사서 아픔을 한 Mi Aye. ေနမေကာင္းျဖစ္ခ်င္တဲ့ မိေအး Short story of Mi Aye2019. 2. 1. 17:50
사서 아픔을 한 Mi Aye
Mi Aye를 포함해서 형제자매들이 그토록 먹고 싶었던 음식이 있었다. 그 음식을 매일 먹어도 질리지 않은 것만 같았던 음식이었다. 그 음식은 바로 유탸오를 쌂은 콩으로 먹는 것이었다. 주로 차집에서 밀크티나, 연유커피랑 같이 파는 음식이며 미얀마 사람들이 아침식사로 즐겨먹는 음식이었다. 사모사보다 2~3배 정도 비싸니까 사모사 한 개를 2명 반반씩 나눠서 먹어야 했던 우리 가족에게 유탸오는 특별한 음식이라고 해도 과언은 아니다. 평소에 예쁨을 받지 못했고 먹고 싶은 것이 있어도 매가 무서워서 조르지 못한 Mi Aye네 형제자매들이 특혜를 누릴 수 있는 때가 있었다. 그 때는 바로 아픈 때였다. 아프면 평소에 누리지 못했던 것들이 다 허용되기 때문이다. 하지만 보통 아프면 입맛이 떨어지니까 건강했을 때 먹고 싶었던 것들을 아무리 사줘도 마음껏 맛있게 먹지 못했다. 먹으면 토하고 별로 먹고 싶은 마음도 없었다. 그럴 때는 아픈 애가 먹다 남은 음식을 다른 건강한 형제자매들이 먹어버린다. 음식은 상하니까 건강이 회복될 때까지 놔둘 수 없어 아쉽지만 어쩔 수 없었다. 가끔 유탸오가 생각나고 먹고 싶을 때는 ‘아팠으면 좋겠다.’라는 바람이 있었다. 때로는 일부러 비 맞으면서까지 아픔을 청해본 적도 있었다. 그럴 때는 이놈의 아픔이 찾아오지 않았다. 다시 생각해보면 정말로 어리석은 행동이었다. 뼈 빠지게 돈 벌고 있는 부모님 생각을 전혀 안하고 평소에 안 사준 음식을 아플 때야 먹을 수 있다는 생각 하나만으로 스스로 저주를 했기 때문이다. 아빠 혼자 벌어서 9명의 식구를 먹여살이는 일은 여간 어려운 일이 아니었을 텐데 ‘어린 Mi Aye 가 철이 덜 들었어서 미안해. 아빠’.
ေနမေကာင္းျဖစ္ခ်င္တဲ့ မိေအး
မိေအး အပါအဝင္ မိေအး ေမာင္နွမေတြ အားလံုး အရမ္း စားခ်င္ခဲ့တဲ့ မနက္စာ ရိွခဲ့ဖူးတယ္။ အဲဒီ့ အစားအစာကို ေန႕တိုင္းေကြ်းေတာင္ ျငီးေငြ႕မွာ မဟုတ္ဘူးလို႕ ထင္မိတယ္။ အဲဒီ့ အစားအစာကေတာ့ တျခား မဟုတ္ပါဘူး။ ပဲအီၾကာေကြးပဲ ျဖစ္ပါတယ္။ လက္ဖက္ရည္ဆိုင္ေတြမွာ ေရာင္းတဲ့ အစားအစာျဖစ္ၿပီး၊ ျမန္မာလူမ်ိဳးမ်ား မနက္စာအျဖစ္ စားေသာက္ေလ့ ရိွတဲ့ အစားအစာပဲ ျဖစ္ပါတယ္။ သူဟာ ဆမူဆာထက္ ၂ဆ ၃ဆေလာက္ ေဈးၾကီိးေတာ့ ဆမူဆာ တစ္ခုကို ၂ေယာက္ခြဲစားရတဲ့ မိေအးတို႕ မိသားစုအတြက္ေတာ့ အထူးစပယ္ရွယ္ မနက္စာလို႕ ဆိုလို႕ရပါတယ္။ ပံုမွန္အခ်ိန္ေတြမွာ ဂရုစိုက္ မခံရ၊ စားခ်င္တာ ရိွလဲ တုတ္နဲ႕ ေတြ႕မွာ ေၾကာက္တာနဲ႕ မပူဆာရဲတဲ့ မိေအးတဲ့ ေမာင္နွမေတြ လိုတရနိုင္တဲ့ အခ်ိန္ ရိွပါတယ္။ အဲဒီ အခ်ိန္ကေတာ့ ေနမေကာင္းျဖစ္တဲ့အခ်ိိန္ပဲ ျဖစ္ပါတယ္။ ေနမေကာင္းျဖစ္ရင္ လူၾကီးေတြက ေနမေကာင္းလို႕ဆိုၿပီး အလိုလုိက္တယ္။ စားခ်င္တာ ဝယ္ေကြ်းတယ္ေလ။ ေနမေကာင္းျဖစ္ရင္ မိေအး ပါးစပ္ထဲမွာ ခါးခါးၾကီး ျဖစ္ေနတတ္တယ္။ အဲေတာ့ အစားလည္း စားခ်င္စိတ္ မရိွ။ စားလည္း မၾကာဘူး ျပန္ျပန္ အန္ေတာ့ ေနမေကာင္း ျဖစ္ရင္ ပူဆာျဖစ္ေအာင္ ပူဆာမယ္ဆိုတဲ့ အစားအစာေတြဟာ အကုန္ တျခား ေမာင္နွမေတြအတြက္ ျဖစ္သြားတာေပါ့။ ေနေကာင္းမွ စားခ်င္တယ္ဆိုလည္း ဝယ္ေကြ်းမွာ မဟုတ္ေတာ့ တစ္ဖက္ပဲ စားနုိင္စားနိုင္ဆိုၿပီး ပူဆာခဲ့ဖူးတယ္ေလ။ တစ္ခါတစ္ခါ ပဲအီၾကာ စားခ်င္လာတဲ့အခ်ိန္ဆို ေနမေကာင္းျဖစ္ရင္ သပ္ေကာင္းမွာပဲဆိုၿပီး ေတြးဖူးတယ္။ တမင္ မိုးေရစိုခံၿပီး ေနမေကာင္းျဖစ္ေအာင္ေတာင္ လုပ္ဖူးေသးတယ္။ ေနမေကာင္း ျဖစ္မွ စားခ်င္တာ စားခြင့္ရမွာဆိုေတာ့ေလ။ အခု ျပန္စဥ္းစားၾကည့္ရင္ မိဘေတြကို မသနားခဲ့တာေပါ့ေနာ္။ အေဖ တစ္ေယာက္တည္း ရွာတဲ့ ေငြနဲ႕ မိသားစု ၉ေယာက္ စားေရးေသာက္ေရးကို ေျဖရွင္းေနရတာကို အသိ စားခ်င္တဲ့ စိတ္ တစ္ခုတည္းနဲ႕ ကိုယ့္ကိုယ္ကို ေနမေကာင္းျဖစ္ပါေစ ဆိုၿပီး က်ိန္ခဲ့တဲ့ မိေအးဟာေလ ေတာ္ေတာ္ ဆိုးတာပဲ။ အလိုက္မသိခဲ့တဲ့ ကေလးငယ္ မိေအးအစား ကေလးၾကီး မိေအးကပဲ ေဖၾကီးကို ေတာင္းပန္တယ္ေနာ္။
နေမကောင်းဖြစ်ချင်တဲ့ မိအေး
မိအေး အပါအဝင် မိအေး မောင်နှမတွေ အားလုံး အရမ်း စားချင်ခဲ့တဲ့ မနက်စာ ရှိခဲ့ဖူးတယ်။ အဲဒီ့ အစားအစာကို နေ့တိုင်းကျွေးတောင် ငြီးငွေ့မှာ မဟုတ်ဘူးလို့ ထင်မိတယ်။ အဲဒီ့ အစားအစာကတော့ တခြား မဟုတ်ပါဘူး။ ပဲအီကြာကွေးပဲ ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းတဲ့ အစားအစာဖြစ်ပြီး၊ မြန်မာလူမျိုးများ မနက်စာအဖြစ် စားသောက်လေ့ ရှိတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ သူဟာ ဆမူဆာထက် ၂ဆ ၃ဆလောက် ဈေးကြီးတော့ ဆမူဆာ တစ်ခုကို ၂ယောက်ခွဲစားရတဲ့ မိအေးတို့ မိသားစုအတွက်တော့ အထူးစပယ်ရှယ် မနက်စာလို့ ဆိုလို့ရပါတယ်။ ပုံမှန်အချိန်တွေမှာ ဂရုစိုက် မခံရ၊ စားချင်တာ ရှိလဲ တုတ်နဲ့ တွေ့မှာ ကြောက်တာနဲ့ မပူဆာရဲတဲ့ မိအေးတဲ့ မောင်နှမတွေ လိုတရနိုင်တဲ့ အချိန် ရှိပါတယ်။ အဲဒီ အချိန်ကတော့ နေမကောင်းဖြစ်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ နေမကောင်းဖြစ်ရင် လူကြီးတွေက နေမကောင်းလို့ဆိုပြီး အလိုလိုက်တယ်။ စားချင်တာ ဝယ်ကျွေးတယ်လေ။ နေမကောင်းဖြစ်ရင် မိအေး ပါးစပ်ထဲမှာ ခါးခါးကြီး ဖြစ်နေတတ်တယ်။ အဲတော့ အစားလည်း စားချင်စိတ် မရှိ။ စားလည်း မကြာဘူး ပြန်ပြန် အန်တော့ နေမကောင်း ဖြစ်ရင် ပူဆာဖြစ်အောင် ပူဆာမယ်ဆိုတဲ့ အစားအစာတွေဟာ အကုန် တခြား မောင်နှမတွေအတွက် ဖြစ်သွားတာပေါ့။ နေကောင်းမှ စားချင်တယ်ဆိုလည်း ဝယ်ကျွေးမှာ မဟုတ်တော့ တစ်ဖက်ပဲ စားနိုင်စားနိုင်ဆိုပြီး ပူဆာခဲ့ဖူးတယ်လေ။ တစ်ခါတစ်ခါ ပဲအီကြာ စားချင်လာတဲ့အချိန်ဆို နေမကောင်းဖြစ်ရင် သပ်ကောင်းမှာပဲဆိုပြီး တွေးဖူးတယ်။ တမင် မိုးရေစိုခံပြီး နေမကောင်းဖြစ်အောင်တောင် လုပ်ဖူးသေးတယ်။ နေမကောင်း ဖြစ်မှ စားချင်တာ စားခွင့်ရမှာဆိုတော့လေ။ အခု ပြန်စဉ်းစားကြည့်ရင် မိဘတွေကို မသနားခဲ့တာပေါ့နော်။ အဖေ တစ်ယောက်တည်း ရှာတဲ့ ငွေနဲ့ မိသားစု ၉ယောက် စားရေးသောက်ရေးကို ဖြေရှင်းနေရတာကို အသိ စားချင်တဲ့ စိတ် တစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကို နေမကောင်းဖြစ်ပါစေ ဆိုပြီး ကျိန်ခဲ့တဲ့ မိအေးဟာလေ တော်တော် ဆိုးတာပဲ။ အလိုက်မသိခဲ့တဲ့ ကလေးငယ် မိအေးအစား ကလေးကြီး မိအေးကပဲ ဖေကြီးကို တောင်းပန်တယ်နော်။
mm.aaa.kr
'Short story of Mi Aye' 카테고리의 다른 글
피치 못해 해야하는 일이 있으면 최대한 빨리 끝내는 것이야 말로 정답이다. (0) | 2019.02.10 |
---|---|
세상에 하찮은 직업이란 없다. (0) | 2019.02.08 |
Mi Aye 와 큰 나무망치 (0) | 2019.01.26 |
작은 행복၊ ေပ်ာ္ရႊင္စရာ ေန့ေလးမ်ား (0) | 2019.01.25 |
낚시와 Mi Aye, မိအေးရဲ့ ငါးမျှားခြင်း အတွေ့အကြုံ (0) | 2018.12.24 |