서울대공원 장미원 나들이 나들이(အလည်အပတ်)2020. 6. 8. 22:51
2020.06.06. 서울대공원 장미원에 나들이 나왔다.
2020.06.06. ဆိုးလ် Grand park နှင်းဆီပန်း ဥယျာဥ်မှာ ရိုက်ထားတဲ့ လူပုံလေးတွေ တင်ချင်လို့။ ဟီးဟီး။
ဟိုနေ့က တင်ထားတာ ဖုန်းနဲ့ ရိုက်ထားတဲ့ ဟာတွေ၊ အခု ကင်မရာနဲ့ ပုံလေးတွေ တင်မို့ပါ။
ဆိုးလ် Grand park ကြီးက အကျယ်ကြီးရယ်၊ နှင်းဆီပန်းဥယျာဥ်ပဲ သွားချင်တဲ့ သူများကတော့ မြေအောက်ရထား ဘူတာက ထွက်ပြီး ဆိုးလ် Grand park ဖက် လမ်းလျှောက်လာရင် အဆောက်အဦကြီး တွေ့လိမ့်မယ်။
လမ်းက 2ဖက် ဖြစ်တဲ့အတွက် လမ်းညွှန် မကြည့်တတ်ရင် Seoul Land ဖက် ရောက်သွားလိမ့်မယ်။ ဘယ်ဘက်က သွားသွား နှင်းဆီပန်း ဥယျာဥ် ရောက်တာချင်း တူပေမဲ့ အေးအေး ညွှန်းချင်တာကတော့ skylift စီးတဲ့ဖက် ဖြစ်တဲ့ ညာဘက် တန်းတန်းကို လျှောက်လာစေချင်ပါတယ်။
အဲ့ဒီမှာ skylift စီးချင်တဲ့ သူတွေအနေနဲ့ စီးပြီး သွားရင် နှင်းဆီးပန်း ဥယျာဥ်ပေါ်က ဖြတ်သွားပြီး၊ တစ်ခါတည်း တိရစ္ဆာန်ဥယျာဥ် အဝကို ရောက်တယ်။ တိရိစ္ဆာန်ဥယျာဥ်နဲ့ နှင်းဆီပန်း ဥယျာဥ်က မျက်နှာချင်းဆိုင်ဆိုတော့ လမ်းကူးပြီး လက်မှတ်ဝယ်ပြီး ဝင်ရုံပဲ။ လမ်းလျှောက်သွားချင်လည်း နီးနီးလေးရယ်။
လမ်းညွှန် ထပ်ပြောပါမယ်။
မြေအောက်ရထား လိုင်းနံပါတ် 4၊ Grand Park station ထွက်ပေါက် 2က ထွက်ပြီး လမ်းလျှောက်လာရင် ရောက်ပါတယ်။
'나들이(အလည်အပတ်)' 카테고리의 다른 글
서울 낙산공원 나들이 (0) | 2020.07.05 |
---|---|
국회의사당, 여의도한강공원에 나들이 갔다왔음. (0) | 2020.06.23 |
ဟန်မြစ် အပျော်စီး သင်္ဘော စီးချင်သူများအတွက် (0) | 2020.05.19 |
ဆွန်းချောင်းမန်း ဒီရေရောက်တော(စိမ့်မြေတော) (0) | 2020.05.06 |
ဆွန်းချောင်းမန်း အမျိုးသားဥယျာဥ်သို့ (0) | 2020.05.05 |