미쓰백(Miss Baek) 감상문(ရီဗျူး)2018. 12. 15. 23:06
2018.12.15. 영화 미쓰백
영화 미쓰백을 보고 눈물도 나고, 짜증도 나고, 우리 부모님에 대한 감사한 마음도 생기고 그랬다. 한국 사회에서 벌어지고 있는 아동 학대에 대한 내용을 다루고 있다. 뭐니뭐니해도 이 영화가 실화를 바탕으로 만들어졌다는 것이 더 감동적이면서 가슴이 아팠던 것이다. 뉴스를 통해서 아동 학대, 자식을 죽이고 암매장 한 사건들을 수 없이 접했지만 뉴스를 듣고 금방 잊어버렸던 것 같다. 이렇게 영화로 만들었기에 아동 학대에 대한 사회적 관심이 많아질 것 같다. 연기자들의 연기도 정말 실감나게 잘했다는 말을 꼭 하고 싶다. 특히 내연녀 역을 맡은 조연 배우의 연기 실력이 대단해서 욕이 나올 뻔한 정도였다. 결론적으로 우리를 잘 키워줬던 부모님께 감사하고 사랑하다는 말을 하고 싶다.
Miss Baek ဆိုတဲ့ ရုပ်ရှင်ဟာ ဘယ်လို ရုပ်ရှင်လဲဆိုတော့ ကြည့်ရှုသူတွေကို တစ်ကိုယ်လုံးလည်း နာကျင်သလို ခံစားစေပြီး၊ ငိုလည်းငို၊ ဒေါသလည်းထွက်စေ၊ နောက်ပြီး ကျွန်မတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘများကို ကျေးဇူးတင်စိတ်တွေ တဖွားဖွားပေါ်လာစေသော ရုပ်ရှင်ကားကောင်း တစ်ကားပါ။ ကိုရီးယား လူ့ဘောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကလေးသူငယ် ညှဥ်းပမ်းနှိပ်စက်ခြင်း အကြောင်းကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ ပိုပြီး စိတ်မကောင်းဖြစ်စေတဲ့ အချက်ကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သတင်းတွေမှာ ကလေးသူငယ်ကို ညှဥ်းပမ်းနှိပ်စက်တဲ့ သတင်းတွေ၊ မိမိရဲ့ သားသမီးကို ရိုက်နှပ်ရာကနေ လက်လွန်ပြီး သေဆုံးတဲ့အခါ တောထဲ သွားမြှပ်ထားပြီး အတော်ကြာမှ အလောင်းတွေ့ရှိပြီး အမှုမှန်ပေါ်တဲ့ သတင်းတွေကို အများကြီး ကြားနေရပေမဲ့ ကိုယ့်ကိစ္စမဟုတ်သလို မေ့မေ့ပျောက်ပျောက်နေဖြစ်တယ်။ ဒီရုပ်ရှင်မှ တဆင့် ကလေးသူငယ် ညှဥ်းပမ်းနှိပ်စက်မှု ပပျောက်ရေး ကြိုးပမ်းရာမှာ လူတွေ စိတ်ပါ၀င်စားလာမယ်လို့ ထင်မြင်မိပါတယ်။ နောက်တစ်ခုက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပိုင်းကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ အထူးသဖြင့် လင်ပါသမီးကို နှိပ်စက်တဲ့ ကလေးဖအေနဲ့ အတူနေ မိန်းမရဲ့ သရုပ်ဆောင် ပီပြင်မှုဟာဆိုရင် တော်ရုံတန်ရုံ ရုပ်ရှင်ကြည့်ရင်း ပါးစပ်ကနေ သိပ်ပြီး မပြောဆိုတတ်တဲ့ ကိုယ်တောင် အဆဲပါလုနည်းနည်း ဖြစ်သွားစေပါတယ်။ နိဂုံးချုပ်အနေနဲ့ ငါတို့ မိဘတွေကို ကျေးဇူးလည်းတင် ချစ်လည်း ချစ်တယ်လို့ ပြေးပြီး ပြောချင်လာပါတယ်။
Zawgyi font
Miss Baek ဆိုတဲ့ ႐ုပ္ရွင္ဟာ ဘယ္လို ႐ုပ္ရွင္လဲဆိုေတာ့ ၾကည့္ရႈသူေတြကို တစ္ကိုယ္လုံးလည္း နာက်င္သလို ခံစားေစၿပီး၊ ငိုလည္းငို၊ ေဒါသလည္းထြက္ေစ၊ ေနာက္ၿပီး ကြၽန္မတို႔ကို ေကြၽးေမြးေစာင့္ေရွာက္ခဲ့တဲ့ မိဘမ်ားကို ေက်းဇူးတင္စိတ္ေတြ တဖြားဖြားေပၚလာေစေသာ ႐ုပ္ရွင္ကားေကာင္း တစ္ကားပါ။ ကိုရီးယား လူ႔ေဘာင္ထဲမွာ ျဖစ္ေပၚေနတဲ့ ကေလးသူငယ္ ညႇဥ္းပမ္းႏွိပ္စက္ျခင္း အေၾကာင္းကို ႐ိုက္ကူးတင္ျပထားတာ ျဖစ္ပါတယ္။ ပိုၿပီး စိတ္မေကာင္းျဖစ္ေစတဲ့ အခ်က္ကေတာ့ ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ သတင္းေတြမွာ ကေလးသူငယ္ကို ညႇဥ္းပမ္းႏွိပ္စက္တဲ့ သတင္းေတြ၊ မိမိရဲ႕ သားသမီးကို ႐ိုက္ႏွပ္ရာကေန လက္လြန္ၿပီး ေသဆုံးတဲ့အခါ ေတာထဲ သြားျမႇပ္ထားၿပီး အေတာ္ၾကာမွ အေလာင္းေတြ႕ရွိၿပီး အမႈမွန္ေပၚတဲ့ သတင္းေတြကို အမ်ားႀကီး ၾကားေနရေပမဲ့ ကိုယ့္ကိစၥမဟုတ္သလို ေမ့ေမ့ေပ်ာက္ေပ်ာက္ေနျဖစ္တယ္။ ဒီ႐ုပ္ရွင္မွ တဆင့္ ကေလးသူငယ္ ညႇဥ္းပမ္းႏွိပ္စက္မႈ ပေပ်ာက္ေရး ႀကိဳးပမ္းရာမွာ လူေတြ စိတ္ပါ၀င္စားလာမယ္လို႔ ထင္ျမင္မိပါတယ္။ ေနာက္တစ္ခုက သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္မႈပိုင္းကိုေတာ့ မခ်ီးက်ဴးပဲ မေနႏိုင္ပါဘူး။ အထူးသျဖင့္ လင္ပါသမီးကို ႏွိပ္စက္တဲ့ ကေလးဖေအနဲ႔ အတူေန မိန္းမရဲ႕ သ႐ုပ္ေဆာင္ ပီျပင္မႈဟာဆိုရင္ ေတာ္႐ုံတန္႐ုံ ႐ုပ္ရွင္ၾကည့္ရင္း ပါးစပ္ကေန သိပ္ၿပီး မေျပာဆိုတတ္တဲ့ ကိုယ္ေတာင္ အဆဲပါလုနည္းနည္း ျဖစ္သြားေစပါတယ္။ နိဂုံးခ်ဳပ္အေနနဲ႔ ငါတို႔ မိဘေတြကို ေက်းဇူးလည္းတင္ ခ်စ္လည္း ခ်စ္တယ္လို႔ ေျပးၿပီး ေျပာခ်င္လာပါတယ္။
'감상문(ရီဗျူး)' 카테고리의 다른 글
영화 신과 함께 죄와 벌 (0) | 2018.12.24 |
---|---|
영화 Burning (0) | 2018.12.21 |
영화 Extinction (0) | 2018.12.21 |
The Village (0) | 2018.12.07 |
콜로니아 (0) | 2018.12.07 |