ဂင်ယောင်းနန်လော
ဂင်ယောင်းနန်ဥပဒေဆိုသည်မှာ ပြည်သူ့ဝန်ထမ်းများအနေနှင့် ငွေ ၁၀သိန်းအထက် တန်ဖိုးရှိသည့် ပစ္စည်း၊ လာဘ် စသည်တို့ကို လက်ခံပါက ဥပဒေအရ အရေးယူအပြစ်ပေးနိုင်သည့် ဥပဒေအဖြစ် 2016ခုနှစ် 09လပိုင်း 26ရက်နေ့တွင် သတ်မှတ်ကြေငြာခဲ့သည့် ဥပဒေဖြစ်ပါသည်။
ဒီဥပဒေ၏ အမည်နာမကို ဘာကြောင့် “ဂင်ယောင်နန်လော”ဟု ခေါ်ဆိုရသလဲဆိုရင် 2012ခုနှစ် အမျိုးသားအခွင့်အရေးကော်မရှင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဥက္ကဌကြီး ဂင်ယောင်နန်မှ တင်သွင်းသည့် ဥပဒေဟာ အသိအမှတ်ပြု လက်ခံအတည်ပြုခွင့်ရခဲ့သည့်အတွက် “ဂင်ယောင်နန်လော” ဆိုပြီး ခေါ်တွင်ခဲ့တာ ဖြစ်ပါသည်။ ဒီဥပဒေ၏ တရားဝင်အမည်နာမမှာ “မတရားဖိအားပေး တောင်းဆိုမှုနှင့် ငွေကြေး၊ ပစ္စည်း စသဖြင့် လာဘ်ပေးလာဘ်ယူမှု တာမြစ်ခြင်းဆိုင်ရာ လော” ဖြစ်ပြီး၊ အတိုကောက်အနေဖြင့် “ဖိအားပေး တောင်းဆိုမှု တာမြစ်ခြင်း ဥပဒေ”ဟု ခေါ်ဆိုပါသည်။
ဘယ်လိုလူမျိုးတွေအပေါ်မှာ ဒီဥပဒေက အကျုံးဝင်သလဲဆိုရင် အစိုးရဝန်ထမ်း၊ ပြည်သူ့ဌာန ဝန်ထမ်း၊ မီဒီယာ သမားများ၊ အမျိုးသားကျောင်း၊ ပြည်သူ့ကျောင်း၊ ပုဂ္ဂလိကကျောင်း ဝန်ထမ်းများနှင့် ထိုသူတို့၏ အိမ်ထောင်ဖက်များဖြစ်ပါသည်။
- လွှတ်တော်၊ တရားရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ ရွေးကောက်ပွဲဘုတ်အဖွဲ့၊ စစ်ဆေးရေး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ဗဟိုအုပ်ချုပ်ရေးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့အဖွဲ့အစည်း စသည့် အများပြည်သူနှင့် ဆိုင်သော ဌာနများမှ ဝန်ထမ်းများ
- အသံလွှင့်ဌာနများ၊ သတင်းစာ၊ မဂ္ဂဇင်း၊ သတင်းဌာနများ၊ အင်တာနက်သတင်းဌာန စသည့် မီဒီယာများမှ ဝန်ထမ်းများ
- အစိုးရ(အမျိုးသား၊ ပြည်သူ့)ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ(မူကြိုမှစပြီး တက္ကသိုလ်အထိ) နှင့် ပုဂ္ဂလိကဖောင်ဒေရှင်းများမှ ဝန်ထမ်းများ
ခွင့်ပြုထားသည့် အသုံးစရိတ် ပမာဏများမှာ အောက်ပါအတိုင်းဖြစ်သည်။
အမျိုးအစား |
အကျုံးဝင်သူများ |
ကန့်သတ်ထားသည့် ပမာဏ |
|
အစားအသောက် |
အားလုံး |
3သောင်း |
|
လက်ဆောင် |
5သောင်း |
||
သာရေး၊ နာရေးစရိတ် |
1သိန်း |
||
ဟောပြောသင်ကြားခ |
အစိုးရဝန်ထမ်း |
ဝန်ကြီးနှင့်အထက် |
5သိန်း |
ဒုဝန်ကြီးနှင့်အထက် |
4သိန်း |
||
အဆင့် 4 နှင့်အထက် အစိုးရဝန်ထမ်း |
3သိန်း |
||
အဆင့် 5 နှင့်အထက် အစိုးရဝန်ထမ်း |
2သိန်း |
||
ပြည်သူ့အဖွဲ့အစည်းဌာန |
ဌာနမှူး |
4သိန်း |
|
အုပ်ချုပ်ရေးအဆင့်ဝန်ထမ်း |
3သိန်း |
||
ရိုးရိုးအဆင့်ဝန်ထမ်း |
2သိန်း |
||
မီဒီယာသမားနှင့် ပုဂ္ဂလိက ကျောင်းမှ ဝန်ထမ်းများ |
10သိန်း |
ထို ကန့်သတ် ပမာထက် ကျော်လွန်၍ အသုံးပြုပါက ဥပေဒချိုးဖောက်မှုဖြင့် အောက်ပါအတိုင်း အရေးယူခြင်းခံရမည်။
အမျိုးအစား |
ချိုးဖောက်မှု |
အပြစ်ဒဏ် |
|
မတရားဖိအားပေး တောင်းဆိုခြင်း |
အစိုးရနှင့် ပြည်သူ့ဝန်ထမ်းများကို တိုက်ရိုက် မတရားဖိအားပေးတောင်းဆိုသူ |
မရှိ |
|
တတိယလူမှ တစ်ဆင့် အစိုးရနှင့် ပြည်သူ့ဝန်ထမ်းထံ ဖိအားပေးတောင်းဆိုသူ |
ဒဏ်ကြေး သိန်း 100အောက် |
||
တတိယလူ၏ အကျိုးစီးပွားအတွက် ဖိအားပေးတောင်းဆိုပေးသူ |
အရပ်သား |
ဒဏ်ကြေး သိန်း 200 အောက် |
|
ပြည်သူ့ဝန်ထမ်း |
ဒဏ်ကြေး သိန်း 300 အောက် |
||
ဖိအားပေးတောင်းဆိုမှုကို လက်ခံလုပ်ဆောင်ပေးသော ပြည်သူ့ဝန်ထမ်း စသည် |
ထောင်ဒဏ် 2နှစ်အောက်၊ ဒဏ်ကြေး သိန်း 200 |
||
ငွေကြေး၊ ပစ္စည်း စသည် လာဘ်ပေးလာဘ်ယူမှု |
တစ်ကြိမ်ကို 10သိန်း၊ ဘတ်ဂျက်နှစ်အတွင်း သိန်း 30နှင့် အထက် လက်ခံရယူသူ ပြည်သူ့ဝန်ထမ်း l အိမ်ထောက်ဖက်က ထိုကဲ့သို့ လာဘ်များ ရယူနေမှုကို သိပါလျက် တိုင်ကြားခြင်း၊ ပြန်ပေးခြင်းများ မပြုလုပ်သော ဝန်ထမ်း l လာဘ်ပစ္စည်းများကို ပေးကမ်းသော သူ |
ထောင်ဒဏ် 3နှစ်အောက် ဒဏ်ကြေး သိန်း 300 |
|
တစ်ကြိမ်ကို 10သိန်းအောက် ငွေကြေး၊ ပစ္စည်း လက်ခံရယူသူ ပြည်သူ့ဝန်ထမ်း l * အိမ်ထောက်ဖက်က ထိုကဲ့သို့ လာဘ်များ ရယူနေမှုကို သိပါလျက် တိုင်ကြားခြင်း၊ ပြန်ပေးခြင်းများ မပြုလုပ်သော ဝန်ထမ်း လာဘ်ပစ္စည်းများကို ပေးကမ်းသော သူ |
လက်ခံရယူထားသည့် ငွေကြေးပမာဏ၏ 2ဆနှင့်အထက်၊ 5ဆနှင့်အောက် ဒဏ်ကြေး |
||
ကန့်သတ်ပမာဏထက် ကျော်လွန်၍ ဟောပြောကြေး ရယူသူ ပြည်သူ့ဝန်ထမ်း |
ဒဏ်ကြေး သိန်း 50နှင့်အောက် |
참고 사이트
http://danmee.chosun.com/site/data/html_dir/2016/08/31/2016083102734.html
'번역 글 ' 카테고리의 다른 글
법륜스님 희망편지 "회피하는 것과 놓아버리는 것" 미얀마어 (0) | 2020.07.17 |
---|---|
itaewon class OST ကျောက်တုံးလေး(stone block)/이태원 클라쓰 OST 돌덩이 가사 미얀마어 번역 (0) | 2020.03.26 |
내가 니편이 되어줄게(미얀마어) (0) | 2019.08.21 |
노동, 출입국 관리 및 인구 부 장관이 아동인권법은 시민권 있는지 여부와 관계 없다고 했다. (0) | 2019.06.25 |
신해철 일상으로의 초대 (0) | 2019.02.02 |