달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'국회의사당'에 해당되는 글 2

  1. 2020.06.23 국회의사당, 여의도한강공원에 나들이 갔다왔음.
  2. 2019.04.09 2019 여의도 벚꽃축제

https://youtu.be/sJw3RpCXUac

ဆိုးလ်မြို့က ရောဝီဒိုဆိုတာ

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အသံလွှင့်ဌာနတွေနဲ့ လွှတ်တော်အဆောက်အဦ၊ နောက်ပြီး ဟန်မြစ်ပန်းခြံ၊ 63 building လည်း ရှိနေ၊ အပျော်စီး သင်္ဘောလည်း စီးလို့ရတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းလေးကတော့ သာမန်ပြည်သူတွေအနေနဲ့ ဝင်ရောက်ဖို့ ခဲယဥ်းမယ်လို့ ထင်ရတဲ့ လွှတ်တော်ထဲ ဝင်ထွက်သွားလာလို့ ရတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

လွှတ်တော်ဝင်းထဲကို ဘယ်လိုမျိုး ဝင်လို့ ရလဲ။

လွှတ်တော်ဝင်းထဲကို မည်သူမဆို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြုထားပါတယ်။ လိုအပ်ရင် သူတို့ မှတ်ပုံတင် ပြခိုင်းပါတယ်။ လွှတ်တော်ထဲမှာ လွှတ်တော် စာကြည့်တိုက်လည်း ရှိပါတယ်။ မန်ဘာကဒ်လုပ်ထားရင် မည်သူမဆို စာကြည့်တိုက်ကို အသုံးပြုနိုင်ပါတယ်။

တခြား စာကြည့်တိုက်တွေမှာ ရှာဖတ်လို့ မရတဲ့ အချက်အလက်တွေနဲ့ စာအုပ်ပေါင်းစုံအပြင် တစ်နိုင်ငံလုံးရဲ့ တက္ကသိုလ်တွေက ထွက်သမျှ စာတမ်းများကို ဒီ စာကြည့်တိုက်မှာ အကုန်လုံး ရှာတွေ့နိုင်ပါတယ်။ ကျွန်မတို့ ရေးထားတဲ့ စာတမ်းတွေကိုလည်း ဒီမှာ ရှာကြည့်လို့ ရပါတယ်။ ဒါကတော့ ကြော်ငြာဝင်တာ။

ကဲ ဆက်ရအောင်နော်

ဒီအတိုင်း ဟန်မြစ်ကိုပဲ အလည်သွားတာထက်စာရင် နည်းနည်းလေး ခြေဆန့်ပြီး လွှတ်တော်ထဲပါ သွားပြီး ဓာတ်ပုံ ရိုက်လာသင့်ပါတယ်။ လွှတ်တော်အနောက်လမ်းက နှစ်စဥ် ချယ်ရီပန်းပွဲတော် ကျင်းပလေ့ ရှိတဲ့ နေရာ ဖြစ်တဲ့အတွက် ချယ်ရီပန်းချိန် သွားလည်တဲ့အခါ ဝင်လာရင် ၁ချက်ခုတ် ၃ချက်ပြတ်ပေါ့။

ကျွန်မက‌တော့ ဟန်မြစ်သွားဖို့ စိတ်ကူးရှိရင် အရင်ဆုံး လွှတ်တော်ဝင်းထဲက ဖြတ်ပြီး လမ်းလျှောက်သွားရတာကို ကြိုက်ပါတယ်။ လွှတ်တော်ရှေ့က ရဲချောချောလေးတွေလည်း ကြည့်လို့ရတယ်လေ။ နောက်တာပါ။

ဘယ်လို သွားရသလဲ။

National Assembly Station(လိုင်းနံပါတ် 9) ထွက်ပေါက် 6က ထွက်ပြီး နောက်ပြန် လျှောက်လာရင် လွှတ်တော်ကို တွေ့ပါလိမ့်မယ်။ ခပ်တည်တည်ပဲ ဂိတ်ကနေ ဝင်သွားလိုက်ပါတယ်။

အကယ်၍ မေးလို့ရှိရင် ဓာတ်ပုံရိုက်ချင်လို့လို့ ပြောလိုက်ရင် ရပါတယ်။

အဲ့ဒီကနေ ကျွန်မ ဗွီဒီယိုထဲကအတိုင်း လမ်းလျှောက်သွားရင် ချယ်ရီပင်တွေ တန်းစီရှိနေတဲ့ လမ်း၊ ဟန်မြစ်တံတားနဲ့ ရောဝီဒိုဟန်မြစ်ပန်းခြံကို ရောက်ပါတယ်။

အပြန်ကျရင်တော့ ရောဝီဒိုဟန်မြစ်ပန်းခြံရှေ့ Yeouinaru station(လိုင်းနံပါတ် 5) ကနေ စီးပြီး ပြန်တာ ပိုပြီး ကောင်းပါတယ်။ ဘတ်စ်ကားနဲ့ ပြန်ချင်တဲ့ သူတွေကတော့ မြေအောက်ရထားဘူတာရှေ့မှာပဲ မှတ်တိုင် ရှိပါတယ်။

မှတ်ချက် ဓာတ်ပုံများကတော့ 2019ခုနှစ် ချယ်ရီပန်းပွဲတော်တုန်းက ပုံတွေပါ။

ဗွီဒီယို လင့်ကတော့ မနေ့၊ တနေ့ကမှ ရိုက်လာတဲ့ ဗွီဒီယိုများကို တည်းဖြတ်ထားတာပါ။

 

အချိန်ရရင် သွားလည်ပါလို့ တိုက်တွန်းရင်း

 

:
Posted by 해맑은순이
2019. 4. 9. 21:59

2019 여의도 벚꽃축제 카테고리 없음2019. 4. 9. 21:59

국회 안에서
국회 운동장
축제 시작점
눈으로 보는 것이 더 예뻤어~
ㅋㅋ

:
Posted by 해맑은순이