This is Myanmar 지식2020. 3. 25. 11:34
2020.03.23. ရက်နေ့မှာ ကိုရိုနာ-19 အတည်ပြု လူနာ 2ယောက် စတင် တွေ့ရှိခဲ့ပြီးနောက်
အစစအရာရာ ချို့တဲ့လှတဲ့ ကိုယ့်နိုင်ငံအတွက် အရမ်းစိတ်ပူသွားခဲ့တယ်။
ခေါင်းထဲမှာ အီတလီကလိုမျိုး မနိုင်မနင်း ပြန့်ကုန်ရင်တော့ ဒုက္ခပဲဆိုပြီး
ဘုရားတရင်း စောင့်ကြည့်နေခဲ့တယ်။
ဒီ ကပ်ဘေးမှာ သိလိုက်ရတဲ့ အသိ တစ်ခုက ဘာလဲဆိုတော့
နည်းပညာပိုင်း နောက်ကောက်ကျလျှင်သာ ကျနေမယ်။
စေတနာနဲ့ ပူးပေါင်းပါဝင်မှုမှာ တို့နိုင်ငံက နောက်ကောက်မကျဘူးဆိုတဲ့ အသိဖြစ်တယ်။
အစိုးရကလည်း နိုင်သလောက် လိုက်ပြီး ဆောင်ရွက်တယ်။
ပြည်သူတွေကလည်း တတ်နိုင်တဲ့ ဖက်ကနေ ဝိုင်းဝန်းကူညီကြတယ်။
၁။ ကိုရိုနာ-19 ဖြစ်ပွားမှု များနေတဲ့ ပြည်ပနိုင်ငံမှ ပြန်ဝင်လာတဲ့ သူတွေကို
14ရက်ကြာ စောင့်ကြည့်ဖို့အတွက် နေရာ အခက်အခဲအတွက်
တရားစခန်းတွေ၊ ကုမ္ပဏီပိုင် သင်တန်းကျောင်း နေရာတွေကို
အခမဲ့ အသုံးပြုခွင့်ပေးပြီး၊ ကျွေးမွေးစောက်ရှောက်ပေးခြင်း။
၂။ ပရဟိတအဖွဲ့တွေကနေပြီး လူတွေ အပြင်ဖက် အသွားအလာ နည်းသွားအောင်
လိုအပ်တဲ့ ပစ္စည်းပစ္စရတွေကို ဝန်ဆောင်ခ တစ်ပြားတစ်ချပ်မှ မယူဘဲ
ကိုယ်စား ဝယ်ခြမ်းပြီး အိမ်တိုင်ရာရောက်
လိုက်ပို့ပေးပါမည်ဆိုတဲ့ ပရဟိတ စိတ်ဓာတ်များ တွေ့ရခြင်း။
၃။ မီးလန့်တုန်း ဖျားခင်းချင်ကြတဲ့ တချို့တချို့သော တစ်ကိုယ်ကောင်းသမားများ
ရှိနေသကဲ့သို့ သူတို့ရဲ့ တစ်ဖက်တစ်ချက်မှာ စျေးတင်ခြင်း
လုံးဝ မပြုလုပ်ဘဲ ပုံမှန်စျေးအတိုင်း လိုချင်သလောက်
ရောင်းချပေးပါမည်ဆိုတဲ့ ကုန်သည်များရဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်များ တွေ့ရခြင်း။
၄။ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ၏ အားတက်သရော
ပူးပေါင်းဆောင်ရွက်လိုသည့် တာဝန်သိစိတ်များ တွေ့ရခြင်း။
၅။ ပြည်သူအချင်းချင်း မလိုအပ်ဘဲ အပြင်မထွက်ဖို့ နှိုးဆော်ခြင်း။
ကိုယ်တိုင်လည်း မလိုအပ်ဘဲ အပြင်မထွက်ကြဘဲ အိမ်မှာ နေပေးခြင်း။
စသည့်အချက်များကို ကြည့်ခြင်းအားဖြင့်
တို့နိုင်ငံကို ကိုရိုနာ-19က မဖြိုနိုင်ဘူးဆိုတဲ့
ယုံကြည်ချက်လေး ပေါ်လာတယ်။
တက်လာတဲ့ ဝိုင်းဝန်းကူညီကြတဲ့ သတင်းတွေ ဖတ်ရင်း
မျက်ရည်တောင် လည်မိတယ်။ အရမ်းလည်း ဝမ်းသာဂုဏ်ယူမိတယ်။
ဒါပေမဲ့ လိုနေသေးတဲ့အချက် တစ်ခု ရှိသေးတယ်။
နည်းပညာပိုင်း အကူအညီဖြစ်တယ်။
လိုအပ်ရင် လိုအပ်သလို ကိုရိုနာကို နိုင်နိုင်နင်းနင်း
ကိုင်တွယ်နေတဲ့ ကိုရီးယားတို့၊ တရုတ်တို့လို နိုင်ငံတွေဆီကနေ
အကူအညီ တောင်းဖို့ကို လုံးဝလုံးဝ လက်မတွန့်ရန် ဖြစ်တယ်။
2020.03.24. ရက်နေ့မှာ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံဖြစ်တဲ့
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်တောင်
ကိုရီးယားသမ္မတဆီ ဖုန်းဆက်ပြီး ဆေးဖက်ဆိုင်ရာ ပစ္စည်းများ
အကူအညီပေးနိုင်မလားဆိုပြီး တောင်းခံလာပါတယ်။
ကိုရိုနာကို အနိုင်တိုက်နေတဲ့ ကိုရီးယားဖက်ကလည်း
အပိုရှိရင် အကူအညီပေးပါ့မယ်။ဆိုပြီး ဖြေကြားခဲ့တယ်။
ထရန့်က ဘာပစ္စည်း ဘာပစ္စည်းဆိုပြီး မပြောခဲ့ပေမဲ့
သူ့ရဲ့ twitterမှာ တင်ထားတာကို ကြည့်ခြင်းအားဖြင့်
နှာခေါင်းစည်းနဲ့ ventilators(အသက်ရှူစက်) ဖြစ်ဖို့ များကြောင်း ခန့်မှန်းရပါတယ်။
အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး ဒီ ကိုရိုနာ-19 ဗိုင်းရပ်စ်ကို
ရက်တိုတိုနဲ့ အပြတ် အနိုင်တိုက်နိုင်ပါစေလို့ ဆုတောင်းရင်း။
အရေးကြီးရင် သွေးစည်းကြတဲ့ တို့မြန်မာတွေအတွက် ဂုဏ်ယူရင်း။
ayeayeaung
'지식' 카테고리의 다른 글
မြန်မာပြည်က ကွာရန်တင်း အဆောင်အနေအထား (0) | 2020.03.25 |
---|---|
This is Myanmar (0) | 2020.03.25 |
미얀마에서 코로나-19 세번째 확진자 발생 (0) | 2020.03.25 |
미얀마에서 코로나-19 첫번째, 두번째 확진자 발생 (0) | 2020.03.24 |
မြန်မာပြည် ကိုရိုနာ ကူးစက်သူ တွေ့ရှိမှုအပေါ်မိအေး ပြောချင်တဲ့ စကားများ (0) | 2020.03.24 |