လူတိုင္းကို အေၾကာင္းလည္း မသိဘဲနဲ႔ အသားလြတ္ အထင္လည္း မႀကီးနဲ႔ အထင္လည္း မေသးနဲ႔။ လူတိုင်း.. 카테고리 없음2019. 5. 1. 13:29
Zawgyi
တခ်ိဳ႕လူေတြက သူ ဘယ္လို ေအာင္ျမင္ေနေၾကာင္း၊ သူ ဘယ္လို အႀကီးႀကီးေတြ လုပ္ေနေၾကာင္းကို ေက်နပ္အားရစြာ ထုတ္ေဖာ္ေျပာတတ္တဲ့ လူမ်ိဳး ရွိသလို ထိုသို႔ ထုတ္ေဖာ္ မေျပာတတ္ဘဲ ကိုယ့္ဖာသာ ကိုယ္ ေအးေအးပဲ ေနတတ္တဲ့ လူမ်ိဳးလည္း ရွိတယ္။
ထုတ္ေဖာ္ေျပာတတ္တဲ့ လူကိုက်ေတာ့ တခ်ိဳ႕က်ေတာ့ အားေတြက်၊ တခ်ိဳ႕က်ေတာ့ အႂကြားသန္လိုက္တာဟယ္ ဆိုၿပီး အမ်ိဳးမ်ိဳး ေဝဖန္ၾကပါလိမ့္မယ္။
ဒါေပမဲ့ ယေန႔ေခတ္မွာေတာ့ ကိုယ့္ရဲ႕ လုပ္ကြက္ကို ထုတ္ေဖာ္ျပမွသာ လူေတြက အထင္ႀကီးၾကတဲ့ ေခတ္ဆိုေတာ့ အစစ္နဲ႔အတုကို ခြဲဖို႔ရာ အလြန္အင္မတန္မွ ခက္ခဲလွပါတယ္။ စကားလုံး အႀကီးႀကီးနဲ႔ ခ်ဲ႕ကားၿပီး ေျပာတတ္မွသာလွ်င္ လူေတြက အဟုတ္ထင္ၾကတာကိုး။
အစစ္နဲ႔ အတုကို ခြဲႏိုင္ဖို႔ကိုေတာ့ သူတို႔ရဲ႕ ပုံမွန္အခ်ိန္မွာ လုပ္တတ္တဲ့ အက်င့္၊ အေျပာအဆိုေတြကို သိရမွသာ ခြဲျခားလို႔ ရမွာ ျဖစ္တယ္။ အေပၚယံေၾကာ ျမင္ေနရတဲ့ အေပၚမွာ မယိမ္းယိုင္ဖို႔ကို ဆိုလိုတာ ျဖစ္ပါတယ္။ ဥပမာ အႏုပညာရွင္မ်ားကို ၾကည့္မယ္ဆိုရင္ အမ်ားသူငွာ အားက်ရတဲ့ အဆင့္ တစ္ခုမွာ သူတို႔ ရပ္တည္ေနတယ္။ ဒါေပမဲ့ ကိုယ့္ကိုယ္ကို သတ္ေသတဲ့သူက သတ္ေသ၊ ဘိန္းမႈနဲ႔ ေထာင္နန္းစံတဲ့ သူနဲ႔၊ မုဒိန္းမႈနဲ႔ ေထာင္ထဲေရာက္တဲ့ သူနဲ႔၊ အေႂကြးမဆပ္လို႔ အမႈ ရင္ဆိုင္ေနရတဲ့ သူနဲ႔၊ ဂ်ဴနီယာ အေပၚမွာ ႏိုင္ထက္စီးနင္း ေျပာဆိုတာေတြ အင္တာနက္ေပၚ ေရာက္ၿပီး အဆဲခံရတဲ့ သူနဲ႔၊ အိမ္ေထာင္ေရး ေဖာက္ျပန္တဲ့ သူနဲ႔ စသျဖင့္ေပါ့။ အေပါယံေၾကာ ၾကည့္မယ္ဆိုရင္ သူတို႔ဟာ အရမ္းလွ၊ အရမ္းေခ်ာၿပီး သူတို႔လိုမ်ိဳး ျဖစ္ခ်င္တယ္ဆိုၿပီး အားက်ၾကပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ အတြင္းေရးကို ဂဃနဏ သိသြားတဲ့အခါမွာေတာ့ ႐ြံသြားတတ္ၾကပါတယ္။ ထိုနည္းတူစြာပဲ ဘယ္သူ႔ကို မဆို အေပၚယံေၾကာ၊ အေျပာေလးခ်ိဳေနတာကို ၾကည့္ၿပီး ဟုတ္လွၿပီထင္ၿပီး အထင္ေတြ စြတ္မႀကီးၾကဖို႔ ေျပာခ်င္တာပါ။ မ်က္ေတာင္ေမြး တစ္ဆုံးပဲ မၾကည့္ဘဲ မ်က္စိ တစ္ဆုံး ၾကည့္တတ္ၾကပါေစ။ လူတိုင္း အေျမာ္အျမင္ႀကီးတတ္ၾကပါေစ။
Unicode
တချို့လူတွေက သူ ဘယ်လို အောင်မြင်နေကြောင်း၊ သူ ဘယ်လို အကြီးကြီးတွေ လုပ်နေကြောင်းကို ကျေနပ်အားရစွာ ထုတ်ဖော်ပြောတတ်တဲ့ လူမျိုး ရှိသလို ထိုသို့ ထုတ်ဖော် မပြောတတ်ဘဲ ကိုယ့်ဖာသာ ကိုယ် အေးအေးပဲ နေတတ်တဲ့ လူမျိုးလည်း ရှိတယ်။
ထုတ်ဖော်ပြောတတ်တဲ့ လူကိုကျတော့ တချို့ကျတော့ အားတွေကျ၊ တချို့ကျတော့ အကြွားသန်လိုက်တာဟယ် ဆိုပြီး အမျိုးမျိုး ဝေဖန်ကြပါလိမ့်မယ်။
ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ကိုယ့်ရဲ့ လုပ်ကွက်ကို ထုတ်ဖော်ပြမှသာ လူတွေက အထင်ကြီးကြတဲ့ ခေတ်ဆိုတော့ အစစ်နဲ့အတုကို ခွဲဖို့ရာ အလွန်အင်မတန်မှ ခက်ခဲလှပါတယ်။ စကားလုံး အကြီးကြီးနဲ့ ချဲ့ကားပြီး ပြောတတ်မှသာလျှင် လူတွေက အဟုတ်ထင်ကြတာကိုး။
အစစ်နဲ့ အတုကို ခွဲနိုင်ဖို့ကိုတော့ သူတို့ရဲ့ ပုံမှန်အချိန်မှာ လုပ်တတ်တဲ့ အကျင့်၊ အပြောအဆိုတွေကို သိရမှသာ ခွဲခြားလို့ ရမှာ ဖြစ်တယ်။ အပေါ်ယံကြော မြင်နေရတဲ့ အပေါ်မှာ မယိမ်းယိုင်ဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ အနုပညာရှင်များကို ကြည့်မယ်ဆိုရင် အများသူငှာ အားကျရတဲ့ အဆင့် တစ်ခုမှာ သူတို့ ရပ်တည်နေတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူက သတ်သေ၊ ဘိန်းမှုနဲ့ ထောင်နန်းစံတဲ့ သူနဲ့၊ မုဒိန်းမှုနဲ့ ထောင်ထဲရောက်တဲ့ သူနဲ့၊ အကြွေးမဆပ်လို့ အမှု ရင်ဆိုင်နေရတဲ့ သူနဲ့၊ ဂျူနီယာ အပေါ်မှာ နိုင်ထက်စီးနင်း ပြောဆိုတာတွေ အင်တာနက်ပေါ် ရောက်ပြီး အဆဲခံရတဲ့ သူနဲ့၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ သူနဲ့ စသဖြင့်ပေါ့။ အပေါယံကြော ကြည့်မယ်ဆိုရင် သူတို့ဟာ အရမ်းလှ၊ အရမ်းချောပြီး သူတို့လိုမျိုး ဖြစ်ချင်တယ်ဆိုပြီး အားကျကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အတွင်းရေးကို ဂဃနဏ သိသွားတဲ့အခါမှာတော့ ရွံသွားတတ်ကြပါတယ်။ ထိုနည်းတူစွာပဲ ဘယ်သူ့ကို မဆို အပေါ်ယံကြော၊ အပြောလေးချိုနေတာကို ကြည့်ပြီး ဟုတ်လှပြီထင်ပြီး အထင်တွေ စွတ်မကြီးကြဖို့ ပြောချင်တာပါ။ မျက်တောင်မွေး တစ်ဆုံးပဲ မကြည့်ဘဲ မျက်စိ တစ်ဆုံး ကြည့်တတ်ကြပါစေ။ လူတိုင်း အမြော်အမြင်ကြီးတတ်ကြပါစေ။
mm.aaa.kr