Large, Small excel functions ဆိုတာ computer/excel2020. 3. 31. 09:09
Large ဆိုတာကတော့ excel နဲ့ အကြီးဆုံး တန်ဖိုးကို ရှာတဲ့အခါမှာ သုံးတာ။
သူက max function နဲ့ ဆင်သလိုလို ရှိပေမဲ့ ကွာပါတယ်။ ဘယ်လို ကွာလဲဆိုတော့ max function က ဘယ်အနေအထားမှာပဲဖြစ်ဖြစ် အများဆုံး၊ အကြီးဆုံး တန်ဖိုး တစ်ခုတည်းကိုပဲ ရှာပေးတာ။
Large functionကတော့ ဘယ်နှခုမြောက် အများဆုံးကို ရှာပေးဆိုပြီး အမိန့်ပေးခိုင်းလို့ ရပါတယ်။
အောက်ပါ ပုဒ်စာမှာဆိုရင် ဒုတိယ အများဆုံး ရမှတ်ကို ရှာခိုင်းထားတယ်။
ပုံသေနည်း =large(array,k)
array ကတော့ ဘယ်အထဲကဆိုပြီး၊ ပုဒ်စာအရဆိုရင် အမှတ်ထဲကမှ ဒုတိယအများဆုံးကို ရှာခိုင်းတာဆိုတော့ အမှတ်အောက်က အတန်း တစ်တန်းလုံးကို drag ဆွဲပြီး ထည့်ပေးရမယ်။
k ကတော့ ဘယ်နှဆင့်မြောက်လဲဆိုတာ ထည့်ပေးရမှာဆိုတော့ ဒုတိယဆိုရင် 2လို့ ပေး၊ တတိယမြောက်ဆိုရင် 3လို့ ထည့်ပေးလိုက်ရင် ရပါတယ်။
Large ရဲ့ ဆန့်ကျင်ဖက် small ဆိုတာကတော့ excel နဲ့ အငယ်ဆုံး တန်ဖိုးကို ရှာတဲ့အခါမှာ သုံးတာ။
သူက min function နဲ့ ဆင်သလိုလို ရှိပေမဲ့ ကွာပါတယ်။ ဘယ်လို ကွာလဲဆိုတော့ min function က ဘယ်အနေအထားမှာပဲဖြစ်ဖြစ် အနည်းဆုံး၊ အငယ်းဆုံး တန်ဖိုး တစ်ခုတည်းကိုပဲ ရှာပေးတာ။
small functionကတော့ ဘယ်နှခုမြောက် အနည်းဆုံးကို ရှာပေးဆိုပြီး အမိန့်ပေးခိုင်းလို့ ရပါတယ်။
အောက်ပါ ပုဒ်စာမှာဆိုရင် အနည်းဆုံး ရမှတ်ကို ရှာခိုင်းထားတယ်။
ပုံသေနည်း =small(array,k)
array ကတော့ ဘယ်အထဲကဆိုပြီး၊ ပုဒ်စာအရဆိုရင် အမှတ်ထဲကမှ အနည်းဆုံးကို ရှာခိုင်းတာဆိုတော့ အမှတ်အောက်က အတန်း တစ်တန်းလုံးကို drag ဆွဲပြီး ထည့်ပေးရမယ်။
k ကတော့ ဘယ်နှဆင့်မြောက်လဲဆိုတာ ထည့်ပေးရမှာဆိုတော့ အနည်းဆုံးဆိုရင် 1လို့ ပေး၊ တတိယမြောက် အနည်းဆုံးဆိုရင် 3လို့ ထည့်ပေးလိုက်ရင် ရပါတယ်။
ကိုယ်တိုင် လေ့ကျင့်လို့ ရအောင် excel file ပါ တစ်ပါတည်း တွဲတင်ပေးထားပါတယ်။
https://www.youtube.com/watch?v=XIorL0ARljk
ayeayeaung
'computer > excel' 카테고리의 다른 글
Consolidate အသုံး (0) | 2020.04.08 |
---|---|
today, year, month, day, date excel functions (0) | 2020.04.03 |
HLOOKUP, VLOOKUP Excel function (0) | 2020.03.27 |
AVERAGEIF, AVERAGEIFS, DAVERAGE Excel functions (0) | 2020.03.26 |
AVERAGE, DAVERAGE EXCEL Function (0) | 2020.03.25 |