သမ္မတ အိမ်ပြာတော်သို့ လေ့လာရေး သွားရအောင် 생활2020. 3. 18. 11:10
ကိုရီးယားမှာ နေနေတာ ၄နှစ်ကျော်လို့ ၅နှစ်ထဲ ရောက်ပေါ့။ အိမ်ပြာတော်အရှေ့က ဂရောင်းဘို့နန်းတော်ထဲကိုတော့ မရေမတွက်နိုင်အောင် ရောက်တယ်။ ရောက်တိုင်းလည်း အနောက်ပေါက်ကနေ ထွက်ပြီး ခေါင်းမိုးအပြာနဲ့ သမ္မတအိမ်ပြာတော်ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ဖြစ်တယ်။ အိမ်ပြာတော်အနောက်က တောင်ပေါ်ကို တက်ပြီး အပေါ် စီးကနေလည်း ရိုက်၊ ဒီလို အပြင်ဘက်ကပဲ လှည့်လည် ကြည့်နေခဲ့တာ ကြာပေါ့။ တလောလေးက ကိုယ့်ဆရာမက အိမ်ပြာတော်သွားချင်တယ်ဆိုတော့ ကိုယ်လည်း မရောက်ဖူးသေးတဲ့အခါကျ စိတ်ထဲမှာ အစီအစဥ်ဆွဲမယ်ဆိုပြီး ထားထားတာ၊ ကိုရိုနာနဲ့ ဘာနဲ့ဆိုတော့ အပြင်ထွက်ဖို့ မရဲတော့ ခဏခေါက်ထားခဲ့တယ်။ အခု ကိုရိုနာလည်း နည်းနည်းငြိမ်ပြီ၊ ကိုယ်လည်း အပြင်ထွက်ချင်ပြီဆိုတော့ ဒီ အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျပြီ။
သူက ကြိုပြီး စာရင်းပေးပြီးမှ သွားလို့ရတာဆိုတော့ သမ္မတအိမ်ပြာတော် လေ့လာရေး(청와대 관람)ဆိုပြီး အင်တာနက်မှာ ရိုက်ရှာ၊ ကိုရီးယားလို site ထဲမှာ သူတောင်းတဲ့အချက်အတိုင်း ဖြည့်ပြီး လျှောက်တော့ အဆင်မပြေဘူး။ ကိုယ်တွေက နိုင်ငံခြားသားချည်းပဲ သွားမှာကို သူ့လူမျိုး လူကြီးပါရမယ်ပဲ စာက ကျကျလာတယ်။ အဲ့ဒီ siteက သူ့နိုင်ငံသားပဲ လျှောက်လို့ ရတယ်။ အဲ့တော့ ဘယ်ရမလဲ 1:1မေးလို့ ရတဲ့ နေရာရှိတော့ စာပို့လိုက်တယ်။ နိုင်ငံခြားသား လျှောက်တာ မရလို့၊ ဘယ်လိုလုပ်ရမလဲပေ့ါ။ နောက်နေ့ မနက်ကျတော့ အဖြေပြန်လာပါတယ်။ နိုင်ငံခြားသား လျှောက်လို့ရတဲ့ လင့်လေးပါ ပို့ပေးပါတယ်။ သူ့ထဲမှာ ဖြည့်ရတဲ့ အချက်အလက်တွေက လေယာဥ်လက်မှတ် ဝယ်သလိုပဲ လေ့လာရေး လာချင်တဲ့ နေ့၊ အချိန်(သတ်မှတ်ထား)ရွေးပြီး၊ လူဦးရေ၊ ပတ်စ်ပို့နံပါတ်၊ issue date, expire date၊ မွေးနေ့ စတာတွေကို အတိအကျ ဖြည့်ပြီးမှ လျှောက်လို့ ပြီးတယ်။ လေ့လာရေးသွားချင်တဲ့ သူများ ရှိခဲ့ရင် အသုံးပြုလို့ ရအောင် ကိုရီးယားလို siteနဲ့၊ အင်္ဂလိပ်လို site ၂မျိုးလုံး တင်ထားတယ်နော်။ မှတ်ချက် အင်္ဂလိပ်လို siteထဲ ဝင်တဲ့အခါ ဖုန်းနဲ့ဆိုရင် pc version ပြောင်းပြီး ကြည့်မှ ရပါတယ်။ ကွန်ပျူတာနဲ့ဆိုရင်တော့ ဘာမှ လုပ်စရာ မလိုဘဲ တန်းပြီး လျှောက်လို့ ရပါတယ်။ သိချင်တာ ရှိရင် အချိန်မရွေး မေးလို့ ရပါတယ်။
လျှောက်ထားသူ-ကိုရီးယားနိုင်ငံသားအတွက်
https://tour.president.go.kr/tours/about
청와대 관람 > 대한민국 청와대
나라를 나라답게, 국민과 함께 갑니다.
tour.president.go.kr
လျှောက်ထားသူ-နိုင်ငံခြားသားအတွက်(ဖုန်းဖြင့် ကြည့်လျှင် PC version ပြောင်းပြီး ကြည့်ရန်)
https://tour.president.go.kr/Contact/Tours/Step1
Tour Application
tour.president.go.kr
ayeayeaung
'생활' 카테고리의 다른 글
부모님 찬스(မိဘ chance) (0) | 2020.09.29 |
---|---|
미얀마 코로나-19 23~28번 확진자 (0) | 2020.04.11 |
청와대 관람 (0) | 2020.03.18 |
စုငွေအာမခံဥပဒေ(예금자보호법) (0) | 2020.03.17 |
똑닥 (마스크 재고 현황) application (0) | 2020.03.13 |