미얀마 시민들의 군부 쿠데타에 대한 비폭력시위 지식2021. 2. 8. 10:05
2021.02.07.
JTBC သတင်းဌာနမှ မြန်မာနိုင်ငံအခြေအနေများကို မှန်မှန်ကန်ကန် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
미얀마에서 쿠데타가 일어난지 일주일째입니다.
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းသွားတာ တစ်ပတ်ပြည့်သွားပါပြီ။
미얀마국민 수만명은 아웅산수찌를 석방하라며 거리로 나왔는데요.
မြန်မာနိုင်ငံသား သောင်းနဲ့ချီပြီး အောင်ဆန်းစုကြည်ကို လွှတ်ပေးဆိုပြီး လမ်းပေါ်သို့ ထွက်လာကြပါပြီ။
시위대는 경찰들에게 장미꽃을 건네며 비폭력시위를 이어가고 있습니다.
ဆန္ဒပြသူများဟာ ရဲများကို နှင်းဆီပန်းများ ပေးကြပြီး ငြိမ်းချမ်းစွာဆန္ဒပြလျက် ရှိပါတယ်။
빨간색 옷을 입은 시민들이 거리를 가득 매웠습니다.
လမ်းများဟာ အနီရောင် အင်္ကျီများကို ဝတ်ဆင်ထားတဲ့ ပြည်သူများနှင့် ပြည့်နေပါတယ်။
아웅산수찌 국가고문의 얼굴이 그려진 현수막을 들었습니다.
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ banner များ ကိုင်ဆောင်ထားကြပါတယ်။
군부에 저항하는 3손가락 경례를 들어보입니다.
စစ်တပ်ကို ဆန့်ကျင်သော သင်္ကေတဖြစ်တဲ့ လက်သုံးချောင်း ထောင်ထားတာကို တွေ့မြင်ရပါတယ်။
차량은 경적을 울리며 시위에 동참하고 거리에 시민들은 시위대에 박수를 보냅니다.
ကားတွေကလည်း ဟွန်းတီးရင်း ဆန္ဒပြ လူထုနှင့်အတူ ပါဝင်ကြပြီး၊ လမ်းမှာ ရှိတဲ့ ပြည်သူတွေကတော့ လက်ခုပ်တွေ တီးပြီး အားပေးနေကြပါတယ်။
쿠데타가 일어난지 일주일째 최대도시 양곤을 비롯해 미얀마 곳곳에서 이틀에 걸처 수만명이 거리로 나왔습니다.
စစ်တပ် အာဏာသိမ်းပြီး တစ်ပတ်ကြာပြီးနောက် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအရပ်ရပ်မှာ လူပေါင်း သောင်းနဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြနေကြတာဆိုရင် 2ရက်မြောက်သွားပါပြီ။
군부독재를 비판하며 구금된 아웅산수찌고문을 석방하라고 외쳤습니다.
စစ်တပ်အာဏာရှင်ကို ရှုံ့ချပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးဆိုပြီး ကြွေးကြော်ကြပါတယ်။
군부는 불복종운동의 통로인 페스북과 투윗터를 차단하는데 이어 어제는 인터넷까지 대부분 닫았습니다.
စစ်တပ်ကို ဆန့်ကျင်တဲ့ ပြည်သူ့သပိတ်(civil-disobedience) ပြန်နှံ့ခြင်း လမ်းကြောင်းဖြစ်တဲ့ ဖေ့ဘုတ်နဲ့ twitter တွေကို ဖြတ်ပစ်ပြီးနောက် မနေ့ကဆိုရင် အင်တာနက်အထိပါ ပိတ်ထားခဲ့ပါတယ်။
하지만 시위대는 차든을 뚫고 페스북으로 시위를 외부에 알렸습니다.
ဒါပေမဲ့ ဆန္ဒပြသူများကတော့ ပိတ်ပင်ထားတာကို ကျော်ဖြတ်ပြီး ဖေ့ဘုတ်ဖြင့် ဆန္ဒပြမှု အခြေအနေများကို ပြင်ပသို့ အသိပေးခဲ့ကြပါတယ်။
시민들은 군부에 유혈진압 명분을 주지 않으려고 비폭력시위를 이어갔습니다.
ပြည်သူများကတော့ စစ်တပ်ကို ရုန်းရင်းဆန်ခတ်ဖြစ်ကြလို့ ပစ်ခတ်ပြီး ထိန်းသိမ်းလိုက်ရတယ်ဆိုတဲ့ အကြောင်းပြချက် မပေးမိအောင် အေးချမ်းစွာ ဆန္ဒပြခြင်းကိုပဲ ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။
경찰들에게 장미꽃을 건넸고 물과 음식도 전달했습니다.
ရဲများကို နှင်းဆီပန်းများ၊ ရေနှင့် အစားအစာများကို ပေးကမ်းကြပါတယ်။
Myawaddy 시에서는 시위대 해산 도중 총소리가 들렸는데 사상자가 있는지는 알려지지 않았습니다.
Myawaddy မြို့မှာတော့ ဆန္ဒပြသူများကို လူခွဲရင်း သေနက်အသံ ကြားလိုက်ရပေမဲ့ ထိခိုက်သူ ရှိမရှိကိုတော့ မသိရပါ။
어제 아웅산수찌고문이 석방됐다는 소문이 돌았지만 가짜 뉴스로 드러났습니다.
မနေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ သတင်းအမှားကြီးဖြစ်နေပါတယ်။
인근 태국 방콕에서도 군부실권자 Min Aung Hlaing 의 사진을 불에 태우여 쿠데타에 항의하는 시위가 이어졌습니다.
အနီးက ထိုင်းနိုင်ငံ ဘန်ကောက်မှာလည်း စစ်တပ်အာဏာရှင် Min Aung Hlaing ရဲ့ ဓာတ်ပုံများကို မီးရှို့ခြင်းဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောလျက် ရှိပါတယ်။
ဘာသာပြန်။ အေးအေးအောင်
'지식' 카테고리의 다른 글
미얀마 시민 보호법' 제 5. 7. 8 조의 효력을 정지 (0) | 2021.02.14 |
---|---|
미얀마 군부 쿠데타 항의 시위대를 향해 총을 쐈다. (0) | 2021.02.09 |
도심 채운 '빵빵, 땅땅'…미얀마 시민 '쿠데타 항의' 시작 (0) | 2021.02.04 |
미얀마 민주주의 정권 군부로 인해 탈취되었다. (0) | 2021.02.01 |
미얀마에 쿠데타를 일으켰다. (0) | 2021.02.01 |