tab in word computer/word2019. 1. 14. 20:13
https://www.youtube.com/watch?v=fZcYrlEMzOM
Zawgyi
Unicode
အရင်ဆုံး ပေတံကို ဖော်ထားရပါမယ်။
View ထဲသွားပြီး ruler လေးမှာ အမှန်ခြစ် ဝင်သွားအောင် လုပ်လိုက်ပါ။
အပေါ်က ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ လို့ ပေါ်နေတဲ့ နေရာရဲ့ အောက်အစွန်းလေးမှာ ကလစ် တစ်ချက် နှိပ်လိုက်ပါ။
နှိပ်လိုက်တဲ့အခါ ပေါ်လာတဲ့ Tab လေးပေါ်မှာ double click နှိပ်လိုက်ပါ။
အရင်ဆုံး ကိုယ်ပုံစံ ချချင်တဲ့ အကွာအဝေးကို မှန်းပြီး ဘယ်ဖက်ကို 0.5, အလယ်စင်တာကို 3.25, ညာဖက်ကို 6ဆိုပြီး သတ်မှတ်ပြီး အိုကေကို နှိပ်လိုက်ပါ။
နမူနာ အနေနဲ့ ဘယ် လျှောက်ထားသူ၊ အလယ် ရက်၊ လ၊ ခုနှစ်၊ ညာ လက်မှတ် ဆိုပြီး ရိုက်လိုက်မယ်။
ပြီးရင် လျှောက်ထားသူ ဘေးမှာ Tab တစ်ချက် နှိပ်လိုက်ပါ၊ ရက်၊ လ၊ ခုနှစ် နဲ့ လက်မှတ်ကြားမှာလည်း Tab တစ်ချက် နှိပ်ကြည့်လိုက်ပါ။ ကိုယ်သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ကွက်တိ ဝင်သွားပါလိမ့်မယ်။
Tab တွေ သတ်မှတ်ထားတာကို ဖျောက်ချင်ရင် ဗွီဒီယိုထဲမှာ ပြထားတဲ့အတိုင်း Tab သင်္ကေတလေး အပေါ်မှာ double click နှိပ်ပြီး clear all ပြီးရင် ok ကို နှိပ်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။
mm.aaa.kr
'computer > word' 카테고리의 다른 글
how to change small to capital letter in word. (0) | 2020.05.11 |
---|---|
Insert Text from file (0) | 2019.01.04 |
convert text to table in word (0) | 2019.01.02 |
Clipboard -multi paste in word (0) | 2019.01.01 |
Comment in word (0) | 2019.01.01 |