영화표 할인, သက္သာ ရုပ္ရွင္ လက္မွတ္ဖိုး 문화2018. 12. 21. 12:56
Zawgyi
ကိုရီးယား ရုပ္ရွင္လက္မွတ္အေၾကာင္း၊
ကိုရီးယားမွာ ရုပ္ရွင္ရံုမွာ ရုပ္ရွင္ၾကည့္ခ်င္ရင္ လက္မွတ္ တစ္ေစာင္ကို ၁ေသာင္းေက်ာ္ေပးရပါတယ္။ သို႕ေပမဲ့ ေငြေၾကးေခြ်တာတတ္တဲ့ သူမ်ားကေတာ့ သူမ်ားေတြ မၾကည့္တဲ့ အခ်ိန္ ပထမဆံုး ပြဲခ်ိန္ကို ေရြးၿပီး၊ အိပ္ေရးပ်က္ခံၿပီး ၾကည့္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပထမဆံုး ပြဲၾကည့္ရင္ လက္မွတ္ေစ်းက ပံုမွန္ေစ်းထက္ ၃၀ရာခိုင္းနႈန္းကေန ၅၀ရာခိုင္ႏႈန္းထိ ေစ်းသက္သာတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ပထမဆံုးပြဲခ်ိန္ဆိုတာ မနက္ ၁၀နာရီ မတိုင္ခင္ပြဲကို ေျပာတာ ျဖစ္ပါတယ္။ ေစ်းသက္သက္သာသာနဲ႕ ရုပ္ရွင္ၾကည့္နိုင္တဲ့ ေနာက္ တစ္နည္းကေတာ့ တစ္လမွာ တစ္ရက္ ၾကိဳက္တဲ့ပြဲကို ၾကည့္ ရိုးရိုး 2Dကားဆိုရင္ ၅ေထာင္နဲ႕ ၾကည့္နိုင္ပါတယ္။ အဲဒီ ရက္ကေတာ့ လစဥ္ ေနာက္ဆံုး အပတ္ရဲ႕ ဗုဒၶဟူးေန႕ပဲ ျဖစ္ပါတယ္။ အဲဒီေန႕ကို ကိုရီးယားမွာ ယဥ္ေက်းမႈေန႕၊ culture day ဆိုၿပီး သတ္မွတ္ထားတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ရုပ္ရွင္ လက္မွတ္ တစ္ေစာင္ကို တစ္ေသာင္း ၁ေထာင္၊ တစ္ေသာင္း၂ေထာင္ကေတာ့ ကိုယ္ေတြ နိုင္ငံသားေတြအတြက္ေတာ့ အေတာ္ေလး ဝန္ပိတဲ့အတြက္ အမ်ားသူငွာ သိေစခ်င္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ မသိလို႕ အခြင့္အေရးကို အသံုးမခ်လိုက္တာမ်ိဳး မရိွရေလေအာင္ ဒီပို႕စ္ကို တင္ေပးျခင္းျဖစ္ပါတယ္။
ေနာက္တစ္ခု ထပ္ျဖည့္ၿပီး ေျပာရရင္ ကိုရီးယားမွာ ေရွ႕တန္းေနာက္တန္းဆိုၿပီး ေစ်း ကြာဟခ်က္ မရိွတာပါပဲ။ တစ္ေစ်းတည္းကို ခံုေနရာကေတာ့ ဦးရာလူ စနစ္ပါပဲ။
Unicode
ကိုရီးယား ရုပ်ရှင်လက်မှတ်အကြောင်း၊
ကိုရီးယားမှာ ရုပ်ရှင်ကြည့်ချင်ရင် လက်မှတ် တစ်စောင်ကို ၁သောင်းကျော်ပေးရပါတယ်။ သို့ပေမဲ့ ငွေကြေးချွေတာတတ်တဲ့ သူများကတော့ သူများတွေ မကြည့်တဲ့ အချိန် ပထမဆုံး ပွဲချိန်ကို ရွေးပြီး၊ အိပ်ရေးပျက်ခံပြီး ကြည့်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမဆုံး ပွဲကြည့်ရင် လက်မှတ်ဈေးက ပုံမှန်ဈေးထက် ၃၀ရာခိုင်းနှုန်းကနေ ၅၀ရာခိုင်နှုန်းထိ ဈေးသက်သာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပထမဆုံးပွဲချိန်ဆိုတာ မနက် ၁၀နာရီ မတိုင်ခင်ပွဲကို ပြောတာ ဖြစ်ပါတယ်။ ဈေးသက်သက်သာသာနဲ့ ရုပ်ရှင်ကြည့်နိုင်တဲ့ နောက် တစ်နည်းကတော့ တစ်လမှာ တစ်ရက် ကြိုက်တဲ့ပွဲကို ကြည့် ရိုးရိုး 2Dကားဆိုရင် ၅ထောင်နဲ့ ကြည့်နိုင်ပါတယ်။ အဲဒီ ရက်ကတော့ လစဉ် နောက်ဆုံး အပတ်ရဲ့ ဗုဒ္ဓဟူးနေ့ပဲ ဖြစ်ပါတယ်။ အဲဒီနေ့ကို ကိုရီးယားမှာ ယဉ်ကျေးမှုနေ့၊ culture day ဆိုပြီး သတ်မှတ်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင် လက်မှတ် တစ်စောင်ကို တစ်သောင်း ၁ထောင်၊ တစ်သောင်း၂ထောင်ကတော့ ကိုယ်တွေ နိုင်ငံသားတွေအတွက်တော့ အတော်လေး ဝန်ပိတဲ့အတွက် အများသူငှာ သိစေချင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မသိလို့ အခွင့်အရေးကို အသုံးမချလိုက်ရတာမျိုး မရှိရလေအောင် ဒီပို့စ်ကို တင်ပေးခြင်းဖြစ်ပါတယ်။
နောက်တစ်ခု ထပ်ဖြည့်ပြီး ပြောရရင် ကိုရီးယားမှာ ရှေ့တန်းနောက်တန်းဆိုပြီး ဈေး ကွာဟချက် မရှိတာပါပဲ။ တစ်ဈေးတည်းကို ခုံနေရာကတော့ ဦးရာလူ စနစ်ပါပဲ။
mm.aaa.kr
'문화' 카테고리의 다른 글
미얀마 스드메 (0) | 2019.01.03 |
---|---|
미얀마에서의 진짜 인사법 (0) | 2018.12.23 |