달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

       

     မိအေးဟာ ကိုရီးယားမှာ မဟာတန်း တက်၊ ဘွဲ့ရပြီး  အရွေးလွန်နေတာနဲ့ ခုချိန်ထိ အလုပ်မဝင်နိုင်သေးပါ။ ဒါနဲ့ပဲ လူငယ်၊ ၂၀ကျော်သက် လုပ်ငန်းခွင်ဝင်ဖို့ ခဲယဥ်းတဲ့သူတွေကို ထောက်ပံ့ပေးတဲ့ အလုပ်သမားထောက်ပံ့ရေး စင်တာကို သွားဖြစ်ခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ အစိုးအရဝန်ထမ်းတွေ ဆွေးနွေးပေးတယ်။ ကိုယ် ဘယ်နယ်ပယ်ကို စိတ်ဝင်စားလဲပေါ့။ အစိုးရက ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ တက်တဲ့အခါ ထောက်ပံ့ကြေးအနေနဲ့ သိန်း 30ကို ထောက်ပံ့ပေးမယ်။ အဲ့ဒီထက် စျေးကြီးတဲ့ သင်တန်းကို တက်မယ်ဆိုရင်တော့ ကိုယ်အိတ်ထဲက စိုက်ပေါ့။ အဲ့တော့ လူငယ်တွေ၊ အိမ်ထောင်သည်တွေ၊ ပင်စင်သမားတွေ အစုံပေါ့။ သူ့ ကိုက်ညီရာ လိုင်းကို ထပ်မံ ရွေးချယ်ခွင့် ပေးတာပေါ့။ တချို့ကျ‌တော့ ကော်ဖီဖျော် သင်တန်း၊ အလှအပ၊ စက်ပြင်၊ စာရင်းအင်း စသဖြင့် မိမိ သန်ရာသန်ရာ လိုင်းကို ရွေးပြီး သင်တန်းအပ်ပြီး တက်ကြတာပေါ့။ ကိုယ်ကတော့ မြန်မာပြည်မှာ ဘွဲ့ရပြီး စာရင်းကိုင် သင်တန်း LCCI Level 3 အောင်ထားပေမဲ့ အသုံးမချခဲ့တော့ အကုန် မေ့နေပေါ့။ အဲ့တော့ သင်တန်းက ကိုရီးယားလို နားထောင်ရမှာ၊ တီးမိခေါက်မိ ရှိပြီးသား အကောင့်သင်တန်းကို အလွယ် ရွေးလိုက်တာပေါ့။ သင်တန်းစတက်တော့ သင်တန်းသားတွေထဲမှာ အိမ်ထောင်သည်၊ ကလေးအမေ၊ ဦးလေးကြီးတွေ၊ ကိုယ်ထက် ငယ်တဲ့ 20ကျော် ကလေးတွေရောပေါ့။ မေးကြည့်လိုက်ရင် တက္ကသိုလ်ကျောင်းပြီးထားတဲ့ သူဆိုလို့ ကိုယ်ပဲ ရှိတယ်။ ကိုယ်နဲ့ အနီးမှာ ထိုင်တဲ့ ကလေး 2ယောက်လုံး အထက်တန်းအောင်အဆင့်ပဲ။ အဲ့တော့ ဒီလောက် ပညာရေးအဆင့်မြင့်တဲ့ ကိုရီးယားမှာ အထက်တန်း အောင်ရုံနဲ့ အလုပ်ရပါ့မလားဆိုပြီး တွေးခဲ့သေးတယ်။ အော် ဒါနဲ့ ဒီမှာ ပညာအရည်အချင်းမလိုဘဲ တတ်လို့ရတဲ့ စာရင်းကိုင်၊အခွန် သင်တန်းက ကိုယ်တွေနိုင်ငံမှာ ဟုတ်လှပြီ ထင်နေတဲ့ LCCI Level 3 အဆင့်ထက်မြင့်နေပါရော။ ပိုလျှော့ခ်ရတာကတော့ စာမေးပွဲ ဖြေတော့ အထက်တန်းကျောင်းသား ငယ်ငယ်လေးတွေနဲ့ အတူ စာမေးပွဲ ဖြေရတာ။သူတို့က ကွန်ပျူတာ ကိုင်တာလည်း ကျွမ်းကျင်တော့ တဗြောင်းဗြောင်းနဲ့ ချနေတာ၊ ကိုယ်ကတော့ တုန်ချိတုန်ချိနဲ့ပေါ့ ၊ ဒါပေမဲ့ စာမေးပွဲမှာ မြန်မြန်ပြီးဖို့ထက် အဖြေမှန်ဖို့က အဓိကဆိုတော့ ‌ဖြေးဖြေးနဲ့ မှန်မှန်ပဲ ဖြေခဲ့တယ်။

     နောက်တစ်ခုက အထက်တန်းအောင်ရုံနဲ့ အလုပ်ရပါ့မလားလို့ ထင်ခဲ့တဲ့ ကိုယ့်ရဲ့ အမြင်ဟာ အတော်လေး လွဲမှားသွားတာကို သိခဲ့ရတယ်။ သင်တန်းမှာ ကိုယ့်ဘေးမှာ ထိုင်တဲ့ ကလေးမလေးက မကြာသေးခင်ကပဲ Tax accounting office မှာ အလုပ်ဝင်သွားပြီ၊ အေးအေးဆေးဆေးပဲ ကိုရီးယားရဲ့ အခြေခံ လစာနဲ့စဝင်ပြီး သူတာဝန်ယူ ကိုင်ရတဲ့ ကုမ္ပဏီ အရေအတွက်များလာရင် များလာသလို လစာက တိုးလာဦးမှာ။ 

    ဘာလုပ်ရတာလဲဆိုတော့ ကိုရီးယားမှာ ဝင်ငွေခွန်၊ လုပ်ငန်းခွန်ကို တစ်နှစ်မှာ 1ကြိမ်ကနေ 2ကြိမ် ဆောင်ရတယ်။ အခွန်ပိုင်း သိပ်နားမလည်တဲ့ သူတွေ၊ ကုမ္ပဏီမှာ စာရင်းကိုင် သီးသန့် မထားထားနိုင်တဲ့ အလတ်စားအသေးစား လုပ်ငန်းတွေဟာ တစ်နှစ်ကို 1ကြိမ်၊ သို့မဟုတ် 2ကြိမ် အခွန်ဆောင်ချိန်ရောက်အခါမှာ ဆောင်ရမယ့် အခွန်ကို ကိုယ်စားတွက်ချက်ပြီး အခွန်ရုံးကို လှမ်းလျှောက်ပေး၊ စာရင်းရှင်းတမ်းလုပ်ပေးတဲ့ ကုမ္ပဏီတွေကို ဝန်ဆောင်ခပေးပြီး အပ်ရတယ်။ မလုပ်တတ်ဘဲ ကိုယ်ဖာသာတွက်ပြီး ‌ေဆာင်ရင် အခွန် အများကြီး ‌ဆောင်ရတဲ့အတွက် မဖြစ်မနေ အပ်ကို အပ်ကြရတယ်။ ဥပဒေဘောင်ထဲကနေပြီး ထည့်သင့်တာ ထည့်၊ လျှော့သင့်တာလျှော့ပြီး ၂ဦး ၂ဖက် အကျိုးရှိအောင် တွက်ပြီး အချိန်မကျော်အောင် အချက်အလက်အစုံနဲ့ အခွန်ရုံးကို တင်ရတာ ဖြစ်တယ်။ များသောအားဖြင့် အဲ့လို ကုမ္ပဏီတွေဟာ တကယ့် အခွန်ကျွမ်းကျင်အဆင့်လက်မှတ်ရ သူဌေးက အမည်ခံ ဦးစီးထားပြီး ကိုယ်တွေလို သင်တန်းဆင်း‌လေး‌တွေကို လက်ထောက်အဖြစ် ခန့်ထားတာ ဖြစ်တယ်။

    ကိုရီးယားမှာ အထက်တန်းအောင်ဆိုတာ ကိုယ်တွေဆီက 10တန်းလိုမျိုး ခက်ခက်ခဲခဲ အောင်လာတာမျိုး မဟုတ်ဘူး။ အထက်တန်းပြီးဆုံးကြောင်း လက်မှတ်ရရင် ဒါ အထက်တန်းအောင်အဆင့်လို့ သတ်မှတ်ပေးတာပဲ။

    ဆိုလိုချင်တာ တက္ကသိုလ်က ဘွဲ့မရလဲ၊ အထက်တန်း ပြီးရုံ အဆင့်၊ အင်္ဂလိပ်စာ မကျွမ်းကျင်လည်း စာရင်းအင်း၊ အခွန် သင်တန်း တက်ပြီး အများနည်းတူ ရုံးမှာ ထိုင်ပြီး ငွေရှာနိုင်တယ်ဆိုတာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သင်တန်းတိုင်းရဲ့ သင်ရိုးတွေဟာ ကိုရီးယား ဘာသာစကားနဲ့ ဖော်ပြထားတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ အင်္ဂလိပ်စာဆိုတဲ့ တံတိုင်းကြီးကို ဖြတ်စရာ မလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဒီလို အလုပ်နေရာတွေ ရှိနေတယ်ဆိုတာကလည်း ပြည်တွင်းစီးပွားရေး တောင့်တင်းတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။

 

       မိေအးဟာ ကိုရီးယားမွာ မဟာတန္း တက္၊ ဘြဲ႕ရၿပီး  အေ႐ြးလြန္ေနတာနဲ႔ ခုခ်ိန္ထိ အလုပ္မဝင္ႏိုင္ေသးပါ။ ဒါနဲ႔ပဲ လူငယ္၊ ၂၀ေက်ာ္သက္ လုပ္ငန္းခြင္ဝင္ဖို႔ ခဲယဥ္းတဲ့သူေတြကို ေထာက္ပံ့ေပးတဲ့ အလုပ္သမားေထာက္ပံ့ေရး စင္တာကို သြားျဖစ္ခဲ့တယ္။ စိတ္ရွည္ရွည္နဲ႔ အစိုးအရဝန္ထမ္းေတြ ေဆြးေႏြးေပးတယ္။ ကိုယ္ ဘယ္နယ္ပယ္ကို စိတ္ဝင္စားလဲေပါ့။ အစိုးရက ကိုယ္စိတ္ဝင္စားတဲ့ နယ္ပယ္နဲ႔ သက္ဆိုင္တဲ့ သင္တန္းေတြ တက္တဲ့အခါ ေထာက္ပံ့ေၾကးအေနနဲ႔ သိန္း 30ကို ေထာက္ပံ့ေပးမယ္။ အဲ့ဒီထက္ ေစ်းႀကီးတဲ့ သင္တန္းကို တက္မယ္ဆိုရင္ေတာ့ ကိုယ္အိတ္ထဲက စိုက္ေပါ့။ အဲ့ေတာ့ လူငယ္ေတြ၊ အိမ္ေထာင္သည္ေတြ၊ ပင္စင္သမားေတြ အစုံေပါ့။ သူ႔ ကိုက္ညီရာ လိုင္းကို ထပ္မံ ေ႐ြးခ်ယ္ခြင့္ ေပးတာေပါ့။ တခ်ိဳ႕က်‌ေတာ့ ေကာ္ဖီေဖ်ာ္ သင္တန္း၊ အလွအပ၊ စက္ျပင္၊ စာရင္းအင္း စသျဖင့္ မိမိ သန္ရာသန္ရာ လိုင္းကို ေ႐ြးၿပီး သင္တန္းအပ္ၿပီး တက္ၾကတာေပါ့။ ကိုယ္ကေတာ့ ျမန္မာျပည္မွာ ဘြဲ႕ရၿပီး စာရင္းကိုင္ သင္တန္း LCCI Level 3 ေအာင္ထားေပမဲ့ အသုံးမခ်ခဲ့ေတာ့ အကုန္ ေမ့ေနေပါ့။ အဲ့ေတာ့ သင္တန္းက ကိုရီးယားလို နားေထာင္ရမွာ၊ တီးမိေခါက္မိ ရွိၿပီးသား အေကာင့္သင္တန္းကို အလြယ္ ေ႐ြးလိုက္တာေပါ့။ သင္တန္းစတက္ေတာ့ သင္တန္းသားေတြထဲမွာ အိမ္ေထာင္သည္၊ ကေလးအေမ၊ ဦးေလးႀကီးေတြ၊ ကိုယ္ထက္ ငယ္တဲ့ 20ေက်ာ္ ကေလးေတြေရာေပါ့။ ေမးၾကည့္လိုက္ရင္ တကၠသိုလ္ေက်ာင္းၿပီးထားတဲ့ သူဆိုလို႔ ကိုယ္ပဲ ရွိသလိုပဲ။ ကိုယ္နဲ႔ အနီးမွာ ထိုင္တဲ့ ကေလး 2ေယာက္လုံး အထက္တန္းေအာင္အဆင့္ပဲ။ အဲ့ေတာ့ ဒီေလာက္ ပညာေရးျမင့္တဲ့ ကိုရီးယားမွာ အထက္တန္း ေအာင္႐ုံနဲ႔ အလုပ္ရပါ့မလားဆိုၿပီး ေတြးခဲ့ေသးတယ္။ ေအာ္ ဒါနဲ႔ ဒီမွာ အထက္တန္းေအာင္အဆင့္ သင္ေနတဲ့ စာရင္းကိုင္က ကိုယ္ေတြႏိုင္ငံမွာ ဟုတ္လွၿပီ ထင္ေနတဲ့ LCCI Level 3 အဆင့္ျဖစ္ေနပါေရာ။ ပိုေလွ်ာ့ခ္ရတာကေတာ့ စာေမးပြဲ ေျဖေတာ့ အထက္တန္းေက်ာင္းသားေတြပါ ကိုယ္ေတြနဲ႔ အတူ စာေမးပြဲ လာေျဖတာေလ။ သူတို႔က ကြန္ပ်ဴတာနဲ႔ တေျဗာင္းေျဗာင္းခ်ေန၊ ကိုယ္က တုန္ခ်ိတုန္ခ်ိနဲ႔ ၊ ဒါေပမဲ့ စာေမးပြဲမွာ ျမန္ျမန္ၿပီးဖို႔ထက္ အေျဖမွန္ဖို႔က အဓိကဆိုေတာ့ ‌ေျဖးေျဖးနဲ႔ မွန္မွန္ပဲ ေျဖခဲ့တယ္။

ေနာက္တစ္ခုက အထက္တန္းေအာင္႐ုံနဲ႔ အလုပ္ရပါ့မလားလို႔ ထင္ခဲ့တဲ့ ကိုယ့္ရဲ႕ အျမင္ဟာ အေတာ္ေလး လြဲမွားသြားတာကို သိခဲ့ရတယ္။ သင္တန္းမွာ ကိုယ့္ေဘးမွာ ထိုင္တဲ့ ကေလးမေလးက မၾကာေသးခင္ကပဲ Tax accounting office မွာ အလုပ္ဝင္သြားၿပီ၊ ေအးေအးေဆးေဆးပဲ ကိုရီးယား အေျခခံ လစာနဲ႔ စၿပီး ကိုင္ရတဲ့ ကုမၸဏီ မ်ားလာရင္ မ်ားလာသလို လစာက တိုးလာဦးမွာ။  ဘာလုပ္ရတာလဲဆိုေတာ့ ကိုရီးယားမွာ ဝင္ေငြခြန္၊ လုပ္ငန္းခြန္ကို တစ္ႏွစ္မွာ 1ႀကိမ္ကေန 2ႀကိမ္ ေဆာင္ရတယ္။ အခြန္ပိုင္း သိပ္နားမလည္တဲ့ သူေတြ၊ ကုမၸဏီမွာ စာရင္းကိုင္ မထားထားတဲ့ လုပ္ငန္းေတြဟာ တစ္ႏွစ္ကို 1ႀကိမ္၊ သို႔မဟုတ္ 2ႀကိမ္ အခြန္ေဆာင္တဲ့အခါမွာ ထိုသို႔ေသာ အခြန္ကိုယ္စား ေလွ်ာက္ေပး၊ စာရင္းရွင္းတမ္းလုပ္ေပးတဲ့ ႐ုံးေတြကို ဝန္ေဆာင္ခေပးၿပီး အပ္ရတယ္။

ကိုရီးယားမွာ အထက္တန္းေအာင္ဆိုတာ ကိုယ္ေတြဆီက 10တန္းလိုမ်ိဳး ခက္ခက္ခဲခဲ ေအာင္လာတာမ်ိဳး မဟုတ္ဘူး။ အထက္တန္းၿပီးဆုံးေၾကာင္း လက္မွတ္ရရင္ ဒါ အထက္တန္းေအာင္အဆင့္လို႔ သတ္မွတ္ေပးတာပဲ။

ဆိုလိုခ်င္တာ တကၠသိုလ္က ဘြဲ႕မရလဲ၊ အထက္တန္း ၿပီး႐ုံ အဆင့္၊ အဂၤလိပ္စာ မကြၽမ္းက်င္လည္း စာရင္းကိုင္၊ အခြန္ သင္တန္း တက္ၿပီး အမ်ားနည္းတူ ႐ုံးမွာ ထိုင္ၿပီး ေငြရွာႏိုင္တယ္ဆိုတာပါ။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ သင္တန္းတိုင္းရဲ႕ သင္႐ိုးေတြဟာ ကိုရီးယား ဘာသာစကားနဲ႔ ေဖာ္ျပထားတဲ့အတြက္ေၾကာင့္ပဲ ျဖစ္တယ္။ အဂၤလိပ္စာဆိုတဲ့ တံတိုင္းကို ျဖတ္စရာ မလိုတဲ့အတြက္ေၾကာင့္ပဲ ျဖစ္တယ္။ ဒီလို အလုပ္ေနရာေတြ ရွိေနတယ္ဆိုတာကလည္း ျပည္တြင္းစီးပြားေရး ေတာင့္တင္းတဲ့အတြက္ေၾကာင့္ပဲ ျဖစ္တယ္။

 

mm.aaa.kr

:
Posted by 해맑은순이