달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'averageifs'에 해당되는 글 1

  1. 2020.03.26 AVERAGEIF, AVERAGEIFS, DAVERAGE Excel functions

Averageif က သတ်မှတ်ချက် တစ်ခုတည်း ထားပြီး ထို သတ်မှတ်ချက်နှင့် ညီသော ပျမ်းမျှတန်ဖိုးကို ရှာတဲ့အခါ သုံးပါတယ်။

AVERAGEIF=(range,criteria,average-range)

range=ကိုယ်ထားချင်တဲ့ သတ်မှတ်ချက် ရှိနေတဲ့ အတန်းတစ်ခုလုံးကို drag ဆွဲထည့်ရတာ ဖြစ်တယ်။

criteria=range မှာ ရှိနေတဲ့ အထဲက အချက်အလက် တစ်ခုကို ("-") မျိုး ရိုက်ထည့်ရတာ ဖြစ်တယ်။ 

အောက်ပါ ပုဒ်စာမှာဆိုရင် ဌာနမှူးရာထူးရဲ့ ပျမ်းမျှ လစာကို ရှာခိုင်းတဲ့အတွက် ရာထူးအတန်းက range ဖြစ်ပြီး၊ criteria ‌နေရာမှာ "ဌာနမှူး" ဆိုပြီး ရိုက်ထည့်ရပါမယ်။

average-range=ကတော့ ရှာချင်တဲ့ ပျမ်းမျှတန်ဖိုး အတန်းတစ်ခုလုံးကို drag ဆွဲထည့်ရတာ ဖြစ်တယ်။ 

အောက်ပါ ပုဒ်စာမှာ‌တော့ ပျမ်းမျှလစာကို ရှာချင်တာ ဖြစ်တဲ့အတွက် လစာတန်း တစ်တန်းလုံးကို drag ဆွဲထည့်ရပါမယ်။

 

DAVERAGEကတော့ ‌ဒေတာ တစ်ခုလုံးအပေါ်မှာ ကိုယ်ရှာချင်တဲ့ တန်ဖိုးကို သတ်မှတ်ချက်ပေးပြီး ရှာတာ။

=DAVERAGE(Database,field,criteria)

အောက်ပါ ပုဒ်စာမှာဆိုရင် ဌာနမှူးရာထူးရဲ့ ပျမ်းမျှ လစာကို ရှာခိုင်းတဲ့အတွက် 

အဲ့တော့ =DAVERAGE ဆိုပြီးရိုက်၊

Database‌နေရာမှာဇယားတစ်ခုလုံးကို drag ဆွဲထည့်(A3:D11)၊

field‌နေရာမှာ လိုချင်တဲ့ ပျမ်းမျှတန်ဖိုးရဲ့ ‌ခေါင်းစဥ်ဖြစ်တဲ့ လစာ(D2)ထည့်၊

criteria က ကန့်သတ်ချက်ကို ‌ပြောတာဆိုတော့ ဒီပုဒ်စာမှာက ‌ရာထူးက ဌာနမှူးဖြစ်ရမယ့် ပါ‌နေတော့

သီးသန့် criteria ကွက်ထုတ်ထားပြီး အဲ့အကွက်ကို drag ဆွဲထည့်(E9:E10)။

 

ဒီပုဒ်စာရဲ့ အဖြေကို ရှာတဲ့အခါ AVERAGEIF နဲ့ DAVERAGE ၂ခုထဲက ကြိုက်တာကို ‌ရွေးသုံးလို့ ရတယ်။အဓိကနည်းလမ်းမှန်ဖို့ပဲဖြစ်တယ်။

 

ကိုယ်တိုင် တွက်ကြည့်လို့ ရအောင် Excel file ပါ တွဲတင်ပေးထားပါတယ်။ 

 

 

................................................................................................................................................................................................................

AVERAGEIFS ကတော့ သတ်မှတ်ချက် တစ်ခုထက် ပိုထားပြီး ပျမ်းမျှတန်ဖိုးကို ရှာချင်တဲ့အခါမှာ သုံးပါတယ်။

AVERAGEIFS=(average-range,criteria-range1,criteria1,criteria-range2, criteria2,...)

average-range=လိုချင်တဲ့ ပျမ်းမျှတန်ဖိုး အတန်းဖြစ်တဲ့ Incentive အတန်းကို drag ဆွဲထည့်ရပါမယ်။(E17:E26)

criteria-range1= ပထမ သတ်မှတ်ချက်က မန်နေဂျာအဆင့် ရာထူးဖြစ်တဲ့အတွက် ရာထူးအတန်းကို drag ဆွဲထည့်ရပါမယ်။                         (C17:C26)

criteria1=  criteria-range1 ဖြစ်တဲ့ ရာထူးအတန်းထဲက မန်နေဂျာ ရာထူးကို လိုချင်တာ ဖြစ်တဲ့အတွက် "မန်နေဂျာ" ဆိုပြီး ရိုက်ထည့်ပေးရပါမယ်။

criteria-range2= ဒုတိယ သတ်မှတ်ချက်က အမျိုးသမီးဖြစ်တဲ့အတွက် ကျား၊မအတန်းကို drag ဆွဲထည့်ရပါမယ်။ (B17:B26)   

criteria2=  criteria-range2 ဖြစ်တဲ့ ကျား၊မအတန်းထဲက မချည်းပဲကို လိုချင်တာ ဖြစ်တဲ့အတွက် "မ" ဆိုပြီး ရိုက်ထည့်ပေးရပါမယ်။

 

ဒီ ပုဒ်စာမှာလည်း DAVERAGEကို သုံးပြီး ရှာလို့ ရပါတယ်။

DAVERAGEကတော့ ‌ဒေတာ တစ်ခုလုံးအပေါ်မှာ ကိုယ်ရှာချင်တဲ့ တန်ဖိုးကို သတ်မှတ်ချက်ပေးပြီး ရှာတာ။

=DAVERAGE(Database,field,criteria)

အောက်ပါ ပုဒ်စာမှာဆိုရင် ဌာနမှူးအဆင့် အမျိုးသမီးများရဲ့ ပျမ်းမျှ incentiveကို ရှာခိုင်းတဲ့အတွက် 

အဲ့တော့ =DAVERAGE ဆိုပြီးရိုက်၊

Database‌နေရာမှာဇယားတစ်ခုလုံးကို drag ဆွဲထည့်(A16:E26)

field‌နေရာမှာ လိုချင်တဲ့ ပျမ်းမျှတန်ဖိုးရဲ့ ‌ခေါင်းစဥ်ဖြစ်တဲ့ incentive(E20)ထည့်၊

criteria က ကန့်သတ်ချက်ကို ‌ပြောတာဆိုတော့ ဒီပုဒ်စာမှာက ‌သီးသန့် criteria ကွက်ထုတ်ထားတဲ့ အကွက်ကို drag ဆွဲထည့်။(F23:G24)

 

ဒီပုဒ်စာရဲ့ အဖြေကို ရှာတဲ့အခါ AVERAGEIFS နဲ့ DAVERAGE ၂ခုထဲက ကြိုက်တာကို ‌ရွေးသုံးလို့ ရတယ်။အဓိကနည်းလမ်းမှန်ဖို့ပဲဖြစ်တယ်။

 

ကိုယ်တိုင် တွက်ကြည့်လို့ ရအောင် Excel file ပါ တွဲတင်ပေးထားပါတယ်။ 

AVERAGEIF, AVERAGEIFS, DAVERAGE.xlsx
0.01MB

 

https://www.youtube.com/watch?v=ENje8W92oBk

ayeayeaung

:
Posted by 해맑은순이