달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

2020.08.18.  ကိုရိုနာ တစ်ကျော့ ပြန်ပြီး ပြန်နှံ့နှုန်း မြင့်လာပြန်တဲ့ ကိုရီးယား

 

8လပိုင်း 13ရက်နေ့မှ စပြီး နေ့စဥ် ကူးစက်ခံရသူ 100ကျော်လာခဲ့တာ ဒီနေ့ထိဆိုရင် 100အောက် ပြန်မဆင်းတာ 5ရက် မြောက်နေ့ ဖြစ်သွားပါပြီ။ 

 

ဒီ တစ်ခါ ပြန့်နှံ့မှုမှာ လူဦးရေ ထူထပ်များပြားတဲ့ ဆိုးလ်တို့ ဂ‌ရောင်းဂီဒိုဘက်ဆိုတော့ ဆောင်းတွင်းတုန်းက ရှင်းချောင်းဂျီထက် ပိုပြီး ဆိုးနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ 

 

အခုက ဘုရားရှိခိုးကျောင်းမှလည်း ကူးစက်ပြန့်နှံ့မှု များပြီး၊ သူ့အပြင် ကော်ဖီဆိုင်၊ ကလပ်၊ စားသောက်ဆိုင် အစရှိတဲ့ အလုံပိတ် နေရာများမှ လည်း ကူးစက်မှုက များလာတာကို တွေ့ရပါတယ်။ 

 

မထိန်းချုပ်နိုင်ရင် ဆေးရုံ ကုတင်မလောက်တဲ့ ပြဿနာက အရင်၊ အဲ့သလို မလောက်ရင် အသေအပျောက်လည်း များလာမှာ ဖြစ်ပြီး၊ စီးပွားရေးပိုင်းမှာလည်း နစ်နာဆုံးရှုံးမှုတွေ အများကြီး ကြုံရနိုင်ပါတယ်။ 

 

အားလုံး သတိနဲ့ သွားလာကြပါရန် အသိပေးလိုက်ပါတယ်။ 

 

လက်ရှိ ကိုရီးယားမှာ ကူးစက်သူ 15,761ယောက်

ကုသပျောက်ကင်းသူ 13,934ယောက်

သေဆုံးသူ 306ယောက်

:
Posted by 해맑은순이