달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

ဂန္ဓာမာပန်း အဖြူရောင် အပွင့်ကြီးမျိုုး နှင့် လက်ပိုက်ခြင်းအပေါ်် ကိုရီးယားနှင့် မြန်မာကြားက အယူအဆများ 


   

        မြန်မာလူမျိုးများဟာ ဂန္ဓာမာပန်း အဖြူရောင် အပွင့်ကြီးမျိုးကို ကြိုက်ကြတယ်။ ဘုရားပန်း တင်ကြတယ်။ တချို့ ခေါင်းမှာ ပန်ဆင်ကြတယ်။ မင်္ဂလာဆောင် အလှပန်းအိုးတွေမှာ ထိုးပြီး အလှဆင်ကြတယ်။  မင်္ဂလာပန်းလို့ ခေါ်ရင်တောင်မှ အသုဘပန်းလို့တော့ ဘယ်သူမှ မခေါ်ကြပါဘူး။ ကိုရီးယားမှာတော့ ဂန္ဓာမာပန်း အဖြူရောင် အပွင့်ကြီးမျိုးကို အသုဘ အခမ်းအနားတွေမှာပဲ ထိုးလေ့ ရှိပါတယ်။ တစ်ချိန် ကိုယ်အလုပ်လုပ်ခဲ့စဥ်က ကိုရီးယား ဆရာရဲ့ စားပွဲ ပန်းအိုးမှာ လတ်လတ်ဆတ်ဆတ် ဂန္ဓာမာပန်း အဖြူရောင်ပွင့်ကြီးတွေကို သွားသွားထိုးပေးဖူးတာလေး အမှတ်ရမိပါတယ်။ ဆရာက ဂန္ဓာမာပန်း ထိုးပေးတဲ့ နေ့ဆို မျက်နှာသိပ်မကောင်းသလို ခံစားရပေမဲ့ အဲ့လို အယူအဆ ရှိမှန်း မသိတော့ ထိုးမြဲထိုးနေတာပဲ။ တစ်နေ့ကျတော့ ဆရာ့အသိ ကိုရီးယားအဖိုးကြီးက အေးအေးရေ  ဂန္ဓာမာပန်းက ကိုရီးယားမှာ ဘယ်လိုပန်းမျိုးလဲဆိုတာ သိလားတဲ့။ မသိဘူးလေပေါ့။ ကိုယ်မှ မသိတာကိုး။ အဲ့တော့မှ အသုဘ အခမ်းအနားတွေမှာ အလှဆင်တဲ့ ပန်းဆိုတော့မှ ကိုယ့်မှာ ဆရာ့ကို အားတွေ နာတာ မ‌ပြောပါနဲ့တော့။ ဒီလောက် ကိုရီးယားကားတွေ ကြည့်နေတာကို သတိမထားမိဘူးလေ။  

         နောက်တစ်ခု မြန်မာပြည်က ကျောင်းသူ၊ကျောင်းသားလေးတွေ ဆရာ၊ ဆရာမကို နှုတ်ဆက်တဲ့အခါ၊ စာပြန်တဲ့အခါ၊ လူကြီးတွေ ရှေ့ ဖြတ်သွား ဖြတ်လာလုပ်တဲ့အခါ ၊ အဆူခံတဲ့ အခါမှာ လက်ပိုက် ခေါင်းငုံ့တဲ့ အနေအထား နေတာဟာ လူကြီးသူမကို လေးစားတယ်ဆိုပြီး အဓိပ္ပါယ်ကောက်လို့ ရပါတယ်။ ကိုရီးယားမှာတော့ လက်ပိုက်ခြင်းဟာ အင်မတန်မှ မောက်မာတယ်လို့ မြင်ကြပါတယ်။ တစ်ခါ အလုပ်ထဲမှာ ကလေးမ ၂ယောက်ကို ကိုရီးယား ဆရာက ဆူတယ်တဲ့။ ကလေးတွေကလည်း ကြောက်လို့ လက်ပိုက်ရက်သား ခေါင်းမဖော်ဘဲ ငြိမ်ပြီး နားထောင်နေတယ်။ ကိုရီးယား ဆရာကလည်း ‌ဒေါသက တစ်စတစ်စ ပိုပိုထွက်ပြီး အသားကုန် အော်တယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက် အထင်တွေလွဲပြီး ဆရာကလည်း ကလေးတွေက သိပ်မောက်မာတာပဲ။ ကလေးတွေကလည်း ဆရာက ငါတို့ကို အသားကုန် ဆူတာပဲဆိုပြီး အချင်းချင်း စိတ်တွေဆိုး၊ စိတ်တွေကောက်ကြတာပေါ့။ အဲ့ဒီ ကိစ္စကို ကိုယ်လည်း မသိလိုက်ဘူး။ နောက်နေ့ကျတော့မှ ကိုရီးယား ဆရာက အေးအေး နင့် ဂျူနီယာတွေက ငါဆူနေတာကို လက်ပိုက် ခေါင်းငုံ့ ဆူပုတ်ပြီး နားထောင်သလို နားမထောင်သလို လုပ်နေတယ်တဲ့။ ကိုယ်လည်း အဲ့တော့မှ မဟုတ်ဘူး ဆရာ။ ကလေးတွေက ဆရာ့ကို မ‌လေးမစား လုပ်တာ မဟုတ်ဘူးလို့။ လက်ပိုက် ခေါင်းငုံ့ နားထောင်တာ ဆရာ့စကားကို အလေးထား နားထောင်နေတာပါလို့။ မြန်မာပြည်မှာ ငယ်ငယ်လေးကတည်းက အဲ့ဒီလို လေ့ကျင့်သင်ကြားပေးထားတာပါလို့။ ဒါ မြန်မာ့ ယဥ်ကျေးမှု အရ လူကြီးသူမကို လေးလေးစားစား ဆက်ဆံတဲ့ ကိုယ်ဟန်အနေအထားပါလို့ ရှင်းပြတော့မှ စိတ်အစိုင်အခဲက ကြေသွားတော့တယ်။ ဒီနေရာမှာ ဘယ်သူ တစ်ဦးတစ်ယောက်မှ မမှားပါဘူး။ ယဥ်ကျေးမှု မတူတာလေးပဲ ကွဲသွားတာပါ။

   နိုင်ငံအလိုက်၊ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် စိတ်ခံယူချက်၊ ယဥ်ကျေးမှုတွေဟာ အနည်းငယ်စီ ကွဲလွဲကြပါတယ်။ ဒါကို နားလည်ထားမယ်ဆိုရင် ကမ္ဘာကြီးဟာ အေးချမ်းသွားမှာပါ။


Zawgyi Font

ဂႏၶာမာပန္း အျဖဴေရာင္ အပြင့္ႀကီးမ်ိဳုး ႏွင့္ လက္ပိုက္ျခင္းအေပၚ္ ကိုရီးယားႏွင့္ ျမန္မာၾကားက အယူအဆမ်ား

      

      ျမန္မာလူမ်ိဳးမ်ားဟာ ဂႏၶာမာပန္း အျဖဴေရာင္ အပြင့္ႀကီးမ်ိဳးကို ႀကိဳက္ၾကတယ္။ ဘုရားပန္း တင္ၾကတယ္။ တခ်ိဳ႕ ေခါင္းမွာ ပန္ဆင္ၾကတယ္။ မဂၤလာေဆာင္ အလွပန္းအိုးေတြမွာ ထိုးၿပီး အလွဆင္ၾကတယ္။  မဂၤလာပန္းလို႔ ေခၚရင္ေတာင္မွ အသုဘပန္းလို႔ေတာ့ ဘယ္သူမွ မေခၚၾကပါဘူး။ ကိုရီးယားမွာေတာ့ ဂႏၶာမာပန္း အျဖဴေရာင္ အပြင့္ႀကီးမ်ိဳးကို အသုဘ အခမ္းအနားေတြမွာပဲ ထိုးေလ့ ရွိပါတယ္။ တစ္ခ်ိန္ ကိုယ္အလုပ္လုပ္ခဲ့စဥ္က ကိုရီးယား ဆရာရဲ႕ စားပြဲ ပန္းအိုးမွာ လတ္လတ္ဆတ္ဆတ္ ဂႏၶာမာပန္း အျဖဴေရာင္ပြင့္ႀကီးေတြကို သြားသြားထိုးေပးဖူးတာေလး အမွတ္ရမိပါတယ္။ ဆရာက ဂႏၶာမာပန္း ထိုးေပးတဲ့ ေန႔ဆို မ်က္ႏွာသိပ္မေကာင္းသလို ခံစားရေပမဲ့ အဲ့လို အယူအဆ ရွိမွန္း မသိေတာ့ ထိုးၿမဲထိုးေနတာပဲ။ တစ္ေန႔က်ေတာ့ ဆရာ့အသိ ကိုရီးယားအဖိုးႀကီးက ေအးေအးေရ  ဂႏၶာမာပန္းက ကိုရီးယားမွာ ဘယ္လိုပန္းမ်ိဳးလဲဆိုတာ သိလားတဲ့။ မသိဘူးေလေပါ့။ ကိုယ္မွ မသိတာကိုး။ အဲ့ေတာ့မွ အသုဘ အခမ္းအနားေတြမွာ အလွဆင္တဲ့ ပန္းဆိုေတာ့မွ ကိုယ့္မွာ ဆရာ့ကို အားေတြ နာတာ မ‌ေျပာပါနဲ႔ေတာ့။ ဒီေလာက္ ကိုရီးယားကားေတြ ၾကည့္ေနတာကို သတိမထားမိဘူးေလ။  

 ေ   နာက္တစ္ခု ျမန္မာျပည္က ေက်ာင္းသူ၊ေက်ာင္းသားေလးေတြ ဆရာ၊ ဆရာမကို ႏႈတ္ဆက္တဲ့အခါ၊ စာျပန္တဲ့အခါ၊ လူႀကီးေတြ ေရွ႕ ျဖတ္သြား ျဖတ္လာလုပ္တဲ့အခါ ၊ အဆူခံတဲ့ အခါမွာ လက္ပိုက္ ေခါင္းငုံ႔တဲ့ အေနအထား ေနတာဟာ လူႀကီးသူမကို ေလးစားတယ္ဆိုၿပီး အဓိပၸါယ္ေကာက္လို႔ ရပါတယ္။ ကိုရီးယားမွာေတာ့ လက္ပိုက္ျခင္းဟာ အင္မတန္မွ ေမာက္မာတယ္လို႔ ျမင္ၾကပါတယ္။ တစ္ခါ အလုပ္ထဲမွာ ကေလးမ ၂ေယာက္ကို ကိုရီးယား ဆရာကို ဆူတယ္တဲ့။ ကေလးေတြကလည္း ေၾကာက္လို႔ လက္ပိုက္ရက္သား ေခါင္းမေဖာ္ဘဲ ၿငိမ္ၿပီး နားေထာင္ေနတယ္။ ကိုရီးယား ဆရာကလည္း ‌ေဒါသက တစ္စတစ္စ ပိုပိုထြက္ၿပီး အသားကုန္ ေအာ္တယ္။ ေနာက္ဆုံး ႏွစ္ဦးႏွစ္ဖက္ ကေလးေတြက သိပ္ေမာက္မာတာပဲ။ ကေလးေတြကလည္း ဆရာက ငါတို႔ကို အသားကုန္ ဆူတာပဲဆိုၿပီး အခ်င္းခ်င္း စိတ္ေတြဆိုး၊ စိတ္ေတြေကာက္ၾကတာေပါ့။ အဲ့ဒီ ကိစၥကို ကိုယ္လည္း မသိလိုက္ဘူး။ ေနာက္ေန႔က်ေတာ့မွ ကိုရီးယား ဆရာက ေအးေအး နင္ ဂ်ဴနီယာေတြက ငါဆူေနတာကို လက္ပိုက္ ေခါင္းငုံ႔ ဆူပုတ္ၿပီး နားေထာင္သလို နားမေထာင္သလို လုပ္ေနတယ္တဲ့။ ကိုယ္လည္း အဲ့ေတာ့မွ မဟုတ္ဘူး ဆရာ။ ကေလးေတြက ဆရာ့ကို မ‌ေလးမစား လုပ္တာ မဟုတ္ဘူးလို႔။ လက္ပိုက္ ေခါင္းငုံ႔ နားေထာင္တာ ဆရာ့စကားကို အေလးထား နားေထာင္ေနတာပါလို႔။ ျမန္မာျပည္မွာ ငယ္ငယ္ေလးကတည္းက အဲ့ဒီလို ေလ့က်င့္သင္ၾကားေပးထားတာပါလို႔။ ဒါ ျမန္မာ့ ယဥ္ေက်းမႈ အရ လူႀကီးသူမကို ေလးေလးစားစား ဆက္ဆံတဲ့ ကိုယ္ဟန္အေနအထားပါလို႔ ရွင္းျပေတာ့မွ စိတ္အစိုင္အခဲက ေၾကသြားေတာ့တယ္။ ဒီေနရာမွာ ဘယ္သူ တစ္ဦးတစ္ေယာက္မွ မမွားပါဘူး။ ယဥ္ေက်းမႈ မတူတာေလးပဲ ကြဲသြားတာပါ။ 

    ႏိုင္ငံအလိုက္၊ မိသားစုအလိုက္၊ တစ္ဦးခ်င္းအလိုက္ စိတ္ခံယူခ်က္၊ ယဥ္ေက်းမႈေတြဟာ အနည္းငယ္စီ ကြဲလြဲၾကပါတယ္။ ဒါကို နားလည္ထားမယ္ဆိုရင္ ကမာၻႀကီးဟာ ေအးခ်မ္းသြားမွာပါ။ 



mm.aaa.kr




:
Posted by 해맑은순이