ကိုရီးယားရဲ့ Camping ယဥ်ကျေးမှု 지식2020. 5. 4. 21:58
ဟိုးအရင်တုန်းကတော့ ခရီးထွက်လာပြီဆို တည်းစရာ နေရာက စပြီး ခေါင်းစားရပြီ၊ မိုတယ်တို့၊ တည်းခိုခန်းတို့ဆိုတာကလည်း သန့်ရှင်းမှု၊ အန္တရာယ်ကင်းမှု၊ ကုန်ကျစရိတ်ကစ တွက်ရပြီ။ ဟိုတယ်ဆိုရင်လည်း သာမန်လူတန်းစားတွေအတွက်တော့ ဝန်ကြီးတယ်လေ။ ကိုယ်တွေ နိုင်ငံကလို ဘုန်းကြီးကျောင်းတို့ ဘာတို့မှာ တည်းမရတော့ ပိုဆိုးတာပေါ့။
အခုနောက်ပိုင်း ကိုရီးယားမှာ Camping ထွက်တာ ခေတ်စားလို့ လာပါတယ်။ Camping စခန်းနေရာများ ငှားစားတဲ့ လုပ်ငန်းရှင်တွေလည်း များပြားလာပါတယ်။
Camping စခန်းနေရာမှာဆိုရင် ရေမီးအစုံရှိပြီ ရွက်ဖျင်တဲနေရာ ငှားပေးခ တစ်ညကို အနိမ့်ဆုံး ဝမ် ၂သောင်းက စပါတယ်။အခုနောက်ပိုင်းမှာကတော့ ကိုယ်ပိုင် ရွက်ဖျင်တဲလေးများ ယူလာပြီး အသားကင်စား၊ မိသားစုတွေ စကားစမြည်ပြောကြနဲ့၊ ညအိပ်ခရီးလေးတွေ ထွက်ကြတယ်။
တချို့တွေဆို ကား ကိုယ်ထည်ကြီးတာ ဝယ်ပြီး ကားနောက်ဖုံးဖွင့်ပြီး အိပ်ကြ၊ သို့မဟုတ် ကားနောက်ဖုံးနဲ့ ဆက်ပြီး ထိုးလို့ရတဲ့ ရွက်ဖျင်တဲ ဝယ်ပြီး စခန်းချပြီး ညအိပ်ခရီးထွက်ကြတယ်။
တချို့ ပိုက်ဆံချမ်းသာတဲ့ သူတွေကျတော့ ကိုယ်ပိုင် ကားဟိုတယ်လို့ ဆိုရလောက်အောင် ဟိုတယ်နီးနီး ပစ္စည်းစုံတဲ့ Camping Car ကို ကားနောက်မှာ ချိတ်ဆွဲလာပြီး သက်တောင့် သက်သာ ခရီးထွက်လာကြတာတွေ ရှိလာပါတယ်။ ရုပ်ရှင်တွေထဲမှာ ကွန်တိန်နာထဲမှာ နေ၊စား၊အိပ်တာမျိုးပေါ့။ တည်းစရာ မရှိမှာ ပူစရာမလိုဘဲ ကိုယ်ပိုင် တည်းခိုခန်းကို ကားနဲ့ဆွဲလာတဲ့ ခေတ်ကို ရောက်နေတဲ့ သဘောပေါ့။
ကိုယ့်ကားနဲ့ ကိုယ်ရွက်ဖျင်တဲလေးနဲ့ဆိုတော့ အိပ်တဲ့အခါလည်း လွတ်လွတ်လပ်လပ်၊ စိတ်ချလက်ချ အိပ်လို့ ရတာပေါ့။
အပန်းဖြေခရီးဖြစ်တဲ့အတွက် အရေးကြီးဆုံးက မပင်ပန်းဖို့လေ။ အဓိကကတော့ စိတ်မပင်ပန်းဖို့ပေါ့။ တည်းဖို့နေရာရှာရ၊ ပိုက်ဆံကုန်ရနဲ့။ စိတ်အပန်းမပြေတဲ့အပြင် စိတ်ဖိစီးမှု များလာနိုင်တယ်လေ။ ခုလို Camping နေရာတွေ၊ ကိုယ်ပိုင် ရွက်ဖျင်တဲလေးတွေ ထိုးပြီး နေလို့ရတော့ အဆင်ပြေတာပေါ့။ တချို့ Camping Car တွေဆို ရေခဲသေတ္တာနဲ့၊ အဲယားကွန်းနဲ့ သန့်စင်ခန်းပါ ပါတယ်။ စျေးကတော့ ကားတစ်စီး တန်ဖိုးသာသာဆိုတော့ အရမ်း ချမ်းသာတဲ့ သူများသာ ဝယ်နိုင်တာပေါ့။ သာမန်လူတန်းစားများကတော့ ရွက်ဖျင်တဲလေးနဲ့၊ ချမ်းတဲ့အခါ စောင်လေခြုံ သို့မဟုတ် မီးမွေးပြီး မီးလှုံ၊ အိုက်တဲ့အခါ ရွက်ဖျင်တဲလေး လေဝင်အောင် ဟထားပြီး နေရုံပေါ့။ ပျော်ပွဲစားထွက်လာတာဆိုတော့ ပျော်စရာတော့ ကောင်းသားနော်။
ကိုရီးယားရဲ့ ယနေ့ခေတ် Camping ယဥ်ကျေးမှုနဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် ပြောပြတာပါ။
'지식' 카테고리의 다른 글
미얀마 코로나-19 추가확진자 6명, 총 확진자 161명 (0) | 2020.05.06 |
---|---|
미얀마 코로나-19 확진자 155명 돌파 (0) | 2020.05.04 |
미얀마 코로나-19 총확진자 150명 돌파 (0) | 2020.04.29 |
미얀마 코로나-19 추가 확진자 7명, 총 확진자 수 146명 (0) | 2020.04.26 |
미얀마 코로나-19 총 확진자수 139명 돌파 (0) | 2020.04.24 |