달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'작은 행복၊'에 해당되는 글 1

  1. 2019.01.25 작은 행복၊ ေပ်ာ္ရႊင္စရာ ေန့ေလးမ်ား

1990년대 Mi Aye의 작은 행복



   Mi Aye 네 사는 23번 길에 한 6~70 가구 정도 살고 있는데 그 중에서 테레비전이 있는 가구는 2~3가구 정도밖에 없다. 전기선이 연결되어 있는 집은 한 60% 정도였다. 전기는 하루에 셀 수 없이 나갔다 들어왔다 했을 때였다. 그 때 당시에 인기 있었던 드라마는 중국 손오공 드라마 및 판관 포청천이였으며 8시 뉴스 끝나면 방영되었다. 우리는 9시 뉴스 끝날 때쯤 되면 눈치껏 테레비전 있는 집에 들어가 조용히 얌전하게 자리를 잡고 드라마를 감상했었다. 그때 당시 동네 새길들은 거의 다 미포장 상태라 건조기에는 먼지 투성이었다. 우리와 비슷한 또래 애들하고 드라마 시작하기 전까지 길가에서 뛰어 놀다가 때가 되면 먼지 묻은 발로 남의 집에 올라가 드라마 손오공  및 판관 포청천을 감상하곤 했다. 드라마가 재미있어질 때쯤 되면 전기가 나가곤 했고, 사람들의  '하~'라고 아쉬운 소리를 내며 어쩔 수 없이 귀가해야만 했다. 그 당시에 Mi Aye가 제일 부러웠던 친구들은 테레비전 있는 집 주인의 자식들이었다. 자기 집이니까 티비를 앉아서 보다가 눕고 싶으면 자유롭게 누워서도 볼 수 있어서 정말 부러웠던 것 같다. '우리 집에 테레비전이 생기면 하루종일 누워서 보고 말거야' 라.는 다짐도 몇번인지 몰라 했었다. 

   Mi Aye 한테도 그런 날이 찾아왔을 줄이야 ~, 중학교 1~2학년 때쯤의 어떤 하루였다. 하교해서 집으로 걸어서 돌아오는 길에 심부름 보러 나오는 넷째 언니와 길에서 마주쳤는데 Mi Aye 를 보고 빨리 집에 가보라고 했다. 아버지가 테레비전 사오신다고 그랬다. Mi Aye도 갑자기 테레비전이라고 하니까 가슴이 두근거리고 바로 집으로 달려갔었다. 집에 도착해서 보니 테레비전이 없었다. 식구들한테 물어봤더니 아버지가 가지러 나갔는데 아직 안 들어왔다고 했다. 목이 빠지게 기다린 끝에 우리 집 앞에 3바퀴 자전거 한 대가 도착했다. 아버지는 커다란 보따리를 안는 채로 3바퀴 자전거에서 내렸다. 보따리를 열어봤더니 조금 실망했었다. 중고품 흑백 티비였기 때문이다. 그래도 행복했던 것은 사실이었고 보따리를 열어보고 바로 티비를 켜고 나서 예전에 그렇게 보기 싫어했던 8시 뉴스를 앉아서도 봤고, 누워서도 봤다. 믿기지 않았다. 꿈인지 현실인지 구별 못할 정도였다. 우리보다 잘 사는 집들이 있었는데 Mi Aye네 집이 먼저 티비를 사들였다는 것이 꿈만 같았다. 물론 중고품이자 흑백 티비였지만 말이다. 행복했던 것도 사실이고 고생은 고생대로 했던 것 같다. 이유는 미얀마의 형편 없는 저전력으로 전압기가 없으면 아예 티비가 켜지지도 않았기 때문이다. 그래서 자동차 배터리로 전기를 연결해서 사용해야만 했다. 그래서 티비와 배터리를 세트로 사온 것이었다. Mi Aye네 형제/자매들은 매일 아침에 자동차 배터리 충전하는 집에 그 무거운 배터리를 형제/자매 두명이 같이 맞들고 가져가 유료 충전시키고 저녁에 다시 가져오는 식이었다. 그래도 전기가 들어올 때만 충전을 해주니까 배터리가 100% 충전된 적은 없었고 어떤 날엔 하루종일 전기가 안 들어와서 1%도 충전 안 되었던 날도 있었다. 그래도 그 배터리가 있었기에 전기 들어오고 나가는 것에 대한 구애를 받지 않고 우리가 즐겨보는 드라마가 시작하는 시간대를 맞추어 티비에 배터리를 연결해서 안심하게 볼 수 있었다. 드라마 방영 도중에 전기가 나가면 드라마에 푹 빠진 사람들이 배터리로 티비를 볼 수 있는 Mi Aye네 집에 몰려와 같이 봤었다. 이 작은 행복들이 Mi Aye에게는 아주 소중했고 평생 잊을 수 없는 추억의 날들이었다. 


 ေပ်ာ္ရႊင္စရာ ေန့ေလးမ်ား

Zawgyi

 မိေအးတို႔ လမ္းထဲမွာ အိမ္ေထာင္စု ၆၀/ ၇၀ေလာက္ ရွိမယ္။ အဲ့ဒီ့ အထဲမွာမွ တီဗြီ ရွိတဲ့ အိမ္ဟာ ၂အိမ္ ၃အိမ္ေလာက္ပဲ ရွိတယ္။ မီးရတဲ့ အိမ္ကလည္း ၆၀ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္။ မီးကလည္း တစ္ေန႔ကို အေခါက္ ၆၀ေက်ာ္ေလာက္ ပ်က္လိုက္ လာလိုက္နဲ႔ေပါ့။ အဲဒီ ေခတ္တုန္းက ေခတ္စားတဲ့ ဇာတ္လမ္းတြဲေတြကေတာ့ ၈နာရီ သတင္းအၿပီးမွာ လႊင့္တဲ့ စြန္းဝူခုံးေခၚ ေမ်ာက္ကားနဲ႔ ေပါင္ခ်ိန္ကားေတြေပါ့။ ၉နာရီ ေက်ာ္ၿပီ၊ သတင္း ၿပီးေလာက္ၿပီဆိုရင္ တီဗြီဖြင့္ထားတဲ့ အိမ္ပိုင္ရွင္ေတြရဲ႕ မ်က္ႏွာကို အကဲခတ္ၿပီး အသာေလး အိမ္ထဲ ဝင္သြားၿပီး ၿငိမ္ၿငိမ္ေလး ထိုင္ၿပီး ၾကည့္တာေပါ့။  အဲဒီ့ အခ်ိန္တုန္းက လမ္းေတြကလည္း မခင္းရေသးေတာ့ ေျပးလႊားေဆာ့ကစားထားတဲ့ ဖုန္ေပေနတဲ့ ေျခေထာက္ေတြနဲ႔ သူမ်ားအိမ္ေပၚ တက္ၿပီး ၾကည့္ၾကတာေလ။ အားလည္း နာတယ္။ ေမာင္းထုတ္ခံရမွာလည္း ေၾကာက္တာေပါ့။ ေျခေထာက္ေဆးၿပီး လာခဲ့လို႔ ေျပာတာေတာ့ ခံရဖူးေပမဲ့ လာမၾကည့္နဲ႔လို႔ ေျပာတာေတာ့ မခံခဲ့ရဘူး။ မီးကေလ ေကာင္းခန္းေရာက္ၿပီဆို အၿမဲ ျပတ္တယ္။ မီးပ်က္ရင္ အိမ္ျပန္၊ မီးျပန္လာရင္ ျပန္သြားၾကည့္နဲ႔ အဲ့ဒီ့ မီးေၾကာင့္ တစ္ခါပဲ မ်က္ႏွာရိပ္ မ်က္ႏွာကဲ ၾကည့္ရမွာကို ၂ခါ ၃ခါ ၾကည့္ရတယ္ေလ။ သိပ္မုန္းတာပဲ။ ေနာက္ၿပီး မိေအး အားအက်ဆုံး သူငယ္ခ်င္းေတြကေတာ့ တီဗြီ ရွိတဲ့ အိမ္က ကေလးေတြပဲ။ သူတို႔ဆို အခ်ိန္မေ႐ြး တီဗြီ ဖြင့္ၾကည့္လို႔လည္း ရတယ္။ တုံးလုံးလွဲၾကည့္လို႔ လည္း ရတဲ့အတြက္ေၾကာင့္ေလ။ ငါတို႔ အိမ္မွာ တီဗြီ ရွိရင္ တစ္ေနကုန္ တုံးလုံးလွဲၿပီး ၾကည့္ဦးမယ္ဆိုၿပီး က်ိန္းဖူးတာလည္း အႀကိမ္ေရ မနည္းပါဘူး။


   ကံတရားက မိေအးဘက္ ေရာက္လာတဲ့ ေန့ေလးတစ္ေန့ေပါ့။ မိေအး ၅တန္း၊ ၆တန္းေလာက္ကေပါ့။ တစ္ေန႔ေ ေက်ာင္းလႊတ္ခ်ိန္ အိမ္အျပန္လမ္းမွာ မိေအး အထက္က ၄‌ေယာက္‌ေျမာက္ အစ္မနဲ႔ လမ္းမွာ ေတြ႕ေတာ့ အိမ္ကို အျမန္ျပန္တဲ့။ အေဖႀကီး တီဗြီ သြားဝယ္ေနတယ္တဲ့။ မေမွ်ာ္လင့္ထားတဲ့ ကိစၥႀကီးဆိုေတာ့ ရင္ေတြလည္း တုန္၊ ေျခေတြ လက္ေတြလည္း ေအးလာၿပီး၊ အိမ္ကို တန္းေျပးတာေပါ့ ဘယ္ရမလဲ။ အိမ္ကိုေရာက္ေတာ့ အေဖႀကီးက ျပန္မေရာက္ေသးဘူး။ ေစာင့္လိုက္ရတာ လည္ပင္းေတာင္ ရွည္ထြက္လာတယ္။ ခဏေနေတာ့ ဆိုက္ကား တစ္စီး အိမ္ေရွ႕ကို ဆိုက္လာတယ္။ ဆိုက္ကားေပၚကေန အထုပ္ေလး ပိုက္ၿပီး ဆင္းလာတဲ့ အေဖ့ကို လွမ္းေတြ႕လိုက္ေတာ့ ဘယ္လို ေပ်ာ္မွန္း မသိ။ အထုပ္ေလးကို ဖြင့္လိုက္ေတာ့ မိေအး နည္းနည္း စိတ္ပ်က္သြားတယ္။ အေၾကာင္းကေတာ့ မိေအးထင္ထားတဲ့ ကာလာတီဗြီ မဟုတ္ အျဖဴအမည္း တီဗြီ ျဖစ္ေနတဲ့အတြက္ေၾကာင့္ပဲ ျဖစ္တယ္။ ဒါေပမဲ့လည္း မရွိတာထက္စာရင္ ေတာ္ပါေသးတယ္ဆိုၿပီး အဲဒီ့ အျဖဴအမည္းေလးကိုပဲ ဖြင့္ၿပီး အရင္က အရမ္းမုန္းတဲ့ ၈နာရီ သတင္းကိုအထူးတန္းကေန ထိုင္ၿပီးကို ၾကည့္ေနတာ။ ငါတို႔ေတြထက္ ေျပလည္တဲ့ အိမ္ေတြေတာင္ တီဗြီ မဝယ္ႏိုင္ေသးတဲ့ အခ်ိန္မွာ ဘယ္လိုပဲ အေဟာင္းပဲ ျဖစ္ပါေစဦးေတာ့ အိမ္မွာ တီဗြီ ရွိေနတာကို မယုံႏိုင္ ျဖစ္ခဲ့ရတယ္။ အိပ္မက္လား တကယ္လားဆိုၿပီးေပါ့။ အဲဒီ့ တီဗြီေၾကာင့္ ေပ်ာ္တာလည္း ေပ်ာ္တာေပါ့၊ အေတာ္ေလးလည္း အပင္ပန္း ခံခဲ့ရတယ္။ အေၾကာင္းရင္းကေတာ့ ျမန္မာျပည္က မီးအားက အရမ္းနည္းေတာ့ မီးအားျမႇင့္စက္ မရွိရင္ တီဗြီက ၾကည့္မရတာ ျပႆနာ။ အဲ့တာေၾကာင့္လားမသိ ျပန္ေရာင္းတဲ့ သူကလည္း တီဗြီနဲ႔ ဘတ္ထရီ အတြဲလိုက္ ေရာင္းလိုက္ေလရဲ႕။ မိေအးတို႔ မနက္မနက္ဆို ဘတ္ထရီကို ေမာင္ႏွမေတြ တစ္ေယာက္ တစ္ဖက္ မၿပီး အားသြင္းဆိုင္ကို သြားပို႔၊ ညေနက် ျပန္သြားယူနဲ႔ေပါ့။ အားသြင္းတဲ့ ဆိုင္ကလည္း မီးလာတဲ့အခ်ိန္ပဲ သြင္းေပးေတာ့ တစ္ေနကုန္ မီးမလာတဲ့ ရက္ဆို အားက တစ္စက္မွ မရွိဘဲ၊ အရင္ေန႔က လက္က်န္ေလးနဲ႔ မွိန္းၿပီး ၾကည့္ရတာေပါ့။  တစ္ခု ေကာင္းတာက ဘာလည္း ဆိုေတာ့ ဘတ္ထရီနဲ႔ ၾကည့္ရတာ မ်ားတဲ့အတြက္ မီးအားျမႇင့္စက္ မရွိခင္က မီးလာတာ မလာတာကို သိပ္ အာ႐ုံစိုက္စရာ မလိုဘူး။ တစ္ခါ တစ္ခါ ေကာင္းခန္းေရာက္ေနတုန္း မီးပ်က္သြားရင္ တစ္ျခားအိမ္က လူေတြက မိေအးတို႔ အိမ္လာၿပီး ၾကည့္ရတဲ့ အခါလည္း ရွိေသး။ မိေအးအတြက္ေတာ့ ဒီလို ဘာမဟုတ္တဲ့ ေပ်ာ္႐ႊင္စရာ အခ်ိန္ေလးေတြဟာ တစ္သတ္ မေမ့ႏိုင္တဲ့ အေပ်ာ္ေလးေပါ့။


ပျော်ရွှင်စရာ နေ့လေးများ

Unicode

 မိအေးတို့ လမ်းထဲမှာ အိမ်ထောင်စု ၆၀/ ၇၀လောက် ရှိမယ်။ အဲ့ဒီ့ အထဲမှာမှ တီဗွီ ရှိတဲ့ အိမ်ဟာ ၂အိမ် ၃အိမ်လောက်ပဲ ရှိတယ်။ မီးရတဲ့ အိမ်ကလည်း ၆၀ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ မီးကလည်း တစ်နေ့ကို အခေါက် ၆၀ကျော်လောက် ပျက်လိုက် လာလိုက်နဲ့ပေါ့။ အဲဒီ ခေတ်တုန်းက ခေတ်စားတဲ့ ဇာတ်လမ်းတွဲတွေကတော့ ၈နာရီ သတင်းအပြီးမှာ လွှင့်တဲ့ စွန်းဝူခုံးခေါ် မျောက်ကားနဲ့ ပေါင်ချိန်ကားတွေပေါ့။ ၉နာရီ ကျော်ပြီ၊ သတင်း ပြီးလောက်ပြီဆိုရင် တီဗွီဖွင့်ထားတဲ့ အိမ်ပိုင်ရှင်တွေရဲ့ မျက်နှာကို အကဲခတ်ပြီး အသာလေး အိမ်ထဲ ဝင်သွားပြီး ငြိမ်ငြိမ်လေး ထိုင်ပြီး ကြည့်တာပေါ့။  အဲဒီ့ အချိန်တုန်းက လမ်းတွေကလည်း မခင်းရသေးတော့ ပြေးလွှားဆော့ကစားထားတဲ့ ဖုန်ပေနေတဲ့ ခြေထောက်တွေနဲ့ သူများအိမ်ပေါ် တက်ပြီး ကြည့်ကြတာလေ။ အားလည်း နာတယ်။ မောင်းထုတ်ခံရမှာလည်း ကြောက်တာပေါ့။ ခြေထောက်ဆေးပြီး လာခဲ့လို့ ပြောတာတော့ ခံရဖူးပေမဲ့ လာမကြည့်နဲ့လို့ ပြောတာတော့ မခံခဲ့ရဘူး။ မီးကလေ ကောင်းခန်းရောက်ပြီဆို အမြဲ ပြတ်တယ်။ မီးပျက်ရင် အိမ်ပြန်၊ မီးပြန်လာရင် ပြန်သွားကြည့်နဲ့ အဲ့ဒီ့ မီးကြောင့် တစ်ခါပဲ မျက်နှာရိပ် မျက်နှာကဲ ကြည့်ရမှာကို ၂ခါ ၃ခါ ကြည့်ရတယ်လေ။ သိပ်မုန်းတာပဲ။ နောက်ပြီး မိအေး အားအကျဆုံး သူငယ်ချင်းတွေကတော့ တီဗွီ ရှိတဲ့ အိမ်က ကလေးတွေပဲ။ သူတို့ဆို အချိန်မရွေး တီဗွီ ဖွင့်ကြည့်လို့လည်း ရတယ်။ တုံးလုံးလှဲကြည့်လို့ လည်း ရတဲ့အတွက်ကြောင့်လေ။ ငါတို့ အိမ်မှာ တီဗွီ ရှိရင် တစ်နေကုန် တုံးလုံးလှဲပြီး ကြည့်ဦးမယ်ဆိုပြီး ကျိန်းဖူးတာလည်း အကြိမ်ရေ မနည်းပါဘူး။

   ကံတရားက မိအေးဘက် ရောက်လာတဲ့ နေ့လေးတစ်နေ့ပေါ့။ မိအေး ၅တန်း၊ ၆တန်းလောက်ကပေါ့။တစ်နေ့ ကျောင်းလွှတ်ချိန် အိမ်အပြန်လမ်းမှာ မိအေး အထက်က ၄‌ယောက်‌မြောက် အစ်မနဲ့ လမ်းမှာ တွေ့တော့ အိမ်ကို အမြန်ပြန်တဲ့။ အဖေကြီး တီဗွီ သွားဝယ်နေတယ်တဲ့။ မမျှော်လင့်ထားတဲ့ ကိစ္စကြီးဆိုတော့ ရင်တွေလည်း တုန်၊ ခြေတွေ လက်တွေလည်း အေးလာပြီး၊ အိမ်ကို တန်းပြေးတာပေါ့ ဘယ်ရမလဲ။ အိမ်ကိုရောက်တော့ အဖေကြီးက ပြန်မရောက်သေးဘူး။ စောင့်လိုက်ရတာ လည်ပင်းတောင် ရှည်ထွက်လာတယ်။ ခဏနေတော့ ဆိုက်ကား တစ်စီး အိမ်ရှေ့ကို ဆိုက်လာတယ်။ ဆိုက်ကားပေါ်ကနေ အထုပ်လေး ပိုက်ပြီး ဆင်းလာတဲ့ အဖေ့ကို လှမ်းတွေ့လိုက်တော့ ဘယ်လို ပျော်မှန်း မသိ။ အထုပ်လေးကို ဖွင့်လိုက်တော့ မိအေး နည်းနည်း စိတ်ပျက်သွားတယ်။ အကြောင်းကတော့ မိအေးထင်ထားတဲ့ ကာလာတီဗွီ မဟုတ် အဖြူအမည်း တီဗွီ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဒါပေမဲ့လည်း မရှိတာထက်စာရင် တော်ပါသေးတယ်ဆိုပြီး အဲဒီ့ အဖြူအမည်းလေးကိုပဲ ဖွင့်ပြီး အရင်က အရမ်းမုန်းတဲ့ ၈နာရီ သတင်းကိုအထူးတန်းကနေ ထိုင်ပြီးကို ကြည့်နေတာ။ ငါတို့တွေထက် ပြေလည်တဲ့ အိမ်တွေတောင် တီဗွီ မဝယ်နိုင်သေးတဲ့ အချိန်မှာ ဘယ်လိုပဲ အဟောင်းပဲ ဖြစ်ပါစေဦးတော့ အိမ်မှာ တီဗွီ ရှိနေတာကို မယုံနိုင် ဖြစ်ခဲ့ရတယ်။ အိပ်မက်လား တကယ်လားဆိုပြီးပေါ့။ အဲဒီ့ တီဗွီကြောင့် ပျော်တာလည်း ပျော်တာပေါ့၊ အတော်လေးလည်း အပင်ပန်း ခံခဲ့ရတယ်။ အကြောင်းရင်းကတော့ မြန်မာပြည်က မီးအားက အရမ်းနည်းတော့ မီးအားမြှင့်စက် မရှိရင် တီဗွီက ကြည့်မရတာ ပြဿနာ။ အဲ့တာကြောင့်လားမသိ ပြန်ရောင်းတဲ့ သူကလည်း တီဗွီနဲ့ ဘတ်ထရီ အတွဲလိုက် ရောင်းလိုက်လေရဲ့။ မိအေးတို့ မနက်မနက်ဆို ဘတ်ထရီကို မောင်နှမတွေ တစ်ယောက် တစ်ဖက် မပြီး အားသွင်းဆိုင်ကို သွားပို့၊ ညနေကျ ပြန်သွားယူနဲ့ပေါ့။ အားသွင်းတဲ့ ဆိုင်ကလည်း မီးလာတဲ့အချိန်ပဲ သွင်းပေးတော့ တစ်နေကုန် မီးမလာတဲ့ ရက်ဆို အားက တစ်စက်မှ မရှိဘဲ၊ အရင်နေ့က လက်ကျန်လေးနဲ့ မှိန်းပြီး ကြည့်ရတာပေါ့။  တစ်ခု ကောင်းတာက ဘာလည်း ဆိုတော့ ဘတ်ထရီနဲ့ ကြည့်ရတာ များတဲ့အတွက် မီးအားမြှင့်စက် မရှိခင်က မီးလာတာ မလာတာကို သိပ် အာရုံစိုက်စရာ မလိုဘူး။ တစ်ခါ တစ်ခါ ကောင်းခန်းရောက်နေတုန်း မီးပျက်သွားရင် တစ်ခြားအိမ်က လူတွေက မိအေးတို့ အိမ်လာပြီး ကြည့်ရတဲ့ အခါလည်း ရှိသေး။ မိအေးအတွက်တော့ ဒီလို ဘာမဟုတ်တဲ့ ပျော်ရွှင်စရာ အချိန်လေးတွေဟာ တစ်သတ် မမေ့နိုင်တဲ့ အပျော်လေးပေါ့။


mm.aaa.kr

 


:
Posted by 해맑은순이