달력
7
« 2025/7 »
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
'한양도성'에 해당되는 글 2
  1. 2018.12.15 한양도성 백악구간
  2. 2018.12.15 한양도성 낙산구간
2018. 12. 15. 19:00
한양도성 백악구간 나들이(အလည်အပတ်)2018. 12. 15. 19:00
2018.10.05. 한양도성 백악구간 
    바람도 쇨겸 한국 문화도 감상할겸 한양도성 백악구간에 나들이 갔다 왔다. 친한 미얀마 친구들이 한국에 오면 서울에서 구경시켜줄 데는 많이 있으나 그중에서 한양도성은 나름 자신 있고 자랑스럽게 구경시켜줄 수 있는 값진 곳이라고 생각한다. 그래서 한양도성 경로를 몇번이나 왔다갔다 하면서 길을 익히고 있는 중이다. 누가 나의 첫번째 손님이 될지는 좀 더 지켜봐야 알 수 있을 것이다나와 같이 한양도성 백악구간 경로를 사진들을 통해서 구경해볼까? 
    ဒီတစ်ခေါက်창의문(ချန်းအွီးမွန်း) ကနေ혜화문(ဟယ်ဟွာမွန်း) အထိသတ်မှတ်ထားတဲ့ ပထမ တစ်ဖြတ် 백악구간(ဘတ်ဂတ်ဂူဂန်း) အဖြတ်ကို သွားဖြစ်ခဲ့ပါတယ်။ အရင်ကလည်း ပြောထားတဲ့အတိုင်း ဒီအဖြတ်ဟာ အိမ်ပြာတော်နဲ့ အရမ်း နီးသွားတဲ့ အဖြတ်ဖြစ်တဲ့အတွက် အစောင့်ဂိတ်ကို ဖြတ်ရပါတယ်။ ထို့အတွက် မှတ်ပုံတင် ယူဆောင်သွားမှသာ အစောင့်ဂိတ်ကို ဖြတ်ပြီး အဆုံးအထိ သွားလို့ ရမှာ ဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ ပိတ်ရက် ဖြစ်ပါတယ်။ အစကနေ အဆုံးအထိ ကြာချိန်ကတော့ ၃နာရီ ဖြစ်ပါတယ်။ ပိတ်ရက်လည်း အစောင့်ဂိတ် မဖြတ်ခင်အထိ သွားပြီး ပြန်လှည့်လာလို့ ရပါတယ်။ 
혜화문(ဟယ်ဟွာမွန်း)ကနေ စထွက်ပြီး 창의문(ချန်းအွီးမွန်း)ဘက်ကို ဆင်းမှာ ဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေနဲ့ တကွ အနည်းငယ်ရှင်းလင်း ပြောပြထားတဲ့အတွက် ကြည့်ကြည့်ရအောင်နော်။
Zawgyi Font
        혜화문에서 출발해서 말바위 안내소를 통과하고 창의문쪽으로 내려가는 백악구간이다. 다리가 아파서 창의문까지 못 가면 중간에 숙정문쪽으로 빠져나갈 수도 있다. 사진에 나와있는 대로 이 구간은 군사작전지역이기 때문에 신분증 소유자만이 입장 가능하다. 또는 사진 찍으면 안 되는 방향들을 표시해놨으니 주의할 필요가 있다. 
        ဟယ်ဟွာမွန်းဘက်ကနေ စထွက်ပြီး မားလ်ဘာဝီ information center ကို ဖြတ်ပြီး ဟိုးဘက် ချန်းအွီးမွန်းဘက်က ပြန်ဆင်းခဲ့တာ ဖြစ်ပါတယ်။ သွားရင်းနဲ့ ညောင်းလာရင် ဆုဂျောင်းမွန်းကနေ ပြန်ဆင်းသွားလို့လည်း ရပါတယ်။ ဓာတ်ပုံရဲ့ အပေါ်မှာ ရေးထားလိုပဲ military area (စစ်တပ် နယ်မြေ) ဖြစ်ပါတယ်။ ထို့အတွက် ဒီဘက်ဒီဘက်တွေကိုတော့ ဓာတ်ပုံ မရိုက်ပါနဲ့ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ ပြောထားတဲ့အတိုင်း လိုက်နာပေးဖို့တော့ လိုတာပေါ့နော်။
Zawgyi Font
시작점인 혜화문입니다. 화살표를 따라 성곽길 대로 걸어가면 됩니다. 
        စထွက်ပွိုင့်ဖြစ်တဲ့ ဟယ်ဟွာမွန်းပဲ ဖြစ်ပါတယ်။ ဒါကတော့ မျက်နှာချင်းဆိုင်ဘက်အခြမ်းက ရိုက်ထားတာ ဖြစ်ပါတယ်။ လမ်းကူးပြီး ဟယ်ဟွာမွန်းဘက်နေ စထွက်ပါမယ်။ တံတိုင်းအတိုင်း လျှောက်ဖို့ဆိုရင်တော့ နည်းနည်းလေး လျှောက်ရပါသေးတယ်။ မြှားပြထားတဲ့အတိုင်း လိုက်လျှောက်သွားရုံပါပဲ။
Zawgyi Font
        창의문쪽으로 계속 가려면 말바위안내소를 통과해야 합니다. 여기서 신분증(외국인 등록증, 여권)을 보여주면서 신청서를 작성해야합니다. 그래야 입장권을 발급해줍니다. 
          ကိုယ်တွေကတော့ ကိုယ်ရဲ့ ပန်းတိုင် ဖြစ်တဲ့ ချန်းအွီးမွန်းဘက် သွားရန် မားလ်ဘာဝီ information center ရှိတဲ့ ဘက်ကို မြှားပြထားတဲ့အတိုင်း လျှောက်လာခဲ့ပါတယ်။ အခု မြင်နေရတာကတော့ မားလ်ဘာဝီ information center ဖြစ်ပါတယ်။ အဲဒီနေရာမှာ မှတ်ပုံတင်(သက်သေခံကဒ်ပြား) သို့်မဟုတ် passport ယူဆောင်လာပြီး လျှောက်လွှာ ဖြည့်ရပါတယ်။ ပြီးရင် လျှောက်လွှာတင်၊ ကဒ်ပြားယူပြီး ခရီးဆက်လို့ ရပါပြီ။
Zawgyi Font
이렇게 높은 데에서 서울 구경을 할 수 있습니다. 
တောလမ်းအတိုင်း လျှောက်လာရင် လှေကားထစ် အနည်းငယ် တက်ပြီးရင်တော့ ဒီလိုမျိုး အမြင့်ကနေ ရှုခင်း ကြည့်လို့ရအောင် လုပ်ပေးထားတဲ့ နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီနေရာကနေ ဒုန်းဒဲမွန်းဘက်ကို ဆင်းလို့လည်း ရပါတယ်။
Zawgyi Font
가는 길에 눈에 보이는 예술적인 장면들을 사진에 담아봅니다. 
သွားရင်း လာရင်း ဝါသနာကလည်း မစွန့်နိုင်တော့။ ဒီလိုမျိုး အနုပညာဆန်ဆန်ပုံလေးတွေလည်း ရိုက်ဖြစ်ပါတယ်ရှင့်။
Zawgyi Font
한양도성에서 보이는 경복궁 
           ဒီပုံကတော့ ကိုယ်ဟာ အခု ဂရောင်းဘို့ နန်းတော် အနောက်တည့်တည့်က တောင်ပေါ်ကို ရောက်ရှိနေတာလို့ ပြောလို့ ရပါတယ်။ ပုံမှန်အားဖြင့် ဂွမ်းဟွာမွန်း ကွင်းပြင်ကနေ လှမ်းကြည့်လိုက်ရင် နန်းတော် နောက်မှာ အိမ်ပြာတော်ကို တွေ့နေရပါတယ်။ အိမ်ပြာတော်ကို သေချာ မမြင်ရပေမဲ့ အိမ်ပြောတော် အနောက်ဘက် ရောက်နေတာလား မသိဘူးနော်။ 
Zawgyi Font
'나들이(အလည်အပတ်)' 카테고리의 다른 글
한국의 미  (0) 2019.01.02
북서울꿈의숲 벚꽃  (0) 2018.12.21
한양도성 낙산구간  (0) 2018.12.15
눈 구경  (0) 2018.12.14
북서울 꿈의 숲  (0) 2018.12.11
:
Posted by 해맑은순이
2018. 12. 15. 18:29
한양도성 낙산구간 나들이(အလည်အပတ်)2018. 12. 15. 18:29
2018.08.20. 한양도성 낙산구간
        한 여름에 무더위를 무릅쓰고 한양도성 낙산구간에 구경 다녀왔다. 2012년에 유네스코 세계문화 유산으로 등재되었던 성곽이기에 한국학 전공자로서는 꼭 한번쯤은 가봐야 된다는 생각에 와봤다.  
             ကိုရီးယားမှာလည်း ဂရိတ်ဝေါ ရှိတယ်ဆိုတာ သင် သိပြီးပြီလား။ အဲဒီနေရာကို Seoul City Wall လို့ ခေါ်ပါတယ်။ ဒီမဟာတံတိုင်းဟာ ဆိုရင် ဂိုလျော ခေတ်ကနေ ဂျိုဆောင်းခေတ်ကို ပြောင်းပြီးနောက် ဂျိုဆောင်းကို တည်ထောင်ခဲ့တဲ့ ဘုရင်က ယနေ့ခေတ် ဆိုးလ်ဟု ခေါ်ဝေါ်သော မြို့တော် ဟန်ရန်းကို ကာထားရန် တည်ခဲ့တဲ့ မဟာတံတိုင်း ဖြစ်တယ်။ အဲဒီနောက် ဂျပန် ကိုလိုနီခေတ်နဲ့ ကိုရီးယား တောင်နဲ့မြောက် စစ်ကြောင့် အပျက်အစီး များခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် ပြန်လည် ပြုပြင်မွမ်းမံပြီး ယနေ့ ပုံစံကို ဖြစ်လာခဲ့တယ်။ ဒါလည်း ၂၀၁၃ခုနှစ်အထိ အရင် မူလ မဟာတံတိုင်းရဲ့ ၇၀ရာခိုင်နှုန်းလောက်ကိုသာ ပြန်လည် ပြုပြင် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်တယ်။ ဒီ မဟာတံတိုင်းဟာ ၂၀၁၂ခုနှစ်မှာ ယူနီစကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် စားရင်းဝင်ခဲ့ပါတယ်။ ဒီအထိကတော့ ကိုရီးယားရဲ့ မဟာတံတိုင်း အကြောင်း အကျဉ်းချုပ် ရှင်းပြခြင်း ဖြစ်ပါတယ်။ 
ဒီ မဟာတံတိုင်းကို ၆ဖြတ် ဖြတ်ပြီး သွားရောက် လေ့လာနိုင်ပါတယ်။
          ပထမ တစ်ဖြတ်ကို 백악구간(ဘတ်ဂတ်ဂူဂန်း)လို့ ခေါ်ပြီး 창의문(ချန်းအွီးမွန်း) ကနေ혜화문(ဟယ်ဟွာမွန်း) အထိ ဖြစ်ပါတယ်။ အဲဒီ အဖြတ်ကို သွားမယ်ဆိုရင် အိမ်ပြာတော်နဲ့ နီးသွားတဲ့အတွက် ရဲကင်းကို ဖြတ်ရပါတယ်။ ထို့အတွက် မှတ်ပုံတင် ယူဆောင်သွားမှသာ ရဲကင်းကို ဖြတ်ပြီး အဆုံးအထိ သွားလို့ ရပါတယ်။ တနင်္လာနေ့ကတော့ ပိတ်ရက် ဖြစ်ပါတယ်။ အစကနေ အဆုံးအထိ ကြာချိန်ကတော့ ၃နာရီ ဖြစ်ပါတယ်။ ပိတ်ရက်လည်း ရဲကင်း မဖြတ်ခင်အထိပဲ သွားပြီး ပြန်လှည့်လာလည်း ရပါတယ်။ 
          ဒုတိယ တစ်ဖြတ်ကတော့ 낙산구간(နတ်ဆန်ဂူဂန်း)လို့် ခေါ်ပြီး 혜화문(ဟယ်ဟွာမွန်း) ကနေ 흥인지문(동대문)(ဟွန်းအင်းဂျီမွန်း ခေါ် ဒုန်းဒယ်မွန်း) အထိ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၁နာရီ ဖြစ်ပါတယ်။ 
          တတိယ တစ်ဖြတ်ကတော့ 흥인지문구간(ဟွန်းအင်းဂျီမွန်းဂူဂန်း)လို့ ခေါ်ပြီး흥인지문(동대문)(ဟွန်းအင်းဂျီမွန်း ခေါ် ဒုန်းဒယ်မွန်း) ကနေ 장충체육관(ဂျန်းချွန်းချယ်ယုဂွမ် ခေါ် ဂျန်းချွန်းအားကစားကွင်း) အထိ ဖြစ်ပြီး။ ကြာချိန်ကတော့ ၁နာရီ ဖြစ်ပါတယ်။ 
         စတုတ္ထ တစ်ဖြတ်ကတော့ 남산구간(နမ်ဆန်းဂူဂန်း)လို့ ခေါ်ပြီး 장충체육관 (ဂျန်းချွန်းချယ်ယုဂွမ် ခေါ် ဂျန်းချွန်းအားကစားကွင်း) ကနေ 백범광장(ဘတ်ဘောင်းဂွမ်းဂျန်း) အထိ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၃နာရီ ဖြစ်ပါတယ်။ 
        ပဉ္စမ တစ်ဖြတ်ကတော့ 숭례문구간(ဆွန်းလယ်မွန်းဂူဂန်း) လို့ ခေါ်ပြီး 백범광장(ဘတ်ဘောင်းဂွမ်းဂျန်း) ကနေ돈의문(서대문) 터(ဒုန်းအွီးမွန်းထော) အထိ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၁နာရီ ဖြစ်ပါတယ်။ 
        ဆဌမ တစ်ဖြတ်ကတော့ 인왕산구간(အင်းဝမ်းဆန်ဂူဂန်း)လို့ ခေါ်ပြီး 돈의문(서대문) 터(ဒုန်းအွီးမွန်းထော) ကနေ 창의문(ချန်းအွီးမွန်း) အထိ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၂နာရီခွဲ ဖြစ်ပါတယ်။
ဒီနေ့ သွားဖြစ်ခဲ့တဲ့ အဖြတ်ကတော့ ဒုတိယ တစ်ဖြတ် ဖြစ်ပါတယ်။ ဒုတိယ တစ်ဖြတ်နဲ့ အရင်ဆုံး မိတ်ဆက်ပေးပါရစေ။
Zawgyi Font
출발합니다. 
성곽 길에 따라 걷다 보면 벽화마을로 유명한 이화마을에 도착합니다. 
        တံတိုင်းအတိုင်း လိုက်လျှောက်သွားရင် အီဟွာ ရပ်ကွက်သို့ ရောက်ရှိပါတယ်။ အီဟွာ ရပ်ကွက်ဟာဆိုရင် မြို့ပြဆိုတဲ့ ခံစားမှုကနေ ရုန်းထွက်နိုင်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ဒီ ရပ်ကွက်လေးဟာ နံရံဆေးရေးပန်းချီကြောင့် နာမည်ကြီးလာပြီး ပြည်တွင်းပြည်ပ ဧည့်သည် အတော်များများ လာရောက် လည်ပတ်ကြတဲ့ ရပ်ကွက်လေး ဖြစ်ပါတယ်။
Zawgyi Font
조용하게 구경하고 왔습니다. 
동대문쪽으로 내려왔습니다. 성곽에서 보이는 경치입니다. 
'나들이(အလည်အပတ်)' 카테고리의 다른 글
북서울꿈의숲 벚꽃  (0) 2018.12.21
한양도성 백악구간  (0) 2018.12.15
눈 구경  (0) 2018.12.14
북서울 꿈의 숲  (0) 2018.12.11
하동벚꽃  (1) 2018.12.07
:
Posted by 해맑은순이