달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'여름'에 해당되는 글 2

  1. 2019.01.03 세미원 두물머리
  2. 2018.12.21 남산타워
2019. 1. 3. 18:50

세미원 두물머리 나들이(အလည်အပတ်)2019. 1. 3. 18:50

2018.07.15. 세미원 두물머리 연꽃

   세미원 연꽃축제에 2번 갔다왔는데 2번 다 카메라멘 역을 맡았기엔 스스로를 담은 사진을 못 찍었다. 그래서 꼭 한 번 더 가야겠다고 마음 먹고 있었는데 이번 주말에 내가 다짐한 것을 실천했다. 이번에는 카메라멘이 아닌 모델 역을 맡게 되었고 "이번에 주인공은 나야 나"~ ㅋㅋㅋ
세미원에 입장료는 성인 5천원이고, 연꽃 구경을 하다가 배다리를 지나서 두물머리쪽으로 발을 뻗을 수 있다. 참고로 두물 머리는 입장료 낼 필요 없는 열린 공간이다. 개인적으로 두물 머리쪽 경치가 더 아름답다고 생각한다. 분위기 있는 카페도 있고 더 좋았던 같다. 두물머리에도 연꽃밭이 있으니 연꽃구경하기 위해서 굳이 입장료 내서 세미원에 들어갈 필요가 있나 싶다. 그래도 세미원에 있는 연꽃 밭이 분홍색, 하얀색 두개 다 있으니 색다른 구경거리가 될 수는 있다. 선택은 당신에게 맡기겠다. ㅎㅎㅎ


Zawgyi

  ဆယ္မီေဝါင္း ၾကာပန္းပြဲကို အရင္ႏွစ္က တစ္ေခါက္ ဒီႏွစ္ထဲမွာ ႏွစ္ေခါက္ စုစုေပါင္း သံုးေခါက္ေရာက္ခဲ့တယ္ေပါ့ေနာ္။ အရင္ ႏွစ္ေခါက္တုန္းကေတာ့ အလုပ္နဲ႔ ျဖစ္တဲ့အတြက္ အခ်ိန္မရေတာ့ ကိုယ္က ကင္မရာမန္း လုပ္ၿပီး သူမ်ားေတြကိုပဲ ဓာတ္ပံုလွလွေလးေတြ ႐ိုက္ေပးၿပီး ကိုယ့္ပံု မ႐ိုက္လိုက္ရဘူး။ အဲဒီအတြက္ ထပ္လာမယ္ဆိုၿပီး စိတ္ဆံုးျဖတ္ထားခဲ့တာ။ ဒီတစ္ခါေတာ့ ကိုယ့္ျဖစ္ခ်င္တဲ့အတိုင္း ေမာ္ဒယ္လုပ္ၿပီး အ႐ိုက္ခံခဲ့တယ္။ ဟီး။
ေအာ္ ဒီတစ္ေခါက္မွာေတာ့ ဒူမူးေမာရီအထိပါ ေျခဆန္႔ခဲ့တယ္။ ေရျပင္၊ ေတာင္တန္း၊ ေကာင္းကင္ႀကီးနဲ႔ အရမ္းလွတဲ့ ႐ႈခင္းေတြ ႐ႈစားခဲ့ရတယ္။ ဒူမူးေမာရီကေတာ့ ဝင္ေၾကးမေပးရဘဲ။ ဆယ္မီေဝါင္းကေတာ့ လူႀကီး တစ္ေယာက္ ဝမ္ ၅၀၀၀ ဝင္ေၾကး ေပးရပါတယ္။ ႏွစ္ခုက ဆက္ေနေတာ့ ေလွတံတားကေန ျဖတ္ကူးလို႔ ရပါတယ္။ ေလွတံတားမွာ ႐ွိတဲ့ လက္မွတ္စစ္တဲ့ ဂိတ္ကိုေတာ့ ျဖတ္ရတာေပါ့ေနာ္။ ဒူမူးေမာရီဘက္မွာလည္း ၾကာခင္းေတြ ႐ွိတဲ့အတြက္ ပိုက္ဆံ အကုန္ခံၿပီး ဆယ္မီေဝါင္းထဲ မသြားလဲ ရတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ ဒူမူးေမာရီ ဘက္မွာေတာ့ ၾကာျဖဴခင္းပဲ ႐ွိၿပီး ဆယ္မီေဝါင္းဘက္မွာေတာ့ ပန္းေရာင္ေရာ အျဖဴေရာင္ေရာ ႐ွိတဲ့အတြက္ မိမိ သေဘာက်သလို ဆံုးျဖတ္ေပါ့ေနာ္။


Unicode

   ဆယ်မီဝေါင်း ကြာပန်းပွဲကို အရင်နှစ်က တစ်ခေါက် ဒီနှစ်ထဲမှာ နှစ်ခေါက် စုစုပေါင်း သုံးခေါက်ရောက်ခဲ့တယ်ပေါ့နော်။ အရင် နှစ်ခေါက်တုန်းကတော့ အလုပ်နဲ့ ဖြစ်တဲ့အတွက် အချိန်မရတော့ ကိုယ်က ကင်မရာမန်း လုပ်ပြီး သူများတွေကိုပဲ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးပြီး ကိုယ့်ပုံ မရိုက်လိုက်ရဘူး။ အဲဒီအတွက် ထပ်လာမယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားခဲ့တာ။ ဒီတစ်ခါတော့ ကိုယ့်ဖြစ်ချင်တဲ့အတိုင်း မော်ဒယ်လုပ်ပြီး အရိုက်ခံခဲ့တယ်။ ဟီး။

အော် ဒီတစ်ခေါက်မှာတော့ ဒူမူးမောရီအထိပါ ခြေဆန့်ခဲ့တယ်။ ရေပြင်၊ တောင်တန်း၊ ကောင်းကင်ကြီးနဲ့ အရမ်းလှတဲ့ ရှုခင်းတွေ ရှုစားခဲ့ရတယ်။ ဒူမူးမောရီကတော့ ဝင်ကြေးမပေးရဘဲ။ ဆယ်မီဝေါင်းကတော့ လူကြီး တစ်ယောက် ဝမ် ၅၀၀၀ ဝင်ကြေး ပေးရပါတယ်။ နှစ်ခုက ဆက်နေတော့ လှေတံတားကနေ ဖြတ်ကူးလို့ ရပါတယ်။ လှေတံတားမှာ ရှိတဲ့ လက်မှတ်စစ်တဲ့ ဂိတ်ကိုတော့ ဖြတ်ရတာပေါ့နော်။ ဒူမူးမောရီဘက်မှာလည်း ကြာခင်းတွေ ရှိတဲ့အတွက် ပိုက်ဆံ အကုန်ခံပြီး ဆယ်မီဝေါင်းထဲ မသွားလဲ ရတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒူမူးမောရီ ဘက်မှာတော့ ကြာဖြူခင်းပဲ ရှိပြီး ဆယ်မီဝေါင်းဘက်မှာတော့ ပန်းရောင်ရော အဖြူရောင်ရော ရှိတဲ့အတွက် မိမိ သဘောကျသလို ဆုံးဖြတ်ပေါ့နော်။


mm.aaa.kr


:
Posted by 해맑은순이
2018. 12. 21. 12:49

남산타워 지식2018. 12. 21. 12:49

2018.07.03. 남산타워 

 한국이라면 서울, 서울의 구경거리라고 하면 남산타워라고 할만큼 서울의 랜드마크라고 해도 과언이 아니다. 그러나 남산타워라고 하면 관광지라고만 알고 넘어가는 경우가 많다. 모르는 사람들을 위해서 남산 이야기를 조금 소개해보겠다. 

남산의 본래 이름은 인경산이었으며 조선초기에 수도를 서울로 옮기고 나서 남쪽에 있는 산이라고 남산으로 지칭되었다. 나라의 평안을 비는 제사를 지내기 위하여 산신령을 모시는 신당을 세워 목멱대왕 산신을 모시고 있어 목멱신사라고 불리고 그때부터 인경산은 목멱산으로 불렸다.남산은 조선시대때 경복궁과 마주보고 있는 산이며 조선 왕이 아주 중요하게 여기는 산이었다. ‘목멱신사가 있었던 자리는 오늘날 남산 팔각정이 있는 위치에 자리했다고 한다.

그리고 조선시대때 하나의 통신 수단이었던 다섯 개처의 봉수대가 남산에 있었고 낮에는 연기, 밤에는 불을 피워 신호해서 적의 접근 상황을 알렸다고들 한다. 그 봉수대들은 일제강점기때 훼손되었고 5개처 중 1개처가 1993년에 복원되었다. 오늘날 남산에서 볼 수 있는 봉수대는 그 복원된 1개처의 봉수대이다.

    남산타워는 국내 최초의 종합전파 탑으로 건립해 사용되었다고도 한다. 애국가에도 남산이 언급된 정도로 한국에서는 중요한 산 인 것 같다. 그렇게 좋은 뜻들이 담긴 남산에도 아픈 역사가 있단다. 일제강점기에 이어 군부독재시대까지 독립운동가들, 민주주의 운동가들을 고문했던 서대문형무소, 남산 안기부 터가 남산 근처에 있었다. 군부독재 시절에는 남산에 끌려가면 엄청난 고문을 받을 거라는 뜻이었다고 한다. 그 당시에는 사람들이 남산이라면 무서운 곳으로 여기고 있었다고도 한다.

    또는 N서울타워 빛을 보고 미세먼지 농도를 알 수 있다고들 한다. ‘파란색’인 날은 미세먼지가 없는 날 ‘맑아요’를 의미한다. 서울 시내의 공기가 깨끗하다는 메시지를 전하고 있다.
   서울타워의 불빛이 ‘초록색’인 날은 미세먼지가 ‘보통’이라는 의미다. 
   ‘붉은색’ 미세먼지가 ‘나쁨’ 수준이라는 메시지다.  


Zawgyi Font

   မ္ဆန္းတာဝါဆိုတာကေတာ့ ကိုရီးယား ေရာက္ဖူးသူတိုင္း ၾကားဖူးနားဝ ရိွၾကတဲ့ နာမည္ၾကီး ခရီးသြားေနရာ တစ္ခုလို႕ ဆိုရင္လည္း မမွားပါဘူး။ သူ႕ရဲ႕ သမိုင္းကိုေတာ့ မသိေသးတဲ့ သူက မ်ားပါတယ္။

နမ္ဆန္းဆိုတာ ေတာင္နာမည္ ျဖစ္ၿပီး သူရဲ႕ နာမည္က အရင္တုန္းက အင္ဂေရာင္းေတာင္ ထို့ုေနာက္မွာေတာ့ မို႕ေမ်ာ့ေတာင္လို႕ ေခၚခဲ့ပါတယ္။  အေၾကာင္းမွာ နမ္ဆန္းဟာ ဂ်ိဳေဆာင္းေခတ္ ဂေရာင္းဗို႕နန္းေတာ္နဲ႕ မ်က္နွာခ်င္းဆိုင္ထားၿပီး ဂ်ိဳေဆာင္းေခတ္တုန္းကဆို နမ္ဆန္းေတာင္ဟာ အလြန္ အေရးပါတဲ့ ေတာင္ပဲ ျဖစ္ပါတယ္။ ဂ်ိဳေဆာင္းဘုရင္ေခတ္က နမ္ဆန္းေတာင္မွာ မို႕ေမ်ာ့ေတာင္ေစာင့္နတ္မင္းၾကီးကို ပင့္ဖိတ္ထားၿပီး  နတ္ကန္ေတာ့တဲ့ နတ္နန္းကို တည္ေဆာက္ခဲ့ပါတယ္။ အဲဒီ နတ္နန္းဟာ ယေန႕ နမ္ဆန္းတာဝါ သြားရင္ တိုင္ ၈လံုးနဲ႕ ဇရပ္လို အေဆာက္အဦးေနရာမွာ ရိွခဲ့တာပါ။ ဒီအထိကေတာ့ နမ္ဆန္းရဲ႕ သမိုင္းအစေပါ့ေနာ္။

  အဲဒီ့အျပင္ နမ္ဆန္းေတာင္ေပၚမွာ အခ်က္ျပမီးလႊတ္တဲ့ ေခါင္းတိုင္ ေနရာ ၅ခုလည္း ရိွပါေသးတယ္။ ေတာင္ေပၚကေန ကင္းေစာင့္ၿပီး အေရးေပၚအေျခအေန က်ေရာက္လာခဲ့ရင္ သတင္းေပး အခ်က္ျပမီး(ညဘက္)၊ အခ်က္ျပ မီးခိုး(ေန႕ဘက္)အေနနဲ႕ ထုတ္လႊတ္တာ ျဖစ္ပါတယ္။ အဲဒီ ေခါင္းတိုင္ေတြဟာ ဂ်ပန္ကိုလိုနီေခတ္မွာ ဖ်က္ဆီး ခံရၿပီး ၁၉၉၃ခုမွာ ၁ခုကို ျပန္လည္ တည္ေဆာက္ၿပီးေတာ့ မီးခိုးေငြ႕နဲ႕ အခ်က္ျပတဲ့ ျပန္လည္ပံုေဖာ္ပြဲကိုေတာ့ ေန႕စဥ္ ၁၁နာရီကေန ၁၂ခြဲၾကား(တနလၤာေန႕ ပိတ္ရက္ မပါ)မွာ ျပဳလုပ္ပါတယ္။

   နမ္ဆန္းေတာင္ေပၚမွာ နမ္ဆန္းတာဝါကို ၁၉၇၁ခုႏွစ္ တီဗြီနဲ႕ ေရဒီယိုအသံလႊင့္တဲ့ တာဝါအေနနဲ႕ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ၂၀၁၂ခုႏွစ္ analog အသံလႊင့္ျခင္း ရပ္ဆိုင္းလိုက္သည္အထိ ကိုရီးယား နာမည္ၾကီး အသံလႊင့္ဌာနေတြျဖစ္တဲ့ KBS, MBC, SBS အသံလႊင့္ဌာနေတြကစၿပီး တျခားတျခားေသာ အသံလႊင့္ဌာေတြရဲ႕ အင္တာနာေတြကို တပ္ဆင္ထားၿပီး တစ္နိုင္ငံလံုးရဲ႕ ၾကည့္ရႈသူဦးေရရဲ႕ ၄၈ရာခိုင္ႏႈန္းဟာ ဒီ နမ္ဆန္းတာဝါရဲ႕ ေရဒါကတစ္ဆင့္ ဖမ္းယူၾကည့္ရႈေနၾကတာ ျဖစ္ပါတယ္။

   ေနာက္တစ္ခု ဗဟုသုတ အေနနဲ႕ ေျပာျပခ်င္တာေကေတာ့ နမ္ဆန္းဟာ ကိုရီးယားမွာ ဘယ္ေလာက္ အေရးပါလဲဆိုရင္ နိုင္ငံေတာ္ သီခ်င္း ဒုတိယအပိုဒ္မွာ နမ္ဆန္း ေပၚက ထင္းရွဴးပင္ကေတာ့ ေလးရာသီလံုး စိမ္းဆိုေနသလိုမ်ိဳး၊ ေလရဲ႕ ေအးျမျခင္းဟာ အျမဲ ေအးျမေနသလိုမ်ိိဳး၊ ငါတို႕ရဲ႕ ခံယူခ်က္နဲ႕ အားအင္ေတြလည္း အျမဲ စိမ္းလန္းသစ္လြင္ေနပါေစ။ ဆိုၿပီး ထည့္ဆိုထားတာကို ၾကည့္ျခင္းအားျဖင့္ သိနိုင္ပါတယ္။

   အဲဒီေနာက္ကြယ္မွာ ရင္နာစရာ သမိုင္းေၾကာင္းေတြလည္း ရိွခဲ့ဖူးပါတယ္။ ဂ်ပန္ေခတ္ကတစ္မ်ိဳး၊ နမ္ဆန္းေတာင္ေျခမွာဆိုရင္ ဂ်ပန္ေခတ္က လြတ္လပ္ေရး ၾကိဳးပမ္းသူေတြကို ခ်ဳပ္ထားတဲ့ အခ်ဳပ္ခန္းလည္း ရိွတယ္။ ေနာက္ၿပီး ဂ်ပန္က ကိုရီးယားကို က်ဴးေက်ာ္တာ နမ္ဆန္းကေန စၿပီး က်ဴးေက်ာ္ခဲ့တာဆိုလည္း မမွားပါဘူး။ နမ္ဆန္းေတာင္ ဝန္းက်င္မွာဆိုရင္ ဂ်ပန္ေတြ အေတာ္မ်ားမ်ား ေနထိုင္ခဲ့တယ္လို႕ သိရပါတယ္။

   စစ္တပ္အုပ္ခ်ဳပ္ေရးေခတ္ကဆို နမ္ဆန္းေတာင္ေျခမွာ ဗဟိုေထာက္လွမ္းေရးဌာန၊ နိုင္ငံေတာ္ လံုျခံေရး စီမံကိန္းဌာနေတြ ရိွခဲ့တယ္။ အဲဒါေၾကာင့္ စစ္တပ္အုပ္ခ်ဳပ္ေရး ေခတ္ကဆို နမ္ဆန္းကို ေခၚသြားတာ ခံရတယ္ဆိုရင္ မတရား ညွဥ္းပမ္းႏွိပ္စက္ အေမးအျမန္းခံရတယ္ဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ အဲဒီေခတ္က နမ္ဆန္းဆိုတာနဲ႕ လူေတြဟာ ေၾကာက္စရာေကာင္းတဲ့ေနရာဆိုၿပီး တုန္လႈပ္ေျခာက္ျခားစရာ ေကာင္းတဲ့ ေနရာတစ္ခုအျဖစ္ပဲ သတ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။

        ေနာက္တစ္ခုကေတာ့နမ္ဆန္းတာဝါရဲ႕  မီးအေရာင္ကို ၾကည့္ၿပီးလည္း micro dust ဆိုတဲ့ လူ႔ရဲ႕ က်န္းမာေရးကို ထိခိုက္ေစေသာ ဖုန္ရဲ႕ အနည္းအမ်ားကို အခ်က္ေပးတဲ့အေနနဲ႔ မီးအေရာင္ကို ခြဲၿပီး ထြန္းတယ္လို႔ ဆိုၾကပါတယ္။ အျပာေရာင္ဆိုရင္ ဖုန္ ကင္းစင္တယ္ အဓိပၸါယ္ ျဖစ္ၿပီး၊ အစိမ္းေရာင္ဆိုရင္ ဖုန္း အနည္းငယ္ ရွိေနတယ္ ဆိုတဲ့ အဓိပၸါယ္ျဖစ္ၿပီး၊ အနီေရာင္ဆိုရင္ေတာ့ ဖုန္ အရမ္းမ်ားေနတဲ့အတြက္ သတိေပးေနတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ 

ဒါကေတာ့ အၾကမ္းဖ်င္း နမ္ဆန္းအေၾကာင္းေလး တီးမိိေခါက္မိပါေစေတာ့ဆိုၿပီး ေရးထားတာပါ။ လိုအပ္တာရိွရင္ ျဖည့္ၾကည့္ေပးၾကပါ။ 



Unicode


    နမ်ဆန်းတာဝါဆိုတာကတော့ ကိုရီးယား ရောက်ဖူးသူတိုင်း ကြားဖူးနားဝ ရှိကြတဲ့ နာမည်ကြီး ခရီးသွားနေရာ တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ သမိုင်းကိုတော့ မသိသေးတဲ့ သူက များပါတယ်။ 

နမ်ဆန်းဆိုတာ တောင်နာမည် ဖြစ်ပြီး သူရဲ့ နာမည်က အရင်တုန်းက အင်ဂရောင်းတောင် ထို့နောက်မှာတော့ မို့မျော့တောင်လို့ ခေါ်ခဲ့ပါတယ်။ နောက်ပြီး နမ်ဆန်းဟာ ဂျိုဆောင်းခေတ် ဂရောင်းဗို့နန်းတော်နဲ့ မျက်နှာချင်းဆိုင်ထားပြီး ဂျိုဆောင်းခေတ်တုန်းကဆို နမ်ဆန်းတောင်ဟာ အလွန် အရေးပါတဲ့ တောင်ပဲ ဖြစ်ပါတယ်။ ဂျိုဆောင်းဘုရင်ခေတ်က နမ်ဆန်းတောင်ပေါ်မှာ မို့မျော့တောင်စောင့်နတ်မင်းကြီးကို ပင့်ဖိတ်ထားပြီး  နတ်ကန်တော့တဲ့ နတ်နန်းကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီ နတ်နန်းဟာ ယနေ့ နမ်ဆန်းတာဝါ သွားရင် တိုင် ၈လုံးနဲ့ ဇရပ်လို အဆောက်အဦးနေရာမှာ ရှိခဲ့တာပါ။ ဒီအထိကတော့ နမ်ဆန်းရဲ့ သမိုင်းအစပေါ့နော်။ 

   အဲဒီ့အပြင် နမ်ဆန်းတောင်ပေါ်မှာ အချက်ပြမီးလွှတ်တဲ့ ခေါင်းတိုင် နေရာ ၅နေရာလည်း ရှိပါသေးတယ်။ တောင်ပေါ်ကနေ ကင်းစောင့်ပြီး အရေးပေါ်အခြေအနေ ကျရောက်လာခဲ့ရင် သတင်းပေး အချက်ပြမီး(ညဘက်)၊ အချက်ပြ မီးခိုး(နေ့ဘက်)အနေနဲ့ ထုတ်လွှတ်တာ ဖြစ်ပါတယ်။ အဲဒီ ခေါင်းတိုင်တွေဟာ ဂျပန်ကိုလိုနီခေတ်မှာ ဖျက်ဆီး ခံရပြီး ၁၉၉၃ခုမှာ ၁ နေရာကိုပဲ ပြန်လည် တည်ဆောက်ပြီးတော့ မီးခိုးငွေ့နဲ့ အချက်ပြတဲ့ ပြန်လည်ပုံဖော်ပွဲကိုတော့ နေ့စဥ်် ၁၁နာရီကနေ ၁၂ခွဲကြား(တနင်္လာနေ့ ပိတ်ရက်မပါ)မှာ ပြုလုပ်ပါတယ်။ 

   နမ်ဆန်းတောင်ပေါ်မှာ နမ်ဆန်းတာဝါကို ၁၉၇၁ခုနှစ် တီဗွီနဲ့ ရေဒီယိုအသံလွှင့်တဲ့ တာဝါအနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ် analog အသံလွှင့်ခြင်း ရပ်ဆိုင်းလိုက်သည်အထိ ကိုရီးယား နာမည်ကြီး အသံလွှင့်ဌာနတွေဖြစ်တဲ့ KBS, MBC, SBS အသံလွှင့်ဌာနတွေကစပြီး တခြားတခြားသော အသံလွှင့်ဌာတွေရဲ့ အင်တာနာတွေကို တပ်ဆင်ထားပြီး တစ်နိုင်ငံလုံးရဲ့ ကြည့်ရှုသူဦးရေရဲ့ ၄၈ရာခိုင်နှုန်းဟာ ဒီ နမ်ဆန်းတာဝါရဲ့ ရေဒါကတစ်ဆင့် ဖမ်းယူကြည့်ရှုနေကြတာ ဖြစ်ပါတယ်။ 

   နောက်တစ်ခု ဗဟုသုတ အနေနဲ့ ပြောပြချင်တာကေတော့ နမ်ဆန်းဟာ ကိုရီးယားမှာ ဘယ်လောက် အရေးပါလဲဆိုရင် နိုင်ငံတော် သီချင်း ဒုတိယအပိုဒ်မှာ နမ်ဆန်း ပေါ်က ထင်းရှူးပင်ကတော့ လေးရာသီလုံး စိမ်းဆိုနေသလိုမျိုး၊ လေရဲ့ အေးမြခြင်းဟာ အမြဲ အေးမြနေသလိုမျိုး၊ ငါတို့ရဲ့ ခံယူချက်နဲ့ အားအင်တွေလည်း အမြဲ စိမ်းလန်းသစ်လွင်နေပါစေ။ ဆိုပြီး ထည့်ဆိုထားတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ 

  အဲဒီနောက်ကွယ်မှာ ရင်နာစရာ သမိုင်းကြောင်းတွေလည်း ရှိခဲ့ဖူးပါတယ်။ ဂျပန်ခေတ်ကတစ်မျိုး၊ နမ်ဆန်းတောင်ခြေမှာဆိုရင် ဂျပန်ခေတ်က လွတ်လပ်ရေး ကြိုးပမ်းသူတွေကို ချုပ်ထားတဲ့ အချုပ်ခန်းလည်း ရှိတယ်။ နောက်ပြီး ဂျပန်က ကိုရီးယားကို ကျူးကျော်တာ နမ်ဆန်းကနေ စပြီး ကျူးကျော်ခဲ့တာဆိုလည်း မမှားပါဘူး။ နမ်ဆန်းတောင် ဝန်းကျင်မှာဆိုရင် ဂျပန်တွေ အတော်များများ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ 

   စစ်တပ်အုပ်ချုပ်ရေးခေတ်ကဆို နမ်ဆန်းတောင်ခြေမှာ ဗဟိုထောက်လှမ်းရေးဌာန၊ နိုင်ငံတော် လုံခြံရေး စီမံကိန်းဌာနတွေ ရှိခဲ့တယ်။ အဲဒါကြောင့် စစ်တပ်အုပ်ချုပ်ရေး ခေတ်ကဆို နမ်ဆန်းကို ခေါ်သွားတာ ခံရတယ်ဆိုရင် မတရား ညှဉ်းပမ်းနှိပ်စက် အမေးအမြန်းခံရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ အဲဒီခေတ်က နမ်ဆန်းဆိုတာနဲ့ လူတွေဟာ ကြောက်စရာကောင်းတဲ့နေရာဆိုပြီး တုန်လှုပ်ခြောက်ခြားစရာ ကောင်းတဲ့ နေရာတစ်ခုအဖြစ်ပဲ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

     နောက်တစ်ခုကတော့ နမ်ဆန်းတာဝါရဲ့ မီးအရောင်ကို ကြည့်ပြီးလည်း micro dust ဆိုတဲ့ လူ့ရဲ့


ကျန်းမာရေးကို ထိခိုက်စေသော ဖုန်ရဲ့ အနည်းအများကို အချက်ပေးတဲ့အနေနဲ့ မီးအရောင်ကို ခွဲပြီး ထွန်း


တယ်လို့ ဆိုကြပါတယ်။ အပြာရောင်ဆိုရင် ဖုန် ကင်းစင်တယ် အဓိပ္ပါယ် ဖြစ်ပြီး၊ အစိမ်းရောင်ဆိုရင် ဖုန်


အနည်းငယ် ရှိနေတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး၊ အနီရောင်ဆိုရင်တော့ ဖုန် အရမ်းများနေတဲ့အတွက် 


သတိပေးနေတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

 

ဒါကတော့ အကြမ်းဖျင်း နမ်ဆန်းအကြောင်းလေး တီးမိခေါက်မိပါစေတော့ဆိုပြီး ရေးထားတာပါ။ လိုအပ်တာရှိရင် ဖြည့်ကြည့်ပေးကြပါ။ 




mm.aaa.kr

:
Posted by 해맑은순이