အျမင္အာ႐ုံ ခ်ိဳ႕တဲ့သူမ်ားအတြက္ လမ္းျပၾကယ္/အမြင်အာရုံ ချို့တဲ့သူများအတွက် လမ်းပြကြယ် 지식2019. 8. 23. 21:24
Zawgyi
ျမန္မာျပည္ျပန္ရင္ပဲျဖစ္ျဖစ္၊ အလုပ္ကိစၥနဲ႔ ခရီးသြားရတဲ့အခါပဲျဖစ္ျဖစ္ လူသြားလမ္းေပၚ, ေျမေအာက္ရထားဘူတာထဲ ခရီးေဆာင္အိတ္(Luggage)ႀကီး မႏိုင္မနင္းဆြဲၿပီး သြားတဲ့အခါတိုင္း မေက်မနပ္ျဖစ္ရတဲ့အရာ တစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ ကိုရီးယားကို ေရာက္ဖူးတဲ့သူေတြ၊ ကိုရီးယားမွာ ေနေနတဲ့သူေတြ ေန႔စဥ္ေတြ႕ျမင္ေနရတဲ့ အဖုအထစ္ေတြပါတဲ့ အဝါေရာင္ဘေလာ့တုံးေတြပါပဲ။ Luggage ဆြဲသြားတဲ့အခါ အဲ့ဒီအဖုေတြနဲ႔ထစ္ထစ္ၿပီး ဘီးအသံက အရမ္းအက်ယ္ႀကီးထြက္တဲ့အတြက္ အဲ့ဒီတုံးေတြကို ေရွာင္ၿပီးဆြဲရတဲ့အတြက္ပဲ ျဖစ္ပါတယ္။ ေျမေအာက္ရထားစီးရန္ အေပါက္တြင္ တန္းစီေစာင့္ရတဲ့ေနရာမွာလည္း သတိထားမိၾကမွာပါ။
ထို အဝါေရာင္ တုံးေတြကို ဘာေၾကာင့္ လမ္းခင္းတဲ့အခါ ထည့္ခင္းထားတာလဲဆိုတာ ခုေတာ့ ကြၽန္မ သိၿပီ။ အျမင္အာ႐ုံခ်ိဳ႕တဲ့သူမ်ားအတြက္ သေကၤတထားေပးထားတာပဲ ျဖစ္ပါတယ္။ အျမင္အာ႐ုံခ်ိဳ႕တဲ့သူမ်ားဟာ လမ္းသြားတဲ့အခါ တုတ္ေခ်ာင္းနဲ႔ အဲ့ဒီ အထစ္ပါတဲ့ အဝါေရာင္တုံးအတိုင္း စမ္းၿပီး ေလွ်ာက္သြားၾကရတာ ျဖစ္ပါတယ္။ ထို တုံးမ်ားဟာ အျမင္အာ႐ုံခ်ိဳ႕တဲ့သူမ်ားအတြက္ေတာ့ မရွိမျဖစ္တဲ့ သက္ေတာ္ေစာင့္ပဲ ျဖစ္ပါတယ္။
အဝါေရာင္တုံးမွာမွ အမ်ိဳးအစား ၂မ်ိဳး ရွိပါတယ္။
မ်က္ႏွာျပင္မွာ အဝိုင္းဖုေလးေတြနဲ႔ တုံးမ်ားကေတာ့ ေလွကား၊ ေျမေအာက္ရထားအတက္အဆင္းေဘာင္၊ အိမ္သာ စတဲ့ အႏၲရာယ္ရွိတဲ့ ေနရာမ်ားကို အျမင္အာ႐ုံခ်ိဳ႕တဲ့သူမ်ား သတိထားမိေစရန္ သေကၤတအျဖစ္ ျပဳလုပ္ထားတာ ျဖစ္တယ္။ သူကေတာ့ အႏၲရာယ္ရွိတဲ့ ေနရာကေန 0.3မီတာအကြာမွာ လမ္းခြဲတို႔၊ လမ္းအစ၊ အေကြ႕ ေနရာမ်ားမွာ ထည့္ခင္းထားတာ ျဖစ္ပါတယ္။
ေနာက္တစ္ခုကေတာ့ မ်က္ႏွာျပင္မွာ ေျမာင္းေဖာ္ထားတဲ့ ဘေလာ့တုံးပဲ ျဖစ္ပါတယ္။ သူကေတာ့ အျမင္အာ႐ုံခ်ိဳ႕တဲ့သူမ်ားအတြက္ ႐ိုး႐ိုးလမ္းသေဘာပဲ ခင္းျပထားေပးတာ ျဖစ္ပါတယ္။
ေနာက္တစ္ခု ဘာေၾကာင့္ အဝါေရာင္ကို သုံးထားတာလဲဆိုတဲ့အခ်က္ပဲ ျဖစ္ပါတယ္။ အဝါေရာင္ဟာ အျမင္အာ႐ုံ အားနည္းတဲ့ သူမ်ားအတြက္ပဲ ျဖစ္ပါတယ္။ အဝါေရာင္ဟာ ေတာက္တဲ့အတြက္ ဝါးတားတားပဲ ျမင္ရတဲ့ သူမ်ားဟာ ထိုအဝါေရာင္လမ္းအတိုင္းပဲ လိုက္ေလွ်ာက္သြားႏိုင္ရန္ ျဖစ္ပါတယ္။
ကိုယ္အဂၤါ ခ်ိဳ႕တဲ့လို႔၊ အျမင္အာ႐ုံခ်ိဳ႕တဲ့လို႔ ဆိုၿပီး တစ္ပါးသူကိုပဲ အားကိုးၿပီး သြားလာစရာ မလိုေအာင္ ႏိုင္ငံက စီမံလုပ္ေဆာင္ေပးထားတာပဲ ျဖစ္ပါတယ္။
အေၾကာင္းအရင္းကို သိၿပီးသြားၿပီဆိုေတာ့ စိတ္အေႏွာက္အယွက္မျဖစ္ေတာ့ဘူးေနာ္။
Unicode
မြန်မာပြည်ပြန်ရင်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ ခရီးသွားရတဲ့အခါပဲဖြစ်ဖြစ် လူသွားလမ်းပေါ်, မြေအောက်ရထားဘူတာထဲ ခရီးဆောင်အိတ်(Luggage)ကြီး မနိုင်မနင်းဆွဲပြီး သွားတဲ့အခါတိုင်း မကျေမနပ်ဖြစ်ရတဲ့အရာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုရီးယားကို ရောက်ဖူးတဲ့သူတွေ၊ ကိုရီးယားမှာ နေနေတဲ့သူတွေ နေ့စဥ်တွေ့မြင်နေရတဲ့ အဖုအထစ်တွေပါတဲ့ အဝါရောင်ဘလော့တုံးတွေပါပဲ။ Luggage ဆွဲသွားတဲ့အခါ အဲ့ဒီအဖုတွေနဲ့ထစ်ထစ်ပြီး ဘီးအသံက အရမ်းအကျယ်ကြီးထွက်တဲ့အတွက် အဲ့ဒီတုံးတွေကို ရှောင်ပြီးဆွဲရတဲ့အတွက်ပဲ ဖြစ်ပါတယ်။ မြေအောက်ရထားစီးရန် အပေါက်တွင် တန်းစီစောင့်ရတဲ့နေရာမှာလည်း သတိထားမိကြမှာပါ။
ထို အဝါရောင် တုံးတွေကို ဘာကြောင့် လမ်းခင်းတဲ့အခါ ထည့်ခင်းထားတာလဲဆိုတာ ခုတော့ ကျွန်မ သိပြီ။ အမြင်အာရုံချို့တဲ့သူများအတွက် သင်္ကေတထားပေးထားတာပဲ ဖြစ်ပါတယ်။ အမြင်အာရုံချို့တဲ့သူများဟာ လမ်းသွားတဲ့အခါ တုတ်ချောင်းနဲ့ အဲ့ဒီ အထစ်ပါတဲ့ အဝါရောင်တုံးအတိုင်း စမ်းပြီး လျှောက်သွားကြရတာ ဖြစ်ပါတယ်။ ထို တုံးများဟာ အမြင်အာရုံချို့တဲ့သူများအတွက်တော့ မရှိမဖြစ်တဲ့ သက်တော်စောင့်ပဲ ဖြစ်ပါတယ်။
အဝါရောင်တုံးမှာမှ အမျိုးအစား ၂မျိုး ရှိပါတယ်။
မျက်နှာပြင်မှာ အဝိုင်းဖုလေးတွေနဲ့ တုံးများကတော့ လှေကား၊ မြေအောက်ရထားအတက်အဆင်းဘောင်၊ အိမ်သာ စတဲ့ အန္တရာယ်ရှိတဲ့ နေရာများကို အမြင်အာရုံချို့တဲ့သူများ သတိထားမိစေရန် သင်္ကေတအဖြစ် ပြုလုပ်ထားတာ ဖြစ်တယ်။ သူကတော့ အန္တရာယ်ရှိတဲ့ နေရာကနေ 0.3မီတာအကွာမှာ လမ်းခွဲတို့၊ လမ်းအစ၊ အကွေ့ နေရာများမှာ ထည့်ခင်းထားတာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မျက်နှာပြင်မှာ မြောင်းဖော်ထားတဲ့ ဘလော့တုံးပဲ ဖြစ်ပါတယ်။ သူကတော့ အမြင်အာရုံချို့တဲ့သူများအတွက် ရိုးရိုးလမ်းသဘောပဲ ခင်းပြထားပေးတာ ဖြစ်ပါတယ်။
နောက်တစ်ခု ဘာကြောင့် အဝါရောင်ကို သုံးထားတာလဲဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဝါရောင်ဟာ အမြင်အာရုံ အားနည်းတဲ့ သူများအတွက်ပဲ ဖြစ်ပါတယ်။ အဝါရောင်ဟာ တောက်တဲ့အတွက် ဝါးတားတားပဲ မြင်ရတဲ့ သူများဟာ ထိုအဝါရောင်လမ်းအတိုင်းပဲ လိုက်လျှောက်သွားနိုင်ရန် ဖြစ်ပါတယ်။
ကိုယ်အင်္ဂါ ချို့တဲ့လို့၊ အမြင်အာရုံချို့တဲ့လို့ ဆိုပြီး တစ်ပါးသူကိုပဲ အားကိုးပြီး သွားလာစရာ မလိုအောင် နိုင်ငံက စီမံလုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။
အကြောင်းအရင်းကို သိပြီးသွားပြီဆိုတော့ စိတ်အနှောက်အယှက်မဖြစ်တော့ဘူးနော်။
'지식' 카테고리의 다른 글
미얀마어 공식 font 및 키보드(Pyidaungsu/ပြည်ထောင်စု) (2) | 2019.08.26 |
---|---|
시각장애인들의 북극성 (0) | 2019.08.23 |
미얀마 현충일 (0) | 2019.07.19 |
세계문화유산- 올해 선정된 세계문화유산 8곳 중 미얀마의 유명한 유적지인 바간도 등재 (0) | 2019.07.08 |
고등학교만 졸업해도 화이트 칼라 직업을 가질 기회가 있다. (0) | 2019.06.24 |