ကိုရီးယား တောင်ပိုင်း ဂျီရီဆန်(ဂျီရီတောင်)သို့ အလည်တစ်ခေါက် 나들이(အလည်အပတ်)2020. 5. 4. 21:08
2020.04.30. ကဆုန်လပြည့်နေ့တော့ မဟုတ်ပေမဲ့ တရားဝင်ကြေငြာထားတဲ့ ဗုဒ္ဓနေ့မှာ ဂျီရီတောင်ပေါ်မှာ ရှိတဲ့ ဒယ်ဝန်းဆာဆိုတဲ့ သီလရှင်ကျောင်းသို့ ရောက်ခဲ့တယ်။
ဗုဒ္ဓနေ့ပိတ်ရက်လေးမှာ ကိုရီးယားမှာ ဒုတိယအမြင့်ဆုံးတောင် ဖြစ်တဲ့ 1915m အမြင့်ရှိတဲ့ ဂျီရီဆန်ကို ထပ်ရောက်ဖြစ်ခဲ့တယ်။ ဂျီရီတောင်က 1976ခုနှစ် 12လပိုင်း 29ရက်နေ့မှစပြီး ကိုရီးယားနိုင်ငံတွင်း ပထမဦးဆုံး အမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး၊ ယဥ်ကျေးမှု အမွေအနှစ် ပစ္စည်းအတော်များများ ကျန်ရှိနေတဲ့ အရေးပါသော တောင်ဖြစ်ပါတယ်။ ဒီလို အရေးကြီးလှတဲ့ တောင်ပေါ်မှာ သီလရှင်ကျောင်းဟာ တည်ရှိနေတာ ဖြစ်ပါတယ်။ ကိုရီးယားရဲ့ ဘုန်းကြီးကျောင်းတွေ၊ တရားကျောင်းတွေဟာ မြို့လည်ခေါင်မှာ သိပ်မရှိဘဲ တောထဲ၊ တောင်ထဲတွေမှာ တည်ရှိတာ များပါတယ်။
ထို့အတွက် ဗုဒ္ဓနေ့လို နေ့ထူးနေ့မြတ်မှာ ကိုယ်တွေ နိုင်ငံမှာလို သွားရောက်ဖူးစရာ ဘုရားမရှိတော့ ဗုဒ္ဓဘာသာဆိုင်ရာ အခါကြီး ရက်ကြီးနေ့တွေဆိုရင် ကိုရီးယား ဗုဒ္ဓဘာသာဝင်များဟာ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများကို သွားလေ့ရှိကြပါတယ်။ တို့လည်း ဘုရားဖူးရင်း လိပ်ဥတူးရင်း ဂျီရီဆန်ပေါ်မှာ ရှိတဲ့ သီလရှင်ကျောင်းကို ခရီးသွားရင်း ဝင်ရောက်ပြီး ဘုရားရှိခိုးခဲ့တယ်။ သီလရှင်ကျောင်း ရှေ့မှာ ရှိတဲ့ စမ်းချောင်းလေးဟာလည်း အတော်လေး လှပါတယ်။ နွေဦးရာသီ ဖြစ်တဲ့အတွက် အရွက်နုလေးတွေ ထွက်ခါစဆိုတော့ အစိမ်းနုရောင်လေးတွေ သန်းနေတာ ကြည့်လို့ အရမ်း လှပါတယ်။ လေကောင်းလေသန့်လည်း ရ၊ ရှုခင်းလေးကလည်း သာယာတော့ စိတ်အပန်းပြေစေတာပေါ့။
တောင်တက်လမ်း ညာဖက်မှာ လူသွားလမ်း၊ လူသွားလမ်းဘေးမှာတော့ ကျောက်တုံးတွေကြား စီးဆင်းနေတဲ့ တောင်ကျရေ(စမ်းချောင်းလေး) ရှိပါတယ်။
ဂျီရီဆန်ကို လာရောက်ကြတဲ့ သူ များတဲ့အတွက် ကားပါကင်နေရာများကို နေရာလွတ်များမှာ စီစဥ်ပေးထားပါတယ်။ မုဒ်ဦးမှ စပြီး သီလရှင်ကျောင်းရှေ့ ရောက်တဲ့အထိ ကြားမှာ နေရာလွတ်ရင် လွတ်သလို ပါကင်နေရာများ လုပ်ပေးထားပါတယ်။ နောက်တစ်ခုကတော့ ဂျီရီဆန်တောင်ကြား စမ်းချောင်းဟာ ကိုရီးယားများ နွေရာသီ အပူရှောင် ခရီးလာရောက်လေ့ ရှိတဲ့အတွက် ကားပါကင်နေရာ အများအပြား လိုအပ်တာ ဖြစ်ပါတယ်။ စမ်းချောင်းဘေးမှာ ရွက်ဖျင်တဲလေးတွေ ထိုးပြီး အသားကင်စားကြ၊ ရေဆင်းကူးကြနဲ့ မိသားစု ပျော်ပွဲစားထွက်လို့ ကောင်းတဲ့ နေရာလေး ဖြစ်ပါတယ်။
အရမ်း ပူတဲ့ ရာသီမှာ စမ်းချောင်းဘေး ဖျာခင်းပြီး တစ်ရေးတစ်မောအိပ်လိုက်ရရင် အတော်လေး စိတ်အားအင် ပြည့်လာမှာ။
'나들이(အလည်အပတ်)' 카테고리의 다른 글
အရှေ့ဖီရန်း၊ အနောက်ဖီရန်း နံရံဆေးရေးပန်းချီရွာလေး 동피랑, 서피랑 (0) | 2020.05.05 |
---|---|
ကိုရီးယား နိုင်ငံရဲ့ စစ်သူကြီး လီဆွန်းရှင်း ရှိတဲ့ ထုံးရောင်းသို့ အလည်တစ်ခေါက် (0) | 2020.05.04 |
သမ္မတ အိမ်ပြာတော်သို့ အလည်တစ်ခေါက် (0) | 2020.04.11 |
청와대 관람 (0) | 2020.04.09 |
북서울 꿈의 숲 (0) | 2020.03.31 |