영화 신과 함께 죄와 벌 감상문(ရီဗျူး)2018. 12. 24. 22:25
작년 이맘때에 영화 '신과함께 죄와 벌'를 봤는데 불교신자라서 그런지 개인적으로 잘 만들어진 영화라고 생각한다. 꼭 종교적인 측면에서만 볼 필요는 없고 한국 사회에서 있을 법한 사건들을 잘 다루어 재미있게 만들어진 영화라고 봐도 될 것 같다. 편견을 안 가지고 열린 자세로 보면 재미 있는 영화라고 본다. ㅋㅋ🧐🧐🧐
Zawgyi Font
လြန္ခဲ့တဲ့ ၄၊၅၊၆ႏွစ္ေလာက္က မိုးဒီနဲ႕ ကင္းေကာင္တို႕ ရဲ႕ ငွက္ဖ်ား ဘာေၾကာင့္ ျဖစ္တာလဲ။ ငွက္ေပ်ာသီးစားလို႕၊ စမ္းေရေသာက္လို႕ ဆိုိိၿပီး ရိုက္ထားတဲ့ ေၾကာ္ျငာေလးကို မ်က္လံုးထဲမွာ ေပၚလာေစတဲ့ ဇာတ္လမ္းေလး ျဖစ္ပါတယ္။ကိိုရီးယားမွာ လက္ရိွ ရံုတင္ ျပသလ်က္ရိွၿပီး နိိုင္ငံတကာကို ျဖန္႕ခ်ီေတာ့မယ္လို႕ ၾကားသိရတဲ့ Along With the Gods: The Two Worlds ဆိုတဲ့ ကားေလးပဲ ျဖစ္ပါတယ္။ အသက္ဆက္ မ်က္ရည္ဆိုတဲ့ ဇာတ္ကားေလး ၾကည့္ဖူးသူေတြအေနနဲ႕ေတာ့ ဒီကားေလးရဲ႕ ေနာက္ခံ သေဘာတရားနဲ႕ သိပ္မစိမ္းေလာက္ဘူးလို႕ေတာ့ ထင္ပါတယ္။
ဒီဇာတ္လမ္းေလးထဲမွာ ေဖာ္ျပထားတာေတြဟာ တကယ္ကို အႏွစ္သာရ ရိွတဲ့ အေၾကာင္းအရာေလးေတြပဲ ျဖစ္ပါတယ္။ ကိုရီးယားနုိင္ငံ၊ မီးသတ္သမားေတြရဲ႕ ဘဝကို ခ်ိန္ထိုးျပသထားတယ္။ ေနာက္တစ္ခု ဆင္းရဲႏြမ္းပါးမႈကို ျပထားတယ္။ ဆင္းရဲတဲ့ ဒဏ္ကို မခံနိုင္ေတာ့ မၾကံေကာင္းမစည္အပ္တာကို ၾကံစည္မိတာေတြ၊ ဒါေတြဟာ ကိုရီးယားနိုင္ငံ အေျခခံ လူတန္းစားရဲ႕ ဘဝကို ခ်ိန္ထိုး ျပသထားေတြပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး စစ္တပ္ထဲမွာ ျဖစ္တဲ့ မေတာ္တဆမႈေတြကို ဖံုးထားတာေတြ၊ ေနာက္ဆံုးအခ်ိန္အထိိ တရားခံမေပၚတာေတြကို ကိုင္တြယ္ ျပသထားတဲ့ ရသစံုတဲ့ ဇာတ္လမ္းေလးပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ ဗုဒၶဘာသာယုံၾကည္သူေတြရဲ႕ ေသခါးနီးအခ်ိန္ အစြဲေၾကာင့္ မကြ်တ္မလြတ္နိုင္တာ၊ ငရဲဆိုတာ ရိွတဲ့သေဘာကို ျပသထားၿပီး၊ ဘာပဲလုပ္လုပ္ စိတ္သာလွ်င္ အဓိကဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းေဖာ္ျပထားတယ္လို႕ ထင္ပါတယ္။ ျမန္မာလူမ်ိဳး ဗုဒၶဘာသာ အမ်ားစု ယုံၾကည္ထားသလို စိိတ္ထားတတ္ရင္ ေညာင္ေစ့ေလာက္ လွဴရင္ေတာင္ ေညာင္ပင္ေလာက္ ကုသိုလ္ ရတယ္၊ စိတ္မထားတတ္ရင္ ေညာင္ပင္ေလာက္ လွဴရင္ေတာင္ ေညာင္ေစ့ေလာက္ပဲ ရတတ္တယ္ဆိုတဲ့ သေဘာနဲ႕ ကုိိက္ညီတဲ့ အခ်က္ေတြကိိုလည္း ေတြ႕ရပါလိမ့္မယ္။
ဟာသေလးေတြနဲ႕ ေရာၿပီး ရယ္ေမာေစ၊ ေနာက္ၿပီး ၅၂၈ေမတၱာကိုပါ ကိုင္တြယ္ျပသထားတဲ့အတြက္ မ်က္ရည္မခိုင္တဲ့ သူေတြေတာ့ တစ္ရႈး သို႕မဟုတ္ လက္ကိုင္ပုဝါ ေဆာင္ထားေစခ်င္ပါတယ္။ ေနာက္ၿပီး ၾကည့္ရႈသူေတြ မျငီးေငြ႕ေအာင္လို႕ ေခတ္မွီ ဂရပ္ဖစ္ေတြပါ သံုးၿပီး ဖန္တီးထားတဲ့ စိတ္ဝင္စားစရာေကာင္းတဲ့ ဇာတ္ကား တစ္ကားပဲ ျဖစ္ပါတယ္။ ဇာတ္လမ္း အေသးစိတ္ကို ေျပာျပလိုက္ရင္ ရုပ္ရွင္ ၾကည့္တဲ့အခါ ဖီးလ္ေအာက္တဲ့အတြက္ အေငြ႕အသက္ေလးေလာက္ပဲ မိတ္ဆက္ေပးလိုက္ပါတယ္။🤫🤫🤫
Unicode
လွန်ခဲ့တဲ့ ၄၊၅၊၆နှစ်လောက်က မိုးဒီနဲ့ ကင်းကောင်တို့ ရဲ့ ငှက်ဖျား ဘာကြောင့် ဖြစ်တာလဲ။ ငှက်ပျောသီးစားလို့၊ စမ်းရေသောက်လို့ ဆိုပြီး ရိုက်ထားတဲ့ ကြော်ငြာလေးကို မျက်လုံးထဲမှာ ပေါ်လာစေတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ကိုရီးယားမှာ လက်ရှိ ရုံတင် ပြသလျက်ရှိပြီး နိုင်ငံတကာကို ဖြန့်ချီတော့မယ်လို့ ကြားသိရတဲ့ Along With the Gods: The Two Worlds ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။
အသက်ဆက် မျက်ရည်ဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖူးသူတွေအနေနဲ့တော့ ဒီကားလေးရဲ့ နောက်ခံ သဘောတရားနဲ့ သိပ်မစိမ်းလောက်ဘူးလို့တော့ ထင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ ဖော်ပြထားတာတွေဟာ တကယ်ကို အနှစ်သာရ ရှိတဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ၊ မီးသတ်သမားတွေရဲ့ ဘဝကို ချိန်ထိုးပြသထားတယ်။ နောက်တစ်ခု ဆင်းရဲနွမ်းပါးမှုကို ပြထားတယ်။ ဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်တော့ မကြံကောင်းမစည်အပ်တာကို ကြံစည်မိတာတွေ၊ ဒါတွေဟာ ကိုရီးယားနိုင်ငံ အခြေခံ လူတန်းစားရဲ့ ဘဝကို ချိန်ထိုး ပြသထားတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်ထဲမှာ ဖြစ်တဲ့ မတော်တဆမှုတွေကို ဖုံးထားတာတွေ၊နောက်ဆုံးအချိန်အထိ တရားခံမပေါ်တာတွေကို ကိုင်တွယ် ပြသထားတဲ့ ရသစုံတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
နောက်တစ်ချက် ဗုဒ္ဓဘာသာယုံကြည်သူတွေရဲ့ သေခါးနီးအချိန် အစွဲကြောင့် မကျွတ်မလွတ်နိုင်တာ၊ ငရဲဆိုတာ ရှိတဲ့သဘောကို ပြသထားပြီး၊ ဘာပဲလုပ်လုပ် စိတ်သာလျှင် အဓိကဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းဖော်ပြထားတယ်လို့ ထင်ပါတယ်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာ အများစု ယုံကြည်ထားသလို စိတ်ထားတတ်ရင် ညောင်စေ့လောက် လှူရင်တောင် ညောင်ပင်လောက် ကုသိုလ် ရတယ်၊ စိတ်မထားတတ်ရင် ညောင်ပင်လောက် လှူရင်တောင် ညောင်စေ့လောက်ပဲ ရတတ်တယ်ဆိုတဲ့ သဘောနဲ့ ကိုက်ညီတဲ့ အချက်တွေကိုလည်း တွေ့ရပါလိမ့်မယ်။
ဟာသလေးတွေနဲ့ ရောပြီး ရယ်မောစေ၊ နောက်ပြီး ၅၂၈မေတ္တာကိုပါ ကိုင်တွယ်ပြသထားတဲ့အတွက် မျက်ရည်မခိုင်တဲ့ သူတွေတော့ တစ်ရှုး သို့မဟုတ် လက်ကိုင်ပုဝါ ဆောင်ထားစေချင်ပါတယ်။ နောက်ပြီး ကြည့်ရှုသူတွေ မငြီးငွေ့အောင်လို့ ခေတ်မှီ ဂရပ်ဖစ်တွေပါ သုံးပြီး ဖန်တီးထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အသေးစိတ်ကို ပြောပြလိုက်ရင် ရုပ်ရှင် ကြည့်တဲ့အခါ ဖီးလ်အောက်တဲ့အတွက် အငွေ့အသက်လေးလောက်ပဲ မိတ်ဆက်ပေးလိုက်ပါတယ်။🤫🤫🤫
mm.aaa.kr
'감상문(ရီဗျူး)' 카테고리의 다른 글
완벽한 타인, Intimate(Perfect) Strangers (0) | 2019.01.07 |
---|---|
신과 함께 인과 연, Along with the Gods: The Last 49 Days (0) | 2018.12.24 |
영화 Burning (0) | 2018.12.21 |
영화 Extinction (0) | 2018.12.21 |
미쓰백(Miss Baek) (0) | 2018.12.15 |