달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

   အလွအပေတြ မ်ားစြာကို ပိုင္ဆိုင္ထားေပမဲ့ စိတ္အလွ တစ္ခု ျပဳတ္က် က်န္ေနခဲ့တဲ့ ႏိုင္ငံ

   ကိုရီးယားဆိုတာ လူတိုင္း အားက်ရတဲ့၊ သြားခ်င္ၾကတဲ့ ႏိုင္ငံေတြထဲက တစ္ႏိုင္ငံဆိုလည္း မမွားပါဘူး။ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ႏိုင္ငံ တစ္ႏိုင္ငံ အေနနဲ႔ ေငြ ရွိရင္ေတာ့ သြားေရးလာေရး၊ စားေရးေသာက္ေရး၊ ေနေရး ထိုင္ေရးဟာ အင္မတန္မွ အဆင္ေျပလြယ္ကူလွပါတယ္။ သြားေရးလာေရးဆိုရင္လည္း ေျမေအာက္ရထားနဲ႔ သြားမလား၊ ဘတ္စ္ကားနဲ႔ သြားမလား၊ နည္းနည္း ေဝးရင္ အျမန္ရထားနဲ႔ သြားမလား၊ ေလယာဥ္နဲ႔ သြားဦးမလား အဆင္ကို ေခ်ာလို႔။ စားေရး ေသာက္ေရးဆိုလည္း ထမင္းစားခ်ိန္တန္တာနဲ႔ အျပင္ထြက္ ဝယ္စားလိုက္႐ုံပဲ။ ေနေရးထိုင္ေရးဆိုလည္း ေရမီး အစုံနဲ႔ လိုေလေသးမရွိေပါ့။ 

   ဒါေပမဲ့ လူလူခ်င္း စာနာစိတ္ေတြ ေခါင္းပါးလာတယ္။ ပညာေလးေတြလည္း တတ္က်ေတာ့ ေမာက္မာက်တယ္။ မတူသလို မတန္သလို ဆက္ဆံလာၾကတယ္။ အခြင့္အေရးကို အမိအရ ယူတတ္လာၾကတယ္။ ကိုရီးယား ေရာက္ခါစေတာ့ ေက်ာင္းတက္ေနေတာ့ ေန႔စဥ္ ေက်ာင္းသားေက်ာင္းသူအခ်င္းခ်င္း ေတြ႕ၾက၊ စားၾက၊ ေသာက္ၾကေတာ့ ေဘးပတ္ဝန္းက်င္ကို မျမင္တတ္ခဲ့ဘူး။ ေက်ာင္းကေန အိမ္၊ အိမ္ကေန ေက်ာင္း၊ တစ္ခါတစ္ေလ ေကာ္ဖီဆိုင္၊ ထမင္းဆိုင္က လြဲလို႔ သိပ္ မသြားျဖစ္ဘူး။ ေက်ာင္းလည္း ၿပီးေရာ အခ်ိန္ပိုင္း အလုပ္ ရွိရင္ သြားလုပ္၊ မရွိတဲ့ ေန႔ဆိုရင္ အိမ္မွာ တစ္ေယာက္တည္း ငုတ္တုတ္၊ တီဗြီ ၾကည့္ရင္ ၾကည့္၊ စာအုပ္ ဖတ္ရင္ ဖတ္ေပါ့။ အတန္း အတူတူ တက္ခဲ့တဲ့ သူငယ္ခ်င္းေတြက‌ေတာ့ အလုပ္ လုပ္သူက လုပ္၊ ဌာေန ျပန္သူက ျပန္ဆိုေတာ့ ေက်ာင္းတက္တုန္းကလိုမ်ိဳး မၾကာခဏ မေတြ႕ႏိုင္ၾကေတာ့ဘူး။ သူတို႔ အားတဲ့ေန႔ဆို ကိုယ္က အလုပ္ရွိ၊ ကိုယ္ အားတဲ့ ေန႔ဆို သူတို႔က အလုပ္သြားရနဲ႔ေပါ့။ 

   တစ္ေန႔ ေစ်းဝယ္ၿပီး အျပန္လမ္းမွာ လူ တစ္ေယာက္မွ မေတြ႕ေတာ့ စိတ္ထဲမွာ တစ္မ်ိဳးႀကီး ခံစားရတယ္။ အမိေျမကို လြမ္းတယ္ဆိုတဲ့ ခံစားခ်က္ကို ပထမဆုံး ခံစားဖူးတာပဲ။ ကိုယ့္ဌာေနမွာဆိုရင္ ရပ္ကြက္ထဲ ေလွ်ာက္သြားရင္ တီဗြီသံ၊ ရန္ျဖစ္သံ၊ ေျပးလႊားေဆာ့ကစားေနတဲ့ ကေလးေတြရဲ႕ အသံေတြ၊ လွည့္လည္ ေရာင္းခ်တဲ့ မုန႔္သည္ေတြရဲ႕ အသံေတြ၊ အိမ္ေရွ႕ တန္းလ်ားမွာ ထိုင္ၿပီး ျဖတ္သြားျဖတ္လာ လုပ္တဲ့ လမ္းသူလမ္းသားအခ်င္းခ်င္း “ထမင္းစားၿပီးၿပီလား”၊ “ဘယ္က ျပန္လဲ”၊ “ဘယ္သြားမလို႔လဲ”၊ စသျဖင့္ လူ႔အေငြ႕အသက္ေတြကို ခံစားရတယ္။ သူမ်ား အတင္းေျပာတာလည္း သဘာဝဆိုေတာ့ အတင္းစုေျပာၾကတဲ့ ‌အေဒၚႀကီးေတြ အဖြဲ႕၊ အတင္းသာ ေျပာတာ ရပ္ကြက္ အေရးဆိုလည္း သူတို႔က ေရွ႕ဆုံးက၊ ရပ္ကြက္ထဲ တစ္ခုခု ျဖစ္ၿပီဆိုရင္ အားလုံး ဝိုင္းၿပီး တစ္ေယာက္တစ္လက္ ဝိုင္းကူတတ္တဲ့ ဓေလ့၊ ေက်ာင္းလႊတ္ခ်ိန္ဆိုရင္ အျဖဴအစိမ္း ဝတ္ ေက်ာင္းသူ၊ ေက်ာင္းသားေလးေတြ အုပ္စုလိုက္ အိမ္ေရွ႕က ျဖတ္သြားၾကတာေလးေတြ၊ အဲ့ဒီ ျမင္ကြင္းေလးေတြဟာ မ်က္စိေရွ႕မွာ ႐ုပ္ရွင္ကားသဖြယ္ ဖ်က္ကနဲ ျဖတ္သြားေလရဲ႕။ 

   ကိုရီးယားမွာေတာ့ ကိုယ္ေနတဲ့ တိုက္ ၄လႊာကို ဓာတ္ေလွကား စီးၿပီး တက္လာ၊ လူသံ၊ သူသံ မၾကားရဘဲ၊ ကိုယ့္အခန္း လွ်ိဳ႕ဝွက္နံပါတ္ကို ႏွိပ္ၿပီး အိမ္ထဲ ဝင္လာ၊ အျပင္ေလာကႀကီး ဘယ္လို ေနလဲလည္း စိတ္မဝင္စား၊ ေနာက္ဆုံး ေဘးအိမ္မွာ ဘယ္သူေနလဲေတာင္ မသိဘဲ ေနလာတာ ၃ႏွစ္ေက်ာ္လို႔ ၄ႏွစ္ထဲေတာင္ ေရာက္ေနၿပီ။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ဝင္စားမႈလည္း မရွိၾကနဲ႔ေပါ့။ အဲ့သလို က်င့္သားရလာတဲ့ ကိုယ္ဟာ ကိုယ္ေတြ တိုက္ေဘးက ေစ်းဆိုင္က အားဂ်ဴမားႀကီးက ဆိုင္ေရွ႕ထြက္ထိုင္ၿပီး သက္တူ႐ြယ္တူေတြနဲ႔ စကားဝိုင္းဖြဲ႕ ေျပာေနရင္ အဲ့ဒီေရွ႕က ျဖတ္ေလွ်ာက္တဲ့အခါ ႏႈတ္ဆက္ရမွာလား၊ မႏႈတ္ဆက္ဘဲ မသိခ်င္ေယာင္ေဆာင္ၿပီး ေက်ာ္လာရမလား မသိ ျဖစ္တဲ့အခါမ်ိဳးလည္း ရွိေသးတယ္။ လူ႔အေငြ႕အသက္ေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္လာသလို ခံစားရတယ္။ 

 ေ  နာက္တစ္ခု ေျမေအာက္ရထားေပၚမွာ သက္ႀကီး႐ြယ္အိုေတြ မ်ားတဲ့အတြက္ လူငယ္ေတြ စိတ္အေႏွာက္အယွက္ ျဖစ္ၾကတဲ့ ကိစၥ။ ကိုရီးယားဟာ ဟိုး အရင္ မဖြံ႕ၿဖိဳးခင္တုန္းက က်န္းမာေရးအရ မသန႔္ရွင္းတဲ့ ပတ္ဝန္းက်င္မွာ က်င္လည္ရတဲ့အတြက္ ကေလးငယ္ေတြဆိုလည္း  ရက္ ၁၀၀ မျပည့္ခင္ ေသၾက၊ သက္ႀကီး ႐ြယ္အိုေတြဆိုရင္လည္း အသက္ ၆၀ထိ ေနရတဲ့ သူက ခက္ရွားရွား။ ထို႔အတြက္ ရက္ ၁၀၀ျပည့္တဲ့အထိ အသက္ရွင္ က်န္ေနတဲ့ ကေလးေတြကို  ဂုဏ္ျပဳတဲ့ အေနနဲ႔ ရက္ ၁၀၀ျပည့္ အထိန္းအမွတ္ပြဲကို က်င္းပေပးေလ့ ရွိခဲ့ၾကတယ္။ ထို႔အတူ အသက္ ၆၀ထိ ေနႏိုင္တဲ့ အေဖ၊ အေမ၊ အဖိုးအဖြား ေတြအတြက္လည္း အသက္ ၆၀ျပည့္ ေမြးေန႔ပြဲကို ခမ္းခမ္းနားနား က်င္းျပေပးၿပီး၊ အသက္ရွည္ရွည္ေနေပးတဲ့အတြက္ ဂုဏ္ျပဳပြဲ က်င္းပေပးခဲ့ၾကတယ္။ ယေန႔ေခတ္မွာေတာ့ ထို ဓေလ့ေတြ ေပ်ာက္ဆုံးသြားပါၿပီ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ပတ္ဝန္းက်င္မွာ ေမြးဖြားႀကီးျပင္းလာၿပီး၊ အသက္ေတြလည္း ရွည္လာ‌ေတာ့ အသက္ ၆၀ကို အသက္ရွည္တယ္လို႔ မယူဆေတာ့တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ပိုဆိုးတာကေတာ့ ကိုရီးယားႏိုင္ငံက လူငယ္ေတြဟာ တစ္ေယာက္တည္းေတာင္ ဟိုဘက္ နည္းနည္းတိုးပါလို႔ ေျပာရေလာက္ေအာင္ ၾကပ္တည္းလာတဲ့အတြက္ အိမ္ေထာင္မျပဳၾက၊ အိမ္ေထာင္ျပဳခဲ့ရင္ေတာင္ ကေလး လုံးဝ မေမြးၾက၊ သို႔မဟုတ္ တစ္ေယာက္ေလာက္ပဲ ေမြးၾကတဲ့အတြက္ ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ အနာဂတ္ကို တာဝန္ယူၾကရမယ့္ မ်ိဳးဆက္သစ္ လူငယ္ေတြ တျဖည္းျဖည္း နည္းလာပါတယ္။ လူငယ္၊ လူလတ္ပိုင္းေတြက နည္းလာ၊ အသက္ရွည္ရွည္ ေနၾကရတဲ့ သက္ႀကီး႐ြယ္အိုေတြက မ်ားလာနဲ႔ လူငယ္၊ လူလတ္ပိုင္းေတြ အေနနဲ႔ အသက္ႀကီးသူေတြကို ညႇာတာ၊ စာနာတတ္တဲ့ စိတ္လည္း  နည္းလာပါေတာ့တယ္။ 

   ဆိုလိုရင္းကို အခုမွပဲ ေရာက္ေတာ့တယ္။ ေျမေအာက္ရထား စီးတဲ့အခါ သက္ႀကီး႐ြယ္အိုမ်ားအတြက္ ထိုင္ခုံကို ရထား တစ္တြဲမွာ ဦးစားေပးထိုင္ခုံအေနနဲ႔ ၆ေနရာ သီးသန႔္ ထားေပးထားပါတယ္။ ဒါေပမဲ့ အဲ့ဒီ ၆ေနရာလည္း ျပည့္၊ မည္သူမဆို ထိုင္ၿပီးစီးတဲ့ ေနရာဘက္ကို လာၿပီး မတ္တပ္ရပ္ေတာ့ လူငယ္ေတြကလည္း အလုပ္ ပင္ပန္းတာပဲ ျဖစ္ျဖစ္၊ ရထားကို အၾကာႀကီး စီးၿပီး အေဝး သြားရတာပဲ ျဖစ္ျဖစ္ အေၾကာင္းေၾကာင္းေၾကာင့္ ေနရာကို မဖယ္ေပးဘဲ၊ မသိခ်င္ေယာင္ေဆာင္ မ်က္လုံး၂လုံးကို ဖုန္းမွာ ကပ္ၿပီး သြားတတ္ၾကပါတယ္။ ကိုယ္လည္း ဟိုနား ဒီနား သြားတဲ့အခါဆိုရင္ေတာ့ ေနရာ ဖယ္ေပးၿပီး၊ ေက်းဇူးတင္ မခံခ်င္ေတာ့ တျခား ေဝးရာကို ထြက္သြားတာမ်ိဳး၊ အရမ္း ပင္ပန္းတဲ့အခါမ်ိဳးဆိုရင္ ေနရာ မဖယ္ေပးႏိုင္ဘဲ မ်က္စိမွိတ္ၿပီး စီးလာတာမ်ိဳး လုပ္ျဖစ္ပါတယ္။ ဆင္ေျခေပးတာေတာ့ မဟုတ္ေပမဲ့ ကားမူးတတ္တဲ့ ကိုယ္ဟာ ရင္ထဲ ေနာက္လာရင္ အန္တတ္တဲ့အတြက္ေၾကာင့္လည္း ကိုယ့္ကိုယ္ကို အၿမဲ ထိန္းေနရတာေၾကာင့္လည္း ပါတာေပါ့။ ဒါေပမဲ့ စိတ္ထဲေတာ့ မေကာင္းဘူးေပါ့။ ငါ သက္ႀကီး ႐ြယ္အိုကို ျမင္ေနတာေတာင္ မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေနရာ မဖယ္ေပးခဲ့ပါလား ဆိုၿပီးေပါ့။ 

   ကိုရီးယားမွာ အသက္ ၆၅ႏွစ္ အထက္ဆိုရင္ ဘတ္စ္ကား၊ ေျမေအာက္ရထား အခမဲ့  သတ္မွတ္ထားတဲ့အတြက္ လိုအပ္သည္ထက္ ပိုၿပီး ေျမေအာက္ရထား၊ ဘတ္စ္ကားကို အသုံးျပဳေနၾကတယ္ဆိုတဲ့ လူငယ္ေတြရဲ႕ အျမင္လည္း ရွိၾကပါတယ္။ ကိုရီးယားမွာ အသက္ ၆၅ႏွစ္ဆိုတာ ျမန္မာျပည္အေနနဲ႔ ၾကည့္ရင္ အသက္ ၅၀ေလာက္နဲ႔ ညီပါတယ္။ အရမ္းလည္း သန္မာၾကသလို၊ ႏုၾကပါတယ္။ ထို႔အတြက္ ဘတ္စ္ကား၊ ေျမေအာက္ရထား အခမဲ့ စီးနင္းခြင့္ အသက္အ႐ြယ္ကို တိုးၿပီး သတ္မွတ္ဖို႔လည္း ေျပာေနၾကပါတယ္။ ဘာပဲ ေျပာေျပာ လူ႔အေငြ႕အသက္ေတြ ျပည့္လွ်ံေနတဲ့ ပတ္ဝန္းက်င္ကို အရမ္းလြမ္းမိတာေတာ့ အမွန္ပါ။ ဆိုလိုခ်င္တာ ႏိုင္ငံပဲ ခ်မ္းသာေနလို႔ အလကားပဲဆိုတာရယ္။ ႏိုင္ငံသား တစ္ဦးခ်င္း ႏွစ္စဥ္ဝင္ေငြ ‌ေဒၚလာ ၃ေသာင္းေက်ာ္ဆိုတာ ဆမ္းေဆာင္းတို႔၊ ဟြမ္ဒိုင္းတို႔ စတဲ့ လုပ္ငန္းႀကီးေတြက ဝင္တဲ့ ဝင္ေငြ အပါနဲ႔ လူဦးေရကို စားၿပီး ရလာတာ ျဖစ္တဲ့အတြက္ ျပည္သူ ခ်မ္းသာတာလို႔ ဆိုလို႔ မရပါဘူး။ ေနာက္တစ္ခုက ေငြေနာက္ လိုက္ရင္းကေန လူစိတ္ေပ်ာက္၊ ေပ်ာ္႐ႊင္မႈ ေပ်ာက္၊ စိတ္ဖိစီးမႈေတြပဲ ရေနၿပီး လူေနမႈ အဆင့္အတန္း ျမင့္ေတာ့ေရာ ဘာလုပ္ရမွာလဲ။ လူသားခ်င္း စာနာတတ္၊ လူအခ်င္းခ်င္း လက္တြဲေခၚတတ္၊ အတူတကြ ခ်မ္းသာ ေပ်ာ္႐ႊင္တဲ့ ဘဝကို ပိုင္ဆိုင္ႏိုင္ေအာင္ တစ္ဦးနဲ႔ တစ္ဦး ႐ိုင္းပင္းရင္း ခ်မ္းသာႂကြယ္ဝမႈကို ရွာေဖြတတ္ဖို႔ လိုအပ္ပါတယ္။ ႀကီးႏိုင္ငယ္ညႇဥ္းသေဘာမ်ိဳးေတြ မရွိရေအာင္ အစိုးရရဲ႕ က႑ဟာ အင္မတန္မွ အေရးႀကီးပါေၾကာင္း ေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။ 

Unicode

အလှအပတွေ များစွာကို ပိုင်ဆိုင်ထားပေမဲ့ စိတ်အလှ တစ်ခု ပြုတ်ကျ ကျန်နေခဲ့တဲ့ နိုင်ငံ
    ကိုရီးယားဆိုတာ လူတိုင်း အားကျရတဲ့၊ သွားချင်ကြတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဆိုလည်း မမှားပါဘူး။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ငွေ ရှိရင်တော့ သွားရေးလာရေး၊ စားရေးသောက်ရေး၊ နေရေး ထိုင်ရေးဟာ အင်မတန်မှ အဆင်ပြေလွယ်ကူလှပါတယ်။ သွားရေးလာရေးဆိုရင်လည်း မြေအောက်ရထားနဲ့ သွားမလား၊ ဘတ်စ်ကားနဲ့ သွားမလား၊ နည်းနည်း ဝေးရင် အမြန်ရထားနဲ့ သွားမလား၊ လေယာဥ်နဲ့ သွားဦးမလား အဆင်ကို ချောလို့။ စားရေး သောက်ရေးဆိုလည်း ထမင်းစားချိန်တန်တာနဲ့ အပြင်ထွက် ဝယ်စားလိုက်ရုံပဲ။ နေရေးထိုင်ရေးဆိုလည်း ရေမီး အစုံနဲ့ လိုလေသေးမရှိပေါ့။ 
   ဒါပေမဲ့ လူလူချင်း စာနာစိတ်တွေ ခေါင်းပါးလာတယ်။ ပညာလေးတွေလည်း တတ်ကျတော့ မောက်မာကျတယ်။ မတူသလို မတန်သလို ဆက်ဆံလာကြတယ်။ အခွင့်အရေးကို အမိအရ ယူတတ်လာကြတယ်။ ကိုရီးယား ရောက်ခါစတော့ ကျောင်းတက်နေတော့ နေ့စဥ် ကျောင်းသားကျောင်းသူအချင်းချင်း တွေ့ကြ၊ စားကြ၊ သောက်ကြတော့ ဘေးပတ်ဝန်းကျင်ကို မမြင်တတ်ခဲ့ဘူး။ ကျောင်းကနေ အိမ်၊ အိမ်ကနေ ကျောင်း၊ တစ်ခါတစ်လေ ကော်ဖီဆိုင်၊ ထမင်းဆိုင်က လွဲလို့ သိပ် မသွားဖြစ်ဘူး။ ကျောင်းလည်း ပြီးရော အချိန်ပိုင်း အလုပ် ရှိရင် သွားလုပ်၊ မရှိတဲ့ နေ့ဆိုရင် အိမ်မှာ တစ်ယောက်တည်း ငုတ်တုတ်၊ တီဗွီ ကြည့်ရင် ကြည့်၊ စာအုပ် ဖတ်ရင် ဖတ်ပေါ့။ အတန်း အတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေက‌တော့ အလုပ် လုပ်သူက လုပ်၊ ဌာနေ ပြန်သူက ပြန်ဆိုတော့ ကျောင်းတက်တုန်းကလိုမျိုး မကြာခဏ မတွေ့နိုင်ကြတော့ဘူး။ သူတို့ အားတဲ့နေ့ဆို ကိုယ်က အလုပ်ရှိ၊ ကိုယ် အားတဲ့ နေ့ဆို သူတို့က အလုပ်သွားရနဲ့ပေါ့။ 
    တစ်နေ့ စျေးဝယ်ပြီး အပြန်လမ်းမှာ လူ တစ်ယောက်မှ မတွေ့တော့ စိတ်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်။ အမိမြေကို လွမ်းတယ်ဆိုတဲ့ ခံစားချက်ကို ပထမဆုံး ခံစားဖူးတာပဲ။ ကိုယ့်ဌာနေမှာဆိုရင် ရပ်ကွက်ထဲ လျှောက်သွားရင် တီဗွီသံ၊ ရန်ဖြစ်သံ၊ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေရဲ့ အသံတွေ၊ လှည့်လည် ရောင်းချတဲ့ မုန့်သည်တွေရဲ့ အသံတွေ၊ အိမ်ရှေ့ တန်းလျားမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာ လုပ်တဲ့ လမ်းသူလမ်းသားအချင်းချင်း “ထမင်းစားပြီးပြီလား”၊ “ဘယ်က ပြန်လဲ”၊ “ဘယ်သွားမလို့လဲ”၊ စသဖြင့် လူ့အငွေ့အသက်တွေကို ခံစားရတယ်။ သူများ အတင်းပြောတာလည်း သဘာဝဆိုတော့ အတင်းစုပြောကြတဲ့ ‌အဒေါ်ကြီးတွေ အဖွဲ့၊ အတင်းသာ ပြောတာ ရပ်ကွက် အရေးဆိုလည်း သူတို့က ရှေ့ဆုံးက၊ ရပ်ကွက်ထဲ တစ်ခုခု ဖြစ်ပြီဆိုရင် အားလုံး ဝိုင်းပြီး တစ်ယောက်တစ်လက် ဝိုင်းကူတတ်တဲ့ ဓလေ့၊ ကျောင်းလွှတ်ချိန်ဆိုရင် အဖြူအစိမ်းဝတ် ကျောင်းသူ၊ ကျောင်းသားလေးတွေ အုပ်စုလိုက် အိမ်ရှေ့က ဖြတ်သွားကြတာလေးတွေ၊ အဲ့ဒီ မြင်ကွင်းလေးတွေဟာ မျက်စိရှေ့မှာ ရုပ်ရှင်ကားသဖွယ် ဖျက်ကနဲ ဖြတ်သွားလေရဲ့။ 
    ကိုရီးယားမှာတော့ ကိုယ်နေတဲ့ တိုက် ၄လွှာကို ဓာတ်လှေကား စီးပြီး တက်လာ၊ လူသံ၊ သူသံ မကြားရဘဲ၊ ကိုယ့်အခန်း လျှို့ဝှက်နံပါတ်ကို နှိပ်ပြီး အိမ်ထဲ ဝင်လာ၊ အပြင်လောကကြီး ဘယ်လို နေလဲလည်း စိတ်မဝင်စား၊ နောက်ဆုံး ဘေးအိမ်မှာ ဘယ်သူနေလဲတောင် မသိဘဲ နေလာတာ ၃နှစ်ကျော်လို့ ၄နှစ်ထဲတောင် ရောက်နေပြီ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှုလည်း မရှိကြနဲ့ပေါ့။ အဲ့သလို ကျင့်သားရလာတဲ့ ကိုယ်ဟာ ကိုယ်တွေ တိုက်ဘေးက စျေးဆိုင်က အားဂျူမားကြီးက ဆိုင်ရှေ့ထွက်ထိုင်ပြီး သက်တူရွယ်တူတွေနဲ့ စကားဝိုင်းဖွဲ့ ပြောနေရင် အဲ့ဒီရှေ့က ဖြတ်လျှောက်တဲ့အခါ နှုတ်ဆက်ရမှာလား၊ မနှုတ်ဆက်ဘဲ မသိချင်ယောင်ဆောင်ပြီး ကျော်လာရမလား မသိ ဖြစ်တဲ့အခါမျိုးလည်း ရှိသေးတယ်။ လူ့အငွေ့အသက်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာသလို ခံစားရတယ်။ 
    နောက်တစ်ခု မြေအောက်ရထားပေါ်မှာ သက်ကြီးရွယ်အိုတွေ များတဲ့အတွက် လူငယ်တွေ စိတ်အနှောက်အယှက် ဖြစ်ကြတဲ့ ကိစ္စ။ ကိုရီးယားဟာ ဟိုး အရင် မဖွံ့ဖြိုးခင်တုန်းက ကျန်းမာရေးအရ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့အတွက် ကလေးငယ်တွေဆိုလည်း  ရက် ၁၀၀ မပြည့်ခင် သေကြ၊ သက်ကြီး ရွယ်အိုတွေဆိုရင်လည်း အသက် ၆၀ထိ နေရတဲ့ သူက ခက်ရှားရှား။ ထို့အတွက် ရက် ၁၀၀ပြည့်တဲ့အထိ အသက်ရှင် ကျန်နေတဲ့ ကလေးတွေကို  ဂုဏ်ပြုတဲ့ အနေနဲ့ ရက် ၁၀၀ပြည့် အထိန်းအမှတ်ပွဲကို ကျင်းပပေးလေ့ ရှိခဲ့ကြတယ်။ ထို့အတူ အသက် ၆၀ထိ နေနိုင်တဲ့ အဖေ၊ အမေ၊ အဖိုးအဖွား တွေအတွက်လည်း အသက် ၆၀ပြည့် မွေးနေ့ပွဲကို ခမ်းခမ်းနားနား ကျင်းပြပေးပြီး၊ အသက်ရှည်ရှည်နေပေးတဲ့အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ကြတယ်။ ယနေ့ခေတ်မှာတော့ ထို ဓလေ့တွေ ပျောက်ဆုံးသွားပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာပြီး၊ အသက်တွေလည်း ရှည်လာ‌တော့ အသက် ၆၀ကို အသက်ရှည်တယ်လို့ မယူဆတော့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ ကိုရီးယားနိုင်ငံက လူငယ်တွေဟာ တစ်ယောက်တည်းတောင် ဟိုဘက် နည်းနည်းတိုးပါလို့ ပြောရလောက်အောင် ကြပ်တည်းလာတဲ့အတွက် အိမ်ထောင်မပြုကြ၊ အိမ်ထောင်ပြုခဲ့ရင်တောင် ကလေး လုံးဝ မမွေးကြ၊ သို့မဟုတ် တစ်ယောက်လောက်ပဲ မွေးကြတဲ့အတွက် နိုင်ငံ တစ်နိုင်ငံရဲ့ အနာဂတ်ကို တာဝန်ယူကြရမယ့် မျိုးဆက်သစ် လူငယ်တွေ တဖြည်းဖြည်း နည်းလာပါတယ်။ လူငယ်၊ လူလတ်ပိုင်းတွေက နည်းလာ၊ အသက်ရှည်ရှည် နေကြရတဲ့ သက်ကြီးရွယ်အိုတွေက များလာနဲ့ လူငယ်၊ လူလတ်ပိုင်းတွေ အနေနဲ့ အသက်ကြီးသူတွေကို ညှာတာ၊ စာနာတတ်တဲ့ စိတ်လည်း  နည်းလာပါတော့တယ်။ 
     ဆိုလိုရင်းကို အခုမှပဲ ရောက်တော့တယ်။ မြေအောက်ရထား စီးတဲ့အခါ သက်ကြီးရွယ်အိုများအတွက် ထိုင်ခုံကို ရထား တစ်တွဲမှာ ဦးစားပေးထိုင်ခုံအနေနဲ့ ၆နေရာ သီးသန့် ထားပေးထားပါတယ်။ ဒါပေမဲ့ အဲ့ဒီ ၆နေရာလည်း ပြည့်၊ မည်သူမဆို ထိုင်ပြီးစီးတဲ့ နေရာဘက်ကို လာပြီး မတ်တပ်ရပ်တော့ လူငယ်တွေကလည်း အလုပ် ပင်ပန်းတာပဲ ဖြစ်ဖြစ်၊ ရထားကို အကြာကြီး စီးပြီး အဝေး သွားရတာပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် နေရာကို မဖယ်ပေးဘဲ၊ မသိချင်ယောင်ဆောင် မျက်လုံး၂လုံးကို ဖုန်းမှာ ကပ်ပြီး သွားတတ်ကြပါတယ်။ ကိုယ်လည်း ဟိုနား ဒီနား သွားတဲ့အခါဆိုရင်တော့ နေရာ ဖယ်ပေးပြီး၊ ကျေးဇူးတင် မခံချင်တော့ တခြား ဝေးရာကို ထွက်သွားတာမျိုး၊ အရမ်း ပင်ပန်းတဲ့အခါမျိုးဆိုရင် နေရာ မဖယ်ပေးနိုင်ဘဲ မျက်စိမှိတ်ပြီး စီးလာတာမျိုး လုပ်ဖြစ်ပါတယ်။ ဆင်ခြေပေးတာတော့ မဟုတ်ပေမဲ့ ကားမူးတတ်တဲ့ ကိုယ်ဟာ ရင်ထဲ နောက်လာရင် အန်တတ်တဲ့အတွက်ကြောင့်လည်း ကိုယ့်ကိုယ်ကို အမြဲ ထိန်းနေရတာကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ စိတ်ထဲတော့ မကောင်းဘူးပေါ့။ ငါ သက်ကြီး ရွယ်အိုကို မြင်နေတာတောင် မမြင်ချင်ယောင်ဆောင်ပြီး နေရာ မဖယ်ပေးခဲ့ပါလား ဆိုပြီးပေါ့။ 

    ကိုရီးယားမှာ အသက် ၆၅နှစ် အထက်ဆိုရင် ဘတ်စ်ကား၊ မြေအောက်ရထား အခမဲ့  သတ်မှတ်ထားတဲ့အတွက် လိုအပ်သည်ထက် ပိုပြီး မြေအောက်ရထား၊ ဘတ်စ်ကားကို အသုံးပြုနေကြတယ်ဆိုပြီး သက်ကြီးရွယ်အိုတွေအပေါ်် လူငယ်တွေရဲ့ အမြင်လည်း ရှိကြပါတယ်။ ကိုရီးယားမှာ အသက် ၆၅နှစ်ဆိုတာ မြန်မာပြည်အနေနဲ့ ကြည့်ရင် အသက် ၅၀လောက်နဲ့ ညီပါတယ်။ အရမ်းလည်း သန်မာကြသလို၊ နုကြပါတယ်။ ထို့အတွက် ဘတ်စ်ကား၊ မြေအောက်ရထား အခမဲ့ စီးနင်းခွင့် အသက်အရွယ်ကို တိုးပြီး သတ်မှတ်ဖို့လည်း ပြောနေကြပါတယ်။ ဘာပဲ ပြောပြော လူ့အငွေ့အသက်တွေ ပြည့်လျှံနေတဲ့ ပတ်ဝန်းကျင်ကို အရမ်းလွမ်းမိတာတော့ အမှန်ပါ။ ဆိုလိုချင်တာ နိုင်ငံပဲ ချမ်းသာနေလို့ အလကားပဲဆိုတာရယ်။ နိုင်ငံသား တစ်ဦးချင်း နှစ်စဥ်ဝင်ငွေ ‌ဒေါ်လာ ၃သောင်းကျော်ဆိုတာ ဆမ်းဆောင်းတို့၊ ဟွမ်ဒိုင်းတို့ စတဲ့ လုပ်ငန်းကြီးတွေက ဝင်တဲ့ ဝင်ငွေ အပါနဲ့ လူဦးရေကို စားပြီး ရလာတာ ဖြစ်တဲ့အတွက် ပြည်သူ ချမ်းသာတာလို့ ဆိုလို့ မရပါဘူး။ နောက်တစ်ခုက ငွေနောက် လိုက်ရင်းကနေ လူစိတ်ပျောက်၊ ပျော်ရွှင်မှု ပျောက်၊ စိတ်ဖိစီးမှုတွေပဲ ရနေပြီး လူနေမှု အဆင့်အတန်း မြင့်တော့ရော ဘာလုပ်ရမှာလဲ။ လူသားချင်း စာနာတတ်၊ လူအချင်းချင်း လက်တွဲခေါ်တတ်၊ အတူတကွ ချမ်းသာ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်အောင် တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းရင်း စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှုကို ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။ ကြီးနိုင်ငယ်ညှဥ်းသဘောမျိုးတွေ မရှိရအောင် အစိုးရရဲ့ ကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။


mm.aaa.kr 


:
Posted by 해맑은순이