달력
5
« 2025/5 »
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  1. 개구리 올챙이 적 생각을 못한다. ဇီးသီးသည် မဗျိုင်း။ ဇီးသီးသည် မဗျိုင်း။
  2. 배보다 배꼽이 크다. တန်ဖိုးထက် လက်ခကြီး။ တန္ဖိုးထက္ လက္ခၾကီး။
  3. 누워서 침 뱉기. ကိုယ့်မျက်နှာ ကိုယ် အိုးမဲသုတ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း။
1.  개구리 올챙이 적 생각을 못한다. 
       이 속담은 자신의 못났고 어려웠던 시절을 기억하지 못하고 처음부터 잘난 듯이 뽐냄을 비유하는 속담이다. 마찬가지로 미얀마에서도 그런 사람을 비유하는 속담이 있다. 그건 "마. 뱌이:"라는 여자가 부잣집에 시집 가고 나서 자신의 못났고 어려웠던 어리적 시절(대추를 팔면서 생활했던 시절)을 잊은 채로 살았던 스토리가 있었다. 그래서 미얀마에서는 그런 올챙이 적 생각 못하는 사람을 "지:띠:때 마.뱌인:"라고 배유해서 부른다. 
ဇီးသီးသည် မဗျိုင်း။
             ဒီစကားပုံလေးရဲ့ အဓိပ္ပါယ်ကတော့ သူ့အတိုင်း ဘာသာပြန်ရရင် ဖားဟာ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဘဝကို မေ့သွားတယ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုလိုရင်းကတော့ မည်သူမဆို ခက်ခဲတဲ့အချိန်ဆိုတာ ရှိခဲ့ဖူးတာပဲလေ။ အထူးသဖြင့် စာ၊ အလုပ်၊ အတတ်ပညာ တစ်ခုခုကို စတင် သင်ယူချိန်က အခက်အခဲကို အားလုံး တတ်သွားတဲ့အခါ အလုပ်သင်ဘဝက၊ ကျောင်းသားဘဝက အကြောင်း ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေကို မေ့သွားပြီး မသိရင် ကိုယ်က အစကတည်းက တော်သလိုလိုမျိုး ပြုမူတတ်တဲ့ သူမျိုးကို နှိုင်းပြီး ပြောတဲ့ နေရာမှာ သုံးပါတယ်။ မြန်မာ စကားပုံ ဇီးသီးသည် မဗျိုင်းနဲ့ အဓိပ္ပါယ် ဆင်တယ်လို့ ယူဆလို့ ရပါတယ်။
Zawgyi font
ဇီးသီးသည် မဗျိုင်း။
2. 배보다 배꼽이 크다. 
      이 속담은 다들 아시다시피 원래 비용보다 추가로 나가는 비용이 더 많았을 때 쓰는 표현이다. 미얀마 속담에도 유사한 속담이 있다. 예를 들어서 자신의 몸에 맞춰서 옷을 만들자고 원단/옷감을 사서 맞춤제작집에 갔더니 제작비가 옷감 값보다 더 많이 나가는 경우 이 속담을 사용한다.
다른 예를 하나 더 들자면 휴대폰을 떨어뜨려 화면이 깨져서 화면 교체하려고 수리공에게 갔더니 비용이 휴대폰 값의 7~80%정도 든다 할 때 이 속담을 사용한다. 
တန်ဖိုးထက် လက်ခကြီး။
          ဒီစကားပုံလေးရဲ့ အဓိပ္ပါယ်ကတော့ ဗိုက်(ဝမ်းဗိုက်)ထက် ချက်က ပိုကြီးနေတယ်ပဲ ဖြစ်ပါတယ်။ သူ့ကို ဘယ်အချိန်မှာ သုံးလဲဆိုတော့ ဥပမာ) မြန်မာပြည်မှာ ဘာသာစကား ပညာဓာနကျောင်းတွေ ရှိတယ်ပေါ့လေ။ စာသင်ချိန် ၁နာရီအတွက် အိမ်ကနေ ပညာဓာနကျောင်းအထိ ဝေးတော့ ၂နာရီလောက် သွားရမယ်။ သင်တန်းကြေးက အခမဲ့ဆိုပေမဲ့ ဘတ်စကားစီးချိန်ရင်းနှီးမြှပ်နှံချိန်၊ ဘတ်စ်ကားခက ပိုများနေတဲ့အခါမျိုးမှာ ဒီလို စကားပုံမျိုးကို သုံးကြပါတယ်။ မြန်မာ စကားပုံ တန်ဖိုးထက် လက်ခကြီးနဲ့ အဓိပ္ပါယ် တူပါတယ်။ 
Zawgyi font
တန်ဖိုးထက် လက်ခကြီး။
3. 누워서 침 뱉기 
     이 속담의 뜻풀이를 보면 "누워서 침을 뱉으면 그 침은 당연히 자신에게 떨어집니다. 침을 뱉는다는 것은 다른 사람을 멸시하거나 무시할 때 하는 행동이고, 그 침을 오히려 자신이 맞게됐다는 뜻이며 남을 욕하려다 내가 욕을 먹게 된 경우에 사용하는 속담이다." 미얀마에서도 비슷한 말이 있다. 그것은 "꼭.먂흐나 꼬 오:메:똗." 이며 뜻은 "자신의 얼굴에 자신이 먹을 칠한다" 이다. 
ကိုယ့်မျက်နှာ ကိုယ် အိုးမဲသုတ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း။
        ဒီ စကားပုံလေးကတော့ (ပက်လက်လှန်ပြီး တံထွေးထွေးခြင်း) ပဲ ဖြစ်ပါတယ်။ ပက်လက်လှန်ပြီး တံထွေးထွေးကြည့်ရင် ကိုယ့်မျက်နှာပေါ် ပြန်ကျပါတယ်။ ထို့အတွက်ကြောင့် ကိုယ့်အကြောင်းကိုယ် ဖော်တတ်တဲ့သူမျိုးကို နှိုင်းပြီး ပြောတဲ့ စကားပုံပဲ ဖြစ်ပါတယ်။ ဥပမာ ယနေ့ခေတ်မှာ ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းနဲ့ ရန်ဖြစ်တဲ့အကြောင်းကို ကိုယ့်ဘက်ကပဲ မှန်သလိုမျိုး တစ်ဖက်သားကိုပဲ အပုပ်ချပြီး ရေးတဲ့သူမျိုး၊ အဲလို လူမျိုးရဲ့ စာဟာ ကိုယ်က ဘယ်လို လူစားမျိုးလဲဆိုတာကို အများသိအောင် ဖော်ပြလိုက်တာ ဖြစ်တဲ့အတွက် အဲဒီအခါမျိုးမှာ ဒီစကားပုံကို သုံးကြပါတယ်။ 
Zawgyi font
မှတ်ချက်။  ။ ဆင်တူတဲ့ စကားပုံလေးတွေကို စုထားခြင်း ဖြစ်တဲ့အတွက် စကားပုံ ရှင်းထားတာလေးတွေမှာ အလွဲအမှားများ ပါကောင်း ပါနိုင်တဲ့အတွက် ဖြည့်စွက် ကြည့်ပေးပါရန် မေတ္တာရပ်ခံပါတယ်။  
Zawgyi font
mm.aaa.kr
:
Posted by 해맑은순이