달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

database ‌ဒေတာတစ်ခုလုံးပေါ် အခြေခံပြီး ကိုယ်ရှာချင်တဲ့ တန်ဖိုး စုစုပေါင်းကို ရှာတဲ့အခါမှာ သုံးတယ်။

သူ့ ပုံသေနည်းက DSUM(database, field, criteria) ဖြစ်ပါတယ်။

database ဆိုတာ ဇယားတစ်ခုလုံးကို ဆိုလိုတာဖြစ်တယ်။ ဒီပုဒ်စာမှာဆိုရင်  A2ကနေ E11ထိက databaseဖြစ်ပါတယ်။

field ကတော့ ကိုယ်ရှာချင်တဲ့ တန်ဖိုးရဲ့ ‌ခေါင်းစဥ်ဖြစ်တယ်။

ဒီပုဒ်စာမှာဆိုရင် အရောင်းလက်မှတ်စုစုပေါင်းကို လိုချင်တာ ဖြစ်တဲ့အတွက် အရောင်းလက်မှတ်အကွက်ဖြစ်တဲ့ E2ဟာ fieldဖြစ်ပါတယ်။

criteria ကတော့ သတ်မှတ်ချက် တစ်ခုခု ထားတာ ဖြစ်တယ််။ ဒီပုဒ်စာမှာဆိုရင် အမျိုးအစား‌ခေါင်းစဥ်‌အောက်က ပြဇာတ်လို့ သတ်မှတ်ထားပါတယ်။ အဲ့တော့ criteria သပ်သပ်အကွက်မှာ‌ ထုတ်ထားပြီး တွက်ရပါတယ်။

 

အောက်က ပုံထဲမှာ DSUMကို ဘယ်လို သုံးပြီး သူ့ရဲ့ အဖြေက ဘယ်လိုထွက်လဲဆိုတာကို တွက်ပြထားတယ်။ 

ကြည့်ကြည့်လိုက်နော်။

လေ့ကျင့်လို့ ရအောင် excel ဖိုင်ပါ တင်ပေးထားပါတယ်။

 

DSUM.xlsx
0.01MB

 

ayeayeaung

:
Posted by 해맑은순이

MAX, MIN ဆိုတာ အများဆုံးတန်ဖိုးနဲ့၊ အနည်းဆုံး တန်ဖိုးကို ရှာတဲ့အခါမှာ သုံးတာ ဖြစ်တယ်။ 

ဒီပုဒ်စာမှာဆိုရင် ‌စျေးနှုန်းအမြင့်ဆုံးနဲ့ ‌‌စျေးနှုန်းအနိမ့်ဆုံးကို ရှာပြထာတယ်။

DMAX(database, field, criteria) DMIN(database, field, criteria)

ဒေတာ တစ်ခုလုံးအပေါ်မှာ ကိုယ်သိချင်တဲ့၊ ကိုယ်ရှာချင်တဲ့ သတ်မှတ်ချက်ကို ထားပြီး အမြင့်ဆုံး၊ အနိမ့်ဆုံး တန်ဖိုးကို ရှာတဲ့အခါမှာ သုံးပါတယ်။

database=ဇယားကွက်အကုန်

field=ကိုယ်ရှာချင်တဲ့ဟာ(ဒီမှာဆို စျေးအကြီးဆုံး/အနည်းဆုံးဆိုပြီး ရှာမှာ ဖြစ်တဲ့အတွက် "စျေးနှုန်း" အကွက်ကို ဆိုလိုတာ ဖြစ်ပါတယ်။) criteria=သတ်မှတ်ချက်(ဒီမှာဆို ဆိုင်နာမည်ကို သတ်မှတ်ထားတယ်။)

EXCEL ဖိုင်ပါ တွဲပြီး တင်ပေးထားပါတယ်။ ‌ကိုယ်တိုင် ‌လေ့ကျင့်ကြည့်ခြင်းအားဖြင့် ပိုပြီး နားလည်လာပါလိမ့်မယ်။

Max, Min, DMAX, DMIN.xlsx
0.01MB

ayeayeaung

:
Posted by 해맑은순이