Gangwon-do ခရီးစဥ္ 나들이(အလည်အပတ်)2019. 1. 29. 14:21
2019.01.27~2019.01.28 တစ္ညအိပ္ ၂ရက္ခရီး
Zawgyi
ဆိုးလ္ကေန ဂန္းႏြန္း KTX က ၄ေယာက္ကို ၅ေသာင္းနဲ႔ ေစ်းခ်ေပးေနပါေသာ္လည္း ကိုယ္ေတြမွာ လူက ၂ေယာက္ပဲ ရွိေတာ့ တစ္ေယာက္ကို ဝမ္ ၂၂၁၀၀ ေပးၿပီး စီးခဲ့ရေလ၏။ ေနာက္ခါက် သြားျဖစ္ရင္ အတူသြားႏိုင္မယ့္ သူငယ္ခ်င္း ၄ေယာက္ျပည့္ေအာင္ စုၿပီး ထပ္သြားဦးမယ္။
Unicode
ဆိုးလ်ကနေ ဂန်းနွန်း KTX က ၄ယောက်ကို ၅သောင်းနဲ့ စျေးချပေးနေပါသော်လည်း ကိုယ်တွေမှာ လူက ၂ယောက်ပဲ ရှိတော့ တစ်ယောက်ကို ဝမ် ၂၂၁၀၀ ပေးပြီး စီးခဲ့ရလေ၏။ နောက်ခါကျ သွားဖြစ်ရင် အတူသွားနိုင်မယ့် သူငယ်ချင်း ၄ယောက်ပြည့်အောင် စုပြီး ထပ်သွားဦးမယ်။
Zawgyi
ကိုယ္ေတြက ဆိုးလ္ကေန ၉နာရီ ၂၂မိနစ္ ထြက္တဲ့ ရထားဆိုေတာ့ အိမ္ကေန မနက္စာကို နည္းနည္း စားလာေပမဲ့လည္း ဘာစားစရာမွ မရွိဘဲ ရထားႀကီး ငုတ္တုတ္ ထိုင္စီးရမွာ ပ်င္းတာနဲ႔ ဒိုးနက္ေလးနဲ႔ ေကာ္ဖီေလး စားရင္းေသာက္ရင္း ရထားႀကီး ေပ်ာ္ေပ်ာ္စီးၿပီး စထြက္လာခဲ့တယ္။
Unicode
ကိုယ်တွေက ဆိုးလ်ကနေ ၉နာရီ ၂၂မိနစ် ထွက်တဲ့ ရထားဆိုတော့ အိမ်ကနေ မနက်စာကို နည်းနည်း စားလာပေမဲ့လည်း ဘာစားစရာမှ မရှိဘဲ ရထားကြီး ငုတ်တုတ် ထိုင်စီးရမှာ ပျင်းတာနဲ့ ဒိုးနက်လေးနဲ့ ကော်ဖီလေး စားရင်းသောက်ရင်း ရထားကြီး ပျော်ပျော်စီးပြီး စထွက်လာခဲ့တယ်။
Zawgyi
ရထားေပၚမွာ ခုံအလြတ္ေတြ နည္းနည္း ရွိေတာ့ ကိုယ္ေတြ အိတ္ေတြကို ေဘးက ခုံအလြတ္အေပၚမွာ တင္ထားလို႔ ရေတာ့ ေပ်ာက္မွာ ရွမွာလည္း မပူရေတာ့ဘူးေလ။
Unicode
ရထားပေါ်မှာ ခုံအလွတ်တွေ နည်းနည်း ရှိတော့ ကိုယ်တွေ အိတ်တွေကို ဘေးက ခုံအလွတ်အပေါ်မှာ တင်ထားလို့ ရတော့ ပျောက်မှာ ရှမှာလည်း မပူရတော့ဘူးလေ။
Zawgyi
ရထားေပၚမွာ အသံက်ယ္က်ယ္နဲ႔ စကားေတြ ေျပာေနတဲ့ လူငယ္အဖြဲ႕ေၾကာင့္ မေအးခ်မ္းတာေတာ့ အမွန္ပဲ။ ပိုဆိုးတာ ကိုယ္ေတြ အေနာက္ခုံက ကေလး ႏွစ္ေယာက္က အၿငိမ္မေနဘဲ ကိုယ္ေတြခုံကို ေျခေထာက္နဲ႔ ကန္ေနတာ ေတာ္ေတာ္ စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္။ ဆိုးလ္ကေန ဂန္းႏြန္းအထိ တစ္နာရီခြဲေလာက္ ၾကာေအာင္ စီးရတာဆိုေတာ့ ၁၁နာရီ မိနစ္ ၂၀ေလာက္မွာ ဂန္းႏြန္းကို ေရာက္တယ္။
Unicode
ရထားပေါ်မှာ အသံကျယ်ကျယ်နဲ့ စကားတွေ ပြောနေတဲ့ လူငယ်အဖွဲ့ကြောင့် မအေးချမ်းတာတော့ အမှန်ပဲ။ ပိုဆိုးတာ ကိုယ်တွေ အနောက်ခုံက ကလေး နှစ်ယောက်က အငြိမ်မနေဘဲ ကိုယ်တွေခုံကို ခြေထောက်နဲ့ ကန်နေတာ တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဆိုးလ်ကနေ ဂန်းနွန်းအထိ တစ်နာရီခွဲလောက် ကြာအောင် စီးရတာဆိုတော့ ၁၁နာရီ မိနစ် ၂၀လောက်မှာ ဂန်းနွန်းကို ရောက်တယ်။
Zawgyi
ဘူတာကို ေရာက္ၿပီး အငွားကား ရွိတဲ့ ေနရာကို လမ္းေလွ်ာက္သြားၿပီး ကားယူၿပီးေတာ့ နီးစပ္ရာ ကိုရီးယားစာဆိုင္ ဝင္ၿပီး ေန႔လည္စာကို ေျဖရွင္းခဲ့တယ္။ မီႏူးကိုေတာ့ ေက်ာက္အိုးထမင္း မွာစားေပမဲ့ သူနဲ႔အတူ ပါလာတဲ့ ဟင္းေတြက စုံေတာ့ ဗိုက္ကားေအာင္ စားခဲ့ရတယ္။ ထမင္းေလးကလည္း အိၿပီး အေတာ္ေလး စားေကာင္းလွတယ္။
Unicode
ဘူတာကို ရောက်ပြီး အငှားကား ရှိတဲ့ နေရာကို လမ်းလျှောက်သွားပြီး ကားယူပြီးတော့ နီးစပ်ရာ ကိုရီးယားစာဆိုင် ဝင်ပြီး နေ့လည်စာကို ဖြေရှင်းခဲ့တယ်။ မီနူးကိုတော့ ကျောက်အိုးထမင်း မှာစားပေမဲ့ သူနဲ့အတူ ပါလာတဲ့ ဟင်းတွေက စုံတော့ ဗိုက်ကားအောင် စားခဲ့ရတယ်။ ထမင်းလေးကလည်း အိပြီး အတော်လေး စားကောင်းလှတယ်။
Zawgyi
ကိုယ္ေတြရဲ႕ ဂန္းေဝါင္းဒို ပထမဆုံး ခရီးစဥ္ကေတာ့ Samyang Farm ခရီးစဥ္ ျဖစ္ပါတယ္။ ဂန္းႏြန္းဘူတာကေန မိနစ္ ၅၀ေလာက္ အကြာမွာ ရွိၿပီး ဝင္ေၾကးကေတာ့ ထင္ထားတာထက္ ေဈးႀကီးေနလို႔ နည္းနည္း ေတြေဝသြားေသးတယ္။ မိနစ္ ၅၀ေတာင္ ေမာင္းလာခဲ့ၿပီးမွေတာ့ မတတ္ႏိုင္ဘူးဆိုၿပီး ဝင္ေၾကး တစ္ေယာက္ ဝမ္ ၉ေထာင္ေပးၿပီး ဝင္လာခဲ့လိုက္တယ္။ ေဆာင္းတြင္းႀကီးမို႔ ႏြားေတြ၊ သိုးေတြကို ကြင္းထဲမွာ မလႊတ္ထားေတာ့ ၾကည့္စရာ သိပ္မရွိတာေတာ့ အမွန္ပဲ။ ဒါေပမဲ့ အေရွ႕ပင္လယ္ဖက္ ရႈခင္းၾကည့္လို႔ ရတဲ့ ေနရာအထိ တက္လာၿပီးေနာက္မွာေတာ့ ေလျပင္းဒဏ္ကို အေတြ႕အႀကဳံအရ ခံလာခဲ့ရပါတယ္။ ေလက ျပင္းလြန္းလို႔ ရယ္ပဲ ရယ္မိတယ္။ ဓာတ္ပုံ ႐ိုက္ေတာ့လည္း ဆံပင္ေတြက ဖ႐ိုဖရဲနဲ႔။ သြားၿဖဲၿပီး ႐ိုက္ေတာ့လည္း သြားေတြ အေအးပတ္မွာ ဆိုးရေသး။ ဒါေပမဲ့လည္း လုံးဝ ၾကည့္စရာ မရွိတာေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အညိဳေရာင္ျမက္ေျခာက္ခင္းေတြနဲ႔၊ ေလအားလွ်ပ္စစ္ ပန္ကာႀကီးေတြရဲ႕ အလွကလည္း တမူထူးျခားလို႔ ေနေလရဲ႕။ ကိုရီးယားနဲ႔ မတူ တျခားႏိုင္ငံ ေရာက္သြားသလို ခံစားခဲ့ရတယ္။
Unicode
ကိုယ်တွေရဲ့ ဂန်းဝေါင်းဒို ပထမဆုံး ခရီးစဥ်ကတော့ Samyang Farm ခရီးစဥ် ဖြစ်ပါတယ်။ ဂန်းနွန်းဘူတာကနေ မိနစ် ၅၀လောက် အကွာမှာ ရှိပြီး ဝင်ကြေးကတော့ ထင်ထားတာထက် ဈေးကြီးနေလို့ နည်းနည်း တွေဝေသွားသေးတယ်။ မိနစ် ၅၀တောင် မောင်းလာခဲ့ပြီးမှတော့ မတတ်နိုင်ဘူးဆိုပြီး ဝင်ကြေး တစ်ယောက် ဝမ် ၉ထောင်ပေးပြီး ဝင်လာခဲ့လိုက်တယ်။ ဆောင်းတွင်းကြီးမို့ နွားတွေ၊ သိုးတွေကို ကွင်းထဲမှာ မလွှတ်ထားတော့ ကြည့်စရာ သိပ်မရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အရှေ့ပင်လယ်ဖက် ရှုခင်းကြည့်လို့ ရတဲ့ နေရာအထိ တက်လာပြီးနောက်မှာတော့ လေပြင်းဒဏ်ကို အတွေ့အကြုံရအောင် ခံလာခဲ့ရပါတယ်။ လေက ပြင်းလွန်းလို့ ရယ်ပဲ ရယ်မိတယ်။ ဓာတ်ပုံ ရိုက်တော့လည်း ဆံပင်တွေက ဖရိုဖရဲနဲ့။ သွားဖြဲပြီး ရိုက်တော့လည်း သွားတွေ အအေးပတ်မှာ ဆိုးရသေး။ ဒါပေမဲ့လည်း လုံးဝ ကြည့်စရာ မရှိတာတော့ မဟုတ်ဘူးပေါ့နော်။ အညိုရောင်မြက်ခြောက်ခင်းတွေနဲ့၊ လေအားလျှပ်စစ် ပန်ကာကြီးတွေရဲ့ အလှကလည်း တမူထူးခြားလို့ နေလေရဲ့။ ကိုရီးယားနဲ့ မတူ တခြားနိုင်ငံ ရောက်သွားသလို ခံစားခဲ့ရတယ်။
Zawgyi
ဂန္းႏြန္းဆိုတာနဲ႔ ေဂ်ာင္းဒုန္းဂ်င္းဟာ နာမည္ႀကီးေပါ့။ ခ္ခ္ သူက ကမာၻ႔ ပင္လယ္နဲ႔ အနီးဆုံး ဘူတာ႐ုံေလ။ Samyang Farm က အျပန္လမ္းမွာ ေဂ်ာင္းဒုန္းဂ်င္းကို ခဏဝင္လည္ခဲ့ေသးတယ္။ သူက ညေန ၆နာရီထိပဲ ဖြင့္တာတဲ့။ ကိုယ္ေတြက ၅နာရီ မိနစ္ ၄၀ေလာက္ ေရာက္သြားေတာ့ အခ်ိန္ နည္းနည္း ရေသးေတာ့ ဝင္ေၾကး တစ္ေယာက္ ဝမ္ ၁၀၀၀ စီ ေပးၿပီး သူ႔ရဲ႕ ဆြဲေဆာင္မႈကို ခံစားၾကည့္ခဲ့တယ္။ ပင္လယ္ျပာျပာႀကီးနဲ႔၊ ထင္းရႈးပင္နဲ႔၊ ခ်စ္စရာ ေက်ာက္႐ုပ္ကေလးေတြနဲ႔ လွေနေတာ့ ဓာတ္ပုံ မ႐ိုက္ဘဲ မေနႏိုင္ဘူးေလ။ ႐ိုက္ခဲ့တာေပါ့။
Unicode
ဂန်းနွန်းဆိုတာနဲ့ ဂျောင်းဒုန်းဂျင်းဟာ နာမည်ကြီးပေါ့။ ခ်ခ် သူက ကမ္ဘာ့ ပင်လယ်နဲ့ အနီးဆုံး ဘူတာရုံလေ။
Samyang Farm က အပြန်လမ်းမှာ ဂျောင်းဒုန်းဂျင်းကို ခဏဝင်လည်ခဲ့သေးတယ်။ သူက ညနေ ၆နာရီထိပဲ ဖွင့်တာတဲ့။ ကိုယ်တွေက ၅နာရီ မိနစ် ၄၀လောက် ရောက်သွားတော့ အချိန် နည်းနည်း ရသေးတော့ ဝင်ကြေး တစ်ယောက် ဝမ် ၁၀၀၀ စီ ပေးပြီး သူ့ရဲ့ ဆွဲဆောင်မှုကို ခံစားကြည့်ခဲ့တယ်။ ပင်လယ်ပြာပြာကြီးနဲ့၊ ထင်းရှုးပင်နဲ့၊ ချစ်စရာ ကျောက်ရုပ်ကလေးတွေနဲ့ လှနေတော့ ဓာတ်ပုံ မရိုက်ဘဲ မနေနိုင်ဘူးလေ။ ရိုက်ခဲ့တာပေါ့။
Zawgyi
ေဂ်ာင္းဒုန္းဂ်င္း သဲနာရီပန္းၿခံေရွ႕မွာ ညပင္လယ္ရဲ႕ အလွကို ရႈစားၿပီး သဘာဝရဲ႕ အလွတရားအေပၚကို ေက်းဇူးတင္ေနမိေလတယ္။
Unicode
ဂျောင်းဒုန်းဂျင်း သဲနာရီပန်းခြံရှေ့မှာ ညပင်လယ်ရဲ့ အလှကို ရှုစားပြီး သဘာဝရဲ့ အလှတရားအပေါ်ကို ကျေးဇူးတင်နေမိလေတယ်။
Zawgyi
ေဂ်ာင္းဒုန္းဂ်င္း သေဘၤာပုံစံ ဟိုတယ္ Sun Cruise Resort မွာေတာ့ မတည္းႏိုင္ေပမဲ့ သူ႔ ေရွ႕နားေလးထိ သြားၿပီး ဓာတ္ပုံ႐ိုက္ၿပီး ျပန္လာခဲ့တယ္။ ထူးလည္း ထူးဆန္းတယ္၊ လွလည္း လွတယ္။
Unicode
ဂျောင်းဒုန်းဂျင်း သင်္ဘောပုံစံ ဟိုတယ် Sun Cruise Resort မှာတော့ မတည်းနိုင်ပေမဲ့ သူ့ ရှေ့နားလေးထိ သွားပြီး ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့တယ်။ ထူးလည်း ထူးဆန်းတယ်၊ လှလည်း လှတယ်။
Zawgyi
တည္းဖို႔ ေနရာကေတာ့ လယ္ကြင္းျပင္ထဲမွာ ေဆာက္ထားတဲ့ spa pension ေလးကို ေ႐ြးထားတယ္။ တစ္ညအိပ္ကို ဝမ္ ၆ေသာင္းေလာက္ ရွိၿပီး၊ အေတာ္အသင့္ အဆင္ေျပပါတယ္။ ညဘက္မွ တည္းခိုဖို႔ ေနရာကို သြားတာဆိုေတာ့ ရွာရတာ အေတာ္ေလး စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ လယ္ကြင္းျပင္ထဲမွာမို႔လား မသိ navigation က ၫႊန္တဲ့အတိုင္း လူသူ အေရာက္အေပါက္နည္းတဲ့ ျဖတ္လမ္းေတြကေန သြားရ၊ မီးေရာင္လည္း မရွိ ဘာမရွိနဲ႔ ကားမီးေလးနဲ႔ပဲ သြားရင္းနဲ႔ ေဆး႐ုံ တစ္ခုေရွ႕ေရာက္ၿပီး သူၫႊန္တဲ့အတိုင္း လိုက္သြားတာ ေမွာင္မည္းေနတဲ့ အေဆာက္အဦ တစ္ခုေဘးကို ေရာက္သြားၿပီး လမ္းက ဆက္သြားလို႔ မရေတာ့ ကားျပန္လွည့္တဲ့အခါ ေၾကာက္လိုက္တာမွ ေျပာမေနပါနဲ႔။ ၾကက္သီးေတြေတာင္ ထတယ္။ စိတၱဇဆန္ဆန္ ကားေတြ အၾကည့္မ်ားလို႔လား မသိ ေတြးေတြးၿပီး ေၾကာက္တာ။ ေတာ္ေသးတယ္ ေနာက္ဆုံးေတာ့ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ တည္းခိုစရာ စံအိမ္ေလးသို႔ ေရာက္သြားလို႔ ေတာ္ေသး။ တျခား အခန္းေတြမွာလည္း လူေတြ ရွိလို႔ ေနသာထိုင္သာ ရွိသြားေတာ့တယ္။ ညေနစာကိုေတာ့ ဝယ္လာတဲ့ ၾကက္ေၾကာ္ေလးနဲ႔ ႏွစ္ပါးသြားလိုက္တယ္။ မအိပ္ခင္ေလးမွာ ေရခ်ိဳးဇလုံထဲမွာ ေရေႏြေႏြေလးနဲ႔ စိမ္ၿပီး ေခြၽးထုတ္ၿပီးေနာက္မွာေတာ့ ေနာက္ေန႔ ခရီးစဥ္အတြက္ အင္အားျဖည့္ရန္ ေစာေစာအိပ္ရာ ဝင္ရေလျပန္ေရာ။
Unicode
တည်းဖို့ နေရာကတော့ လယ်ကွင်းပြင်ထဲမှာ ဆောက်ထားတဲ့ spa pension လေးကို ရွေးထားတယ်။ တစ်ညအိပ်ကို ဝမ် ၆သောင်းလောက် ရှိပြီး၊ အတော်အသင့် အဆင်ပြေပါတယ်။ ညဘက်မှ တည်းခိုဖို့ နေရာကို သွားတာဆိုတော့ ရှာရတာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ လယ်ကွင်းပြင်ထဲမှာမို့လား မသိ navigation က ညွှန်တဲ့အတိုင်း လူသူ အရောက်အပေါက်နည်းတဲ့ ဖြတ်လမ်းတွေကနေ သွားရ၊ မီးရောင်လည်း မရှိ ဘာမရှိနဲ့ ကားမီးလေးနဲ့ပဲ သွားရင်းနဲ့ ဆေးရုံ တစ်ခုရှေ့ရောက်ပြီး သူညွှန်တဲ့အတိုင်း လိုက်သွားတာ မှောင်မည်းနေတဲ့ အဆောက်အဦ တစ်ခုဘေးကို ရောက်သွားပြီး လမ်းက ဆက်သွားလို့ မရတော့ ကားပြန်လှည့်တဲ့အခါ ကြောက်လိုက်တာမှ ပြောမနေပါနဲ့။ ကြက်သီးတွေတောင် ထတယ်။ စိတ္တဇဆန်ဆန် ကားတွေ အကြည့်များလို့လား မသိ တွေးတွေးပြီး ကြောက်တာ။ တော်သေးတယ် နောက်ဆုံးတော့ ဆိုက်ဆိုက်မြိုက်မြိုက် တည်းခိုစရာ စံအိမ်လေးသို့ ရောက်သွားလို့ တော်သေး။ တခြား အခန်းတွေမှာလည်း လူတွေ ရှိလို့ နေသာထိုင်သာ ရှိသွားတော့တယ်။ ညနေစာကိုတော့ ဝယ်လာတဲ့ ကြက်ကြော်လေးနဲ့ နှစ်ပါးသွားလိုက်တယ်။ မအိပ်ခင်လေးမှာ ရေချိုးဇလုံထဲမှာ ရေနွေနွေလေးနဲ့ စိမ်ပြီး ချွေးထုတ်ပြီးနောက်မှာတော့ နောက်နေ့ ခရီးစဥ်အတွက် အင်အားဖြည့်ရန် စောစောအိပ်ရာ ဝင်ရလေပြန်ရော။
Zawgyi
တည္းခိုေဆာင္ကေန မနက္ ခ်က္ေအာက္လုပ္ၿပီး ဂန္းႏြန္းကေန ၁နာရီ ခြဲေလာက္ ခရီးဆက္ရတဲ့ Birch forest ဆီသို႔ ဦးတည္ၿပီး ထြက္လာခဲ့တယ္။ သြားတဲ့ လမ္းတစ္ေလွ်ာက္ ဝင္ခ်င္တဲ့ ေနရာရွိရင္ ဝင္မယ္ဆိုတဲ့ စိတ္နဲ႔ ထြက္လာခဲ့ေတာ့ လမ္းမွာ ဆာေခ်ာင္းဂ်င္း ကမ္းေျခကို ခဏ ဝင္ခဲ့ေသးတယ္။ ေဆာင္းတြင္းႀကီးမို႔ ေအးေပမဲ့ လွပတဲ့ ပင္လယ္ျပင္ႀကီးက ရႈမဝေလာက္ေအာင္ လွေနေတာ့ ေအးတာလည္း မသိေတာ့ သဘာဝကေပးတဲ့ အလွကို တဝႀကီး စီးေမ်ာ ခံစားရင္း၊ စိတ္ထဲ၊ မ်က္လုံးထဲ၊ ဓာတ္ပုံထဲ ထည့္ၿပီး သိမ္းယူလာခဲ့တယ္။
Unicode
တည်းခိုဆောင်ကနေ မနက် ချက်အောက်လုပ်ပြီး ဂန်းနွန်းကနေ ၁နာရီ ခွဲလောက် ခရီးဆက်ရတဲ့ Birch forest ဆီသို့ ဦးတည်ပြီး ထွက်လာခဲ့တယ်။ သွားတဲ့ လမ်းတစ်လျှောက် ဝင်ချင်တဲ့ နေရာရှိရင် ဝင်မယ်ဆိုတဲ့ စိတ်နဲ့ ထွက်လာခဲ့တော့ လမ်းမှာ ဆာချောင်းဂျင်း ကမ်းခြေကို ခဏ ဝင်ခဲ့သေးတယ်။ ဆောင်းတွင်းကြီးမို့ အေးပေမဲ့ လှပတဲ့ ပင်လယ်ပြင်ကြီးက ရှုမဝလောက်အောင် လှနေတော့ အေးတာလည်း မသိတော့ သဘာဝကပေးတဲ့ အလှကို တဝကြီး စီးမျော ခံစားရင်း၊ စိတ်ထဲ၊ မျက်လုံးထဲ၊ ဓာတ်ပုံထဲ ထည့်ပြီး သိမ်းယူလာခဲ့တယ်။
Zawgyi
ဆက္လက္ၿပီး ခရီးဆက္ခဲ့တယ္။ ေလတိုက္တာ ျပင္းခ်က္က ကားႀကီးပါ လြင့္သြားမလာ ေအာက္ေမ့ရတယ္။ အဲသလိုမ်ိဳး အေဝးေျပးလမ္းမႀကီးကို ျဖတ္၊ ၅ကီလိုမီတာေလာက္ ရွည္လ်ားတဲ့ လိုဏ္ေခါင္းႀကီးကိို ျဖတ္ေက်ာ္၊ လမ္းေဘး တစ္ဖက္တစ္ခ်က္မွာ ေရခဲေနတဲ့ ျမစ္ေတြကို ရႈစားရင္း ကိုယ္ေတြရဲ႕ ပန္းတိုင္ျဖစ္တဲ့ Birch forest ဆီကီု ေရာက္ပါၿပီ။ သူက ေတာင္ေပၚမွာ တည္ရွိေနတဲ့အတြက္ ေတာင္တက္ၿပီးမွ ေရာက္မယ့္ ေနရာ ျဖစ္တယ္။ ေဆာင္းတြင္းဆိုေတာ့ ေနက ေစာေစာဝင္တဲ့အတြက္ ေန႔လည္ ၂နာရီအထိပဲ ဝင္ခြင့္ေပးထားတဲ့အတြက္ ေရာက္ေမာႀကီး မျဖစ္ရေလေအာင္ အခ်ိန္ကို ေသခ်ာစြာ ႀကိဳတင္ာ စုံစမ္းၿပီးမွ လာပါရန္ သတိေပးခ်င္ပါတယ္။ ကိုယ္ေတြကေတာ့ ၁၂ ေက်ာ္ေက်ာ္ေလာက္မွာ ေရာက္ေတာ့ ေအးေဆးပဲေလ။ ေတာင္ စတက္ေတာ့ လမ္းက ၾကမ္းတာ မဟုတ္ဘဲနဲ႔ လမ္းေလွ်ာႀကီးဆိုေတာ့ တက္ကတာ အေတာ္ေလး ပင္ပန္းတယ္။ ၃ကီလိုမီတာေလာက္ တက္မွ ေရာက္မွာ ျဖစ္တဲ့အတြက္ နားလိုက္ တက္လိုက္နဲ႔ တက္လာခဲ့ရတယ္။ ေတာင္တက္ေတာ့ ေသြးကပူလာ၊ အိုက္လာေတာ့ အေပၚ အက်ႌခြၽတ္ၿပီး တက္မယ္ ႀကံေတာ့ ေလက အရမ္းေအးေတာ့ ခ်မ္းျပန္ေရာ၊ အဲ့ဒီေတာ့ မတတ္ႏိုင္ဘူးေလ။ အိုက္အိုက္နဲ႔ပဲ တက္လာခဲ့ရတယ္။ Birch forest လည္း ေရာက္ေရာ ပင္းပန္းတာေတြ ေပ်ာက္သြားတာတယ္။ တစ္ခုပဲ ႏွင္းေတြ အမ်ားႀကီး ပုံေနရင္ သိပ္လွမွာပဲဆိုတဲ့ ႏွေမ်ာတသ စိတ္ေလး ျဖစ္မိတာေတာ့ အမွန္ပဲ။ ဒါေပမဲ့လည္း သစ္ပင္ေတြရဲ႕ ေငြေရာင္ ပင္စည္ရယ္၊ ေနေရာင္ရယ္ ေပါင္းစပ္လိုက္ေတာ့ အလိုလိုေနရင္း လွေနျပန္ေရာ။
Unicode
ဆက်လက်ပြီး ခရီးဆက်ခဲ့တယ်။ လေတိုက်တာ ပြင်းချက်က ကားကြီးပါ လွင့်သွားမလာ အောက်မေ့ရတယ်။ အဲသလိုမျိုး အဝေးပြေးလမ်းမကြီးကို ဖြတ်၊ ၅ကီလိုမီတာလောက် ရှည်လျားတဲ့ လိုဏ်ခေါင်းကြီးကို ဖြတ်ကျော်၊ လမ်းဘေး တစ်ဖက်တစ်ချက်မှာ ခဲနေတဲ့ မြစ်တွေကို ရှုစားရင်း ကိုယ်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ Birch forest ဆီကီု ရောက်ပါပြီ။ သူက တောင်ပေါ်မှာ တည်ရှိနေတဲ့အတွက် တောင်တက်ပြီးမှ ရောက်မယ့် နေရာ ဖြစ်တယ်။ ဆောင်းတွင်းဆိုတော့ နေက စောစောဝင်တဲ့အတွက် နေ့လည် ၂နာရီအထိပဲ ဝင်ခွင့်ပေးထားပြီး ရောက်မောကြီး မဖြစ်ရလေအောင် အချိန်ကို သေချာစွာ ကြိုတင် စုံစမ်းပြီးမှ လာပါရန် သတိပေးချင်ပါတယ်။ ကိုယ်တွေကတော့ ၁၂ ကျော်ကျော်လောက်မှာ ရောက်တော့ အေးဆေးပဲလေ။ တောင် စတက်တော့ လမ်းက ကြမ်းတာ မဟုတ်ဘဲနဲ့ လမ်းလျှောကြီးဆိုတော့ တက်ရတာ အတော်လေး ပင်ပန်းတယ်။ ၃ကီလိုမီတာလောက် တက်မှ ရောက်မှာ ဖြစ်တဲ့အတွက် နားလိုက် တက်လိုက်နဲ့ တက်လာခဲ့ရတယ်။ တောင်တက်တော့ သွေးကပူလာ၊ အိုက်လာတော့ အပေါ် အင်္ကျီချွတ်ပြီး တက်မယ် ကြံတော့ လေက အရမ်းအေးတော့ ချမ်းပြန်ရော၊ အဲ့ဒီတော့ မတတ်နိုင်ဘူးလေ။ အိုက်အိုက်နဲ့ပဲ တက်လာခဲ့ရတယ်။ Birch forest လည်း ရောက်ရော ပင်းပန်းတာတွေ ပျောက်သွားတာတယ်။ တစ်ခုပဲ နှင်းတွေ အများကြီး ပုံနေရင် သိပ်လှမှာပဲဆိုတဲ့ နှမျောတသ စိတ်လေး ဖြစ်မိတာတော့ အမှန်ပဲ။ ဒါပေမဲ့လည်း သစ်ပင်တွေရဲ့ ငွေရောင် ပင်စည်ရယ်၊ နေရောင်ရယ် ပေါင်းစပ်လိုက်တော့ အလိုလိုနေရင်း လှနေပြန်ရော။
Zawgyi
ေတာင္တက္ၿပီး ပင္ပန္းေနၾကေပမဲ့ Birch forest ရဲ႕ အလွမွာ ေမ်ာၿပီး ပင္ပန္းတာေတြ အကုန္ေမ့၊ လွပတဲ့ ရႈခင္းပုံကို အသားေပး ႐ိုက္သူက ႐ိုက္၊ သဘာဝအလွကေန အေရာင္ဟပ္ၿပီး လူပုံလည္း လွမလားဆိုၿပီး အားစိုက္ၿပီး မိမိကိုယ္ကို မိမိ ႐ိုက္သူက ႐ိုက္၊ တစ္ေယာက္တစ္လွည့္ ႐ိုက္ေပးတဲ့ သူနဲ႔ လူေတြ ေပ်ာ္ေနတာ ေတြ႕ရေတာ့ ကိုယ္လည္း ေပ်ာ္မိတယ္။
Unicode
တောင်တက်ပြီး ပင်ပန်းနေကြပေမဲ့ Birch forest ရဲ့ အလှမှာ မျောပြီး ပင်ပန်းတာတွေ အကုန်မေ့၊ လှပတဲ့ ရှုခင်းပုံကို အသားပေး ရိုက်သူက ရိုက်၊ သဘာဝအလှကနေ အရောင်ဟပ်ပြီး လူပုံလည်း လှမလားဆိုပြီး အားစိုက်ပြီး မိမိကိုယ်ကို မိမိ ရိုက်သူက ရိုက်၊ တစ်ယောက်တစ်လှည့် ရိုက်ပေးတဲ့ သူနဲ့ လူတွေ ပျော်နေတာ တွေ့ရတော့ ကိုယ်လည်း ပျော်မိတယ်။
Zawgyi
ဆိုးလ္ကို ျပန္မယ့္ ရထားက ၆နာရီ ခြဲမွ ဆိုေတာ့ အခ်ိန္ နည္းနည္း ပိုေနတာနဲ႔ Birch forest ကေန အျပန္လမ္းမွာ ဟာဂ်ိဳဒယ္ ကမ္းေျခကို ခဏဝင္ခဲ့ေသးတယ္။ လူလည္း သိပ္မရွိဘူး၊ လြတ္လြတ္လပ္လပ္ ဒိတ္လုပ္လို႔ ေကာင္းေပမဲ့ ခ်မ္းတာနဲ႔ အၾကာႀကီး မေနႏိုင္ဘဲ ခ်က္ခ်င္း ျပန္တက္ခဲ့ရတယ္။ ကိုယ္ေတာ့ ပင္လယ္ကို ၾကည့္ၿပီးရင္းကို ၾကည့္ခ်င္ေနမိတယ္။
Unicode
ဆိုးလ်ကို ပြန်မယ့် ရထားက ၆နာရီ ခွဲမှ ဆိုတော့ အချိန် နည်းနည်း ပိုနေတာနဲ့ Birch forest ကနေ အပြန်လမ်းမှာ ဟာဂျိုဒယ် ကမ်းခြေကို ခဏဝင်ခဲ့သေးတယ်။ လူလည်း သိပ်မရှိဘူး၊ လွတ်လွတ်လပ်လပ် ဒိတ်လုပ်လို့ ကောင်းပေမဲ့ ချမ်းတာနဲ့ အကြာကြီး မနေနိုင်ဘဲ ချက်ချင်း ပြန်တက်ခဲ့ရတယ်။ ကိုယ်တော့ ပင်လယ်ကို ကြည့်ပြီးရင်းကို ကြည့်ချင်နေမိတယ်။
Zawgyi
ဒီတစ္ေခါက္ ခရီးစဥ္ကေန တစ္ဆင့္ သဘာဝအလွတရားဟာ လူသားေတြအတြက္ေတာ့ အႀကီးမားဆုံးေသာ လက္ေဆာင္လည္း ျဖစ္၊ မွ်ယူခံစားလို႔ မဆုံးတဲ့ လက္ေဆာင္၊ အဆုံးမရွိတဲ့ လက္ေဆာင္ပါလားဆိုတာကို သေဘာေပါက္လာတယ္။ အ႐ုပ္အလွ၊ အျမတ္မေ႐ြးဘဲ လူတိုင္းကို သာတူညီမွ်စြာ ဆက္ဆံေပးတယ္။ ၿပဳံးျပေနတာကို ေတြ႕ရတယ္။ ငါတို႔ေတြ အေပၚကို ဘက္မလိုက္ဘဲ တစ္ေျပးညီ ဆက္ဆံေပးတာဆိုလို႔ သဘာဝတရားပဲ ရွိတယ္။ အဲဒီ သဘာဝအလွ၊ သဘာဝကို ထာဝရၿမဲေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီး ကာကြယ္ရမယ္ဆိုတဲ့ စိတ္ေမြးၿပီး တစ္ခါသုံးၿပီး ပစ္ရတဲ့ ပစၥည္းေတြကို ေလွ်ာ့သုံးပါ့မယ္လို႔ ပင္လယ္ႀကီးကို ကတိေပးခဲ့တယ္။
Unicode
ဒီတစ်ခေါက် ခရီးစဥ်ကနေ တစ်ဆင့် သဘာဝအလှတရားဟာ လူသားတွေအတွက်တော့ အကြီးမားဆုံးသော လက်ဆောင်လည်း ဖြစ်၊ မျှယူခံစားလို့ မဆုံးတဲ့ လက်ဆောင်၊ အဆုံးမရှိတဲ့ လက်ဆောင်ပါလားဆိုတာကို သဘောပေါက်လာတယ်။ အရုပ်အလှ၊ အမြတ်မရွေးဘဲ လူတိုင်းကို သာတူညီမျှစွာ ဆက်ဆံပေးတယ်။ ပြုံးပြနေတာကို တွေ့ရတယ်။ ငါတို့တွေ အပေါ်ကို ဘက်မလိုက်ဘဲ တစ်ပြေးညီ ဆက်ဆံပေးတာဆိုလို့ သဘာဝတရားပဲ ရှိတယ်။ အဲဒီ သဘာဝအလှ၊ သဘာဝကို ထာဝရမြဲအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ကာကွယ်ရမယ်ဆိုတဲ့ စိတ်မွေးပြီး တစ်ခါသုံးပြီး ပစ်ရတဲ့ ပစ္စည်းတွေကို လျှော့သုံးပါ့မယ်လို့ ပင်လယ်ကြီးကို ကတိပေးခဲ့တယ်။
mm.aaa.kr
'나들이(အလည်အပတ်)' 카테고리의 다른 글
구리 한강공원 유채꽃 (0) | 2019.03.11 |
---|---|
제부도 여름 나들이 (0) | 2019.03.11 |
강원도 겨울 나들이 (0) | 2019.01.29 |
ေရခဲျပင္ စကိတ္ သြားစီးရေအာင္. 스케이트 (0) | 2019.01.23 |
롯데월드 아쿠아리움 후기 (0) | 2019.01.12 |