ်ကို ပေါ်လစ်တိုက်ပါ။ ဥပမာ ကင်မရာကိုင်နည်း ကျွမ်းတဲ့ သူက ကင်မရာ ကိုင်နည်း ရှင်းပြထားတာလေးတွေ၊ မုန့်ဖုတ်သင်တန်း တက်ထားတဲ့ သူက မုန့်ဖုတ်တာလေးတွေ၊ ကုန်ကုန် ပြောရရင် application တစ်ခု ကောင်းကောင်း သုံးတတ်ရင်တောင် သုံးနည်းကို ရိုက်ပြီး တင်ပါ။ ဆိုလိုတာ သူများ ရှင်းပြ လုပ်ပြတာကို ဗွီဒီယို ရိုက်ပြီး တင်ခိုင်းတာ ဟုတ်ဘူးနော်။ ကိုယ်ကိုယ်တိုင် ပြန်လေ့ကျင့်၊ ပြန်ရှင်းပြထားတာကို ရိုက်ပြီး တင်ပါ။ အနည်းဆုံးတော့ confidence ရှိလာပါလိမ့်မယ်။ ထို့အပြင် တခြား အကျိုးတွေလည်း အများကြီးကို ခံစားရမယ်ဆိုတာ ရဲရဲကြီး ပြောနိုင်ပါတယ်။
'지식' 카테고리의 다른 글
미얀마의 코로나 현황 (0) | 2020.08.17 |
---|---|
미얀마 코로나-19 현재까지 누적확진자 331명 (0) | 2020.07.13 |
미얀마 옥광산 산사태 (0) | 2020.07.05 |
한강 다리 갯수 31개? (ဟန်မြစ် တံတားများ) (0) | 2020.06.05 |
နောက် 5နှစ်မှာ “Drone taxi” ပြေးဆွဲမည်။ ရောဝီဒိုကနေ အင်ချွန်းလေဆိပ်ကို မိနစ် 20အတွင်း သွားနိုင်မည်။ (0) | 2020.06.05 |