ကိုရီးယားနိုင်ငံ ကုမ္ပဏီ ၂ခုမှ ထုတ်လုပ်သော ကိုရိုနာ-19 Test Kitsများ ယမန်နေ့(14ရက်နေ့)တွင် အမေရိကန်.. 지식2020. 4. 14. 09:08
2020.04.14. ကိုရီးယားနိုင်ငံ ကုမ္ပဏီ ၂ခုမှ ထုတ်လုပ်သော ကိုရိုနာ-19 Test Kitsများ ယမန်နေ့(14ရက်နေ့)တွင် အမေရိကန်သို့ တင်ပို့မည် ဖြစ်ကြောင်း သိရပါသည်။
MOFA မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ “အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDAရဲ့ ခွင့်ပြုချက် ရယူကာ ပစ္စည်းတင်ပို့ရန် စာချုပ်ချုပ်ခဲ့ပြီး ကုမ္ပဏီ 3ခုထဲမှ 2ခုကနေ ပစ္စည်းများ ယမန်နေ့ ညနေ အမေရိကန်သို့ ထွက်ခွာမှာဖြစ်ပါတယ်။”
Test Kitsများကို အမေရိကန်ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ (FEMA) ကုန်တင်လေယာဥ်ဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အမေရိကန် မေရီလန်းပြည်နယ်သို့ တင်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကုန်ပစ္စည်းအရေအတွက်ကိုတော့ နှစ်ဖက် သဘောတူညီမှုအရ အတိအလင်း ကြေငြာထားခြင်း မရှိပေမဲ့၊ ရိုက်တာသတင်းဌာနကတော့ “ကိုရီးယားမှ အမေရိကန်သို့ တင်ပို့ပေးမယ့် Test Kits အရေအတွက် 6သိန်း” ဆိုပြီး ကြေငြာသွားပါတယ်။
ကျန်ရှိနေသေးတဲ့ ကုမ္ပဏီ တစ်ခုမှ Test Kitsများကိုတော့ အမေရိကန် ကုန်ပစ္စည်းဖြန့်ဖြူးရေး ကုမ္ပဏီ တစ်ခုမှ တစ်ဆင့် တင်သွင်းရန် ရှိကြောင်းကို ရိုက်တာသတင်းဌာနမှ “ပုဂ္ဂလိကပိုင် ကုမ္ပဏီမှ တစ်ဆင့် Test Kits အခုရေ 1သိန်းခွဲ ဝင်ရောက်ရန် ရှိကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။
အရင် လတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်မှ ကိုရီးယားနိုင်ငံထုတ် Test Kitsများ ထောက်ပံ့ပေးရန် တောင်းဆိုပြီးနောက်မှာ ကိုရီးယားနိုင်ငံ Test Kits ကုမ္ပဏီ 3ခုမှ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)၏ ခွင့်ပြုချက်ကို ရယူကာ ကုန်ပစ္စည်း တင်ပို့ရန် ဖြစ်လာခဲ့ပြီး၊ ၎င်း ကုမ္ပဏီများမှာ လတ်တလော အမေရိကန်ဘက်နှင့် export စာချုပ် အပြီးသတ်ချုပ်ဆိုပြီးနောက်မှာ ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် ပြင်ဆင်မှုများ လုပ်လာခဲ့ကြောင်း သိရပါတယ်။
[ကိုးကား: KBS News]
[ဓာတ်ပုံ: Yonhap News]
'지식' 카테고리의 다른 글
미얀마 코로나-19 추가 확진자 11명 발생, 총 확진자 수 85명 돌파 (0) | 2020.04.16 |
---|---|
미얀마 코로나-19 추가 확진자 하루만에 12명 발생 (0) | 2020.04.15 |
미얀마 코로나-19 확진자 62명 돌파 (0) | 2020.04.13 |
미얀마 코로나-19 확진자 연달아 발생 (0) | 2020.04.12 |
기부의 나라 미얀마 (0) | 2020.04.09 |