အရှေ့အာရှ ပထမဆုံးသော ပင်လယ်အောက် လှိုင်ခေါင်း 통영 해저터널 나들이(အလည်အပတ်)2020. 5. 5. 10:38
ဒုန်းဖီရန်း နံရံဆေးရေးပန်းချီရွာလေးကနေ ပင်လယ်အောက် လှိုင်ခေါင်းကို ရောက်ဖို့ လမ်းလျောက်သွားရင် 15မိနစ်လောက်ပဲ ကြာပါတယ်။
ထုံးရောင်းမှာ ဒီ ပင်လယ်အောက်ကို လှိုင်ခေါင်းဖောက်ပြီး ဆောက်ထားတဲ့ လမ်းကတော့ ဂျပန်ကိုလိုနီခေတ်မှာ ဂျပန်တွေ ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အရှည် 461မီတာ၊ အမြင့် 3.5မီတာ၊ အကျယ် 5မီတာ၊ အနက် 10မီတာ ရှိပြီး၊ ထုံးရောင်းကျွန်းဆွယ်နဲ့ မီရုကျွန်းကို ဆက်ထားတာ ဖြစ်ပါတယ်။
1927ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့ပြီး 1932ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ နှစ်ပေါင်း 60 ကျော် ကြာပြီးနောက်မှာ ပင်လယ်အောက် လှိုင်ခေါင်း ဖြစ်တဲ့အလျောက် ရေတွေ စိမ့်တာတို့ ဘာတို့ ဖြစ်လာတော့ ပထမဆုံးအကြိမ် ပြန်လည်ပြင်ဆင်မှု လုပ်ခဲ့ပြီး 2005ခုနှစ်မှာတော့ ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းခဲ့ပါတယ်။
အစတုန်းကတော့ ကားတွေ သွားလာခဲ့ပြီး 1967ခုနှစ်ပိုင်းက စပြီး စက်ဘီးနဲ့ လူပဲ ဖြတ်သန်းသွားလာခွင့် ပြုပါတော့တယ်။
ဟိုးအောက်ဆုံးမှာ google map လင့် ပါပါတယ်။




통영해저터널 - 통영해저터널 google map
https://maps.app.goo.gl/etkMfvqvHttEU91r5
'나들이(အလည်အပတ်)' 카테고리의 다른 글
ဆွန်းချောင်းမန်း အမျိုးသားဥယျာဥ်သို့ (0) | 2020.05.05 |
---|---|
순천만국가정원 나들이 (0) | 2020.05.05 |
အရှေ့ဖီရန်း၊ အနောက်ဖီရန်း နံရံဆေးရေးပန်းချီရွာလေး 동피랑, 서피랑 (0) | 2020.05.05 |
ကိုရီးယား နိုင်ငံရဲ့ စစ်သူကြီး လီဆွန်းရှင်း ရှိတဲ့ ထုံးရောင်းသို့ အလည်တစ်ခေါက် (0) | 2020.05.04 |
ကိုရီးယား တောင်ပိုင်း ဂျီရီဆန်(ဂျီရီတောင်)သို့ အလည်တစ်ခေါက် (0) | 2020.05.04 |