달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

2020.05.03. ဆွန်းချောင်းမန်းအမျိုးသားဥယျာဥ်ကနေ 7ကီလိုမီတာလောက် ကွာဝေးတဲ့ ဆွန်းချောင်းမန်း ဒီရေတောကို အမျိုးသားဥယျာဥ်ထဲကနေ skycube စီးပြီး သွားလို့ ရပါတယ်။ 

 

ဒီ ဒီရေတောဟာဆိုရင် ဂိုဟွန်းကျွန်းဆွယ်နဲ့ ယောဆူကျွန်းဆွယ်က ပတ်ပတ်လည်ဝိုင်းထားတဲ့ တောင်ပင်လယ်(South Sea)ရဲ့ Bay ဖြစ်ပါတယ်။ ဒီရေတောမှာ ကြူပင်များ ပေါက်ရောက်နေပြီး၊ နွေဦးရာသီမှာဆို စိမ်းစိုနေပြီး ဆောင်ဦးရာသီရောက်ရင်တော့ အညိုရောင် ပြောင်းသွားပြီး လှပတဲ့ ကြူပွင့်များကို တွေ့ရမှာ ဖြစ်ပါတယ်။ 10လပိုင်းမှာ ကြူပင်ပွဲတော် ကျင်းပတဲ့အခါ လူများနှင့် စည်ကားလှပါတယ်။ 

 

ဝင်ကြေးကတော့ တစ်ဦး ဝမ် 8000ကျပြီး ဆွန်းချောင်းမန်းအမျိုးသားဥယျာဥ်ကို နေ့ချင်း အရင်သွားခဲ့ရင် အမျိုးသားဥယျာဥ် လက်မှတ်ကို ပြလိုက်ရင် ဝင်ကြေးထပ်ပေးစရာ မလိုပါ။ ထို့နည်းတူစွာ ဒီရေတောကို အရင်လာပြီးမှ ဆွန်းချောင်းမန်းအမျိုးသားဥယျာဥ်ကို သွားမယ်ဆိုလည်း ဝယ်ပြီးသား လက်မှတ်ကို ပြလိုက်ရုံပါပဲ။ skycube စီးလာရင်တော့ လက်မှတ်ဂိတ်ကို ဖြတ်စရာမလိုတော့ ပြစရာမလိုတော့ဘူးပေါ့။ 

တစ်ခုပဲ သတိထားရမှာက 2နေရာစလုံးကို တစ်နေ့တည်းမှာ သွားမှ လက်မှတ်က အကျုံးဝင်တာ ဖြစ်ပါတယ်။ 

 

ဆွန်းချောင်းမန်း ဒီရေတောမှာ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲ Love Temperature(2017)
အပင်လေးတွေက စထွက်ရုံ ရှိသေးတော့ နိမ့်သေးတယ်
စပါးပင်တွေ မဟုတ်ပါ။ ကြူပင်တွေပါ။
တံတားထိုးပေးထားတော့ အပင်တွေ မြင့်လာရင် ဓာတ်ပုံရိုက်လို့ အတော်လှပါတယ်။ 
မျှော်စင်မရောက်ခင် တစ်ထောက် နားတဲ့ နေရာမှ ရိုက်ထားတာပါ။
ဒီလို 5လပိုင်းအချိန်မှာ သွားတော့ ဂဏန်းတွေမှ အများကြီး တွေ့ခဲ့ရပါတယ်။ ကလေးတွေ အကြိုက်ပေါ့။
အဝင်ဖက်ကနေ ရိုက်ထားတာ
သဘာဝအလှ
ငှက်တွေလည်း ရှိတယ်။ ကိုယ်တွေက ဂဏန်း စိတ်ဝင်စားနေတာနဲ့ ငှက်ကို သတိမထားမိခဲ့ဘူး။
အမှတ်တရ ဓာတ်ပုံ
အမှတ်တရ ဓာတ်ပုံ
အမှတ်တရ ဓာတ်ပုံ(Photo Zone)
စိတ်အပန်း ပြေစေ
사진 출처: KNS일간경제(http://www.knstv.com/news/articleView.html?idxno=3095)

 

10လပိုင်း 11လပိုင်းဆိုရင် အခုလို စိမ်းနေတဲ့ ကြူပင်တွေက ဟက်ချလောင်းဆိုပြီး အညိုရောင်တွေ ပြောင်းကုန်ရော။ အဲ့ခါကျတော့ တစ်မျိုး အလှကို ခံစားရမှာ ဖြစ်ပါတယ်။ 

 

ဆွန်းချောင်းမန်း ဒီရေတော(ကြူပင်တော) google map

https://goo.gl/maps/9KHpAYktSS84aJ4e8

순천만습지

★★★★☆ · 생태 공원 · 도사동 순천만길 513-25

www.google.com

-------------------------------------------------------------------------------------------------------------------

အချိန်ရတဲ့ သူများကတော့ နာဂန်အွပ်ဆောင်းတိုင်းရင်းသားကျေးရွာကို ခြေဆန့်သင့်ပါတယ်။ ဒီရေတောကနေ သွားမယ်ဆိုရင် တက္ကစီနဲ့ 35မိနစ်ဆို ရောက်ပါတယ်။ ဝင်ကြေး လူကြီး ဝမ် 4000 ဖြစ်ပါတယ်။

 

နာဂန်အွပ်ဆောင်းတိုင်းရင်းသားကျေးရွာ

 

နာဂန်အွပ်ဆောင်းတိုင်းရင်းသားကျေးရွာ google map 

https://goo.gl/maps/mRezcoMokwj535Bj9

낙안읍성 민속마을

★★★★☆ · 박물관 · 낙안면 동내리 401

www.google.com

----------------------------------------------------------------------------------------------------------------------

နောက် ဆွန်း‌ချောင်းမှာ သွားသင့်တဲ့ နေရာကတော့ ရုပ်ရှင် setting place ပဲ ဖြစ်ပါတယ်။ 1950ခုနှစ်ပိုင်းကနေ 1980ခုနှစ်ပိုင်းလောက်ထိ ကိုရီးယားနိုင်ငံရဲ့ အနေအထားကို ရုပ်ရှင် ရိုက်ဖို့အတွက် setting လုပ် ဆောက်ထားတာ ဖြစ်ပါတယ်။ နာဂန်အွပ်ဆောင်းတိုင်းရင်းသားကျေးရွာကနေ ရုပ်ရှင်ရိုက်ကွင်းကို ဆက်သွားမယ်ဆိုရင် တက္ကစီနဲ့ မိနစ် 40လောက် သွားရပါတယ်။ ဝင်ကြေး လူကြီး ဝမ် 3000 ဖြစ်ပါတယ်။

 

 

2016ခုနှစ်တုန်းက သွားခဲ့တုန်းက
ဝတ်စုံ ငှားဝတ်လို့ ရတယ်။ 2016ခုနှစ်တုန်းကတော့ ဝမ် 1000 ပေးခဲ့ရတယ်။ ခုတော့ စျေးတက်နေမှာပေါ့။
ကိုရီးယား ဆင်းရဲခဲ့စဥ်ကာလ မြင်ကွင်းပေ့ါ

 

ရုပ်ရှင် ရိုက်ကွင်း google map ပါ။

https://goo.gl/maps/4wd2MoLk1RTd9GVt7

Google Maps

Find local businesses, view maps and get driving directions in Google Maps.

www.google.com

 

:
Posted by 해맑은순이