The Village 감상문(ရီဗျူး)2018. 12. 7. 11:35
영화 더 빌리지
이 영화를 보고 한 때 폐쇄적인 정책을 펼쳤던 우리 나라 생각, '바깥 세상이 위험해', 밤에 저 관목에서 귀신이 나와, 한밤 중에 개들이 짖으면 절대 밖을 쳐다보지 말라' 등등의 말들이 생생하게 기억에 떠올랐다.
이 영화가 주고 있는 메시지를 나는 다음과 같이 이해했다.
'우물 안 개구리', 우물 안 개구리는 바깥 세상이 얼마나 넓은지를 몰라서 자기가 속해 있는 우물 안이 세상에서 제일 넓다고 착각하는 것처럼 이 영화에서 등장한 2세 들은 부모님 세대로서의 과한 보호를 받고, 거짓된 교육을 받으며 자라서 밤이 되면 '입에 올리면 안 되는' 어떤 무서운 존재에 떨며 인생을 살아왔다. 바깥 세상이 얼마나 발전되고 있는지도 모르는 채, 본의 아니게 부모님들의 악몽 같았던 불행한 사례들로 인해 바깥 세상과 동 떨어진 마을에서 살 수밖에 없었다. 그렇게 나름대로 평화롭게 사는 것까지는 아무 문제 없는데, 병에 걸려도 치료 제대로 받지 못하고 이 짧은 인생을 제명 못 살고 세상에서 떠나야만 했던 사례들, 멀쩡하게 태어났는데 병에 걸렸을 때 제때 치료를 못 받았기에 정신병자가 된 사례, 아름다운 세상을 눈으로 마음껏 감상할 수 있는 기회를 빼앗긴 사례들을 봤을 때 과연 우리끼리 평화롭게 살자라는 정신이 올바른지에 대한 질문을 던질 필요가 있다는 메시지를 받았다. 그리고 사람마다 각자 인생이 있기 때문에 자신이 이디에서 어떤 불행을 겪었다고 우리 후손들에게 그런 걸 겪지 않게 보호할 거야 라고 껴안고 미지의 세상에서 가둔 것이 맞는지 계속 질문을 던지게 된다. 개개인의 생각과 판단을 자유롭게 가질 수 있게 길을 열어놔야 된다는 생각이 들었다. 이어서 영화 '모아나' 및 '라푼제' 생각도 난다.
The Village
ဒီ ဇာတ်ကားလေးကို စထွက်ထွက်ချင်းတုန်းကလည်း ကြည့်ဖြစ်တယ်။ အခုလည်း ထပ်ကြည့်ချင်လို့ ထပ်ကြည့်ဖြစ်တယ်။ ဒီကားလေး ကြည့်ပြီး ဘာခံစားရလဲဆိုတော့ တံခါးပိတ် ဝါဒ ကျင့်သုံးခဲ့တဲ့ ကိုယ့်နိုင်ငံ၊ တံခါးပိတ်ဝါဒ အောက်မှာ ကျင်လည်ခဲ့တဲ့ ကိုယ်တွေကို သွားပြီး ပြေးမြင်မိတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အပြင်လောကနဲ့ ကင်းကွာနေတဲ့ ရွာလေးမှာ လူနည်းစု နေထိုင်ကြတယ်။ ရွာသူရွာသားတွေက “ those we don't speak of” ဆိုတဲ့ “ပါးစပ်ကနေ ထွက်လို့ မရတဲ့ အရာ” လို့ သတ်မှတ်ထားတဲ့ ရွာပြင် တောထဲက မကောင်းဆိုးဝါးကို ကြောက်ကြတယ်။ အဲဒီ မကောင်းဆိုးဝါးဟာ အနီရောင် ဝတ်စုံကြီးနဲ့ လက်သည်းရှည်ကြီးနဲ့၊ ကျောမှာလည်း ဆူးတွေနဲ့ အင်မတန်က ကြောက်စရာကောင်းတယ်။ အဲဒီ တောထဲကို သွားမိရင် မကောင်းဆိုးဝါးကြီးက ရွာထဲ ဝင်လာတတ်တယ်။ စည်းလည်း ခက်ထားတယ်။ ကင်းစောင့်လည်း ထားထားပြီး မကောင်းဆိုးဝါးကို တွေ့ပြီဆိုတာနဲ့ ကင်းသမားက အချက်ပေးခေါင်းလောင်း တီးပေးရတယ်။ အချက်ပေးသံ ကြားတာနဲ့ ရွာသူရွာသားတွေ အားလုံး အိမ်ထဲဝင်ပြီး မကောင်းဆိုးဝါးကြီး သူတို့ကို မမြင်အောင် မြေအောက်ခန်းထဲဝင် ပုန်းကြရတယ်။
မင်းသားက အဲဒီ မကောင်းဆိုးဝါး ရှိတဲ့ တောရဲ့ တစ်ဖက်တစ်ချက်မှာ ရှိတဲ့ ရွာကို သွားပြီး ကျပ်မပြည့်တဲ့ သူငယ်ချင်းအတွက် ဆေးရှာချင်တယ်ဆိုပြီး ရွာက လူကြီးတွေကို အကြိမ်ကြိမ် တောင်းဆိုပေမဲ့ လုံးဝ ခွင့်မပြုခဲ့ဘူး။
ဒီဇာတ်လမ်းထဲမှာ ကျပ်မပြည့်တဲ့ ကောင်လေး၊ မင်းသား၊ မျက်စိ မမြင်တဲ့ မင်းသမီးတို့ဟာ သူငယ်ချင်းတွေပေါ့နော်။ မင်းသားနဲ့ အဲဒီ မျက်မမြင် မင်းသမီးက မေတ္တာမျှသွားပြီး လူကြီးတွေက သဘောတူ ပေးစားမယ်ဆိုတဲ့ အခါကျတော့ မင်းသမီးကို သဘောကျနေတဲ့ ကျပ်မပြည့်တဲ့ သူငယ်ချင်းက မင်းသားကို ဓားနဲ့ ထိုးသတ်ပါလေရော။ မင်းသားက မသေပဲ သတိမေ့မြောနေတဲ့ အနေအထားမှာ မျက်မမြင် မင်းသမီးဟာ တောရဲ့ တစ်ဖက်မှာ ရှိတဲ့ တခြား ရွာမှာ ဆေးသွားရှာမယ်ဆိုပြီး ဖခင် သူကြီးကို တောင်းဆိုတော့ နောက်ဆုံး ခွင့်ပြုလိုက်တယ်။
အဲဒီကနေ စပြီး ဇာတ်လမ်းဟာ ဟာကနဲ ဖြစ်သွားတာပါပဲ။
ဇာတ်လမ်းကြည့်ပြီးမှ သဘောပေါက်ချင်တဲ့ သူတွေကတော့ ဒီအထိပဲ ဖတ်ပေးပါ။ အခုက စပြီး ဇာတ်လမ်းရဲ့ အချုပ်ကို ပြောပြမှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
……………………………………………………………..
အမှန်က အနီရောင် ဝတ်စုံ ဝတ်ပြီး ပေါ်ပေါ်လာတဲ့ မကောင်းဆိုးဝါးဆိုတာလဲ တကယ် မရှိဘူး။ ရွာအပြင်ထွက်ပြီး တောထဲသွားရင် အန္တရာယ် ရှိတယ်ဆိုတာလဲ လူကြီးတွေက လုပ်ကြံ ပြောထားတာတွေ ဖြစ်တယ်။ ရွာမှာ ရှိနေတဲ့ လူကြီးတွေဟာ မိသားစုဝင်ထဲက တစ်ဦးဦးကို ရင်နင့်စရာ အဖြစ်တွေနဲ့ ဆုံးရုံးခဲ့ရတဲ့အတွက် ပြင်ပလောကဟာ ကြောက်စရာကောင်းတဲ့အတွက် သီးသန့် ရွာလေး တည်ပြီး အေးချမ်းစွာ ဖြတ်သန်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်။ အဲဒီမှာ အရင်က သမိုင်းဆရာ ဖြစ်တဲ့ ရွာသူကြီးက သမိုင်းစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာအတိုင်း ပြောပြပြီး မိမိတို့ သားသမီးတွေ အပြင်လောကကို မထွက်ရဲအောင် ဖန်တီးပြီး လှန့်ထားတာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းတွေကို ရွာပြင်ထွက် တောကို ဖြတ်ပြီး ချစ်သူအတွက် ဆေးသွား ရှာမယ့် သမီးကို အမှန်အတိုင်း ပြောပြပြီး လမ်းညွှန်ပေးလိုက်တာ ဖြစ်ပါတယ်။ မျက်မမြင် မင်းသမီးဟာ တစ်ခြား အဖော် ၂ယောက်နဲ့အတူ ခရီးစနှင်ခဲ့ပါတယ်။ အဖော် ၂ယောက်ဟာ ကြောက်စိတ်ကြောင့် လမ်းတစ်ဝက်ကနေ ပြန်လှည့်ပြန်ခဲ့ပြီး မင်းသမီး တစ်ယောက်တည်း ခရီးနှင်ခဲ့ပါတယ်။ အဲဒီမှာ တကယ့် အနီရောင် ဝတ်စုံနဲ့ မကောင်းဆိုးဝါး ပေါ်လာပြီး မင်းသမီး ထွက်ပြေးရပါလေရော။ နောက်ဆုံး မင်းသမီးရဲ့ မှတ်ဉာဏ်ကောင်းမှုကြောင့် မကောင်းဆိုးဝါးဟာ ချောက်ထဲကျပြီး သေသွားပါတယ်။ မင်းသမီးဟာ အဖေရဲ့ လမ်းညွှန်ချက်အတိုင်း သွားရင်းသွားရင်း တံတိုင်းတစ်ခုကို ကျော်ပြီးနောက်၊ ကင်းလှည့်ရဲက တွေ့ပြီး ဒါ မကျူးကျော်ရ နယ်မြေဆိုတဲ့ အကြောင်းပြောပြီး ဘယ်က လာတာလဲ မေးတော့ တောထဲက လာတဲ့အကြောင်း ပြောပြပြီး ဆေးစာရွက်ပြပြီး ရှာပေးနိုင်မလား အကူအညီတောင်းခဲ့တယ်။ ဆေးဖိုးဆိုပြီး အဖိုးတန် ပစ္စည်းလေး တစ်ခု ထုတ်ပေးတော့ ငွေစက္ကူ မဟုတ်တဲ့အတွက် ရဲက မင်း နောက်နေတာလားဆိုပြီး ပြောခဲ့တယ်။ နောက်ဆုံး မင်းသမီးရဲ့ စိတ်ရင်းကြောင့် ရဲက ကူညီလိုက်တော့ ဆေးရသွားပြီး မိမိရွာကို အမြန်ဆုံး ပြန်လာခဲ့တယ်။ ဒီနောက်ပိုင်းကတော့ ကိုယ့်ဖာသာ ရုပ်ရှင် ကြည့်လိုက်တော့နော်။
ဒီမှာ ပြောချင်တာက ကင်းလှည့်ရဲနဲ့ မင်းသမီး တွေ့ဆုံတဲ့ နေရာမှာ အတော်လေး အံ့သြသွားရပါတယ်။ တောရဲ့ တစ်ဖက်တစ်ချက်မှာ ကတ္တရာလမ်း၊ မော်တော်ကား၊ သေနတ်၊ စသဖြင့် ခေတ်မှီ ပစ္စည်းတွေ၊ နောက် တောရဲ့ တစ်ဖက်တစ်ချက်မှာတော့ ရှေးဆန်ပြီး ခေတ်မှီ ပစ္စည်းကိရိယာ တစ်ခုမှ မရှိတဲ့ ရွာဆိုတဲ့ ကွာဟချက်ပါပဲ။ အပြင်လောကမှာ ဘယ်လောက် တိုးတက်နေသလဲဆိုတာ မသိဘဲ ရွာလေးထဲမှာပဲ မျက်စိပိတ် နားပိတ် ကျင်လည် နေထိုင်နေတဲ့ ရွာသားများ၏ အဖြစ်။ ဒါလည်း ကြီးမားတဲ့ ပြသနာ မဟုတ်ပါဘူး။
ပြသနာကတော့ အပြင်လောက၊ ဇာတ်လမ်းထဲက ပြောတဲ့ တခြား ရွာကို မသွားရဲအောင် တောထဲမှာ မကောင်းဆိုးဝါး ရှိတယ်ဆိုပြီး ငယ်ငယ်ကတည်းက ကြောက်အောင် လှန့်ထားတဲ့ ကိစ္စဖြစ်ပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားပြီး လူငယ်တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ပိတ်ပင်ပစ်လိုက်တဲ့ ကိစ္စဟာ အတော်လေး ရင်နာစရာ ကောင်းပါတယ်။ လူငယ်တွေကို ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ အကောင်းအဆိုးကို ကိုယ့်ဖာသာ ရွေးချယ်ခွင့် မပြုဘဲ၊ လူကြီးတွေရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် မျက်စိမကွယ်ရမှာကို ကွယ်ခဲ့ရ၊ လူကောင်းအတိုင်း နေခွင့် ရှိပါလျက်နဲ့ ကျပ်မပြည့်ဖြစ်ရ၊ ထို့အပြင် များစွာသော ဆုံးရုံးနစ်နာမှုတွေ ရှိတာ အမှန်ပဲ။
ဒီရွာလေးကို ရွာလို့ မသတ်မှတ်ဘဲ နိုင်ငံ တစ်နိုင်ငံလို့ မြင်ကြည့်လိုက်ရင် အတော်လေး မြင်သာသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်က တီဗွီ၊ သတင်းစာမှာ ဖော်ပြတာ၊ ကျောင်း ဖတ်စာအုပ်ထဲမှာ ပါတာတွေကိုပဲ အဟုတ်ထင်ခဲ့တဲ့ ကိုယ်တွေ အဖြစ်ကို မြင်ယောင်မိပါသေးတယ်။ ကိုရီးယား ကားတွေထဲမှာ ဆင်းရဲသားအိမ်မှာ ဖုန်းရှိတာတွေ၊ ပရိဘောဂတွေ သပ်သပ်ရပ်ရပ် ရှိတာတွေကို ကြည့်ပြီး အပို ရိုက်ပြထားတာ နေမှာပါ။ တကယ့် လက်တွေ့မှာ အဲလို မဟုတ်လောက်ပါဘူး။ ငါတို့လိုပဲ နေမှာပါ။ စသဖြင့် ကိုယ့်ရဲ့ ရေအိုင်ထဲက ဖားသူူငယ် ဘဝက ကလေး အတွေးလေးကို ပြန်လည် မြင်ယောင်ရင်း နိဂုံးချုပ်ပါတယ်။
......................................................................................................
zawgyi font
The Village
ဒီ ဇာတ္ကားေလးကို စထြက္ထြက္ခ်င္းတုန္းကလည္း ၾကည့္ျဖစ္တယ္။ အခုလည္း ထပ္ၾကည့္ခ်င္လို႕ ထပ္ၾကည့္ျဖစ္တယ္။ ဒီကားေလး ၾကည့္ၿပီး ဘာခံစားရလဲဆိုေတာ့ တံခါးပိတ္ ဝါဒ က်င့္သံုးခဲ့တဲ့ ကိုယ့္နိုင္ငံ၊ တံခါးပိတ္ဝါဒ ေအာက္မွာ က်င္လည္ခဲ့တဲ့ ကိုယ္ေတြကို သြားၿပီး ေျပးျမင္မိတယ္။
ဇာတ္လမ္းအက်ဥ္းကို ေျပာျပရရင္ အျပင္ေလာကနဲ႕ ကင္းကြာေနတဲ့ ရြာေလးမွာ လူနည္းစု ေနထိုင္ၾကတယ္။ ရြာသူရြာသားေတြက “ those we don't speak of” ဆိုတဲ့ “ပါးစပ္ကေန ထြက္လို႕ မရတဲ့ အရာ” လို႕ သတ္မွတ္ထားတဲ့ ရြာျပင္ ေတာထဲက မေကာင္းဆိုးဝါးကို ေၾကာက္ၾကတယ္။ အဲဒီ မေကာင္းဆိုးဝါးဟာ အနီေရာင္ ဝတ္စံုၾကီးနဲ႕ လက္သည္းရွည္ၾကီးနဲ႕၊ ေက်ာမွာလည္း ဆူးေတြနဲ႕ အင္မတန္က ေၾကာက္စရာေကာင္းတယ္။ အဲဒီ ေတာထဲကို သြားမိရင္ မေကာင္းဆိုးဝါးၾကီးက ရြာထဲ ဝင္လာတတ္တယ္။ စည္းလည္း ခက္ထားတယ္။ ကင္းေစာင့္လည္း ထားထားၿပီး မေကာင္းဆိုးဝါးကို ေတြ႕ၿပီဆိုတာနဲ႕ ကင္းသမားက အခ်က္ေပးေခါင္းေလာင္း တီးေပးရတယ္။ အခ်က္ေပးသံ ၾကားတာနဲ႕ ရြာသူရြာသားေတြ အားလံုး အိမ္ထဲဝင္ၿပီး မေကာင္းဆိုးဝါးၾကီး သူတို႕ကို မျမင္ေအာင္ ေျမေအာက္ခန္းထဲဝင္ ပုန္းၾကရတယ္။
မင္းသားက အဲဒီ မေကာင္းဆိုးဝါး ရိွတဲ့ ေတာရဲ႕ တစ္ဖက္တစ္ခ်က္မွာ ရိွတဲ့ ရြာကို သြားၿပီး က်ပ္မျပည့္တဲ့ သူငယ္ခ်င္းအတြက္ ေဆးရွာခ်င္တယ္ဆိုၿပီး ရြာက လူၾကီးေတြကို အၾကိမ္ၾကိမ္ ေတာင္းဆိုေပမဲ့ လံုးဝ ခြင့္မျပဳခဲ့ဘူး။
ဒီဇာတ္လမ္းထဲမွာ က်ပ္မျပည့္တဲ့ ေကာင္ေလး၊ မင္းသား၊ မ်က္စိ မျမင္တဲ့ မင္းသမီးတို႕ဟာ သူငယ္ခ်င္းေတြေပါ့ေနာ္။ မင္းသားနဲ႕ အဲဒီ မ်က္မျမင္ မင္းသမီးက ေမတၱာမွ်သြားၿပီး လူၾကီးေတြက သေဘာတူ ေပးစားမယ္ဆိုတဲ့ အခါက်ေတာ့ မင္းသမီးကို သေဘာက်ေနတဲ့ က်ပ္မျပည့္တဲ့ သူငယ္ခ်င္းက မင္းသားကို ဓားနဲ႕ ထိုးသတ္ပါေလေရာ။ မင္းသားက မေသပဲ သတိေမ့ေျမာေနတဲ့ အေနအထားမွာ မ်က္မျမင္ မင္းသမီးဟာ ေတာရဲ႕ တစ္ဖက္မွာ ရိွတဲ့ တျခား ရြာမွာ ေဆးသြားရွာမယ္ဆိုၿပီး ဖခင္ သူၾကီးကို ေတာင္းဆိုေတာ့ ေနာက္ဆံုး ခြင့္ျပဳလိုက္တယ္။
အဲဒီကေန စၿပီး ဇာတ္လမ္းဟာ ဟာကနဲ ျဖစ္သြားတာပါပဲ။
ဇာတ္လမ္းၾကည့္ၿပီးမွ သေဘာေပါက္ခ်င္တဲ့ သူေတြကေတာ့ ဒီအထိပဲ ဖတ္ေပးပါ။ အခုက စၿပီး ဇာတ္လမ္းရဲ႕ အခ်ဳပ္ကို ေျပာျပမွာ ျဖစ္တဲ့အတြက္ ျဖစ္ပါတယ္။
……………………………………………………………..
အမွန္က အနီေရာင္ ဝတ္စံု ဝတ္ၿပီး ေပၚေပၚလာတဲ့ မေကာင္းဆိုးဝါးဆိုတာလဲ တကယ္ မရိွဘူး။ ရြာအျပင္ထြက္ၿပီး ေတာထဲသြားရင္ အႏၱရာယ္ ရိွတယ္ဆိုတာလဲ လူၾကီးေတြက လုပ္ၾကံ ေျပာထားတာေတြ ျဖစ္တယ္။ ရြာမွာ ရိွေနတဲ့ လူၾကီးေတြဟာ မိသားစုဝင္ထဲက တစ္ဦးဦးကို ရင္နင့္စရာ အျဖစ္ေတြနဲ႕ ဆံုးရံုးခဲ့ရတဲ့အတြက္ ျပင္ပေလာကဟာ ေၾကာက္စရာေကာင္းတဲ့အတြက္ သီးသန္႕ ရြာေလး တည္ၿပီး ေအးခ်မ္းစြာ ျဖတ္သန္းမယ္ဆိုၿပီး ဆံုးျဖတ္လိုက္ၾကတာ ျဖစ္တယ္။ အဲဒီမွာ အရင္က သမိုင္းဆရာ ျဖစ္တဲ့ ရြာသူၾကီးက သမိုင္းစာအုပ္ထဲမွာ ပါတဲ့ အေၾကာင္းအရာအတုိင္း ေျပာျပၿပီး မိမိတို႕ သားသမီးေတြ အျပင္ေလာကကို မထြက္ရဲေအာင္ ဖန္တီးၿပီး လွန္႕ထားတာ ျဖစ္ပါတယ္။ အဲဒီ အေၾကာင္းေတြကို ရြာျပင္ထြက္ ေတာကို ျဖတ္ၿပီး ခ်စ္သူအတြက္ ေဆးသြား ရွာမယ့္ သမီးကို အမွန္အတိုင္း ေျပာျပၿပီး လမ္းညႊန္ေပးလိုက္တာ ျဖစ္ပါတယ္။ မ်က္မျမင္ မင္းသမီးဟာ တစ္ျခား အေဖာ္ ၂ေယာက္နဲ႕အတူ ခရီးစႏွင္ခဲ့ပါတယ္။ အေဖာ္ ၂ေယာက္ဟာ ေၾကာက္စိတ္ေၾကာင့္ လမ္းတစ္ဝက္ကေန ျပန္လွည့္ျပန္ခဲ့ၿပီး မင္းသမီး တစ္ေယာက္တည္း ခရီးနွင္ခဲ့ပါတယ္။ အဲဒီမွာ တကယ့္ အနီေရာင္ ဝတ္စံုနဲ႕ မေကာင္းဆိုးဝါး ေပၚလာၿပီး မင္းသမီး ထြက္ေျပးရပါေလေရာ။ ေနာက္ဆံုး မင္းသမီးရဲ႕ မွတ္ဥာဏ္ေကာင္းမႈေၾကာင့္ မေကာင္းဆိုးဝါးဟာ ေခ်ာက္ထဲက်ၿပီး ေသသြားပါတယ္။ မင္းသမီးဟာ အေဖရဲ႕ လမ္းညႊန္ခ်က္အတိုင္း သြားရင္းသြားရင္း တံတိုင္းတစ္ခုကို ေက်ာ္ၿပီးေနာက္၊ ကင္းလွည့္ရဲက ေတြ႕ၿပီး ဒါ မက်ဴးေက်ာ္ရ နယ္ေျမဆိုတဲ့ အေၾကာင္းေျပာၿပီး ဘယ္က လာတာလဲ ေမးေတာ့ ေတာထဲက လာတဲ့အေၾကာင္း ေျပာျပၿပီး ေဆးစာရြက္ျပၿပီး ရွာေပးနိုင္မလား အကူအညီေတာင္းခဲ့တယ္။ ေဆးဖိုးဆိုၿပီး အဖိုးတန္ ပစၥည္းေလး တစ္ခု ထုတ္ေပးေတာ့ ေငြစကၠဴ မဟုတ္တဲ့အတြက္ ရဲက မင္း ေနာက္ေနတာလားဆိုၿပီး ေျပာခဲ့တယ္။ ေနာက္ဆံုး မင္းသမီီးရဲ႕ စိတ္ရင္းေၾကာင့္ ရဲက ကူညီလိုက္ေတာ့ ေဆးရသြားၿပီး မိမိရြာကို အျမန္ဆံုး ျပန္လာခဲ့တယ္။ ဒီေနာက္ပိုင္းကေတာ့ ကိုယ့္ဖာသာ ရုပ္ရွင္ ၾကည့္လိုက္ေတာ့ေနာ္။
ဒီမွာ ေျပာခ်င္တာက ကင္းလွည့္ရဲနဲ႕ မင္းသမီး ေတြ႕ဆံုတဲ့ ေနရာမွာ အေတာ္ေလး အ့ံၾသသြားရပါတယ္။ ေတာရဲ႕ တစ္ဖက္တစ္ခ်က္မွာ ကတၱရာလမ္း၊ ေမာ္ေတာ္ကား၊ ေသနတ္၊ စသျဖင့္ ေခတ္မွီ ပစၥည္းေတြ၊ ေနာက္ ေတာရဲ႕ တစ္ဖက္တစ္ခ်က္မွာေတာ့ ေရွးဆန္ၿပီး ေခတ္မွီ ပစၥည္းကိရိယာ တစ္ခုမွ မရိွတဲ့ ရြာဆိုတဲ့ ကြာဟခ်က္ပါပဲ။ အျပင္ေလာကမွာ ဘယ္ေလာက္ တိုးတက္ေနသလဲဆိုတာ မသိဘဲ ရြာေလးထဲမွာပဲ မ်က္စိပိတ္ နားပိတ္ က်င္လည္ ေနထုိင္ေနတဲ့ ရြာသားမ်ား၏ အျဖစ္။ ဒါလည္း ၾကီးမားတဲ့ ျပသနာ မဟုတ္ပါဘူး။
ျပသနာကေတာ့ အျပင္ေလာက၊ ဇာတ္လမ္းထဲက ေျပာတဲ့ တျခား ရြာကို မသြားရဲေအာင္ ေတာထဲမွာ မေကာင္းဆိုးဝါး ရိွတယ္ဆိုၿပီး ငယ္ငယ္ကတည္းက ေၾကာက္ေအာင္ လွန္႕ထားတဲ့ ကိစၥျဖစ္ပါတယ္။ အမွန္တရားကို ဖံုးကြယ္ထားၿပီး လူငယ္ေတြရဲ႕ ကိုယ္ပိုင္ ဆံုးျဖတ္ခြင့္ကို ပိတ္ပင္ပစ္လိုက္တဲ့ ကိစၥဟာ အေတာ္ေလး ရင္နာစရာ ေကာင္းပါတယ္။ လူငယ္ေတြကို ကိုယ္ပိုင္ လြတ္လပ္ခြင့္နဲ႕ အေကာင္းအဆိုးကို ကိုယ့္ဖာသာ ေရြးခ်ယ္ခြင့္ မျပဳဘဲ၊ လူၾကီးေတြရဲ႕ တစ္ဖက္သတ္ ဆံုးျဖတ္ခ်က္ေၾကာင့္ မ်က္စိမကြယ္ရမွာကို ကြယ္ခဲ့ရ၊ လူေကာင္းအတုိင္း ေနခြင့္ ရိွပါလ်က္နဲ႕ က်ပ္မျပည့္ျဖစ္ရ၊ ထုိ႕အျပင္ မ်ားစြာေသာ ဆံုးရံုးနစ္နာမႈေတြ ရိွတာ အမွန္ပဲ။
ဒီရြာေလးကို ရြာလို႕ မသတ္မွတ္ဘဲ နိုင္ငံ တစ္နုိင္ငံလို႕ ျမင္ၾကည့္လိုက္ရင္ အေတာ္ေလး ျမင္သာသြားမွာ ျဖစ္ပါတယ္။ တစ္ခ်ိန္က တီဗြီ၊ သတင္းစာမွာ ေဖာ္ျပတာ၊ ေက်ာင္း ဖတ္စာအုပ္ထဲမွာ ပါတာေတြကိုပဲ အဟုတ္ထင္ခဲ့တဲ့ ကိုယ္ေတြ အျဖစ္ကို ျမင္ေယာင္မိပါေသးတယ္။ ကိုရီးယား ကားေတြထဲမွာ ဆင္းရဲသားအိမ္မွာ ဖုန္းရိွတာေတြ၊ ပရိေဘာဂေတြ သပ္သပ္ရပ္ရပ္ ရိွတာေတြကို ၾကည့္ၿပီး အပို ရိုက္ျပထားတာ ေနမွာပါ။ တကယ့္ လက္ေတြ႕မွာ အဲလို မဟုတ္ေလာက္ပါဘူး။ ငါတို႕လိုပဲ ေနမွာပါ။ စသျဖင့္ ကိုယ့္ရဲ႕ ေရအိုင္ထဲက ဖားသူူငယ္ ဘဝက ကေလး အေတြးေလးကို ျပန္လည္ ျမင္ေယာင္ရင္း နိဂံုးခ်ဳပ္ပါတယ္။
'감상문(ရီဗျူး)' 카테고리의 다른 글
영화 신과 함께 죄와 벌 (0) | 2018.12.24 |
---|---|
영화 Burning (0) | 2018.12.21 |
영화 Extinction (0) | 2018.12.21 |
미쓰백(Miss Baek) (0) | 2018.12.15 |
콜로니아 (0) | 2018.12.07 |