"ရှင်းချောင်းဂျီထက် ပိုဆိုးတဲ့ ဆားရန်းဂျယ်အီး" 지식2020. 8. 20. 09:36
2020.08.20. "ရှင်းချောင်းဂျီထက် ပိုဆိုးတဲ့ ဆားရန်းဂျယ်အီး"
'ဂျောင်းဂွမ်းဟွန်းဆိုတဲ့ တရားဟောဆရာကို နိုင်ငံမှ လျော်ကြေး ပြန်လည်တောင်းခံမည်။'
သူ့ကြောင့် ကူးစက်ခံရသူတွေအတွက် အစိုးရမှ စိုက်ထုတ် ကုန်ကျထားတဲ့ ဆေးစစ်ခ၊ ဆေးကုသစရိတ် စသည်ကို ပြန်လည် တောင်းခံသွားမှာ ဖြစ်ပါတယ်။
ဒီ ဆားရန်းဂျယ်အီးဘုရားကျောင်းဟာ redevelopment လုပ်မယ့် နေရာမှာ တည်ရှိနေတဲ့အတွက် အဲ့ဒီ့ အနီးရှိ အိမ်တွေ အကုန်လုံးနီးနီး ပြောင်းရွှေ့ပြီး အနေအထားဖြစ်တယ်။ ဘုရားကျောင်းပဲ မပြောင်းသေးတဲ့အတွက် တစ်နိုင်ငံလုံး နေရာအရပ်ရပ်သို့ ပြောင်းသွားကြတဲ့ ဘာသာဝင်တွေဟာ ဘုရားရှိခိုးတဲ့နေ့တိုင်း ဒီကိုပဲ ဘုရားကျောင်း လာတက်လိုက်၊ ပြန်သွားလိုက် လုပ်နေကြတာပေ့ါ။ ဒီ ဘုရားကျောင်းမှာ ညအိပ်တဲ့ သူတွေလည်း ရှိပါသတဲ့။ 10ယောက်လောက် တစ်ခန်းတည်း အတူနေကြတယ်လို့လည်း ဆိုပါတယ်။
ဒီ ဘုရားကျောင်းကနေ ပထမဆုံး ကူစက်ခံရသူ ထွက်လာပေါ်လာတာ 8လပိုင်း 12ရက်နေ့က ဖြစ်ပါတယ်။ အဲ့ဒီဘုရားကျောင်း တက်ကြတဲ့ လူက အယောက် 2ထောင်လောက် ရှိပါတယ်။
13ရက်နေ့မှာ ဘုရားကျောင်းကို ပိတ်ပစ်ခဲ့ပါတယ်။
15ရက်နေ့(ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့ )မှာတော့ တရားဟောဆရာကို အိမ်မှာပဲ Q ဝင်နေဖို့ အသိပေးခဲ့ပေမဲ့ အဲ့ဒီ့နေ့မှာပဲ ဂွမ်ဟွာမွန်းကွင်းပြင်မှာ လက်ရှိ သမ္မတကို ဆန့်ကျင်ရှုံချတဲ့ ဆန္ဒပြပွဲကို ဦးစီးကျင်းပခဲ့ပါတယ်။ ဒီ တရားဟောဆရာဟာ အဲ့ဒီ့နေ့ ဟောပြောပွဲ စင်ပေါ်မှာ နှာခေါင်းစည်းချွတ်ပြီး “ငါ့ကိုများ ဘာရောဂါလက္ခဏာမှ မရှိဘဲ Qဝင်ခိုင်းသလေး ဘာလေး” ဆိုပြီး ပြောခဲ့ပါသေးတယ်။အဲ့သလို ပြောနေတဲ့ သူဘေးမှာ အင်္ဂလိပ်စကားပြန်ဟာလည်း နှာခေါင်းစည်းမတပ်ထားပါ။ သူ သုံးတဲ့ မိုက်ကို တခြားတစ်ယောက်ကလည်း ယူသုံးတာတွေ တွေ့ရပါတယ်။
16ရက်နေ့ ညနေပိုင်းမှာပဲ တရားဟောဆရာရဲ့ ဆေးအဖြေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူရော၊ သူ့ ဇနီးရော၊ အတွင်းရေးမှုးရောပါ positive အဖြေ ထွက်လာခဲ့ပါတယ်။ အခုဆိုရင် အဲ့ဒီ့ ဘုရားကျောင်းမှ ကူးစက်သူဟာ အယောက် 600ကျော်သွားပြီဖြစ်ပြီး၊ သူတို့မှ ဆက်စပ် ကူးစက်သူဟာလည်း ထောင်ကျော်နေပါပြီ။ ဘုရားကျောင်းဘက်မှ တိကျသေချာတဲ့ ဘာသာဝင်စာရင်းကို မထုတ်ပေးဘဲ တောင့်ခံနေတဲ့အတွက် အစိုးရအနေနဲ့လည်း အစစ်ဆေးခံဖို့ ဖျောင်းဖျပြီး အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နေရာမှာ အခက်ခဲ ကြုံနေရပါတယ်။
အခုဆိုရင် ကူးစက်သူက တစ်နေ့ကို 200ကျော် 300 အထိ ဖြစ်လာပါပြီ။
အဲ့လို စုံလုံးမှိတ်ပြီး ယုံကြည်ကိုးကွယ်ကြတဲ့ သူတွေကို အခုထိလည်း နားမလည်နိုင်သေးဘူး။ ဘာတွေကများ သူတို့ကို မျက်စိပိတ်၊ နားပိတ် ဖြစ်အောင် လုပ်နိုင်တာလဲပေါ့။
Save me ဆိုတဲ့ 2017ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲကို ပြန်ကြည့်ထားတာ မကြာသေးတော့ ဒီအခြေအနေတွေကို ကြည့်ပြီး အဲ့ဒီ ဇာတ်လမ်းပဲ ခေါင်းထဲ ပေါ်ပေါ််လာတယ်။
'지식' 카테고리의 다른 글
미얀마 코로나 확진자 하루만에 9명 추가 (0) | 2020.08.21 |
---|---|
미얀마도 하루만에 코로나 확진자 15명 추가 됨. (0) | 2020.08.20 |
ကိုရိုနာ တစ်ကျော့ ပြန်ပြီး ပြန်နှံ့နှုန်း မြင့်လာပြန်တဲ့ ကိုရီးယား (0) | 2020.08.18 |
미얀마의 코로나 현황 (0) | 2020.08.17 |
미얀마 코로나-19 현재까지 누적확진자 331명 (0) | 2020.07.13 |