한강 다리 갯수 31개? (ဟန်မြစ် တံတားများ) 지식2020. 6. 5. 09:08
2020.06.04. ကိုရီးယားအကြောင်း သိကောင်းစရာ(ဟန်မြစ် တံတားများ)
ဟန်မြစ်သည် 494km(307မိုင်) ရှည်လျားပြီး ကိုရီးယားကျွန်းဆွယ်မှာ စတုတ္ထမြောက်အရှည်ဆုံး မြစ်ဖြစ်ပါတယ်။
ဟန်မြစ်ရဲ့ ကမ်း 2ဖက်မှာ ပန်းခြံများ ပြုလုပ်ထားပြီး ထို ပန်းခြံများထဲတွင် စက်ဘီးစီးခြင်း၊ ရွက်ဖျင်တဲထိုးပြီး ပျော်ပွဲစားထွက်ခြင်း၊ အားကစားလုပ်ခြင်းများဖြင့် အများပြည်သူများ စိတ်အပမ်း ဖြေနိုင်အောင် နေရာများ ဖန်တီးပေးထါးပါတယ်။
ဟန်မြစ်ထဲမှာ အပျော်စီး သင်္ဘော၊ ရွက်လှေ၊ banana boat တို့ ဘာတို့လည်း စီးနိုင်ပါတယ်။
အရင်တုန်းက မြို့ထဲ ရွာထဲက အညစ်အကြေးမှန်သမျှ စီးဝင်ခဲ့တဲ့အတွက် ဟန်မြစ်ကြီးဟာ ညစ်ပတ်နံဆော်ခဲ့ပေမဲ့၊
ယခုအခါမှာတော့ သုံးရေ၊ စွန့်ပစ်ရေ လိုင်းတွေကို ခွဲပြီး စီမံထားတဲ့ ရေနှတ်မြောင်းစနစ်ကောင်းကြောင့် ဟန်မြစ်ကြီး ပြန်လည်ပြီး သန့်ရှင်းလာကာ အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဟန်းမြစ် viewကို မြင်ရတဲ့ တိုက်ခန်းတွေ အိမ်ရာတွေဟာ စျေးအရမ်းကြီးပြီး၊ တကယ့် သူဌေးများသာ နေထိုင်ကြတာ ဖြစ်ပါတယ်။
ဒီနေ့ ပြောချင်တာကတော့ ဟန်မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတား အစင်းများနှင့် သူတို့၏ အလှများကို ဗွီဒီယိုရိုက်ထားတာလေး ပြချင်တာပါ။
ဟန်မြစ်ကို အကြိမ်ကြိမ် ဖြတ်ခဲ့၊ သွားလည်ခဲ့ပေမဲ့ သူ့ကို ဖြတ်ပြီး ထိုးထားတဲ့ တံတား အစင်းရေကိုတော့ စိတ်ဝင်တစား မရှိကြပါဘူး။
ဟန်မြစ်မှာ အခု လက်ရှိ ဖြတ်ဆောက်ထားတဲ့ တံတား 31စင်းရှိပြီး၊ ကားလမ်း 27လမ်း၊ ရထားလမ်း 4လမ်း ဖြစ်ပါတယ်။ ဒါတောင် ကားလမ်းက သိပ်ပြီး ချောင်တာ မဟုတ်ပါဘူး။
ဆောက်လက်စ တံတားတွေလည်း ရှိပါသေးတယ်။
ကျွန်မ ဟန်မြစ်ဘေးလမ်းက ဖြတ်သွားရင်း ဗွီဒီယိုလေး ရိုက်လာပါတယ်။ ကျွန်မ ဖြတ်ခဲ့တဲ့ လမ်းတစ်လျှောက်မှာ တွေ့ခဲရတဲ့ တံတားအစင်းရေက 15စင်းလောက်တော့ ရှိပါတယ်။ မီးရောင်နဲ့ အလှမဆင်ထားတဲ့ တံတားတွေကိုတော့ သိပ်မမြင်ရလို့ နာမည် မထည့်ထားပါဘူး။ ကြည့်ရှုအားပေးပါဦးနော်။
subscribe လုပ်ပေးကြပါဦးနော်။
'지식' 카테고리의 다른 글
배움은 나눌수록 커지잖아요. (0) | 2020.07.09 |
---|---|
미얀마 옥광산 산사태 (0) | 2020.07.05 |
နောက် 5နှစ်မှာ “Drone taxi” ပြေးဆွဲမည်။ ရောဝီဒိုကနေ အင်ချွန်းလေဆိပ်ကို မိနစ် 20အတွင်း သွားနိုင်မည်။ (0) | 2020.06.05 |
미얀마 코로나-19 확진자 끊임없이 늘어 총 233명에 돌파 (0) | 2020.06.04 |
미얀마 코로나-19 총 확진자 224명 돌파 (0) | 2020.06.01 |