달력

4

« 2025/4 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30

ဂျန်းဆူ Mart (장수상회)

Salut D’Amour” အဓိပ္ပါယ် မသိပါ။ ပြင်သစ်ဘာသာစကားလို့ ထင်ပါတယ်။

 

ဇာတ်လမ်းလေးက ငယ်ချစ်ဦး အဖိုးကြီးနဲ့ အဖွားကြီးက ငယ်ငယ်က မဆုံလိုက်ရဘဲ အသက်ကြီးမှ ပြန်ဆုံတဲ့ ပုံစံနဲ့ ဇာတ်လမ်းလေးကို စထားတယ်။ အဲဒီမှာ အဖိုးကြီးကတော့ တစ်ကိုယ်တည်း၊ အဖွားကြီးကတော့ သမီးနဲ့ ‌မြေးလေး ရှိတယ်။

 

ဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်များကတော့ ရပ်ကွက်ထဲက Mart ပိုင်ရှင် ကပ်သီးကပ်ဖဲ့နိုင်ပြီး ခေါင်းမာတဲ့ အဖိုးကြီး၊ အဖိုးကြီး အိမ်ရှေ့ကို အိမ်ပြောင်းလာတဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ အဖွားကြီး၊ အဖွားကြီးမှာ သမီးနဲ့ မြေးလေး ရှိတယ်။ နောက်ပြီး အဖိုးကြီးဆီက တံဆိပ်တုံး/လက်မှတ် ရယူဖို့ ကြိုးစားနေတဲ့ ရပ်ကွက် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ရပ်ကွက်ဖက် တာဝန်ခံ အမျိုးသားတစ်ယောက်၊ ကျန်တဲ့လူတွေကတော့ ဇာတ်ပို့တွေ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ ရပ်ကွက်ထဲက ရပ်ကွက်သူ ရပ်ကွက်သားတွေပေါ့။ သူ့နေရာနဲ့ သူ သရုပ်ဆောင် အရမ်းကောင်းကြတယ်။

 

အဲ့ဒီမှာ အဖိုးကြီးကို အားတက်သရော ချဥ်းကပ်တဲ့ အဖွားကြီး၊ အဖွားကြီးကပဲ အရင် ထမင်းလိုက်ကျွေးဖို့ ပြော၊ အဖိုးကြီးကလည်း အဲ့တော့မှ ငယ်မူတွေ ပြန်၊ ကြားမှာ အဖိုးကြီးက သူငယ်ပြန်သလို မေ့တတ်တာလေးတွေကို ထည့်သွင်းရိုက်ပြထားတယ်။ အဖွားကြီးနဲ့ တွေ့မှ ဟန်းဖုန်းတွေ ဝယ်သုံး၊ message တွေ ပို့နဲ့ ပျော်နေတာ။ အဖိုးကြီးက အဖွားကြီးနဲ့ date တဲ့ နေရာမှာ လိုအပ်တဲ့ အကူအညီတွေကိုကျ စီမံကိန်း တာဝန်ခံအမျိုးသားဆီက သွားတောင်းတယ်လေ။ ဟိုကလည်း အားတက်သရော ကူညီတာပဲ။ အဝတ်အစားကအစ စားသောက်ဆိုင်မှာ ဘယ်လို မှာရပြီး၊ ဘယ်လို ပိုက်ဆံရှင်းရသလဲက အဆုံး အသေးစိတ်ကို သင်ပေးတာ။

 

ဒါပေမဲ့ တစ်ဖက်မှာ အဖွားကြီးနဲ့ ဟို စီမံကိန်း ရပ်ကွက်ဖက် တာဝန်ခံနဲ့က ခဏခဏ ဖုန်းပြောကြတယ်။ အဖွားကြီးက ငါ လက်မှတ်ရအောင် တောင်းပေးမယ်ဆိုပြီးလည်း ပြောတယ်။ နောက်ပြီး အဖွားကြီးက အဖိုးကြီးနဲ့ တွဲသွားတွဲလာလုပ်တာကိုကျ သမီးက သဘောမကျ။

အဲ့ဒီ့အထိ ကြည့်ပြီး ငယ်ချစ်ဦးတွေ ပြန်ဆုံဖို့အရေး ရပ်ကွက်ထဲက အောင်သွယ်တွေ၊ စိတ်လှုပ်ရှားနေကြတဲ့ ကာယကံရှင် အဖိုးကြီးနဲ့ အဖွားကြီးကို ကြည့်ပြီး ကြည့်နူးရတယ်။ အဖိုးကြီးနဲ့ အဖွားကြီး ကစားကွင်းသွားပြီး ဟိုဟာစီး ဒါစီးနဲ့ ပျော်နေကြတာတွေ ကြည့်ပြီး ပြုံးနေမိတာပေါ့။ ခေါင်းမူးတာတွေ စီးပြီး အန်ချင်လာတဲ့ အဖွားကြီးက အိမ်သာသွားပြီး ထွက်မလာ၊၊ စိတ်မရှည်တဲ့ အဖိုးကြီးနဲ့၊ အိမ်သာထဲကနေ ကြောက်လို့ သီချင်းဆိုပြပါ ပြောတဲ့ အဖွားကြီးနဲ့၊ နောက်ဆုံး အဖိုးကြီးက သီချင်းဆိုပြတာလေးကလည်း ကြည်နူးရပါတယ်။

 

တစ်ဖက်မှာ အဖွားကြီးနဲ့ ရပ်ကွက်တာဝန်ခံတို့ ပေါင်းပြီး အဖိုးကြီးကို လိမ်တော့မယ်ဆိုတဲ့ အရိပ်အချေကြောင့် စိုးရိမ်စိတ် ဖြစ်ရတယ်။

ကိုယ်ကတော့ စိတ်ထဲကနေပြီး လူဆိုးပုံ မပေါက်တဲ့ ရပ်ကွက် အဆင့်မြင့် အိမ်ရာစီမံကိန်း ရပ်ကွက်ဖက် တာဝန်ခံနဲ့ အဖိုးကြီးတို့ သံယောဇဥ်တွယ်၊ အဖွားကြီးကလည်း အဖိုးကြီးကို မေတ္တာစစ်နဲ့ ချစ်မိသွားပြီး မလိမ်တော့ရင် ကောင်းမယ်ဆိုပြီး ဆုတောင်းနေမိတယ်။

 

အဲ့လို မဖြစ်လည်း သူငယ်ပြန်ရောဂါ စနေတဲ့ အဖိုးကြီးက အဖွားကြီးကြောင့် ရှိသမျှပိုင်ဆိုင်မှု အကုန်ပြောင်ပြီး ဇာတ်လမ်းက ဘယ်လို အဆုံးသတ်မလဲပေါ့။ Happy ending ဖြစ်မလား Sad endingဖြစ်မလားဆိုပြီး ခန့်မှန်းလို့ မရ ဖြစ်နေခဲ့တယ်။

 

အဲ့ဒီ့ နောက်ပိုင်းကိုတော့ ကိုယ်တိုင် ကြည့်ကြည့်လိုက်နော်။ သင်ထင်ထားတာထက် ဇာတ်လမ်းက နက်နဲတယ်။ အဆုံးထိ ကြည့်ပြီးသွားရင် မျက်ရည်ပင်လယ်ထဲ မျောသွားမယ်။ ပြီးတော့ ဇာတ်လမ်းရဲ့ အချိတ်အဆက်တွေကို မြင်လာပြီး ဒါရိုက်တာကို ချီးကျူးမိလိမ့်မယ်။  

 

အေးအေးကလေ ဇာတ်လမ်း တော်တော်များများ ကြည့်ပြီး ဘယ်လို အဆုံးသတ်မလဲဆိုတာ ခန့်မှန်းနိုင်တာက များတယ်။ ဒီဇာတ်လမ်းက အဲ့လို မဟုတ်ဘူး။ ဆက်ပြောရင် ပေါ်ကုန်တော့မယ်. ကြည့်ဖြစ်အောင် ကြည့်ကြည့်နော်။ လုံးဝလုံးဝ ညွှန်းပါတယ်။ ကိုယ်တောင် အကြည့်နောက်ကျလို့ နှမျောတသဖြစ်နေတာ။

:
Posted by 해맑은순이