달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

အမုန်းခံရဲတဲ့ သတ္တိ

အသိအမှတ်ပြုခံရမှ ပျော်ရွှင်မှာလား။

https://mnews.joins.com/amparticle/17870937

ဂီမီရွီ အီခ်ီ႐ို and ဂိုဂါ ဟူမီထာခယ္


အမုန်းခံရဲတဲ့ သတ္တိ

အသိအမှတ်ပြုခံရမှ ပျော်ရွှင်မှာလား။

မိမိကိုယ်ကို မုန်းတီးစိတ်၊ အသိအမှတ် ဆာလောင်ခြင်း၊ စိတ်ဒဏ်ရာ စသည့် ကျွန်တော်တို့တွေကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား။ အခုတလော စာအုပ်ဆိုင်တွေမှာ Adler စိတ်ပညာရပ်’ ဆိုရင် စာအုပ်တွေဟာ ခေတ်စားနေတယ်။ ပြီးခဲ့တဲ့ နှစ်ကစပြီး ဒီ နှစ်စပိုင်းအထိ Adlerနဲ့ ပတ်သက်ပြီး စာအုပ် အမျိုးရေ ၂၀ကျော် ထွက်လာခဲ့ပြီး၊ အဲဒီ့ထဲမှာ ၆ပတ် ဆက်တိုက် ရောင်းအားအကောင်းဆုံး စာရင်းမှာ နံပါတ် ၁ နေရာယူထားနိုင်ခဲ့တဲ့ စာအုပ်ကတော့ “အမုန်းခံရဲတဲ့ သတ္တိ” ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ စာရေးဆရာ ၂ဦးဟာ လွတ်လပ်ခြင်းရော၊ ပျော်ရွှင်ခြင်းရော အကုန်လုံး ‘လုပ်ရဲတဲ့ သတ္တိ’ ပေါ်မှာ မူတည်တယ်ဆိုပြီး ပြောထားတယ်။

ဂျပန်စာရေးဆရာ ၂ဦး ရေးထားတဲ့ ဒီ စာအုပ်ဟာဆိုရင် ဂျပန်မှာ ၁၄လ ကျော် ကြာအောင် ရောင်းအားအကောင်းဆုံး စာရင်းတွင် ထိပ်ပြေးနေခဲ့ပြီး၊ ကိုရီးယားမှာတော့ စာအုပ် ရိုက်နှိပ်ပြီး ၃လအတွင်းမှာ အုပ်ရေပေါင်း တစ်သိန်းခွဲကို ထုတ်ဝေခဲ့ပါတယ်။ ရိုးအီလာတဲ့ စိတ်ဓာတ်မြှင့်တင်ရေး  စာအုပ်တွေ၊ စိတ်ပညာနဲ့ ဒဿနပိုင်းဆိုင်ရာ စာအုပ်တွေကို ငြီးငွေ့လာတဲ့ စာဖတ်သူတွေဟာ “အမုန်းခံရဲတဲ့ သတ္တိ " ဆိုတဲ့ စာအုပ်ကို ဖတ်ပြီး ကြွေဆင်းသွားရတဲ့ အကြောင်းအရင်းက ဘာများ ဖြစ်မလဲ။

ကိုရီးယား နိုင်ငံ အနေနဲ့ဆိုရင် အနည်းငယ် စိမ်းနေတဲ့ ပညာရှင်ဖြစ်နေပေမဲ့ Alfred W.Adler ဟာ Sigmund Freud, Carl Gustav Jung တို့နဲ့ ယှဥ်ပြီး  ‘စိတ်ပညာရပ်လောကရဲ့ နာမည်ကြီး ဆရာကြီး ၃ဦး’ထဲက တစ်ဦး ဖြစ်ပါတယ်။ “အမုန်းခံရဲတဲ့ သတ္တိ”ကတော့ Adlerရဲ့ စိတ်ပညာကို အများပြည်သူတွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ စာအုပ်ဆိုရင်လည်း မမှားပါဘူး။ ‘အတွေ့အကြုံက အရေးမကြီးဘူး၊ ဘာက အရေးကြီးလဲဆိုတော့ အတွေ့အကြုံကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုလဲဆိုတာက အရေးကြီးတာ။ နောက်ပြီး ပြဿနာကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့ လိုတယ်’ ဆိုတဲ့ အချက်ဟာ Adler စိတ်ပညာရဲ့ အဓိက ဆိုလိုရင်း ဖြစ်ပါတယ်။

ဘေးပတ်ဝန်းကျင်က ငါ့ကို ဘယ်လို ထင်သွားမလဲ၊ ဘာတွေ ပြောကြမလဲဆိုတဲ့ ဖိအားတွေ ပြည့်နှက်နေတဲ့ ယနေ့ခေတ်ကြီးမှာ သူ ပေးခဲ့တဲ့ မတ်ဆေ့ဟာ တစ်မူထူးခြားတဲ့ အတွေးအခေါ်နဲ့ နေနည်းထိုင်နည်းကို ဖော်ပြပေးထားတယ်။ စာအုပ်ဟာ Adler စိတ်ပညာကို လေ့လာနေတဲ့ ဒဿနိကဗေဒ ပညာရှင် ဂီမီရှီ အီချီရိုနဲ့ မိမိကိုယ်ကို မုန်းတီးနေတဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ဂိုဂါ ဟူမီထာခယ်တို့ရဲ့ အပြန်အလှန် စကားပြောဟန်နဲ့ ဖွဲ့စည်းထားပြီး၊ ‘ဘယ်လို ပျော်အောင် နေရမလဲ’ ဆိုတဲ့ မေးခွန်းကို ဦးတည်ပြီး အဖြေကို ရှာဖွေသွားတဲ့ စကားပြောဟန်လေးတွေ ဖြစ်ပါတယ်။


 

မေးခွန်း-

Adler စိတ်ပညာကို အခြေခံထားတဲ့ “အမုန်းခံရဲတဲ့ သတ္တိ” ဟာ ဂျပန်၊ ကိုရီးယားမှာ လူကြိုက်များပြီး ထိုင်ဝမ်အထိပါ ဖြန့်ချီဖို့ လုပ်နေတယ်လို့ ကြားရပါတယ်။ နှစ် ၁၀၀ကျော်က ပညာရှင်ရဲ့ အတွေးအခေါ် အယူအဆတွေဟာ အခုကျမှ လာပြီး လူတိုင်း ပါးစပ်ဖျား ရေပန်းစားလာရတဲ့ အကြောင်းအရင်းက ဘာလို့ ထင်ပါသလဲ။


ဂီမီရှီ အီချီရို ဖြေ-

အာရှမှာတော့ မကျော်ကြားပေမဲ့ အနောက်တိုင်းမှာတော့ Adler ဟာ ‘စိတ်ပညာလောကရဲ့ ဆရာကြီး ၃ဦး’ ထဲက တစ်ဦးဖြစ်ပြီး၊ ‘စိတ်ဓာတ် မြှင့်တင်ရေး စာပေလောကရဲ့ ဖခင်ကြီး’ အနေနဲ့ လူသိများပါတယ်။ ဒါပေမဲ့ Freud တို့ Jungတို့လိုမျိုး အရမ်းတော်တဲ့ ပညာရှင်ကြီးတွေဆိုတဲ့ အကြောင်းရင်းတစ်ခုတည်းနဲ့ နာမည်ကြီး ကျော်ကြားလာတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။

အထူးသဖြင့် ‘အပြိုင်အဆိုင်များတဲ့ လောက’, ‘အရိပ်အကဲ ကြည့်ရတဲ့ ယဥ်ကျေးမှု’ တွေ လွှမ်းမိုးနေတဲ့ အာရှ နိုင်ငံတွေမှာ Adler ရဲ့ တစ်ဦးချင်း သီးခြား စိတ်ပညာရဲ့ ထိရောက်မှုအားက ကြီးမားတယ်။ ‘လူတွေရဲ့ စိတ်သောက အားလုံးဟာ လူမှု ဆက်ဆံရေးကနေ အစပြုတယ်’ ဆိုတဲ့ အဆိုဟာ Adler စိတ်ပညာရဲ့ အခြေခံ ရင်းမြစ်ဖြစ်တယ်။ လောကကြီးမှာ ကိုယ် ယုံကြည်ရာကို လက်ကိုင်ထားပြီး နေထိုင်သွားဖို့ဆိုတာ အင်မတန် ခက်ခဲပြီး၊ တရားလွန်စွာ ‘အများရဲ့ အသိအမှတ်ပြုမှု ခံချင်’တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို မုန်းတီးစိတ်၊ မနာလိုစိတ်၊ အဲဒီကနေ တဆင့် ကိုယ့်ဘဝကို ကိုယ်မပိုင် ဖြစ်လာကြတယ်။ သူများစိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်လာတာပေါ့။

အနာဂတ်ကို မျှော်မှန်းတဲ့ အကောင်းမြင်ဝါဒကို ဇောင်းပေးထားတဲ့ Adlerရဲ့ ‘တစ်ဦးချင်း သီးခြား စိတ်ပညာ’ ဟာ သူ့ခေတ်တုန်းကတော့ ခေတ်ရှေ့ပြေးနေတဲ့ အဆိုတစ်ခု ဖြစ်နေခဲ့တာပေါ့။ ယနေ့ခေတ် လူတွေအတွက်တော့ မရှိမဖြစ် လိုအပ်တဲ့ မက်ဆေ့ တစ်ခုလို့ ထင်မြင်မိတယ်။ ကိုယ့်အနေနဲ့ကတော့ Adlerကို အကြာကြီး လေ့လာခဲ့တဲ့ ပညာရှင်တစ်ယောက်အနေနဲ့ Adlerဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာကို သီးသန့် မိတ်ဆက်ပေးနေစရာ မလိုလောက်အောင် Adlerအကြောင်းကို လူတွေ စိတ်ဝင်စားလာကြတဲ့အတွက် အင်မတန်မှ ပီတိဖြစ်ရပါတယ်။


ဂိုဂါ ဟူမီထာခယ် ဖြေ-

Adlerရဲ့ ‘တစ်ဦးချင်း သီးခြား စိတ်ပညာရပ်’ဟာ စိတ်ဒဏ်ရာ၊ အသိအမှတ် ဆာလောင်မှု၊ မိမိကိုယ်ကို မုန်းတီးမှု စတဲ့ ကျွန်တော်တို့တွေနဲ့ ရင်းနှီး ကျွမ်းဝင်ဖြစ်ပြီးသား စိတ်ပညာရပ် အတွေးအခေါ်တွေကို ငြင်းဆိုထားပြီး၊ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး လုံးဝ အတွေးအခေါ် အသစ်တွေကို ဖော်ပြပေးသွားတယ်။ ထို့အတွက်ကြောင့် “အမုန်းခံရဲတဲ့ သတ္တိ” ဟာ အခုချိန်ထိ လူတွေ လက်ခံထားတဲ့ အတွေးအခေါ်တွေကို မြေလှန်ပစ်တဲ့ အဆိုတွေ များတဲ့အတွက် တစ်ခေါက်တည်း ဖတ်ရုံဖြင့် နားမလည်နိုင်ဘူး။ ဒီစာအုပ်ကို အကြိမ် ၈၀ ပြန်ဖတ်ဖြစ်တယ်ဆိုတဲ့ စာဖတ် ပရိသတ်တောင် ရှိပါသေးတယ်။ ဒါပေမဲ့ အကြိမ်ကြိမ် ဖတ်ပြီး ဆိုလိုရင်းကို သဘော‌ပေါက် ကျင့်သုံးဖြစ်ရင် အရင်နဲ့ လုံးဝ မတူတဲ့ ဘဝကို ပိုင်ဆိုင်သွားနိုင်မှာပါ။


မေးခွန်း- Adler ပြောတဲ့ တစ်ဦးချင်း သီးခြား စိတ်ပညာရပ်’ ရဲ့ အဓိက ဆိုလိုရင်းက ဘာများလဲ


ဂီမီရှီ အီချီရို ဖြေ-

ဆင်းရဲတဲ့အတွက်၊ အတိတ်မှာ ကြုံခဲ့ဖူးတဲ့ ဒဏ်ရာကြောင့်၊ ဆွဲဆောင်မှု မရှိလို့ စသဖြင့် လူတွေ ပေးပေးနေတဲ့ ဆင်ခြေတွေဟာ ဘဝရဲ့ အလိမ်အညာစကားတွေသာ ဖြစ်တယ်။


ဂိုဂါ ဟူမိထာခယ် ဖြေ-

Adler ပြောထားတာက ‘လူတွေရဲ့ စိတ်သောက အားလုံးဟာ လူမှု ဆက်ဆံရေးကနေ အစပြုတယ်’ တဲ့။ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ချင်ရင်တော့ လူမှုဆက်ဆံရေး ကင်းနိုင်မှ ရမယ်။ အဲဒီလို ဖြစ်ဖို့ဆိုရင်တော့ သူများတွေရဲ့ ‘အမုန်းခံရမှာကို’ ကြောက်နေလို့ မရဘူးဆိုပြီး ဆိုပါတယ်။ လူတိုင်းက ကိုယ့်ကို အကောင်းမြင်စေချင်ရင်တော့ သင်ဟာ သူများ အရိပ်အကဲ ကြည့်ရင်း သူများအတွက် အသက်ရှင်နေရသလို ဖြစ်သွားမယ်။ ဒါပေမဲ့ ပြောင်းလဲချင်တဲ့ သတ္တိ၊ ရှေ့ကို ခြေတစ်လှမ်းတိုးရဲတဲ့ သတ္တိ၊ “အမုန်းခံရဲတဲ့ သတ္တိ” ရှိရင် ကျွန်တော်တို့တွေရဲ့ ဘဝဟာ ပြောင်းလဲလာမှာပါ။ အဲဒီ့ထဲမှာ အခက်ခဲဆုံး အရာကတော့ “အမုန်းခံရဲတဲ့ သတ္တိ” လို့ ထင်ပါတယ်။ စာအုပ် နာမည်ကို “အမုန်းခံရဲတဲ့ သတ္တိ”လို့ မှည့်ထားတာလည်း ထို့အတွက်ကြောင့် ဖြစ်ပါတယ်။ လူတိုင်းအတွက် လိုအပ်တဲ့ စကား တစ်ခွန်းလို့ ထင်ပါတယ်။


အမေး- Adler စိတ်ပညာရဲ့ အကြောင်းအရာတွေထဲမှာ အလွယ်တကူ နားမလည်နိုင်တဲ့ အကြောင်းအရာတွေလည်း ရှိတယ်။ အဲဒီ့အထဲက တစ်ခုကတော့ “စိတ်ဒဏ်ရာဆိုတာ လောကကြီးမှာ မရှိဘူး” ဆိုပြီး ခိုင်ခိုင်မာမာ ပြောထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူတွေတော်တော်များများ အတိတ်က ရရှိခဲ့တဲ့ စိတ်ဒဏ်ရာဟာ လက်ရှိဘဝအပေါ် သက်ရောက်မှု ရှိတယ်လို ယုံကြည်ကြတယ် မဟုတ်ပါလား။


ဂီမီရှီ အီချီရို ဖြေ-

စိတ်ဒဏ်ရာဟာ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ် သက်‌ရောက်မှု ရှိတယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ အရေးကြီးတာက အတိတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ၊ အတွေ့အကြုံတွေဟာ လက်ရှိဘဝကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာပဲ။ စိတ်ဒဏ်ရာ သီအိုရီဆိုတာ ရှိတယ်။ ယနေ့ဘဝရဲ့ ကံဆိုးခြင်းတွေ အတိတ်က စိတ်ဒဏ်ရာကြောင့် ဆိုတဲ့ ‘အကြောင်းပြချက်ရှာ သီအိုရီ’ကို အခြေခံထားတယ်။

Adlerဟာ လူတွေ သိထားတဲ့ Freud ရဲ့ ‘အကြောင်းပြချက်ရှာ သီအိုရီ’ကို လုံးဝ ငြင်းဆိုထားတယ်။ Adler စိတ်ပညာရပ် အရဆိုရင် စိတ်ဒဏ်ရာဟာ အောင်မြင်ခြင်းရဲ့ အကြောင်းအရင်းလည်း မဟုတ်သလို၊ ရှုံးနိမ့်ခြင်းရဲ့ အကြောင်းအရင်းလည်း မဟုတ်ဘူး။ အတွေ့အကြုံက အဆုံးအဖြတ်ပေးတာ မဟုတ်ဘဲ၊ ထို ‘အတွေ့အကြုံအပေါ် ဘယ်လို အဓိပ္ပါယ် ဖွင့်ဆို’လဲဆိုတာကမှ မိမိရဲ့ ဘဝကို အဆုံးအဖြတ်ပေးတာ ဖြစ်တယ်။

ငါဟာ အရိုက်ခံပြီး ကြီးပြင်းလာခဲ့ရတယ်။ လူတွေ‌ ပြောပြောနေတဲ့ ကလေးသူငယ် ညှဥ်းပမ်းနှိပ်စက်တဲ့ အဆင့်ထိတော့ မဟုတ်ပေမဲ့၊ ဖခင်ရဲ့  အုပ်ထိန်းမှု နည်းလမ်းနဲ့ ပတ်သက်ပြီးတော့ စိတ်ဒဏ်ရာ ရခဲ့ဖူးတယ်။ ထို့အတွက် အဖေနဲ့ ငါ့ရဲ့ ဆက်ဆံ‌ရေးဟာ ကောင်းစရာတော့ မရှိဘူးပေါ့။ နှစ်တွေ ကြာလာပြီးနောက် အဖေက သားအဖတွေ သင့်သင့်မြက်မြက် နေရအောင်ဆိုပြီး ပြောလာပေမဲ့ လျစ်လျူရှုခဲ့တယ်။ အတိတ်က အရိပ်ကြောင့် အဖေနဲ့ ရင်းရင်းနှီးနှီး နေလို့ရမှာ မဟုတ်ဘူးဆိုပြီး ယုံကြည်ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်။ အဖေဆိုတဲ့ သံယောဇဥ်စိတ်ကလေး ပေါ်လာရင် အဲ့ဒီစိတ်ကို မရရအောင် ဖျောက်ပစ်ခဲ့တယ်။ ဒါပေမဲ့ အရိုက်ခံပြီး ကြီးပြင်းခဲ့ရတာဟာ မှန်တယ်။ ဒါပေမဲ့ ဒါဟာ ‘အတိတ်’ မှာ ဖြစ်ပြီးခဲ့ပြီ၊ ပြောင်းလဲလို့ မရဘူးလေ။ အဲ့ဒီလို တွေးမိပြီး တစ်နေ့တော့ လက်ရှိ သားအဖ ဆက်ဆံရေးကို ကောင်းမွန်အောင် လုပ်ချင်လာတဲ့ စိတ်လေး ဝင်လာခဲ့တယ်။ အတိတ်က အရိပ်ဆိုးကြီးကို ခဏခဏ ပြန်စဥ်းစားပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေတာဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးဆိုတာကို သဘောပေါက်သွားပြီးနောက် ‘အခု, လက်ရှိ’ တောင့်တမိတဲ့ ပျော်ရွှင်မှုလေးကို ရရှိအောင် ကြိုးစားခဲ့တယ်။ အဲ့ဒီ နောက်မှာတော့ သားအဖ နှစ်ယောက် ဆက်ဆံရေးဟာ ပြေလည်သွားခဲ့တယ်။ ပိုပြီး အံ့ဩစရာကောင်းတာကတော့ ငယ်ငယ်က အရိုက်ခံခဲ့ရတာတွေကို တဖြေးဖြေး မေ့ပျောက်လာတာပဲ။ တစ်သက်လုံး ဆေးကျောလို့ မရတော့ဘူးလို့ ထင်ထားတဲ့ ဒဏ်ရာ၊ အရိပ်ဆိုးကြီးဟာ လက်ရှိ ပျော်ရွှင်မှုမှာပဲ အာရုံစိုက်လိုက်တဲ့အခါ ဘာမှ မဟုတ်တော့တဲ့ ကိစ္စလို ဖြစ်သွားတယ်။ အတိတ်က ကိစ္စတစ်ခုကြောင့် ကိုယ် ဒေါသဖြစ်ရတယ်ဆိုရင် အဲဒီ့ “ဒေါသ” ဟာ ကိုယ့် ရည်ရွယ်ချက် ဖြစ်ပြီး၊ တစ်စုံတစ်ခုကြောင့်ဆိုတဲ့ သဘောကို မဆောင်နိုင်ပါ။ ရည်ရွယ်ချက်ကို ‘ပျော်ရွှင်မှု’မှာ ပြောင်းထားလိုက်မယ်ဆိုရင် ငါတို့ဟာ ပျော်ရွှင်ဖို့အတွက် လုပ်ဆောင်တွေးတောခြင်းတွေ အများကြီး လုပ်နိုင်လိမ့်မယ်။



မထူးချွန်ဘူးဆိုတဲ့ မိမိကိုယ်ကို အရှိအရှိအတိုင်း လက်ခံလိုက်ပါ


မေးခွန်း- Adler က ထပ်ပြီး ‘အသိအမှတ် ဆာလောင်တောင့်တမှုကို စွန့်ပါ’ ဆိုပြီး ပြောထားတယ်။ အသိအမှတ်ပြုခံရခြင်းဟာ လူတွေကို လုပ်ချင်ကိုင်ချင်စိတ် ဖြစ်အောင် တွန်းပေးနေတဲ့ တွန်းအား တစ်ခု မဟုတ်ပါလား။


ဂိုဂါ ဟူမိထာခယ် ဖြေ-

အသိအမှတ် ဆာလောင်တောင့်တမှုကို စွန့်ရမှာကို မကြောက်ပါနဲ့” ဆိုပြီး ပြောတယ်။ လူတွေဟာ တခြားသူရဲ့ ချီမွမ်းတာကို ခံရ၊ အသိအမှတ်ပြုတာကို ခံရတဲ့အခါ မိမိရဲ့ ဖြစ်တည်မှုဟာ တန်ဖိုးရှိတယ်လို ယူဆကြတယ်။ ဒါပေမဲ့ တစ်ပါးသူရဲ့ အသိအမှတ်ပြုမှုကို တောင့်တနေ၊ တစ်ပါးသူက ကိုယ့်ကို ဘယ်လို အကဲဖြတ်မလဲဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်နေရင် နောက်ဆုံး သင်ဟာ သင့်ဘဝကို သင်မပိုင်တော့ဘဲ တစ်ပါးသူရဲ့ ဘဝကို ကိုယ်စား နေနေရသလို ဖြစ်သွားမယ်။ ကိုယ်လုပ်ရမဲ့ တာဝန်က ‘တစ်ပါးသူရဲ့ မျှော်လင့်ချက်ကို ပြည့်ဝစေခြင်း’ ဆိုတာမျိုး ဖြစ်သွားရင် အဲဒီ အလုပ်ဟာ ပျော်စရာ မကောင်းတော့ပါ။ ငါ့ကို ဘယ်လို ထင်သွားမလဲဆိုတဲ့ တစ်ပါးသူရဲ့ စိတ်ကို လိုက်ပြီး ပူနေရင် ‘ငါ’ ဆိုတဲ့ ဖြစ်တည်မှု၊ ကိုယ်လုပ်ချင်တဲ့ ကိစ္စ အသေးအဖွဲလေးတွေက အစ ကိုယ့်စိတ်တိုင်းကျ မလုပ်ရဲတော့တဲ့ အတွက် ဖြစ်တယ်။ ငါတို့တွေဟာ တစ်ပါးသူရဲ့ မျှော်လင့်ချက်ကို လိုက်ဖြည့်ဆည်းစရာကို မလိုဘူး။ အသိအမှတ်ကနေ တဆင့် ရတဲ့ ကျေနပ်အားရမှုဟာ လွတ်လပ်မှု ကင်းမဲ့တယ်။ တစ်ပါးသူနဲ့ ပြိုင်ဆိုင်ပြီး အသိအမှတ်ပြုခံရတာမျိုး မဟုတ်ဘဲ ကိုယ်ဘဝ တိုးတက်ခြင်းကို ရည်ရွယ်ပြီး ‘ကောင်းသထက်ကောင်းအောင် ကြိုးစားခြင်း’ မှ တဆင့် တိုးတက်ပြောင်းလဲရမှာ ဖြစ်တယ်။

အလုပ် လုပ်တဲ့အခါ ငါဟာ အဲ့ဒီ အလုပ်က တဆင့် ရနိုင်တဲ့ ပျော်ရွှင်မှု၊ အကျိုးရလဒ်နဲ့ ပတ်သက်ပြီး ကိုယ့်ဖာသာကိုယ် အဓိပ္ပါယ် ရှာဖွေပြီး အေးဆေးစွာ လုပ်ဆောင်သွားရဲတဲ့ အင်အား လိုအပ်တယ်။ သူများတွေ ငါနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ထင် ‘အခု, ဒီ အချိန်လေးမှာ ငါ့ဘဝရဲ့ ပိုင်ရှင်ဟာ ငါ’ ဆိုတဲ့ အသိဝင်ဖို့ လိုအပ်တယ်။ ထိုနည်းတူစွာ တစ်ပါးသူဟာလည်း ငါ့အတွက် အသက်ရှင်နေတာ မဟုတ်ဘူးဆိုတာကိုလည်း စိတ်သွင်းထားရမယ်။ တစ်ဖက်လူက ငါ့သဘောအတိုင်း မဖြစ်ဘူးဆိုပြီး စိတ်ပျက်စရာ၊ စိတ်ဆိုးစရာ မလိုဘူးဆိုတဲ့ သဘော ဖြစ်တယ်။ ဒါဟာ လူမှု ဆက်ဆံရေးကနေ လာတဲ့ သောကတွေကို ဖြေရှင်းဖို့အတွက် သိထားရမယ့် အခြေခံသဘောတရားတွေ ဖြစ်တယ်။


ဂီမီရှီ အီချီရို ဖြေ-

ချီးမွမ်းခြင်း၊ အသိအမှတ် ဆာလောင်တောင့်တခြင်းကနေ ရလာတဲ့ ကျေနပ်အားရမှုမှာ ပျော်မွေ့နေတဲ့ ငါတို့တွေအတွက်တော့ ‘အသိအမှတ် ဆာလောင်တောင့်တမှုကို စွန့်လွှတ်’ ဖို့ ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ ကိစ္စ ဖြစ်တယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် ‘ကိုယ့်ကိစ္စ သူ့ကိစ္စ ခွဲမှု’ ကို နားလည်ထားရမယ်။ ကိစ္စရပ်တိုင်းကို ‘ဒါကတော့ ဘယ်သူ့ ကိစ္စ ဖြစ်မလဲ’ ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ပြီး ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့် ကိစ္စမှာပဲ အာရုံထားတတ်ဖို့က အဓိက ဖြစ်တယ်။

ဘယ်သူ့ ကိစ္စလဲဆိုတာ ခွဲခြားနိုင်တဲ့ နည်းလမ်းကတော့ ‘ကိစ္စရဲ့ နောက်ဆုံး ရလဒ်ကို ရရှိခံစားရမယ့် သူက ဘယ်သူလဲ’ ဆိုတာကို အရင်ဆုံး စဥ်းစားကြည့်ရမယ်။ ကိစ္စ ခွဲတဲ့အခါ အခက်ခဲဆုံးကတော့ မိဘနဲ့ သားသမီး တော်စပ်မှုကြားက ကိစ္စပဲ ဖြစ်ပါတယ်။ အပြန်အလှန် မှီခိုမှု အား ကြီးမားတဲ့အတွက် မိဘနဲ့ သားသမီး အကြား စွက်ဖက်မှုကို ‘ဖြစ်သင့်တယ် ဆိုပြီး အထင်မှား’ ကြတဲ့ အတွက် ဖြစ်တယ်။ ‘သားသမီးရဲ့ ကျောင်းကိစ္စ’ ဆိုတဲ့ ပြဿနာရှိလာတယ်ပဲ ထားတော့၊ ဒါဟာ ကျောင်းတက်နေတဲ့ သားသမီးရဲ့ ကိစ္စဖြစ်ပြီး၊ မိဘရဲ့ ကိစ္စလို့ ဆိုလို့ မရပါ။ ‘နင့်အတွက်’ ဆိုပြီး မိဘတွေ ပြောလေ့ ရှိကြတယ်။ ဒါပေမဲ့ မိဘတွေဟာ မိမိရဲ့ ရည်မှန်းချက်-ဘေးပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှု၊ သားသမီးကို ထိန်းချုပ်ချင်စိတ် စတာတွေကြောင့် စွက်ဖက်ကြတာ ဖြစ်တယ်။

ဒါတွေကို သိမြင်လာတဲ့အခါ ကလေးတွေဟာ မိဘတွေရဲ့ အတင်းအကြပ် စေခိုင်းမှုကို နားမထောင်ဘဲ ကလန်ကဆန် လုပ်လာကြတယ်။ အနည်းငယ် နားဝင်ဆိုးစေတဲ့ စကားဆိုပေမဲ့ စာကျက်တယ်ဆိုတာ ကလေးတွေရဲ့ ကိစ္စ၊ စာကျက်ခြင်း စာမကျက်ခြင်းရဲ့ နောက်မှာ လိုက်လာတဲ့ ရလဒ်ကို တာဝန်ယူရမဲ့ သူဟာလည်း ကလေးတွေပဲ။ ဒီနေရာမှာ နားလည်မှု မလွဲရမှာက Adler စိတ်ပညာရပ်က ပြောချင်တာက လျစ်လျူရှုဖို့ ပြောနေတာ မဟုတ်ပါ။ လျစ်လျူရှုတယ်ဆိုတာ ကလေးတွေ ဘာလုပ်နေလဲဆိုတာလည်း မသိ၊ သိလည်း မသိချင်တဲ့ အပြုအမူကို ဆိုလိုတာ ဖြစ်တယ်။ ‘ကိုယ့်ကိစ္စ သူ့ကိစ္စ ခွဲ’ တဲ့နေရာမှာ မိဘရဲ့ ကဏ္ဍက ‘စာကျက်ရမှာ ကလေးတွေ ကိစ္စ’ ဆိုတဲ့ အသိကို ရိုက်သွင်းပေးထားပြီး၊ ကလေးက စာလေ့လာချင်တယ်ဆိုတာနဲ့ အချိန်မ‌ရွေး ကူညီရန် အသင့် ဖြစ်နေတယ်ဆိုတာကို ပြောပြထားရမှာ ဖြစ်တယ်။ သားသမီးကို လမ်းမှန်ရောက်အောင် သင်ကြားပေးရမယ်ဆိုပြီး ထင်နေတာဟာ အင်မတန်မှ မောက်မာတဲ့ အတွေးဖြစ်ပါတယ်။


မေးခွန်း-Adler ပြောတဲ့ “အထက်အောက် ဆက်ဆံရေး အားလုံးကို ငြင်းဆိုပြီး လူမှု ဆက်ဆံရေး အားလုံးကို တစ်ပြေးညီ ဆက်ဆံရေးဖြစ်အောင် လုပ်ကြပါ” ဆိုတဲ့ အဆိုနဲ့ ဆက်စပ်သွားတာလား မသိဘူး။


ဂိုဂါ ဟူမီထာခယ် ဖြေ -

ဟုတ်ပါတယ်။ Adler စိတ်ပညာရပ်က ဆိုထားတာကတော့ ကျွေးမွေးစောင့်ရှောက်မှုက အစ တခြားသူတွေနဲ့ ဆက်ဆံရတဲ့ ကွန်မြူနီကေးရှင်း အကုန်လုံးမှာ ‘ချီးမွမ်းခြင်းကို တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ထားတယ်”။ ‘တော်တယ်’ ဆိုတဲ့ စကားကို အသုံးသင့်ဘူး။ ချီးမွမ်းတယ်ဆိုတဲ့ အပြုအမူဟာ ‘အရည်အချင်း ရှိတဲ့ သူက အရည်အချင်း မရှိတဲ့ သူကို အကဲဖြတ်တယ်’ ဆိုတဲ့ ရှုထောင့်နေတဲ့အတွက် ဖြစ်ပါတယ်။ အပြစ်ပေးတာ၊ ဆူတာမျိုးလည်း လုံးဝ မရပါ။ ပညာရေးရဲ့ နည်းလမ်းတွေထဲမှာ ရလဒ်ဦးစားပေးမှုကို ရှောင်လွှဲဖို့အတွက် ကြိုးစားတဲ့နေရာမှာ ချီးမွမ်းမှုဟာ လိုအပ်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။

ဒါပေမဲ့ ချီးမွမ်းတယ်ဆိုတာ အထက်အောက် ဆက်ဆံရေး ဖြစ်သွားဖို့ လွယ်ကူတယ်။ အကယ်၍ ကလေးက ညနေစာ ချက်ပြုတ်တာကို ကူညီပေးတယ်ပဲ ထားဦး အမေက ကလေးကို ကြည့်ပြီး ‘လိမ္မာလိုက်တာ’ ဆိုပြီး ချီးမွမ်းလိုက်တယ်။ အဲဒါဆိုရင် အမျိုးသားက ကူညီပေးတဲ့အခါကျတော့ကော ဘယ်လို ပြောမှာလဲ။ ပုံမှန်အားဖြင့် ‘ကျေးဇူးတင်ပါတယ်’ ဆိုပြီး ပြောကြတယ်။ ‘လိမ္မာလိုက်တာ’ ‘တော်လိုက်တာ’ ‘ထူးချွန်လိုက်တာ’' ဆိုပြီး ချီးမွမ်းခြင်းဟာ မိဘတွေရဲ့ မသိစိတ်မှာ မိဘနဲ့ ကလေး ကြားက ဆက်ဆံရေးကို အထက်အောက် ဆက်ဆံ‌ရေး အဖြစ် ယူဆနေတာ ဖြစ်တယ်။ ခဏခဏ ချီးမွမ်းခံရတဲ့ ကလေးဟာ ချီးမွမ်းသံ မကြားရရင် ဘာမှ မလုပ်ချင်ဘဲ နောက်ဆုံး ချီးမွမ်းခံရခြင်းဆိုတဲ့ အရာမှာ အမှီပြုသွားတတ်တယ်။


မေးခွန်း-ဒါဆိုရင် Adler စိတ်ပညာရပ်က ဆိုလိုတဲ့ မှန်ကန်သော သင်ကြားပြသမှု နည်းလမ်းဟာ ဘာများလဲ။


ဂီမီရှီ အီချီရို ဖြေ-

ကလေးတွေကို ချီးကျူးချင်တယ်ဆိုရင် ‘တော်လိုက်တာ’ ဆိုတဲ့ စကားအစား ‘ကျေးဇူးတင်ပါတယ်’ ဆိုပြီး ပြောပေးပါ။ ကျေးဇူးဆိုတဲ့ စကားဟာ ကလေးတွေကို မိမိဟာ တစ်ပါးသူအပေါ် အထောက်အကူ ဖြစ်နေတယ်ဆိုတဲ့ ပရဟိတစိတ်ကို ပေးစွမ်းပြီး၊ လွတ်လပ်ပေါ့ပါးမှုကို ခံစားစေနိုင်တယ်။ နောက်ပြီး ဘယ်လို အပြုအမူနဲ့ ပတ်သက်ပြီး ကျေးဇူးပါဆိုပြီး ပြောတယ်ဆိုတာထက် ကလေးရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တဲ့ အကြောင်းကို ပြောပေးသင့်တယ်။

သူ ကိုယ့်အနားမှာ ရှိနေပေးရုံနဲ့တင် ကျေးဇူးတင်စရာဆိုတာကို သိအောင်ပါ။ ကျွန်တော့် ကလေး မူလတန်းကျောင်းတုန်းက တစ်နေ့သော ညနေစောင်းမှာ ငါ့ကို ကြည့်ပြီး ဘာ အဆက်စပ်မှ မရှိဘဲ “ဖေကြီး ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောဖူးတယ်။ စဥ်းစားကြည့်လိုက်တော့ ‘ငါ သူ့ ဘေးနားမှာ ရှိနေတာနဲ့တင် ကျေးဇူးတင်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုး ခံစားလိုက်ရတယ်။ ဖြစ်တည်မှုအပေါ် ကျေးဇူးတရားကို ခံစားတတ်တဲ့ ကလေးဟာ အဲဒီဘောင်ထဲမှာပဲ မိမိ အလိုရှိရာ၊ မှန်တယ်လို့ ထင်တဲ့ အရာတွေကို လွတ်လပ်စွာ ရွေးချယ်ပြီး ရှေ့ဆက်သွားနိုင်တယ်။ လူအများ သတိထားမိအောင် ဆိုပြီး တမင်တကာ ဆိုးသွမ်းတဲ့ အပြုအမူမျိုး မလုပ်တော့ဘူး။ နောက်ပြီး ကလေးရဲ့ အလိုကို ဖိအားတွေ စကားတွေနဲ့ ဟန့်လိုက်တာမျိုး မလုပ်ဘဲ ‘ဒီလိုလေး လုပ်လိုက်ရင် ကောင်းလိမ့်မယ်’ ဆိုပြီး တောင်းဆိုသလိုမျိုး ပြောပေးရမယ်။


မေးခွန်း-Adlerရဲ့ ‘တစ်ဦးချင်း သီးခြား စိတ်ပညာ’ ကတော့ တစ်ဦးချင်းရဲ့ ကန့်သတ်မှုအပေါ်မှာပဲ ပြဿနာရဲ့ အဖြေကို ရှာဖွေတယ်။ ဒါပေမဲ့ အဲဒီ့ အဆုံးမှာ ‘အသိုက်အဝန်း အသိ’ ကို ပိုင်ဆိုင်လာခြင်းဟာ နောက်ဆုံး ရည်ရွယ်ချက်လို့ ပြောထားတယ်။   


ဂီမီရှီ အီချီရို ဖြေ-Adlerက “လူတွေသည် မိမိဟာ တစ်စုံတစ်ဦးအတွက် အထောက်အကူဖြစ်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ့်ရဲ့ တန်ဖိုးကို သိလာတယ်”လို့ ပြောတယ်။ အထောက်အကူ ဖြစ်တာနဲ့ အသိအမှတ်ပြု ခံရတာ, ‘like’ တွေ ရတာနဲ့ လုံးဝ မတူပါဘူး။ ‘အသိုက်အဝန်း အသိ’ ဆိုတာ သူများနဲ့ ပြိုင်ဆိုင်တာမျိုး မဟုတ်ဘဲ သူငယ်ချင်းလို မြင်တာကို ဆိုတာ။ ယုံကြည်မှုကို အခြေခံပြီး ‘ငါ ရှိနေရမယ့် နေရာက ဒီနေရာပါလား’ ဆိုပြီး ခံစားရတာမျိုး၊ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လူမှုဆက်ဆံရေးရဲ့ ရည်မှန်းချက် ပန်းတိုင်ပါ။ သူများကို ပြိုင်ဖက်လို့ သဘောမထားရင် မိမိကိုယ်ကို အားမလိုအားမရဖြစ်စရာလည်း မလိုတော့ဘူး။

သူများရဲ့ ပျော်ရွှင်မှုကို စိတ်ရင်းအမှန်နဲ့ ဂုဏ်ပြုပေးနိုင်အောင် ကြိုးစားရမယ်။ အဲဒီလို ဖြစ်ဖို့အတွက် တစ်မူထူးခြားမနေတဲ့ မိမိကိုယ်ကို မိမိ အရှိ အရှိအတိုင်း လက်ခံခြင်း’၊ ‘တစ်ပါးသူကို ယုံကြည်ပေးခြင်း’၊ သူများအတွက် ‘ပေးဆပ်ခြင်း’ ဆိုတဲ့ အဆင့် ၃ဆင့်ကို ကျင့်သုံးရမယ်။

နောက်ဆုံးအနေနဲ့ မိမိဟာ လောကကြီးရဲ့ ဇာတ်လိုက် မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို လက်ခံနိုင်ရမယ်။ “အမုန်းခံရဲတဲ့ သတ္တိ” လောက် နောက်ထပ် အရေးကြီးတဲ့ အရာကတော့ ‘လူတိုင်းဟာ သူလို ကိုယ်လိုပဲ ဆိုတာကို လက်ခံနိုင်တဲ့ သတ္တိ’ ပဲ ဖြစ်တယ်။ သူလို ကိုယ်လိုပဲဆိုတာဟာ ထူးခြားတဲ့ အရည်အချင်း မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုမျိုး သတ္တိတွေ ရှိလာမယ်ဆိုရင် ငါတို့ဟာ အခုထက် ပိုပြီး လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး စိတ်ကြိုက် ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။

ငါတို့ဟာ အခုချိန်ထိလဲ စဥ်ဆက်မပြတ် သူများရဲ့ အရိပ်အကဲ၊ မိမိကိုယ်ကို မုန်းတီးစိတ်၊ သူများရဲ့ အသိအမှတ်ပြု ခံချင်စိတ်တွေမှာ ရစ်တွယ်ပြီး၊ စိတ်ဒဏ်ရာတွေနဲ့ တစ်နေ့တစ်နေ့ ကုန်ဆုံးနေကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါတို့ဟာ ဒီ အခက်အခဲတွေ ကြားထဲမှာပဲ ကျင်လည်ပြီး တစ်သက်လုံး ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။

ဘယ်လောက်ပဲ အချစ်ခံရအောင် ကြိုးစားကြိုးစား ငါ့ကို မုန်းပြီး အမြင်ကတ်တဲ့ သူတွေကတော့ ရှိကို ရှိနေတတ်တာပဲ။ ပိုဆိုးတာကတော့ သူများတွေက သင် ကိုယ့်ကိုယ်ကို မုန်းတီးနေတာကို သိပ်ပြီး စိတ်ဝင်စားမှု မရှိတာပဲ။ ‘Adler စိတ်ပညာရပ်’ ကတော့ ဒီလို ရှုထောင့်ကနေ ငါတို့တွေကို စိတ်ထဲပေါ့သွားအောင်လို့ ဆေးညွှန်း ရေးပေးလိုက်တာ ဖြစ်တယ်။ ဘဝဆိုတာ ဒဏ်ရာဒဏ်ချက်၊ ထိုးနက်ချက်တွေနဲ့ မကင်းဘူးဆိုတာကို သိထားရမယ်၊ ဘဝကြီးက ပေးလာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိရင် ဒီ့ထက်ပိုပြီး စိတ်ဒဏ်ရာ ရစရာ ။

တစ်စုံတစ်ဦးရဲ့ အမုန်းခံရလည်း ဂရုမစိုက်ဘဲ နေထိုင်သွားနိုင်ရင် ငါတို့ အသီးသီးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်လပ်စွာ နေထိုင်နေတယ်ဆိုတဲ့ သက်သေပဲ ဖြစ်တယ်။ မိမိကိုယ်ကို မိမိ အာရုံစိုက်ပြီး လွတ်လပ်ပြီး အဓိပ္ပါယ် ရှိတဲ့ ရွေးချယ်မှု အတွက် လိုအပ်တာကတော့ ငါ့စိတ်ထဲမှာ ရှိတဲ့ အရမ်းကို သေးငယ်တဲ့ ‘သတ္တိ’ ပဲ ဖြစ်တယ်။

 

ဂီမီရှီ အီချီရို-အနောက်တိုင်း ရှေးခေတ် ဒဿနဗေဒပညာရပ်၊ အထူးသဖြင့် ဖလာတို ဒဿနဗေဒကို မေဂျာယူထားတဲ့ ဒဿနပညာရှင် ဖြစ်တယ်။ ၁၉၈၉ခုနှစ်က စပြီး ‘Adler စိတ်ပညာရပ်’ ကို လေ့လာခဲ့ပြီး စာရေးခြင်းနှင့် စာသင်ကြားခြင်း လှုပ်ရှားမှုများကို လုပ်ခဲ့ပြီး “အမုန်းခံရဲတဲ့ သတ္တိ” ရဲ့  မွေးဖွားမှုကို တာဝန်ယူခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ ဆရာဝန် စတဲ့ ဆွေးနွေးမှု ခံယူသူများကို ဆွေးနွေးပေးတဲ့ ကောင်ဆဲလ်လင်းလည်း လုပ်တယ်။

ဂိုဂါ ဟူမိထာခယ်-၁၉၇၃ခုနှစ် ဖွား၊ အလွတ်တန်း စာရေးဆရာ ဖြစ်ပြီး “အမုန်းခံရဲတဲ့ သတ္တိ” ရဲ့ စာရေး ဖြစ်ပါတယ်။ ၂၀ ကျော်သက် အရွယ်မှာ ‘Adler စိတ်ပညာရပ်’ ကို ချဥ်းကပ်ပြီး စိတ်အသိကို ပြောင်းပြန်လှန်ပစ်တဲ့ အယူအဆတွေကြောင့် ကြီးမားသော ‌ရှော့ခ်ရပြီးနောက် နှစ်အနည်းငယ်ကြာ ဂီမီရှီ အီချီရိုနဲ့ တွေ့ပြီး အမေးအဖြေလုပ် ရင်းနဲ့ Adler စိတ်ပညာရပ်ရဲ့ ရင်းမြစ်နဲ့ ပတ်သက်ပြီး လေ့လာခဲ့တယ်။

 

https://mnews.joins.com/amparticle/17870937


ZAWGYI

မိမိကိုယ္ကို မုန္းတီးစိတ္၊ အသိအမွတ္ ဆာေလာင္ျခင္း၊ စိတ္ဒဏ္ရာ စသည့္ ကြၽန္ေတာ္တို႔ေတြႀကဳံေနရတဲ့ စိတ္ပိုင္းဆိုင္ရာ ဖိအားေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္တဲ့ နည္းလမ္း မရွိေတာ့ဘူးလား။ အခုတေလာ စာအုပ္ဆိုင္ေတြမွာ ‘Adler စိတ္ပညာရပ္’ ဆိုရင္ စာအုပ္ေတြဟာ ေခတ္စားေနတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကစၿပီး ဒီ ႏွစ္စပိုင္းအထိ Adlerနဲ႔ ပတ္သက္ၿပီး စာအုပ္ အမ်ိဳးေရ ၂၀ေက်ာ္ ထြက္လာခဲ့ၿပီး၊ အဲဒီ့ထဲမွာ ၆ပတ္ ဆက္တိုက္ ေရာင္းအားအေကာင္းဆုံး စာရင္းမွာ နံပါတ္ ၁ ေနရာယူထားႏိုင္ခဲ့တဲ့ စာအုပ္ကေတာ့ “အမုန္းခံရဲတဲ့ သတၱိ” ပဲ ျဖစ္ပါတယ္။ ဒီစာအုပ္ရဲ႕ စာေရးဆရာ ၂ဦးဟာ လြတ္လပ္ျခင္းေရာ၊ ေပ်ာ္႐ႊင္ျခင္းေရာ အကုန္လုံး ‘လုပ္ရဲတဲ့ သတၱိ’ ေပၚမွာ မူတည္တယ္ဆိုၿပီး ေျပာထားတယ္။ 

ဂ်ပန္စာေရးဆရာ ၂ဦး ေရးထားတဲ့ ဒီ စာအုပ္ဟာဆိုရင္ ဂ်ပန္မွာ ၁၄လ ေက်ာ္ ၾကာေအာင္ ေရာင္းအားအေကာင္းဆုံး စာရင္းတြင္ ထိပ္ေျပးေနခဲ့ၿပီး၊ ကိုရီးယားမွာေတာ့ စာအုပ္ ႐ိုက္ႏွိပ္ၿပီး ၃လအတြင္းမွာ အုပ္ေရေပါင္း တစ္သိန္းခြဲကို ထုတ္ေဝခဲ့ပါတယ္။ ႐ိုးအီလာတဲ့ စိတ္ဓာတ္ျမႇင့္တင္ေရး  စာအုပ္ေတြ၊ စိတ္ပညာနဲ႔ ဒႆနပိုင္းဆိုင္ရာ စာအုပ္ေတြကို ၿငီးေငြ႕လာတဲ့ စာဖတ္သူေတြဟာ “အမုန္းခံရဲတဲ့ သတၱိ " ဆိုတဲ့ စာအုပ္ကို ဖတ္ၿပီး ေႂကြဆင္းသြားရတဲ့ အေၾကာင္းအရင္းက ဘာမ်ား ျဖစ္မလဲ။

ကိုရီးယား ႏိုင္ငံ အေနနဲ႔ဆိုရင္ အနည္းငယ္ စိမ္းေနတဲ့ ပညာရွင္ျဖစ္ေနေပမဲ့ Alfred W.Adler ဟာ Sigmund Freud, Carl Gustav Jung တို႔နဲ႔ ယွဥ္ၿပီး  ‘စိတ္ပညာရပ္ေလာကရဲ႕ နာမည္ႀကီး ဆရာႀကီး ၃ဦး’ထဲက တစ္ဦး ျဖစ္ပါတယ္။ “အမုန္းခံရဲတဲ့ သတၱိ”ကေတာ့ Adlerရဲ႕ စိတ္ပညာကို အမ်ားျပည္သူေတြနဲ႔ မိတ္ဆက္ေပးလိုက္တဲ့ စာအုပ္ဆိုရင္လည္း မမွားပါဘူး။ ‘အေတြ႕အႀကဳံက အေရးမႀကီးဘူး၊ ဘာက အေရးႀကီးလဲဆိုေတာ့ အေတြ႕အႀကဳံကို ဘယ္လို အဓိပၸါယ္ ဖြင့္ဆိုလဲဆိုတာက အေရးႀကီးတာ။ ေနာက္ၿပီး ျပႆနာကို ရင္ဆိုင္ရဲတဲ့ သတၱိရွိဖို႔ လိုတယ္’ ဆိုတဲ့ အခ်က္ဟာ Adler စိတ္ပညာရဲ႕ အဓိက ဆိုလိုရင္း ျဖစ္ပါတယ္။ 

ေဘးပတ္ဝန္းက်င္က ငါ့ကို ဘယ္လို ထင္သြားမလဲ၊ ဘာေတြ ေျပာၾကမလဲဆိုတဲ့ ဖိအားေတြ ျပည့္ႏွက္ေနတဲ့ ယေန႔ေခတ္ႀကီးမွာ သူ ေပးခဲ့တဲ့ မတ္ေဆ့ဟာ တစ္မူထူးျခားတဲ့ အေတြးအေခၚနဲ႔ ေနနည္းထိုင္နည္းကို ေဖာ္ျပေပးထားတယ္။ စာအုပ္ဟာ Adler စိတ္ပညာကို ေလ့လာေနတဲ့ ဒႆနိကေဗဒ ပညာရွင္ ဂီမီရွီ အီခ်ီ႐ိုနဲ႔ မိမိကိုယ္ကို မုန္းတီးေနတဲ့ လူငယ္တစ္ေယာက္ ျဖစ္တဲ့ ဂိုဂါ ဟူမီထာခယ္တို႔ရဲ႕ အျပန္အလွန္ စကားေျပာဟန္နဲ႔ ဖြဲ႕စည္းထားၿပီး၊ ‘ဘယ္လို ေပ်ာ္ေအာင္ ေနရမလဲ’ ဆိုတဲ့ ေမးခြန္းကို ဦးတည္ၿပီး အေျဖကို ရွာေဖြသြားတဲ့ စကားေျပာဟန္ေလးေတြ ျဖစ္ပါတယ္။

ေမးခြန္း- 

Adler စိတ္ပညာကို အေျခခံထားတဲ့ “အမုန္းခံရဲတဲ့ သတၱိ” ဟာ ဂ်ပန္၊ ကိုရီးယားမွာ လူႀကိဳက္မ်ားၿပီး ထိုင္ဝမ္အထိပါ ျဖန႔္ခ်ီဖို႔ လုပ္ေနတယ္လို႔ ၾကားရပါတယ္။ ႏွစ္ ၁၀၀ေက်ာ္က ပညာရွင္ရဲ႕ အေတြးအေခၚ အယူအဆေတြဟာ အခုက်မွ လာၿပီး လူတိုင္း ပါးစပ္ဖ်ား ေရပန္းစားလာရတဲ့ အေၾကာင္းအရင္းက ဘာလို႔ ထင္ပါသလဲ။

ဂီမီရွီ အီခ်ီ႐ို ေျဖ-

အာရွမွာေတာ့ မေက်ာ္ၾကားေပမဲ့ အေနာက္တိုင္းမွာေတာ့ Adler ဟာ ‘စိတ္ပညာေလာကရဲ႕ ဆရာႀကီး ၃ဦး’ ထဲက တစ္ဦးျဖစ္ၿပီး၊ ‘စိတ္ဓာတ္ ျမႇင့္တင္ေရး စာေပေလာကရဲ႕ ဖခင္ႀကီး’ အေနနဲ႔ လူသိမ်ားပါတယ္။ ဒါေပမဲ့ Freud တို႔ Jungတို႔လိုမ်ိဳး အရမ္းေတာ္တဲ့ ပညာရွင္ႀကီးေတြဆိုတဲ့ အေၾကာင္းရင္းတစ္ခုတည္းနဲ႔ နာမည္ႀကီး ေက်ာ္ၾကားလာတာေတာ့ မဟုတ္ေလာက္ဘူး ထင္ပါတယ္။ 

အထူးသျဖင့္ ‘အၿပိဳင္အဆိုင္မ်ားတဲ့ ေလာက’, ‘အရိပ္အကဲ ၾကည့္ရတဲ့ ယဥ္ေက်းမႈ’ ေတြ လႊမ္းမိုးေနတဲ့ အာရွ ႏိုင္ငံေတြမွာ Adler ရဲ႕ တစ္ဦးခ်င္း သီးျခား စိတ္ပညာရဲ႕ ထိေရာက္မႈအားက ႀကီးမားတယ္။ ‘လူေတြရဲ႕ စိတ္ေသာက အားလုံးဟာ လူမႈ ဆက္ဆံေရးကေန အစျပဳတယ္’ ဆိုတဲ့ အဆိုဟာ Adler စိတ္ပညာရဲ႕ အေျခခံ ရင္းျမစ္ျဖစ္တယ္။ ေလာကႀကီးမွာ ကိုယ္ ယုံၾကည္ရာကို လက္ကိုင္ထားၿပီး ေနထိုင္သြားဖို႔ဆိုတာ အင္မတန္ ခက္ခဲၿပီး၊ တရားလြန္စြာ ‘အမ်ားရဲ႕ အသိအမွတ္ျပဳမႈ ခံခ်င္’တဲ့အတြက္ေၾကာင့္ ကိုယ့္ကိုယ္ကို မုန္းတီးစိတ္၊ မနာလိုစိတ္၊ အဲဒီကေန တဆင့္ ကိုယ့္ဘဝကို ကိုယ္မပိုင္ ျဖစ္လာၾကတယ္။ သူမ်ားစိတ္နဲ႔ ကိုယ့္ကိုယ္ ျဖစ္လာတာေပါ့။

အနာဂတ္ကို ေမွ်ာ္မွန္းတဲ့ အေကာင္းျမင္ဝါဒကို ေဇာင္းေပးထားတဲ့ Adlerရဲ႕ ‘တစ္ဦးခ်င္း သီးျခား စိတ္ပညာ’ ဟာ သူ႔ေခတ္တုန္းကေတာ့ ေခတ္ေရွ႕ေျပးေနတဲ့ အဆိုတစ္ခု ျဖစ္ေနခဲ့တာေပါ့။ ယေန႔ေခတ္ လူေတြအတြက္ေတာ့ မရွိမျဖစ္ လိုအပ္တဲ့ မက္ေဆ့ တစ္ခုလို႔ ထင္ျမင္မိတယ္။ ကိုယ့္အေနနဲ႔ကေတာ့ Adlerကို အၾကာႀကီး ေလ့လာခဲ့တဲ့ ပညာရွင္တစ္ေယာက္အေနနဲ႔ Adlerဆိုတာ ဘယ္လိုလူမ်ိဳးလဲဆိုတာကို သီးသန႔္ မိတ္ဆက္ေပးေနစရာ မလိုေလာက္ေအာင္ Adlerအေၾကာင္းကို လူေတြ စိတ္ဝင္စားလာၾကတဲ့အတြက္ အင္မတန္မွ ပီတိျဖစ္ရပါတယ္။

ဂိုဂါ ဟူမီထာခယ္ ေျဖ-

Adlerရဲ႕ ‘တစ္ဦးခ်င္း သီးျခား စိတ္ပညာရပ္’ဟာ စိတ္ဒဏ္ရာ၊ အသိအမွတ္ ဆာေလာင္မႈ၊ မိမိကိုယ္ကို မုန္းတီးမႈ စတဲ့ ကြၽန္ေတာ္တို႔ေတြနဲ႔ ရင္းႏွီး ကြၽမ္းဝင္ျဖစ္ၿပီးသား စိတ္ပညာရပ္ အေတြးအေခၚေတြကို ျငင္းဆိုထားၿပီး၊ အဲ့ဒါေတြနဲ႔ ပတ္သက္ၿပီး လုံးဝ အေတြးအေခၚ အသစ္ေတြကို ေဖာ္ျပေပးသြားတယ္။ ထို႔အတြက္ေၾကာင့္ “အမုန္းခံရဲတဲ့ သတၱိ” ဟာ အခုခ်ိန္ထိ လူေတြ လက္ခံထားတဲ့ အေတြးအေခၚေတြကို ေျမလွန္ပစ္တဲ့ အဆိုေတြ မ်ားတဲ့အတြက္ တစ္ေခါက္တည္း ဖတ္႐ုံျဖင့္ နားမလည္ႏိုင္ဘူး။ ဒီစာအုပ္ကို အႀကိမ္ ၈၀ ျပန္ဖတ္ျဖစ္တယ္ဆိုတဲ့ စာဖတ္ ပရိသတ္ေတာင္ ရွိပါေသးတယ္။ ဒါေပမဲ့ အႀကိမ္ႀကိမ္ ဖတ္ၿပီး ဆိုလိုရင္းကို သေဘာ‌ေပါက္ က်င့္သုံးျဖစ္ရင္ အရင္နဲ႔ လုံးဝ မတူတဲ့ ဘဝကို ပိုင္ဆိုင္သြားႏိုင္မွာပါ။

ေမးခြန္း- Adler ေျပာတဲ့ ‘တစ္ဦးခ်င္း သီးျခား စိတ္ပညာရပ္’ ရဲ႕ အဓိက ဆိုလိုရင္းက ဘာမ်ားလဲ

ဂီမီရွီ အီခ်ီ႐ို ေျဖ-

ဆင္းရဲတဲ့အတြက္၊ အတိတ္မွာ ႀကဳံခဲ့ဖူးတဲ့ ဒဏ္ရာေၾကာင့္၊ ဆြဲေဆာင္မႈ မရွိလို႔ စသျဖင့္ လူေတြ ေပးေပးေနတဲ့ ဆင္ေျခေတြဟာ ဘဝရဲ႕ အလိမ္အညာစကားေတြသာ ျဖစ္တယ္။ 

ဂိုဂါ ဟူမိထာခယ္ ေျဖ-

Adler ေျပာထားတာက ‘လူေတြရဲ႕ စိတ္ေသာက အားလုံးဟာ လူမႈ ဆက္ဆံေရးကေန အစျပဳတယ္’ တဲ့။ စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈကို ပိုင္ဆိုင္ခ်င္ရင္ေတာ့ လူမႈဆက္ဆံေရး ကင္းႏိုင္မွ ရမယ္။ အဲဒီလို ျဖစ္ဖို႔ဆိုရင္ေတာ့ သူမ်ားေတြရဲ႕ ‘အမုန္းခံရမွာကို’ ေၾကာက္ေနလို႔ မရဘူးဆိုၿပီး ဆိုပါတယ္။ လူတိုင္းက ကိုယ့္ကို အေကာင္းျမင္ေစခ်င္ရင္ေတာ့ သင္ဟာ သူမ်ား အရိပ္အကဲ ၾကည့္ရင္း သူမ်ားအတြက္ အသက္ရွင္ေနရသလို ျဖစ္သြားမယ္။ ဒါေပမဲ့ ေျပာင္းလဲခ်င္တဲ့ သတၱိ၊ ေရွ႕ကို ေျခတစ္လွမ္းတိုးရဲတဲ့ သတၱိ၊ “အမုန္းခံရဲတဲ့ သတၱိ” ရွိရင္ ကြၽန္ေတာ္တို႔ေတြရဲ႕ ဘဝဟာ ေျပာင္းလဲလာမွာပါ။ အဲဒီ့ထဲမွာ အခက္ခဲဆုံး အရာကေတာ့ “အမုန္းခံရဲတဲ့ သတၱိ” လို႔ ထင္ပါတယ္။ စာအုပ္ နာမည္ကို “အမုန္းခံရဲတဲ့ သတၱိ”လို႔ မွည့္ထားတာလည္း ထို႔အတြက္ေၾကာင့္ ျဖစ္ပါတယ္။ လူတိုင္းအတြက္ လိုအပ္တဲ့ စကား တစ္ခြန္းလို႔ ထင္ပါတယ္။

အေမး- Adler စိတ္ပညာရဲ႕ အေၾကာင္းအရာေတြထဲမွာ အလြယ္တကူ နားမလည္ႏိုင္တဲ့ အေၾကာင္းအရာေတြလည္း ရွိတယ္။ အဲဒီ့အထဲက တစ္ခုကေတာ့ “စိတ္ဒဏ္ရာဆိုတာ ေလာကႀကီးမွာ မရွိဘူး” ဆိုၿပီး ခိုင္ခိုင္မာမာ ေျပာထားတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ လူေတြေတာ္ေတာ္မ်ားမ်ား အတိတ္က ရရွိခဲ့တဲ့ စိတ္ဒဏ္ရာဟာ လက္ရွိဘဝအေပၚ သက္ေရာက္မႈ ရွိတယ္လို ယုံၾကည္ၾကတယ္ မဟုတ္ပါလား

ဂီမီရွီ အီခ်ီ႐ို ေျဖ-

စိတ္ဒဏ္ရာဟာ လူေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာအေပၚ သက္‌ေရာက္မႈ ရွိတယ္ဆိုတာ လက္ခံတယ္။ ဒါေပမဲ့ အေရးႀကီးတာက အတိတ္မွာ ျဖစ္ခဲ့တဲ့ ကိစၥေတြ၊ အေတြ႕အႀကဳံေတြဟာ လက္ရွိဘဝကို အဆုံးအျဖတ္ မေပးႏိုင္ဘူးဆိုတာပဲ။ စိတ္ဒဏ္ရာ သီအိုရီဆိုတာ ရွိတယ္။ ယေန႔ဘဝရဲ႕ ကံဆိုးျခင္းေတြ အတိတ္က စိတ္ဒဏ္ရာေၾကာင့္ ဆိုတဲ့ ‘အေၾကာင္းျပခ်က္ရွာ သီအိုရီ’ကို အေျခခံထားတယ္။ 

Adlerဟာ လူေတြ သိထားတဲ့ Freud ရဲ႕ ‘အေၾကာင္းျပခ်က္ရွာ သီအိုရီ’ကို လုံးဝ ျငင္းဆိုထားတယ္။ Adler စိတ္ပညာရပ္ အရဆိုရင္ စိတ္ဒဏ္ရာဟာ ေအာင္ျမင္ျခင္းရဲ႕ အေၾကာင္းအရင္းလည္း မဟုတ္သလို၊ ရႈံးနိမ့္ျခင္းရဲ႕ အေၾကာင္းအရင္းလည္း မဟုတ္ဘူး။ အေတြ႕အႀကဳံက အဆုံးအျဖတ္ေပးတာ မဟုတ္ဘဲ၊ ထို ‘အေတြ႕အႀကဳံအေပၚ ဘယ္လို အဓိပၸါယ္ ဖြင့္ဆို’လဲဆိုတာကမွ မိမိရဲ႕ ဘဝကို အဆုံးအျဖတ္ေပးတာ ျဖစ္တယ္။ 

ငါဟာ အ႐ိုက္ခံၿပီး ႀကီးျပင္းလာခဲ့ရတယ္။ လူေတြ‌ ေျပာေျပာေနတဲ့ ကေလးသူငယ္ ညႇဥ္းပမ္းႏွိပ္စက္တဲ့ အဆင့္ထိေတာ့ မဟုတ္ေပမဲ့၊ ဖခင္ရဲ႕  အုပ္ထိန္းမႈ နည္းလမ္းနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ဒဏ္ရာ ရခဲ့ဖူးတယ္။ ထို႔အတြက္ အေဖနဲ႔ ငါ့ရဲ႕ ဆက္ဆံ‌ေရးဟာ ေကာင္းစရာေတာ့ မရွိဘူးေပါ့။ ႏွစ္ေတြ ၾကာလာၿပီးေနာက္ အေဖက သားအဖေတြ သင့္သင့္ျမက္ျမက္ ေနရေအာင္ဆိုၿပီး ေျပာလာေပမဲ့ လ်စ္လ်ဴရႈခဲ့တယ္။ အတိတ္က အရိပ္ေၾကာင့္ အေဖနဲ႔ ရင္းရင္းႏွီးႏွီး ေနလို႔ရမွာ မဟုတ္ဘူးဆိုၿပီး ယုံၾကည္ထားတဲ့ အတြက္ေၾကာင့္ ျဖစ္တယ္။ အေဖဆိုတဲ့ သံေယာဇဥ္စိတ္ကေလး ေပၚလာရင္ အဲ့ဒီစိတ္ကို မရရေအာင္ ေဖ်ာက္ပစ္ခဲ့တယ္။ ဒါေပမဲ့ အ႐ိုက္ခံၿပီး ႀကီးျပင္းခဲ့ရတာဟာ မွန္တယ္။ ဒါေပမဲ့ ဒါဟာ ‘အတိတ္’ မွာ ျဖစ္ၿပီးခဲ့ၿပီ၊ ေျပာင္းလဲလို႔ မရဘူးေလ။ အဲ့ဒီလို ေတြးမိၿပီး တစ္ေန႔ေတာ့ လက္ရွိ သားအဖ ဆက္ဆံေရးကို ေကာင္းမြန္ေအာင္ လုပ္ခ်င္လာတဲ့ စိတ္ေလး ဝင္လာခဲ့တယ္။ အတိတ္က အရိပ္ဆိုးႀကီးကို ခဏခဏ ျပန္စဥ္းစားၿပီး ကိုယ့္ကိုယ္ကို ႏွိပ္စက္ေနတာဟာ ဘာအဓိပၸါယ္မွ မရွိဘူးဆိုတာကို သေဘာေပါက္သြားၿပီးေနာက္ ‘အခု, လက္ရွိ’ ေတာင့္တမိတဲ့ ေပ်ာ္႐ႊင္မႈေလးကို ရရွိေအာင္ ႀကိဳးစားခဲ့တယ္။ အဲ့ဒီ ေနာက္မွာေတာ့ သားအဖ ႏွစ္ေယာက္ ဆက္ဆံေရးဟာ ေျပလည္သြားခဲ့တယ္။ ပိုၿပီး အံ့ဩစရာေကာင္းတာကေတာ့ ငယ္ငယ္က အ႐ိုက္ခံခဲ့ရတာေတြကို တေျဖးေျဖး ေမ့ေပ်ာက္လာတာပဲ။ တစ္သက္လုံး ေဆးေက်ာလို႔ မရေတာ့ဘူးလို႔ ထင္ထားတဲ့ ဒဏ္ရာ၊ အရိပ္ဆိုးႀကီးဟာ လက္ရွိ ေပ်ာ္႐ႊင္မႈမွာပဲ အာ႐ုံစိုက္လိုက္တဲ့အခါ ဘာမွ မဟုတ္ေတာ့တဲ့ ကိစၥလို ျဖစ္သြားတယ္။ အတိတ္က ကိစၥတစ္ခုေၾကာင့္ ကိုယ္ ေဒါသျဖစ္ရတယ္ဆိုရင္ အဲဒီ့ “ေဒါသ” ဟာ ကိုယ့္ ရည္႐ြယ္ခ်က္ ျဖစ္ၿပီး၊ တစ္စုံတစ္ခုေၾကာင့္ဆိုတဲ့ သေဘာကို မေဆာင္ႏိုင္ပါ။ ရည္႐ြယ္ခ်က္ကို ‘ေပ်ာ္႐ႊင္မႈ’မွာ ေျပာင္းထားလိုက္မယ္ဆိုရင္ ငါတို႔ဟာ ေပ်ာ္႐ႊင္ဖို႔အတြက္ လုပ္ေဆာင္ေတြးေတာျခင္းေတြ အမ်ားႀကီး လုပ္ႏိုင္လိမ့္မယ္။

မထူးခြၽန္ဘူးဆိုတဲ့ မိမိကိုယ္ကို အရွိအရွိအတိုင္း လက္ခံလိုက္ပါ

ေမးခြန္း- Adler က ထပ္ၿပီး ‘အသိအမွတ္ ဆာေလာင္ေတာင့္တမႈကို စြန႔္ပါ’ ဆိုၿပီး ေျပာထားတယ္။ အသိအမွတ္ျပဳခံရျခင္းဟာ လူေတြကို လုပ္ခ်င္ကိုင္ခ်င္စိတ္ ျဖစ္ေအာင္ တြန္းေပးေနတဲ့ တြန္းအား တစ္ခု မဟုတ္ပါလား။

ဂိုဂါ ဟူမိထာခယ္ ေျဖ-

“အသိအမွတ္ ဆာေလာင္ေတာင့္တမႈကို စြန္႔ရမွာကို မေၾကာက္ပါနဲ႔” ဆိုၿပီး ေျပာတယ္။ လူေတြဟာ တျခားသူရဲ႕ ခ်ီမြမ္းတာကို ခံရ၊ အသိအမွတ္ျပဳတာကို ခံရတဲ့အခါ မိမိရဲ႕ ျဖစ္တည္မႈဟာ တန္ဖိုးရွိတယ္လို ယူဆၾကတယ္။ ဒါေပမဲ့ တစ္ပါးသူရဲ႕ အသိအမွတ္ျပဳမႈကို ေတာင့္တေန၊ တစ္ပါးသူက ကိုယ့္ကို ဘယ္လို အကဲျဖတ္မလဲဆိုတဲ့ အေပၚမွာပဲ အာ႐ုံစိုက္ေနရင္ ေနာက္ဆုံး သင္ဟာ သင့္ဘဝကို သင္မပိုင္ေတာ့ဘဲ တစ္ပါးသူရဲ႕ ဘဝကို ကိုယ္စား ေနေနရသလို ျဖစ္သြားမယ္။ ကိုယ္လုပ္ရမဲ့ တာဝန္က ‘တစ္ပါးသူရဲ႕ ေမွ်ာ္လင့္ခ်က္ကို ျပည့္ဝေစျခင္း’ ဆိုတာမ်ိဳး ျဖစ္သြားရင္ အဲဒီ အလုပ္ဟာ ေပ်ာ္စရာ မေကာင္းေတာ့ပါ။ ငါ့ကို ဘယ္လို ထင္သြားမလဲဆိုတဲ့ တစ္ပါးသူရဲ႕ စိတ္ကို လိုက္ၿပီး ပူေနရင္ ‘ငါ’ ဆိုတဲ့ ျဖစ္တည္မႈ၊ ကိုယ္လုပ္ခ်င္တဲ့ ကိစၥ အေသးအဖြဲေလးေတြက အစ ကိုယ့္စိတ္တိုင္းက် မလုပ္ရဲေတာ့တဲ့ အတြက္ ျဖစ္တယ္။ ငါတို႔ေတြဟာ တစ္ပါးသူရဲ႕ ေမွ်ာ္လင့္ခ်က္ကို လိုက္ျဖည့္ဆည္းစရာကို မလိုဘူး။ အသိအမွတ္ကေန တဆင့္ ရတဲ့ ေက်နပ္အားရမႈဟာ လြတ္လပ္မႈ ကင္းမဲ့တယ္။ တစ္ပါးသူနဲ႔ ၿပိဳင္ဆိုင္ၿပီး အသိအမွတ္ျပဳခံရတာမ်ိဳး မဟုတ္ဘဲ ကိုယ္ဘဝ တိုးတက္ျခင္းကို ရည္႐ြယ္ၿပီး ‘ေကာင္းသထက္ေကာင္းေအာင္ ႀကိဳးစားျခင္း’ မွ တဆင့္ တိုးတက္ေျပာင္းလဲရမွာ ျဖစ္တယ္။ 

အလုပ္ လုပ္တဲ့အခါ ငါဟာ အဲ့ဒီ အလုပ္က တဆင့္ ရႏိုင္တဲ့ ေပ်ာ္႐ႊင္မႈ၊ အက်ိဳးရလဒ္နဲ႔ ပတ္သက္ၿပီး ကိုယ့္ဖာသာကိုယ္ အဓိပၸါယ္ ရွာေဖြၿပီး ေအးေဆးစြာ လုပ္ေဆာင္သြားရဲတဲ့ အင္အား လိုအပ္တယ္။ သူမ်ားေတြ ငါနဲ႔ ပတ္သက္ၿပီး ဘယ္လိုထင္ထင္ ‘အခု, ဒီ အခ်ိန္ေလးမွာ ငါ့ဘဝရဲ႕ ပိုင္ရွင္ဟာ ငါ’ ဆိုတဲ့ အသိဝင္ဖို႔ လိုအပ္တယ္။ ထိုနည္းတူစြာ တစ္ပါးသူဟာလည္း ငါ့အတြက္ အသက္ရွင္ေနတာ မဟုတ္ဘူးဆိုတာကိုလည္း စိတ္သြင္းထားရမယ္။ တစ္ဖက္လူက ငါ့သေဘာအတိုင္း မျဖစ္ဘူးဆိုၿပီး စိတ္ပ်က္စရာ၊ စိတ္ဆိုးစရာ မလိုဘူးဆိုတဲ့ သေဘာ ျဖစ္တယ္။ ဒါဟာ လူမႈ ဆက္ဆံေရးကေန လာတဲ့ ေသာကေတြကို ေျဖရွင္းဖို႔အတြက္ သိထားရမယ့္ အေျခခံသေဘာတရားေတြ ျဖစ္တယ္. 

ဂီမီရွီ အီခ်ီ႐ို ေျဖ-

ခ်ီးမြမ္းျခင္း၊ အသိအမွတ္ ဆာေလာင္ေတာင့္တျခင္းကေန ရလာတဲ့ ေက်နပ္အားရမႈမွာ ေပ်ာ္ေမြ႕ေနတဲ့ ငါတို႔ေတြအတြက္ေတာ့ ‘အသိအမွတ္ ဆာေလာင္ေတာင့္တမႈကို စြန႔္လႊတ္’ ဖို႔ ဆိုတာ အင္မတန္မွ ခက္ခဲတဲ့ ကိစၥ ျဖစ္တယ္။ ဒါကို ေျဖရွင္းဖို႔ဆိုရင္ ‘ကိုယ့္ကိစၥ သူ႔ကိစၥ ခြဲမႈ’ ကို နားလည္ထားရမယ္။ ကိစၥရပ္တိုင္းကို ‘ဒါကေတာ့ ဘယ္သူ႔ ကိစၥ ျဖစ္မလဲ’ ဆိုတဲ့ ရႈေထာင့္ကေန ၾကည့္ၿပီး ကိုယ္နဲ႔ဆိုင္တဲ့ ကိုယ့္ ကိစၥမွာပဲ အာ႐ုံထားတတ္ဖို႔က အဓိက ျဖစ္တယ္။

ဘယ္သူ႔ ကိစၥလဲဆိုတာ ခြဲျခားႏိုင္တဲ့ နည္းလမ္းကေတာ့ ‘ကိစၥရဲ႕ ေနာက္ဆုံး ရလဒ္ကို ရရွိခံစားရမယ့္ သူက ဘယ္သူလဲ’ ဆိုတာကို အရင္ဆုံး စဥ္းစားၾကည့္ရမယ္။ ကိစၥ ခြဲတဲ့အခါ အခက္ခဲဆုံးကေတာ့ မိဘနဲ႔ သားသမီး ေတာ္စပ္မႈၾကားက ကိစၥပဲ ျဖစ္ပါတယ္။ အျပန္အလွန္ မွီခိုမႈ အား ႀကီးမားတဲ့အတြက္ မိဘနဲ႔ သားသမီး အၾကား စြက္ဖက္မႈကို ‘ျဖစ္သင့္တယ္ ဆိုၿပီး အထင္မွား’ ၾကတဲ့ အတြက္ ျဖစ္တယ္။ ‘သားသမီးရဲ႕ ေက်ာင္းကိစၥ’ ဆိုတဲ့ ျပႆနာရွိလာတယ္ပဲ ထားေတာ့၊ ဒါဟာ ေက်ာင္းတက္ေနတဲ့ သားသမီးရဲ႕ ကိစၥျဖစ္ၿပီး၊ မိဘရဲ႕ ကိစၥလို႔ ဆိုလို႔ မရပါ။ ‘နင့္အတြက္’ ဆိုၿပီး မိဘေတြ ေျပာေလ့ ရွိၾကတယ္။ ဒါေပမဲ့ မိဘေတြဟာ မိမိရဲ႕ ရည္မွန္းခ်က္-ေဘးပတ္ဝန္းက်င္ရဲ႕ အသိအမွတ္ျပဳမႈ၊ သားသမီးကို ထိန္းခ်ဳပ္ခ်င္စိတ္ စတာေတြေၾကာင့္ စြက္ဖက္ၾကတာ ျဖစ္တယ္။

ဒါေတြကို သိျမင္လာတဲ့အခါ ကေလးေတြဟာ မိဘေတြရဲ႕ အတင္းအၾကပ္ ေစခိုင္းမႈကို နားမေထာင္ဘဲ ကလန္ကဆန္ လုပ္လာၾကတယ္။ အနည္းငယ္ နားဝင္ဆိုးေစတဲ့ စကားဆိုေပမဲ့ စာက်က္တယ္ဆိုတာ ကေလးေတြရဲ႕ ကိစၥ၊ စာက်က္ျခင္း စာမက်က္ျခင္းရဲ႕ ေနာက္မွာ လိုက္လာတဲ့ ရလဒ္ကို တာဝန္ယူရမဲ့ သူဟာလည္း ကေလးေတြပဲ။ ဒီေနရာမွာ နားလည္မႈ မလြဲရမွာက Adler စိတ္ပညာရပ္က ေျပာခ်င္တာက လ်စ္လ်ဴရႈဖို႔ ေျပာေနတာ မဟုတ္ပါ။ လ်စ္လ်ဴရႈတယ္ဆိုတာ ကေလးေတြ ဘာလုပ္ေနလဲဆိုတာလည္း မသိ၊ သိလည္း မသိခ်င္တဲ့ အျပဳအမူကို ဆိုလိုတာ ျဖစ္တယ္။ ‘ကိုယ့္ကိစၥ သူ႔ကိစၥ ခြဲ’ တဲ့ေနရာမွာ မိဘရဲ႕ က႑က ‘စာက်က္ရမွာ ကေလးေတြ ကိစၥ’ ဆိုတဲ့ အသိကို ႐ိုက္သြင္းေပးထားၿပီး၊ ကေလးက စာေလ့လာခ်င္တယ္ဆိုတာနဲ႔ အခ်ိန္မ‌ေ႐ြး ကူညီရန္ အသင့္ ျဖစ္ေနတယ္ဆိုတာကို ေျပာျပထားရမွာ ျဖစ္တယ္။ သားသမီးကို လမ္းမွန္ေရာက္ေအာင္ သင္ၾကားေပးရမယ္ဆိုၿပီး ထင္ေနတာဟာ အင္မတန္မွ ေမာက္မာတဲ့ အေတြးျဖစ္ပါတယ္။

ေမးခြန္း-Adler ေျပာတဲ့ “အထက္ေအာက္ ဆက္ဆံေရး အားလုံးကို ျငင္းဆိုၿပီး လူမႈ ဆက္ဆံေရး အားလုံးကို တစ္ေျပးညီ ဆက္ဆံေရးျဖစ္ေအာင္ လုပ္ၾကပါ” ဆိုတဲ့ အဆိုနဲ႔ ဆက္စပ္သြားတာလား မသိဘူး

ဂိုဂါ ဟူမီထာခယ္ ေျဖ - 

ဟုတ္ပါတယ္။ Adler စိတ္ပညာရပ္က ဆိုထားတာကေတာ့ ေကြၽးေမြးေစာင့္ေရွာက္မႈက အစ တျခားသူေတြနဲ႔ ဆက္ဆံရတဲ့ ကြန္ျမဴနီေကးရွင္း အကုန္လုံးမွာ ‘ခ်ီးမြမ္းျခင္းကို တားျမစ္ပစၥည္းအျဖစ္ သတ္မွတ္ထားတယ္”။ ‘ေတာ္တယ္’ ဆိုတဲ့ စကားကို အသုံးသင့္ဘူး။ ခ်ီးမြမ္းတယ္ဆိုတဲ့ အျပဳအမူဟာ ‘အရည္အခ်င္း ရွိတဲ့ သူက အရည္အခ်င္း မရွိတဲ့ သူကို အကဲျဖတ္တယ္’ ဆိုတဲ့ ရႈေထာင့္ေနတဲ့အတြက္ ျဖစ္ပါတယ္။ အျပစ္ေပးတာ၊ ဆူတာမ်ိဳးလည္း လုံးဝ မရပါ။ ပညာေရးရဲ႕ နည္းလမ္းေတြထဲမွာ ရလဒ္ဦးစားေပးမႈကို ေရွာင္လႊဲဖို႔အတြက္ ႀကိဳးစားတဲ့ေနရာမွာ ခ်ီးမြမ္းမႈဟာ လိုအပ္တယ္ဆိုတဲ့ အျမင္ေတြလည္း ရွိပါတယ္။ 

ဒါေပမဲ့ ခ်ီးမြမ္းတယ္ဆိုတာ အထက္ေအာက္ ဆက္ဆံေရး ျဖစ္သြားဖို႔ လြယ္ကူတယ္။ အကယ္၍ ကေလးက ညေနစာ ခ်က္ျပဳတ္တာကို ကူညီေပးတယ္ပဲ ထားဦး အေမက ကေလးကို ၾကည့္ၿပီး ‘လိမၼာလိုက္တာ’ ဆိုၿပီး ခ်ီးမြမ္းလိုက္တယ္။ အဲဒါဆိုရင္ အမ်ိဳးသားက ကူညီေပးတဲ့အခါက်ေတာ့ေကာ ဘယ္လို ေျပာမွာလဲ။ ပုံမွန္အားျဖင့္ ‘ေက်းဇူးတင္ပါတယ္’ ဆိုၿပီး ေျပာၾကတယ္။ ‘လိမၼာလိုက္တာ’ ‘ေတာ္လိုက္တာ’ ‘ထူးခြၽန္လိုက္တာ’' ဆိုၿပီး ခ်ီးမြမ္းျခင္းဟာ မိဘေတြရဲ႕ မသိစိတ္မွာ မိဘနဲ႔ ကေလး ၾကားက ဆက္ဆံေရးကို အထက္ေအာက္ ဆက္ဆံ‌ေရး အျဖစ္ ယူဆေနတာ ျဖစ္တယ္။ ခဏခဏ ခ်ီးမြမ္းခံရတဲ့ ကေလးဟာ ခ်ီးမြမ္းသံ မၾကားရရင္ ဘာမွ မလုပ္ခ်င္ဘဲ ေနာက္ဆုံး ခ်ီးမြမ္းခံရျခင္းဆိုတဲ့ အရာမွာ အမွီျပဳသြားတတ္တယ္။

ေမးခြန္း-ဒါဆိုရင္ Adler စိတ္ပညာရပ္က ဆိုလိုတဲ့ မွန္ကန္ေသာ သင္ၾကားျပသမႈ နည္းလမ္းဟာ ဘာမ်ားလဲ

ဂီမီရွီ အီခ်ီ႐ို ေျဖ- 

ကေလးေတြကို ခ်ီးက်ဴးခ်င္တယ္ဆိုရင္ ‘ေတာ္လိုက္တာ’ ဆိုတဲ့ စကားအစား ‘ေက်းဇူးတင္ပါတယ္’ ဆိုၿပီး ေျပာေပးပါ။ ေက်းဇူးဆိုတဲ့ စကားဟာ ကေလးေတြကို မိမိဟာ တစ္ပါးသူအေပၚ အေထာက္အကူ ျဖစ္ေနတယ္ဆိုတဲ့ ပရဟိတစိတ္ကို ေပးစြမ္းၿပီး၊ လြတ္လပ္ေပါ့ပါးမႈကို ခံစားေစႏိုင္တယ္။ ေနာက္ၿပီး ဘယ္လို အျပဳအမူနဲ႔ ပတ္သက္ၿပီး ေက်းဇူးပါဆိုၿပီး ေျပာတယ္ဆိုတာထက္ ကေလးရဲ႕ ျဖစ္တည္မႈနဲ႔ ပတ္သက္ၿပီး ေက်းဇူးတင္တဲ့ အေၾကာင္းကို ေျပာေပးသင့္တယ္။

သူ ကိုယ့္အနားမွာ ရွိေနေပး႐ုံနဲ႔တင္ ေက်းဇူးတင္စရာဆိုတာကို သိေအာင္ပါ။ ကြၽန္ေတာ့္ ကေလး မူလတန္းေက်ာင္းတုန္းက တစ္ေန႔ေသာ ညေနေစာင္းမွာ ငါ့ကို ၾကည့္ၿပီး ဘာ အဆက္စပ္မွ မရွိဘဲ “ေဖႀကီး ေက်းဇူးတင္ပါတယ္” ဆိုၿပီး ေျပာဖူးတယ္။ စဥ္းစားၾကည့္လိုက္ေတာ့ ‘ငါ သူ႔ ေဘးနားမွာ ရွိေနတာနဲ႔တင္ ေက်းဇူးတင္ေနတယ္’ ဆိုတဲ့ ခံစားခ်က္မ်ိဳး ခံစားလိုက္ရတယ္။ ျဖစ္တည္မႈအေပၚ ေက်းဇူးတရားကို ခံစားတတ္တဲ့ ကေလးဟာ အဲဒီေဘာင္ထဲမွာပဲ မိမိ အလိုရွိရာ၊ မွန္တယ္လို႔ ထင္တဲ့ အရာေတြကို လြတ္လပ္စြာ ေ႐ြးခ်ယ္ၿပီး ေရွ႕ဆက္သြားႏိုင္တယ္။ လူအမ်ား သတိထားမိေအာင္ ဆိုၿပီး တမင္တကာ ဆိုးသြမ္းတဲ့ အျပဳအမူမ်ိဳး မလုပ္ေတာ့ဘူး။ ေနာက္ၿပီး ကေလးရဲ႕ အလိုကို ဖိအားေတြ စကားေတြနဲ႔ ဟန္႔လိုက္တာမ်ိဳး မလုပ္ဘဲ ‘ဒီလိုေလး လုပ္လိုက္ရင္ ေကာင္းလိမ့္မယ္’ ဆိုၿပီး ေတာင္းဆိုသလိုမ်ိဳး ေျပာေပးရမယ္။ 

ေမးခြန္း-Adlerရဲ႕ ‘တစ္ဦးခ်င္း သီးျခား စိတ္ပညာ’ ကေတာ့ တစ္ဦးခ်င္းရဲ႕ ကန႔္သတ္မႈအေပၚမွာပဲ ျပႆနာရဲ႕ အေျဖကို ရွာေဖြတယ္။ ဒါေပမဲ့ အဲဒီ့ အဆုံးမွာ ‘အသိုက္အဝန္း အသိ’ ကို ပိုင္ဆိုင္လာျခင္းဟာ ေနာက္ဆုံး ရည္႐ြယ္ခ်က္လို႔ ေျပာထားတယ္။   

ဂီမီရွီ အီခ်ီ႐ို ေျဖ-Adlerက “လူေတြသည္ မိမိဟာ တစ္စုံတစ္ဦးအတြက္ အေထာက္အကူျဖစ္ေနတယ္လို႔ ခံစားရတဲ့အခါ ကိုယ့္ရဲ႕ တန္ဖိုးကို သိလာတယ္”လို႔ ေျပာတယ္။ အေထာက္အကူ ျဖစ္တာနဲ႔ အသိအမွတ္ျပဳ ခံရတာ, ‘like’ ေတြ ရတာနဲ႔ လုံးဝ မတူပါဘူး။ ‘အသိုက္အဝန္း အသိ’ ဆိုတာ သူမ်ားနဲ႔ ၿပိဳင္ဆိုင္တာမ်ိဳး မဟုတ္ဘဲ သူငယ္ခ်င္းလို ျမင္တာကို ဆိုတာ။ ယုံၾကည္မႈကို အေျခခံၿပီး ‘ငါ ရွိေနရမယ့္ ေနရာက ဒီေနရာပါလား’ ဆိုၿပီး ခံစားရတာမ်ိဳး၊ ဒါဟာ တန္ဖိုးမျဖတ္ႏိုင္တဲ့ လူမႈဆက္ဆံေရးရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ပါ။ သူမ်ားကို ၿပိဳင္ဖက္လို႔ သေဘာမထားရင္ မိမိကိုယ္ကို အားမလိုအားမရျဖစ္စရာလည္း မလိုေတာ့ဘူး။ 

သူမ်ားရဲ႕ ေပ်ာ္႐ႊင္မႈကို စိတ္ရင္းအမွန္နဲ႔ ဂုဏ္ျပဳေပးႏိုင္ေအာင္ ႀကိဳးစားရမယ္။ အဲဒီလို ျဖစ္ဖို႔အတြက္ တစ္မူထူးျခားမေနတဲ့ မိမိကိုယ္ကို မိမိ အရွိ အရွိအတိုင္း လက္ခံျခင္း’၊ ‘တစ္ပါးသူကို ယုံၾကည္ေပးျခင္း’၊ သူမ်ားအတြက္ ‘ေပးဆပ္ျခင္း’ ဆိုတဲ့ အဆင့္ ၃ဆင့္ကို က်င့္သုံးရမယ္။ 

ေနာက္ဆုံးအေနနဲ႔ မိမိဟာ ေလာကႀကီးရဲ႕ ဇာတ္လိုက္ မဟုတ္ဘူးဆိုတဲ့ အမွန္တရားကို လက္ခံႏိုင္ရမယ္။ “အမုန္းခံရဲတဲ့ သတၱိ” ေလာက္ ေနာက္ထပ္ အေရးႀကီးတဲ့ အရာကေတာ့ ‘လူတိုင္းဟာ သူလို ကိုယ္လိုပဲ ဆိုတာကို လက္ခံႏိုင္တဲ့ သတၱိ’ ပဲ ျဖစ္တယ္။ သူလို ကိုယ္လိုပဲဆိုတာဟာ ထူးျခားတဲ့ အရည္အခ်င္း မရွိဘူးလို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဒီလိုမ်ိဳး သတၱိေတြ ရွိလာမယ္ဆိုရင္ ငါတို႔ဟာ အခုထက္ ပိုၿပီး လြတ္လပ္စြာ ေ႐ြးခ်ယ္ႏိုင္ၿပီး စိတ္ႀကိဳက္ ေပ်ာ္႐ႊင္မႈေတြကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္တယ္။ 

ငါတို႔ဟာ အခုခ်ိန္ထိလဲ စဥ္ဆက္မျပတ္ သူမ်ားရဲ႕ အရိပ္အကဲ၊ မိမိကိုယ္ကို မုန္းတီးစိတ္၊ သူမ်ားရဲ႕ အသိအမွတ္ျပဳ ခံခ်င္စိတ္ေတြမွာ ရစ္တြယ္ၿပီး၊ စိတ္ဒဏ္ရာေတြနဲ႔ တစ္ေန႔တစ္ေန႔ ကုန္ဆုံးေနၾကတယ္။ ဒါေပမဲ့ ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား ငါတို႔ဟာ ဒီ အခက္အခဲေတြ ၾကားထဲမွာပဲ က်င္လည္ၿပီး တစ္သက္လုံး ႐ုန္းထြက္ႏိုင္မွာ မဟုတ္ဘူး။ 

ဘယ္ေလာက္ပဲ အခ်စ္ခံရေအာင္ ႀကိဳးစားႀကိဳးစား ငါ့ကို မုန္းၿပီး အျမင္ကတ္တဲ့ သူေတြကေတာ့ ရွိကို ရွိေနတတ္တာပဲ။ ပိုဆိုးတာကေတာ့ သူမ်ားေတြက သင္ ကိုယ့္ကိုယ္ကို မုန္းတီးေနတာကို သိပ္ၿပီး စိတ္ဝင္စားမႈ မရွိတာပဲ။ ‘Adler စိတ္ပညာရပ္’ ကေတာ့ ဒီလို ရႈေထာင့္ကေန ငါတို႔ေတြကို စိတ္ထဲေပါ့သြားေအာင္လို႔ ေဆးၫႊန္း ေရးေပးလိုက္တာ ျဖစ္တယ္။ ဘဝဆိုတာ ဒဏ္ရာဒဏ္ခ်က္၊ ထိုးနက္ခ်က္ေတြနဲ႔ မကင္းဘူးဆိုတာကို သိထားရမယ္၊ ဘဝႀကီးက ေပးလာတဲ့ ျပႆနာေတြကို ရင္ဆိုင္ရဲတဲ့ သတၱိ ရွိရင္ ဒီ့ထက္ပိုၿပီး စိတ္ဒဏ္ရာ ရစရာ ။ 

တစ္စုံတစ္ဦးရဲ႕ အမုန္းခံရလည္း ဂ႐ုမစိုက္ဘဲ ေနထိုင္သြားႏိုင္ရင္ ငါတို႔ အသီးသီးဟာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လြတ္လပ္စြာ ေနထိုင္ေနတယ္ဆိုတဲ့ သက္ေသပဲ ျဖစ္တယ္။ မိမိကိုယ္ကို မိမိ အာ႐ုံစိုက္ၿပီး လြတ္လပ္ၿပီး အဓိပၸါယ္ ရွိတဲ့ ေ႐ြးခ်ယ္မႈ အတြက္ လိုအပ္တာကေတာ့ ငါ့စိတ္ထဲမွာ ရွိတဲ့ အရမ္းကို ေသးငယ္တဲ့ ‘သတၱိ’ ပဲ ျဖစ္တယ္။


ဂီမီရွီ အီခ်ီ႐ို-အေနာက္တိုင္း ေရွးေခတ္ ဒႆနေဗဒပညာရပ္၊ အထူးသျဖင့္ ဖလာတို ဒႆနေဗဒကို ေမဂ်ာယူထားတဲ့ ဒႆနပညာရွင္ ျဖစ္တယ္။ ၁၉၈၉ခုႏွစ္က စၿပီး ‘Adler စိတ္ပညာရပ္’ ကို ေလ့လာခဲ့ၿပီး စာေရးျခင္းႏွင့္ စာသင္ၾကားျခင္း လႈပ္ရွားမႈမ်ားကို လုပ္ခဲ့ၿပီး “အမုန္းခံရဲတဲ့ သတၱိ” ရဲ႕  ေမြးဖြားမႈကို တာဝန္ယူခဲ့တယ္။ စိတ္ပိုင္းဆိုင္ရာ ဆရာဝန္ စတဲ့ ေဆြးေႏြးမႈ ခံယူသူမ်ားကို ေဆြးေႏြးေပးတဲ့ ေကာင္ဆဲလ္လင္းလည္း လုပ္တယ္။

ဂိုဂါ ဟူမိထာခယ္-၁၉၇၃ခုႏွစ္ ဖြား၊ အလြတ္တန္း စာေရးဆရာ ျဖစ္ၿပီး “အမုန္းခံရဲတဲ့ သတၱိ” ရဲ႕ စာေရး ျဖစ္ပါတယ္။ ၂၀ ေက်ာ္သက္ အ႐ြယ္မွာ ‘Adler စိတ္ပညာရပ္’ ကို ခ်ဥ္းကပ္ၿပီး စိတ္အသိကို ေျပာင္းျပန္လွန္ပစ္တဲ့ အယူအဆေတြေၾကာင့္ ႀကီးမားေသာ ‌ေရွာ့ခ္ရၿပီးေနာက္ ႏွစ္အနည္းငယ္ၾကာ ဂီမီရွီ အီခ်ီ႐ိုနဲ႔ ေတြ႕ၿပီး အေမးအေျဖလုပ္ ရင္းနဲ႔ Adler စိတ္ပညာရပ္ရဲ႕ ရင္းျမစ္နဲ႔ ပတ္သက္ၿပီး ေလ့လာခဲ့တယ္။


https://mnews.joins.com/amparticle/17870937




mm.aaa.kr


:
Posted by 해맑은순이