မြန်မာပြည်က ကွာရန်တင်း အဆောင်အနေအထား 지식2020. 3. 25. 16:28
အမလေး ဘုရားဘုရား
ကိုယ်ကလည်း ကိုရီးယားအကြောင်းပဲ သိတာဆိုတော့ ခဏခဏ ကိုရီးယားကိုပဲ ဥပမာ ပေးပေး
နေတော့ အားလုံးလည်း အမြင်ကပ်နေကြတော့မှာပဲ။ ဒါမဲ့ ပြောစရာရှိတာတော့ ပြောရမှာပဲ။
ကိုရီးယားမှာလေ ရှင်းရှင်းပြောရရင် အိမ်သာတောင် အတူသုံးခွင့် မပေးဘူး။
ဝူဟန်က ပြန်ခေါ်လာတဲ့ သူတွေကို ထားတဲ့ နေရာတွေက တစ်ယောက်ခန်း သီးသန့်ခန်းထဲမှာ
မလိုအပ်ဘဲ အပြင်မထွက်အောင် အစောင့်ထားထားတယ်။
ထမင်းလည်း အခန်းထဲမှာပဲ စားရတယ်။
စောင့်ကြည့်ခံရတဲ့ သူတွေ သုံးတဲ့ အသုံးအဆောင်၊
ထွက်လာတဲ့ အမှိုက်တွေဆို သီးသန့် ထုတ်ပိုးပြီး ပိုးသတ်ပြီးမှ လွှင့်ပစ်တာ။
ဘယ်သူ့ဆီမှာ ရောဂါပိုး ပါလာမလဲ မသိတဲ့အတွက်ကြောင့် ဖြစ်တယ်။
အခု ကိုရီးယားမှာ ကူးနေတဲ့ အနေအထားတွေက
ထမင်းအတူတူ ထိုင်စားရင်းကနေ ကူးတယ်။
အတူတူ ထမင်းထိုင်စားတာ မဟုတ်ဘဲ တစ်ဆိုင်ထဲက
တခြားဝိုင်းမှာ ထိုင်စားတာတောင် ကူးနေကြတာ။
နှာခေါင်းစည်းကို စားချိန်သောက်ချိန်လေးပဲ ချွတ်တာ၊
အဲ့အချိန်လေးမှာ ကံမကောင်းတော့ ကူးကြတာ။
ကုမ္ပဏီတွေဆိုလည်း ထမင်းစားစားပွဲမှာ အကန့်တွေ ကာပေးထားတယ်။
ကုန်ကုန်ပြောရရင် ကိုရီးယားမှာ 4လပိုင်း အခြေခံကျောင်းတွေ စဖွင့်တော့မယ်။
ဘယ်လိုတွေ စီစဥ်နေသလဲဆိုတော့
ထမင်းစားဆောင်မှာ ကျောင်းသားတွေ လူမထပ်အောင်
အလှည့်ကျ စားစေဖို့၊ ထမင်းစားတဲ့ စားပွဲမှာ အကန့်ကန့်ပြီး အကာထားဖို့ စသဖြင့်ပေါ့။
မြန်မာပြည်မှာ 14ရက်ကြာ စောင့်ကြည့်တာကို ပုံပါအတိုင်း ဟောခန်းထဲမှာ
ကပ်လျက် ထားကြတာ တွေ့တော့ သက်ပြင်းတွေ ချမိနေပါပြီ။
အောက်ပါ ပုံတွေထဲကအတိုင်း ထားရင်တော့ ရောဂါပိုးရှိနေတဲ့ သူ ရှိရင်တော့
အဲ့ဒီ့ တစ်ဆောင်လုံး ကူးပါပြီ။ နှာခေါင်းစည်းလည်း သေချာ မတပ်ကြ။
ဝိုင်းဖွဲ့ပြီး ထိုင်နေလိုက်ကြတာ အမလေးလေး။
၁မီတာခြား နေရမယ်လို့ ပြောနေတာကို။
မျှော်လင့်ချက်ကတော့ အရောင် တော်တော်မှိန်နေပြီ။
အခန်း သီးသန့် မပေးနိုင်လို့ ဟောနဲ့ ထားတာတော့
ကိုယ့်နိုင်ငံ အနေအထားအရ ဘာမှ မပြောလိုပါ၊
ဒါပေမဲ့ အတတ်နိုင်ဆုံး သီးသန့်ဖြစ်အောင်တော့ နေရမှာလေ။
တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဘဲ ကိုယ့်ကုတင်မှာပဲ နေ။
ညောင်းရင်လည်း ခပ်ဝေးဝေးက လမ်းထလျှောက်ပေါ့။
တာဝန်သိစိတ်လေးများ ရှိစေချင်လိုက်တာ။
ဟိုတယ်ပိုင်ရှင်တွေ ဟိုတယ်ခန်းတွေ ခေတ္တပေးသုံးဖို့
စိတ်ကူးလေးများ မရှိကြဘူးလားဟင်။
မြန်မာပြည် ကိုရိုနာ အကြီးကြီး ကိုက်ရင် ဟိုတယ်တွေလည်း ငုတ်တုတ်ထိုင်နေရမှာ။
အကျိုးရှိတဲ့ ရွေးချယ်မှုများ လုပ်နိုင်ပါစေ။
ဓာတ်ပုံတွေနဲ့ ဘယ်နိုင်ငံက ဘယ်လိုထားလဲ တွဲပြထားပါတယ်။
အခန်းခွဲပြီး ထားနိုင်တဲ့ ကိုရီးယားကတော့ တခြားနိုင်ငံတွေနဲ့ ယှဥ်ရင်
ကူးစက်သူ နည်းနေတာ တွေ့ပါလိမ့်မယ်။
ရေရှည်အတွက် ကြည့်ပြီး ဘယ်လို ထားမလဲဆိုတာ စဥ်းစားစေချင်ပါတယ်။
ayeayeaung
'지식' 카테고리의 다른 글
ကိုရိုနာ-19 ဆိုင်ရာ အမေးအဖြေများ (0) | 2020.03.27 |
---|---|
미얀마 코로나-19 격리시설(한숨) (0) | 2020.03.25 |
This is Myanmar (0) | 2020.03.25 |
This is Myanmar (0) | 2020.03.25 |
미얀마에서 코로나-19 세번째 확진자 발생 (0) | 2020.03.25 |